CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၁၄
 
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နှင့်ကျောက်တော်မြို့ကြားက ဇီးချောင်း ရခိုင်သင်္ကြန်ကို ယနေ့(ဧပြီ ၁၄ ရက်) သင်္ကြန်အကျနေ့တွင် ဒေသခံများ ကျင်းပနေသည်ကို ယခုလို တွေ့ရသည်။
 
အဆိုပါ ဇီးချောင်းရခိုင် သင်္ကြန်သို့ လူပေါင်း ၇၀၀၀ ကျော် လာရောက် ပျော်ရွှင်ကြကြောင်း ရခိုင်သတင်းဌာန DMG က ရေးသားဖော်ပြထားသည်။
 
 
ဇီးချောင်းရခိုင်သင်္ကြန်တွင် ရခိုင်အဆိုတော် ဝင်းကိုခိုင်၊ ဒိုးရီ၊ ဂျူးထက်ထက်အောင်၊ မြတ်ခိုင်ကျော်၊ ရီလှိုင်းပြာတို့ လာရောက်ဖျော်ဖြေခဲ့ကြကြောင်းလည်း DMG ၏ ဖော်ပြချက်အရ သိရသည်။
 
Photo -CJ