- By CNI
- Category: စီးပွားရေး
- Hits: 240
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၃
အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့ The Taj Palace, Mumbai တွင် ကျင်းပသည့် မြန်မာ-အိန္ဒိယ စီးပွားရေး ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲကို ဇွန်လ ၃ ရက်က ကျင်းပခဲ့ခြင်းဖြစ်သည်။
ထို့နောက် သမ္မတ ဦးမင်းအောင်လှိုင်သည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယဝန်ကြီးချုပ် မိုဒီ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွားရောက်ခဲ့သည်။
ထိုအိန္ဒိယ ခရီးစဉ်အတွင်း အိန္ဒိယသမ္မတနှင့်လည်းကောင်း၊ အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့်လည်းကောင်း သီးသန့် ဆွေးနွေးခဲ့သည်။
- By CNI
- Category: စီးပွားရေး
- Hits: 380
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁
မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံသည် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဖြင့် နှစ်ဦးနှစ်ဖက် ရေရှည်မျှဝေခံစားကြမည့် “Win – Win” အခြေအနေ ဖော်ဆောင်သွားရမည်ဟု မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၆ ခုနှစ်၊ မေလ ၃၁ ရက် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ကျင်းပသည့် မြန်မာ - အိန္ဒိယ ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲ အခမ်းအနားတွင် သမ္မတ ဦးမင်းအောင်လှိုင်က ယခုလို ပြောကြားခဲ့ခြင်းဖြစ်သည်။
၎င်းက “မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ စီးပွားရေးတိုးတက်မှု အလားအလာများအတွက် အာဆီယံနှင့် တရုတ် နိုင်ငံတို့သို့ ဆက်သွယ် ချိတ်ဆက်ပေးထားသည့် တံတားတစ်စင်းသဖွယ်ဖြစ်ကြောင်း၊ နှစ်နိုင်ငံကြား ပူးပေါင်း ဆောင်ရွက်မှုဖြင့် နှစ်ဦးနှစ်ဖက် ရေရှည်မျှဝေခံစားကြမည့် “Win – Win” အခြေအနေကို ဖော်ဆောင်သွားရမည် ဖြစ်ကြောင်း၊ ကုလားတန်ဘက်စုံသုံး သယ်သူပို့ဆောင်ရေးစီမံကိန်းနှင့် အိန္ဒိယ - မြန်မာ - ထိုင်း သုံးနိုင်ငံအဝေးပြေး လမ်းမကြီးတို့သည် နှစ်နိုင်ငံကုန်သွယ်မှုကို သာမက အာဆီယံ - အန္ဒိယ စီးပွားရေးစင်္ကြံကိုပါ ဖွင့်လှစ်ပေးမည့် သော့ချက်များဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံ၏ အဆင့်မြင့်နည်းပညာ၊ အရင်းအနှီးများနှင့် မြန်မာနိုင်ငံ၏ ကြွယ်ဝသည့် သဘာဝသယံဇာတ၊ တည်နေရာ အချက်အချာ၊ လူငယ်လုပ်သားထုတို့ကို အထိရောက်ဆုံး ပေါင်းစပ်ပြီး တန်ဖိုးမြှင့် ထုတ်ကုန်နှင့် ဝန်ဆောင်မှု လုပ်ငန်းများကို မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ရန် ဖိတ်ခေါ်လို တယ်”ဟု ပြောသည်။

