CNI Sport News

၂၀၂၃ ခုနှစ်၊ ဧပြီ ၃

ဘရာဇီးလ်အသင်းရဲ့ နည်းပြသစ် ဖြစ်လာနိုင်တယ်လို့ သတင်းတွေ ထွက်နေပေမယ့် အန်ဆယ်လော့တီကတော့ ရီးရယ်လ်အသင်းကနေ ထွက်ခွာမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

အန်ဆယ်လော့တီက “ကျနော့်မှာရှိနေတဲ့ ကစားသမားတွေ၊ ကလပ်ရဲ့ ထောက်ခံမှုတွေကြောင့် လုံခြုံတယ်လို့ ခံစားရ ပါတယ်။ ကျနော့် အနာဂတ်ကို ရှင်းပြီးပါပြီ။ ကျနော့်ရဲ့ စာချုပ်ဟာ ၂၀၂၄ မှာ ကုန်ဆုံးမှာဖြစ်ပြီး ကျနော့်ရဲ့ အစီအစဉ်က ဒါကို ဖြည့်ဆည်းဖို့ပါ။ ရီးရယ်လ်သာ ပျော်ရွှင်ရင် ၂၀၃၄ အထိ ဆက်ပြီး ရှိချင်ပါတယ်”လို့ ပြောခဲ့တာ ပါ။

ပြီးခဲ့တဲ့ ရက်သတ္တပတ်က ဘရာဇီးလ် ဘောလုံးအဖွဲ့ချုပ် အကြီးအကဲ အပါအဝင် ကစားသမားအချို့က လစ်လပ် နေတဲ့ လက်ရွေးစင် အသင်းနည်းပြ ရာထူးအတွက် အန်ဆယ်လော့တီကို ခန့်အပ်ချင်နေတယ်လို့ ဝန်ခံခဲ့တာ ဖြစ်ပါ တယ်။

အန်ဆယ်လော့တီကတော့ ထွက်ပေါ်နေတဲ့ သတင်းတွေအပေါ် စိတ်လှုပ်ရှားကြောင်း ဖော်ပြခဲ့ပေမယ့် ရီးရယ်လ် ကနေ ထွက်ခွာဖို့ အလျင်စလို မရှိဘူးလို့ ပြောခဲ့တာပါ။

ဘရာဇီးလ်အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားအပြီးမှာ ထွက်ခွာခဲ့တဲ့ နည်းပြ တိုင်ထီ နေရာ အစားထိုးဖို့ နည်းပြသစ် ရှာဖွေနေခဲ့တာ ဖြစ်ပါတယ်။ မော်ရင်ဟို၊ အန်ဆယ်လော့တီ အပါအဝင် နာမည်ကြီး နည်းပြတွေကို ဘရာဇီးလ် အသင်းက ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ပေမယ့် အခုအချိန်ထိ နည်းပြသစ် မခန့်ရသေးပါဘူး။

အန်ဆယ်လော့တီကိုတွေ့ရစဉ်

တောင်အမေရိကနိုင်ငံဟာ ပြီးခဲ့တဲ့ မော်ရိုကိုအသင်းနဲ့ ခြေစမ်းပွဲမှာ ယာယီနည်းပြအဖြစ် မန်နီဇက်ကို ကိုင်တွယ် စေခဲ့တာပါ။

ဘရာဇီးလ်အသင်းဟာ လာမယ့် စက်တင်ဘာလမှာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေ ယှဉ်ပြိုင်ကစားဖို့ ရှိနေတဲ့ အတွက် ဒီပွဲတွေ မတိုင်ခင်မှာ နည်းပြသစ် ခန့်အပ်နိုင်ဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

အီတလီလူမျိုးနည်းပြ အန်ဆယ်လော့တီ ကတော့ ရီးရယ်လ်အသင်းနဲ့ အခုနှစ်ရာသီမှာ ချန်ပီယံလိဂ်ဖလားကို ထပ်မံရယူနိုင်ဖို့ အာရုံစိုက်နေတာပါ။

ရီးရယ်လ်အသင်းဟာ လာလီဂါပြိုင်ပွဲမှာ ဘာစီလိုနာအသင်းနဲ့ အမှတ်ကွာဟမှု များပြားတာကြောင့် ချန်ပီယံလိဂ်နဲ့ ကိုပါဒယ်ရေးဖလား ရယူနိုင်ဖို့ ပစ်မှတ်ထားနေပြီး ကိုပါဒယ်ရေးဖလား ဆီမီးဖိုင်နယ် ပထမအကျော့ပွဲမှာတော့ ဘာစီလိုနာအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ထားပါတယ်။

Source: Goal