အိန္ဒိယ-မြန်မာ စီးပွားရေး ဆွေးနွေးပွဲ ကျင်းပနေစဉ်
လက်ရှိ၌ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၃၉ ခု၊ အမေရိကန်ဒေါ်လာ ၇၈၂ ဒသ မ ၃၈၅ သန်းနှင့် (၁၁)နိုင်ငံမြောက် ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံဖြစ်ကြောင်း၊ အိန္ဒိယရင်းနှီးမြှုပ်နှံသူများ အနေနှင့် မြန်မာနိုင်ငံ၏ စက်မှု၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး၊ ဝန်ဆောင်မှုနှင့် စိုက်ပျိုးမွေးမြူ ရေးနှင့် ရေလုပ်ငန်းကဏ္ဍများတွင် ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရသည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင် လှိုင်က ပြောသည်။
လက်ရှိ နိုင်ငံရေးလောကတွင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဆက်ဆံရေးက အရေးကြီးပြီး၊ ဒီမိုကရေစီယန္တရားက ယခု ထက် အများကြီး ရင့်ကျက်ရန်လိုကြောင်း စီးပွားရေးနှင့်ဘဏ်ရေးရာလေ့လာသုံးသပ်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဆိုတဲ့အခါကြဒါပေမယ့် နိုင်ငံဆက်ဆံရေးက အရေးကြီးတာပေါ့။ တစ်ခုရှိတာက ကျနော်တို့က အမြဲတမ်း Isolated(အထီးကျန်) ဖြစ်နေလို့ မရဘူးလေ။ ကျနော်တို့က Isolated ဖြစ်တဲ့ ဒဏ်ကိုခံရတာလည်း အများကြီးပေါ့၊ သမိုင်းတစ် လျှောက်ပဲဆိုကြပါဆို့။ နောက်တစ်ခုက အိမ်နီးနားချင်းတွေ ဆိုပေမယ့် အိမ်နီးနားချင်းမှာ သူက ဖြစ်သင့်တာတွေ၊ မဖြစ်သင့်တာတွေဆိုတဲ့ ဇာတ်ထုပ်တွေကလည်း ရှိသေးတာကို။ ဆိုတော့ အမျှော်အမြင်တော့ ပါတာပေါ့လေ။ ဒီခရီးစဥ်က ကျနော်ကြည့်နေတာ တစ်ဖက်မှာ ကျနော်တို့ မသိနိုင်တဲ့ အခင်းအရာတွေ အများကြီး ရှိမှာပေါ့။ တစ်ခုတော့ ရှိတာပေါ့၊ သူက အိန္ဒိယက သူက နဂိုကထဲက ဒီမိုကရေစီ တိုင်းပြည်လေ။ သူတို့က “Win – Win” အခြေအနေဆိုတာ ဘာလဲဆိုတာ သူက ကျကျနန ကောင်းကောင်းမွန်မွန် ဘာလဲဆိုတာ သူကသိပြီးသား။ ဒီမိုကရေစီယန္တရားက ကျနော်အမြင်ကတော့ ဒါထက် အများကြီး ရင့်ကျက်ဖို့ လိုတာပေါ့လေ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကနေစပြီး၊ စီးပွားရေးဆက်ဆံမှု၊ နိုင်ငံရေးဆက်ဆံမှုအားလုံးပေါ့ အရာအားလုံးပေါ့။ ဆိုတော့ ဒီမိုကရေစီ ယန္တရားက အကောင်အထည် ဖော်ရမှာပေါ့။ အန္ဒိယက တစ်ခုရှိတာ ဒီ GDP ပေါ့။ ကျနော်တို့က ပြဿနာက ဘာလဲဆိုတော့ ကျနော်တို့ မိတ်ဆွေ နိုင်ငံတွေနဲ့ပဲလုပ်မယ်၊ ကျနော်တို့ မိတ်ဆွေနိုင်ငံတွေနဲ့ပဲ လုပ်မယ်ဆိုတဲ့ စကား ကျနော် ခဏ ခဏကြားရတယ်။ ဆိုတော့ အဲဒီစကားက ပညာရှင်အမြင်နဲ့ဆို ဒါအဆင်မပြေဘူး”ဟု ပြောသည်။

အိန္ဒိယ-မြန်မာ စီးပွားရေး ဆွေးနွေးပွဲ ကျင်းပနေစဉ်
စီးပွားရေး၌ ဒီမိုကရေစီယန္တရားသည် နိုင်ငံတော်၏ စီးပွားရေးလုပ်ငန်းစဉ်များတွင် လူအများစု (အလုပ်သမား၊ စားသုံးသူ၊ သာမန်ပြည်သူများ) က ပါဝင်ဆုံးဖြတ်ခွင့်ရရှိပြီး စီးပွားရေး အကျိုးအမြတ်များကို တရားမျှတစွာ ခွဲဝေ ခံစားနိုင်စေသော စနစ်တစ်ခုဖြစ်ကြောင်း၊ အရင်းရှင်စနစ်၏ အားနည်းချက်များကို ထိန်းချုပ်ကာ အလုပ်သမားနှင့် ပူးပေါင်းပိုင်ဆိုင်မှုများကို အဓိကထားကြောင်း နိုင်ငံရေးနှင့်စီးပွားရေးအကဲခတ်များက ထောက်ပြကြသည်။
လက်ရှိ အချိန်တွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ အစိုးရဌာနများ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် ပြည်သူများအကြား ဆက်ဆံရေး ပိုမိုကောင်းမွန်လာသည်နှင့်အမျှ အပြန်အလှန် နားလည်မှုနှင့် ယုံကြည်မှုများ တိုးတက်ခိုင်မြဲလာ သည်ကို တွေ့ရကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။
အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ အဓိက ကုန်သွယ်ဖက် နိုင်ငံများတွင် ပါဝင်ပြီး မြန်မာနိုင်ငံက စတုတ္ထမြောက် ပို့ကုန်အများဆုံး တင်ပို့နေသည့်နိုင်ငံ ဖြစ်သကဲ့သို့ မြန်မာနိုင်ငံအား ဆဋ္ဌမမြောက် သွင်းကုန်အများဆုံး တင်သွင်း နေသည့် နိုင်ငံလည်းဖြစ်ကြောင်း၊ နှစ်နိုင်ငံ ကုန်သွယ်မှုသည် နှစ်စဉ် ပျမ်းမျှ ၁ ဒသမ ၅ ဘီလျံခန့်ရှိပြီး မြန်မာနိုင်ငံ အနေဖြင့် ပို့ကုန်ပိုများပြားကြောင်းလည်း ပြောကြားထားသည်။
- By CNI
- Category: စီးပွားရေး
- Hits: 298
CNI News
၂၀၂၆ ခုနှစ်၊ မေ ၂၉
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ စပါးကုန်သည်များ အသင်းနှင့် ဆန်စပါးကုမ္ပဏီများဖြင့် ပူးပေါင်းပြီး Rice Export Zone များအတွက် တစ်ဧကလျှင် ငွေကျပ် ၄ သိန်းခွဲ ထုတ်ချေးပေးမည်ဟု သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စပါးစိုက်ဧက ၄ ဒသမ ၅ သိန်းတွင် Rice Export Zone ဖော်ဆောင်လျက် ရှိနေပြီး မိုးစပါးနှင့် နွေစပါးအတွက် စိုက်ပျိုးစရိတ် ချေးငွေများကို ထုတ်ချေးပေးမည်ဖြစ်ကြောင်း၊ ယခုအစီအစဉ် သည် အစဉ်အဆက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တစ်ဧကလျှင် ၂ သိန်းခွဲကျပ်၊ ဆန်စပါးကုမ္ပဏီများက ၂ သိန်းကျပ် ထုတ်ချေးပေးမည်ဖြစ်ပြီး ဓာတ်မြေဩဇာများကိုလည်း သင့်တင့်မျှတသည့် ဈေးနှုန်းများဖြင့်လည်း ရောင်းချပေးမည်ဖြစ်သည်။
သို့သော်လည်း ယင်း Rice Export Zone တွင် ပါဝင်သည့် တောင်သူများ အနေဖြင့် ကုမ္ပဏီများမှ သတ်မှတ် ပေးထားသည့် မျိုးစပါးများကိုသာ စိုက်ပျိုးရမည်ဖြစ်သည်ဟု မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းဥက္ကဋ္ဌ ဦးအောင်မြင့်က CNI သတင်းဌာနသို့ ပြောသည်။

ဝန်ကြီး ဦးမင်းနောင်နဲ့ မြန်မာဆန်စပါးအသင်း တာဝန်ရှိသူများကိုတွေ့ရစဉ်
၎င်းက “ကျနော်တို့ဆီက Rice Export Zone ဆိုပြီးတော့ ဖော်နေတာရှိတယ်။ MRF ရယ်၊ စိုက်မွေးဆည်ရယ်၊ Rice Export Zone လုပ်တာတစ်ခုရှိတယ်။ Rice Export Zone မှာ Exporter ကုမ္ပဏီနဲ့ပေါ့။ Exporter ကုမ္ပဏီရယ်၊ MRF ရယ်၊ စိုက်မွေးဆည်ဝန်ကြီးဌာနရယ် ပေါင်းပြီးတော့ တောင်သူတွေကို ထောက်ပံ့ဖို့။ အဲဒါကတော့ စိုက်မွေး ဆည်က တစ်ဧကကို ၂ သိန်းခွဲပေးတယ်။ ကုမ္ပဏီက ၂ သိန်းပေးပါတယ် တစ်ဧကကို။ အဲဒါကတော့ သူသတ်မှတ် ချက်မျိုးတွေ စိုက်ရမယ်ပေါ့။ နောက်ပြီးတော့ Export ကုမ္ပဏီတွေကို သူ့ရဲ့ FOB ဈေး ရှိတယ်။ အဲဒါနဲ့အမှီ ပြန်လုပ်ရမယ်” ဟု ပြောသည်။
ယခုလို Rice Export Zone များ လုပ်ဆောင်ခြင်းကြောင့် နိုင်ငံတကာဈေးကွက်တွင် ဆန်ဈေးနှုန်းများ အလွန် ကျဆင်းနေချိန် Exporter များမှ Zone အတွင်း ပါဝင်သည့် စပါးစိုက်တောင်သူများထံမှ သင့်တင့်မျှတသော စပါးဈေးနှုန်းများဖြင့် ဝယ်ယူပေးခြင်းကြောင့် တောင်သူလယ်သမားအတွက် အရည်အသွေး ပြည့်မီသည့် Export ဆန်စပါးများ ထုတ်လုပ်နိုင်မည်ဖြစ်သည်။
သို့သော်လည်း Exporter များမှ စိုက်ပျိုးစေလိုသည့် ဆန်စပါးမျိုးသည် တောင်သူလယ်သမားများ၏ လယ်ယာ မြေတွင် စိုက်ပျိုး၍ ရနိုင်သည့် စပါးမျိုးနှင့် ကိုက်ညီရန်လည်း လိုအပ်ကြောင်း၊ ထို့နောက် ဆန်စပါးဈေးနှုန်းကို ကြိုတင် သတ်မှတ်ပေးပြီး ဝယ်ယူခြင်းနှင့် ရောင်းချသည့် အချိန်တွင် ဈေးနှုန်းမြင့်တက်ပါက မြင့်တက်သည့် ဈေးနှုန်းဖြင့် ဝယ်ယူပေးရန်လည်း လိုအပ်သည်ဟု လယ်သမားဘဝဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌဟောင်း ဦးသိန်းအောင် က CNI သတင်းဌာနသို့ ပြောသည်။

လယ်ထွန်နေသူ တစ်ဦးကို တွေ့ရစဉ်
၎င်းက “ဥပမာ သူတို့ စိုက်စေချင်တဲ့စပါးက ဆင်းသုခကို စိုက်စေချင်တယ်။ ဥပမာ ဒီကလူစိုက်တာက ဥပမာ ဒီနေရာက မော်စီတုန်းနဲ့မှ အဆင်ပြေမယ်၊ အဲဒီလိုဆိုရင် နည်းနည်း တစ်ကွင်းတည်းတောင်မှပဲ မြေကြီး တစ်နေရာနဲ့တစ်နေရာ မတူဘူးလေ။ နည်းနည်းနိမ့်တဲ့နားက ရေဝပ်တယ်၊ ရေအိုင်တယ်၊ ကုန်းပိုင်းကျတော့ ရေမနေဘူး။ တစ်ကွင်းတည်းမှာတောင်မှလေ အနိမ့်အမြင့်ပေါ် မူတည်ပြီးတော့မှ အဲဒီလိုဖြစ်တာ ဖြစ်တဲ့အတွက် အဲဒါလေးကတော့ တောင်သူတွေအတွက် အခက်အခဲရှိမယ်။ တောင်သူက သင့်လျော်တဲ့စပါးကို စိုက်ပြီးတော့မှ သူ့မြေ အမျိုးအစားနဲ့ လိုက်လျော်ညီထွေရှိတဲ့ မျိုးစပါးကို စိုက်ပြီးတော့ စိုက်တဲ့စပါးကို သူတို့ဘက်က ပြန်သိမ်း ပေးမယ်ဆိုရင်တော့ ပိုကောင်းတယ်။ နောက်တစ်ခါကျတော့ အဲဒီလိုစိုက်တဲ့အခါမှာ အခု သူတို့က ပိုက်ဆံဘာညာ ထုတ်ချေးပေးတယ် ဆိုပေမယ့်လည်း ပိုက်ဆံ ထုတ်ချေးပေးတဲ့အတွက်တော့ အတိုင်းအတာ တစ်ခုတော့ အတိုင်း အတာ တစ်ခုတော့ အဆင်ပြေပါတယ်။ ဒါပေမယ့် ထွက်လာတဲ့စပါးကို ကြမ်းခင်းဈေးပေါ့၊ အနိမ့်ဆုံး ဘယ်ဈေး ပေးမယ်၊ အဲဒါထက် ပိုပေါက်ပြီး မြေပြင်မှာ ဈေးဖြစ်လာရင်လည်း ဘယ်ဈေးပေးမယ် အဲဒီလိုမျိုးက တောင်သူဈေး ကို ထိန်းပေးရာလည်း ရောက်တယ်” ဟု ပြောသည်။
တောင်သူများကို ချေးငွေ ထုတ်ချေးပေးသည့်အပြင် စပါးအတွက် ကြိုတင်ငွေ ထုတ်ချေးပေးခြင်းကိုလည်း ဆောင်ရွက်သင့်ပြီး တောင်သူများမှလည်း အချိန်မှီ စပါးပြန်လည်ပေးနိုင်သည့် တာဝန်ယူမှုဖြင့်လည်း လုပ်ဆောင်ပေးရန် လိုအပ်သည်ဟု တောင်သူများက ထောက်ပြကြသည်။
လက်ရှိ ဖြစ်ပေါ်နေသည့် ဈေးကွက်သည် တောင်သူများ စပါးပေါ်ချိန်တွင် ဈေးနှုန်းကျဆင်းပြီး တောင်သူများ လက်ထဲ၌ စပါးမရှိချိန်မှသာ ဈေးကောင်းရသည့် အခြေအနေကိုလည်း အစိုးရအနေဖြင့် ကြပ်မတ်ပေးရန် လိုအပ်သည်။
- By CNI
- Category: စီးပွားရေး
- Hits: 511
CNI News
၂၀၂၆ ခုနှစ်၊ မေလ ၂၈
မြန်မာနိုင်ငံရှိ ပြည်တွင်း ထုတ်ကုန်လုပ်ငန်းများ ပိုမို ဖွံ့ဖြိုးတိုးတက်ရန်အတွက် အားသွန်ခွန်စိုက် လုပ်ကိုင်ဆောင် ရွက်ရန် လိုအပ်သလို အစိုးရကလည်း ကူညီထောက်ပံ့ပေးရန် လိုအပ်သည်ဟု လွှတ်တော်ကိုယ်စားလှယ်များနှင့် စီးပွားရေးလုပ်ငန်းရှင်များက ထောက်ပြ ကြသည်။
လက်ရှိ အစိုးရသစ်သည် ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၀ ရက်မှ ဇူလိုင် ၃၀ ရက်အထိ ရက် ၁၀၀ စီမံကိန်းကို အကောင် အထည် ဖော်သွားမည်ဖြစ်ကြောင်း၊ ထို ရက် ၁၀၀ စီမံကိန်းတွင် တောင်သူလယ်သမားများ၏ ချေးငွေ တိုးမြှင့် ချေးပေးနိုင်ရေး၊ ကုန်သွယ်ရေး၊ ငြိမ်းချမ်းရေး၊ စွမ်းအင် စသည့် ကိစ္စရပ်များ ပါဝင်သည်။
အစိုးရအနေဖြင့် အိမ်တွင်းစက်မှုလုပ်ငန်းများ ယခုထက် ပိုမိုတိုးတက်ရေးအတွက် ထိထိရောက်ရောက် ကူညီ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ သို့မှသာ တိုင်းပြည်စီးပွားရေးအတွက် များစွာ အထောက်အကူ ဖြစ်မည်ဖြစ်ပြီး ရေရှည်အတွက် အဆင်ပြေနိုင်မည်ဟု စီးပွားရေးလေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြော သည်။
၄င်းက “အိမ်တွင်း စက်မှုလုပ်ငန်းတွေက Food products တွေ ထုတ်တာတို့၊ ဘာတို့ value addad ထုတ်တာတို့ လုပ်ငန်းတွေ ကျနော်တို့ လည်း လေ့လာပေးနေတယ်။ အကယ်၍ ပြည်သူတွေကို ဖြန့်ဝေလို့ရရင်လည်း ဖြန့်ဝေပေးမယ်။ အဲဒီလို လုပ်ငန်း မျိုးတွေနဲ့ စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ ထွက်ကုန်တွေနဲ့ ပတ်သက်ပြီးတော့ Value Added လုပ်နိုင်အောင်လို့ နိုင်ငံ တော်ကလည်း နည်းပညာနဲ့ပတ်သက်ပြီး ဘယ်လိုလုပ်ရင်တော့ အောင်မြင်နိုင်တယ်ဆိုတာက အားပေးရမှာဗျ။ MSME လေးတွေလည်း ဖြစ်စေချင်တယ်ဆိုတဲ့ နိုင်ငံတော်က စေတနာပဲရှိတာ။ တကယ်တမ်းကျတော့ နည်းပညာ၊ စက်ကိရိယာ၊ ဘာညာ အကုန်လိုတယ်။ နောက် ထုတ်ကုန်အသစ်တွေ ဘယ်လို ထုတ်နိုင်တယ်ဆိုတာကို အားပေး သင့်တယ်။ အဲ့ဒီကျမှပဲ တော်တော်များများ လုပ်ငန်းရှင် ပြည်သူကလည်း ဒီအပေါ်မှာ ထုတ်လုပ်မှု အပေါ်မှာ စိတ်ဝင်စားလာပြီးတော့ လုပ်နိုင်ကြမယ်ဗျ။ အခုက အများအားဖြင့် စီးပွားရေးအမြင်နဲ့ သုံးသပ်ရင် Online Shopping သမားပဲများတာဗျ အောက်ခြေ စီးပွားရေးမှာလည်း။။ တကယ် ကုန်စည်ထုတ်ပြီးတော့ ကုန်စည်ကို Product နဲ့ လုပ်နိုင်တဲ့ လူက Percentage တော်တော်နည်းသေးတယ်ဗျ။ ထုတ်လုပ်မှု မရှိဘဲနဲ့တော့ နိုင်ငံတစ်ခု က ကြာကြာရပ်တည်ဖို့က ခက်မယ်။ ထိုင်းမှာတောင် စိုက်ပျိုးရေးနဲ့ ထုတ်လုပ်မှုကို တွဲရသေးတာပဲ။ ကျနော်တို့ လည်း ထုတ်လုပ်မှုကို မတွဲရင်တော့ ရေရှည်ရပ်တည်ဖို့က ခက်မယ်လို့ ကျနော်မှန်းတယ်ဗျ။ စွန့်ဦးတီထွင်လုပ်တဲ့ သူကလည်း နည်းတဲ့အခါကျတော့ ဒီ Industry ကဏ္ဍမှာ မဖွံ့ဖြိုးဘူးပေါ့ဗျာ။ မဖွံ့ဖြိုးတော့ ရင်းနှီးမြှုပ်နှံမယ့်သူတွေ ကလည်း ရင်းနှီးမမြှုပ်နှံဘူး။ အိမ်ခြံမြေ၊ ရွှေ၊ ကား ဒါပဲ သူတို့က အမြတ်စွန်းရမယ် ရင်းနှီးမြှုပ်နှံလိုက် မြတ်မယ်။ သေချာတာကတော့ မြေဝယ်ရင် မရှုံးဘူးဆိုတဲ့ စကားလုံးတွေလည်းရှိတယ်” ဟု ပြောသည်။

သမ္မတ ဦးမင်းအောင်လှိုင်က အသေးစား လုပ်ငန်းရှင်များနဲ့ တွေ့ဆုံစဉ်
စီးပွားရေး ကောင်းမွန်လာရန်အတွက် မြန်မာနိုင်ငံ အနေဖြင့် စီးပွားရေး ပတ်ဝန်းကျင်နှင့် စီးပွားရေးစနစ် ကောင်း မွန်ရန် လိုအပ်ကြောင်း၊ ထို့နောက် စျေးကွက် စီးပွားရေးစနစ်ကို ပီပြင်အောင် အကောင်အထည်ဖော်ရန်လည်း လိုအပ်ကြောင်း စီးပွားရေးလေ့လာသူများက အကြံပြုကြသည်။
ထို့အပြင် အစိုးရအနေဖြင့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ ဆောင်ရွက်ရာတွင်လည်း ရေရှည်ကို ရှေးရူကာ နိုင်ငံ့ အတွက် အမှန်တကယ် အကျိုးရှိမည့် ပရောဂျက်နှင့် ကြွေးမှီ မဖြစ်အောင်လည်း လုပ်ဆောင်ရန် လိုအပ်သည်ဟု ၎င်းတို့က ထောက်ပြကြသည်။
မြန်မာနိုင်ငံတွင် ပြည်သူများသည် လုပ်ငန်းများအပေါ်၌ ရင်းနှီးမြှုပ်နှံသည့် ပုံစံမျိုးထက် ပစ္စည်းများအပေါ်၌သာ ရင်းနှီးမြှုပ်နှံသည့် စျေးကွက်မျိုးဖြစ်နေကြောင်း၊ ပြည်သူများအနေဖြင့် နိုင်ငံပိုမိုဖွံ့ဖြိုးတိုးတက်စေမည့် လုပ်ငန်း များအပေါ်တွင် ရင်းနှီးမြှုပ်နှံသည့် ပုံသဏ္ဍာန်မျိုး ဖြစ်သင့်သည်ဟု ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)မှ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းထက်က CNI သတင်းဌာနသို့ ပြောသည်။

သမ္မတ ဦးမင်းအောင်လှိုင်က အသေးစား လုပ်ငန်းရှင်များနဲ့ တွေ့ဆုံစဉ်
၎င်းက “အဓိကအားဖြင့်တော့ အလုပ်တွေ များများဖန်တီးဖို့ လိုတယ်။ လူတိုင်း အလုပ်ရှိဖို့လိုတယ်။ ငွေကြေး လည်ပတ်မှုပေါ့နော် ငွေကြေးတွေ တစ်နေရာမှာ အိပ်နေတာထက်ကို ဈေးကွက်ထဲမှာ ငွေကြေးလည်ပတ်မှု ဒီထက်ပိုပြီး မြန်မြန်ဆန်ဆန် ဖြစ်လာဖို့လိုမယ်။ ကျနော်တို့ မြန်မာနိုင်ငံက Investment တော့ လုပ်ကြတယ်။ ဘယ်လိုနေရာမှာ Investment လုပ်လဲဆိုတော့ အိမ်ခြံမြေ ဝယ်တယ်၊ ကားတွေဈေးကိစ္စတွေ ကြားရင် ကားတွေ ကြိုဝယ်တာမျိုးတွေ စသဖြင့်ပေါ့နော်။ ဆိုလိုချင်တာက Develop ဖြစ်စေမယ့် လုပ်ငန်းမျိုးတွေမှာ Investment လုပ်တာမျိုး မဟုတ်ဘဲနဲ့ ပစ္စည်းတွေအပေါ်မှာ Investment လုပ်တဲ့ ဈေးကွက်လိုမျိုးကြီး ဖြစ်နေတယ်။ တီထွင် ဖန်တီးမှုတွေကို အားမပေးတာမျိုးတွေ ဖြစ်နေတယ်။ ဒါကြောင့်မို့လို့ ဒီဟာနဲ့ပတ်သက်ပြီးတော့ ဖြေးဖြေးချင်းတော့ မူဝါဒအရ ပြန်ပြင်ဖို့ လိုမယ်လို့ထင်တယ်။ တချို့နေရာတွေမှာ လက်ဝါးကြီး အုပ်နေတဲ့ကိစ္စမျိုးတွေ ဥပမာ အိမ်ခြံ မြေတွေမှာ ငွေတွေ အများကြီး ရင်းထားပြီးတော့ လုပ်နေတဲ့ဟာမျိုးတွေ။ ဒီဟာနေပြီးတော့ အိမ်ခြံမြေ ဈေးကွက် တွေ ကောင်းနေတယ်ဆိုတာက နိုင်ငံအတွက် မကောင်းတာတော့ မဟုတ်ဘူး။ သို့ပေမယ့် အဓိကအားဖြင့်တော့ ထုတ်ကုန်ပမာဏ တိုးမြှင့်နိုင်ဖို့လိုတယ်။ ဒါမှသာ Export Earnings တွေရမယ်။ Export Earning ရမှ ခုနက ပြော သလို အခြား ဘက်ပေါင်းစုံကနေ အဆင်ပြေမယ်။ အခုက Exports မရှိဘဲနဲ့ Import တွေများနေတာ ဖြစ်တဲ့ အတွက်ကြောင့် နိုင်ငံက အမြဲတမ်း Buget ဝင်ငွေကျနေတဲ့ အနေအထားမှာ ရှိနေတာဆိုတော့ လုပ်ရကိုင်ရတာ နည်းနည်းတော့ ခက်ပါတယ်” ဟု ပြောသည်။
စီးပွားရေးနှင့်ပတ်သက်ပြီး အမှန်တကယ် လုပ်နိုင်သည့်သူကို အစိုးရအနေဖြင့် အမှန်တကယ် ထောက်ပံ့ရန် လိုအပ်ပြီး အဂတိကင်းကင်းဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စီမံကိန်းများကို ဖော်ဆောင်ရာတွင်လည်း ရေတိုကိုမကြည့်ဘဲ ရေရှည်ကို ဦးစားပေး စဥ်းစားရန် လိုအပ်သည်။
မြန်မာနိုင်ငံအစိုးရသည် ပြည်တွင်း ကုန်ထုတ်လုပ်ငန်းများကို အားပေးလျက်ရှိသော်လည်း ဈေးကွက် ရှာဖွေပေး ခြင်းနှင့် နည်းပညာ ထောက်ပံ့ကူညီခြင်းများ အားနည်းလျက်ရှိသည်။
- By CNI
- Category: စီးပွားရေး
- Hits: 582
CNI News
၂၀၂၆ ခုနှစ်၊ မေလ ၂၇
မြန်မာနိုင်ငံတွင် မော်တော်ကား ဈေးနှုန်းများ အဆမတန် မြင့်တက်နေခြင်းနှင့်ပတ်သက်ပြီး ပြန်လည် ဆန်းစစ်ရန် လိုအပ်ကြောင်း ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းကောင်းသက်စံက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာငွေ တန်ဖိုးကျဆင်းလာခြင်းကြောင့် ပြည်တွင်းရှိ လုပ်ငန်းရှင် အများစုသည် အိမ်ခြံမြေ၊ ရွှေ၊ ကား စသည့် လုပ်ငန်းများသို့ ဝင်ရောက်၍ ရင်းနှီးမြှုပ်နှံလာကြသလို ဈေးကွက်ကစားမှုများ ပြုလုပ်လာကြသည်။
ပြည်တွင်း ကားစျေးနှုန်းများ အဆမတန် မြင့်တက်လာရခြင်းသည် မူရင်းစက်ရုံထုတ် စျေးနှုန်းနှင့် ပြည်တွင်း ရောင်းစျေးတို့အကြားတွင် များစွာ စျေးနှုန်း ကွာဟမှုများ ဖြစ်နေကြောင်း၊ မည်သည့်အတွက်ကြောင့် ထိုသို့ ကွာဟမှုများ ဖြစ်သွားသလဲဆိုသည်ကို စနစ်တကျ ပြန်လည်ဆန်းစစ်ရန် လိုအပ်သည်ဟု ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းကောင်းသက်စံက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့ ၂၀၁၂/၁၃ ဝန်းကျင်က လွှတ်တော် အခင်းအကျင်းလေးကို ပြန်လေ့လာကြည့်ရင် အဲဒီခေတ် အဲဒီကာလက ပြည်သူ အိမ်တိုင်းအိမ်တိုင်းက ကားစီးနိုင်တယ်။ ဆိုလိုချင်တာက Hijet တစ်စီးကို လေးဆယ်၊ ငါးဆယ် Probox တစ်စီးကို တစ်ရာပေါ့။ ရွှေတစ်ကျပ်သား ၈ သိန်းခေတ်မှာပေါ့ အဲဒီလို ခေတ်ကာလကို ပြန်ရောက်ဖို့ လူတန်းစေ့မှာ လူနေမှုဘဝ အဆင့်အတန်းကို မြင့်မားဖို့ဆိုရင် အစိုးရရဲ့ နိုင်ငံရဲ့ ပေါ်လစီဟာ တည့်မတ် မှန်ကန်ဖို့လိုပါတယ် ဒါနံပါတ်တစ် အချက်ပေါ့နော်။ နံပါတ်နှစ်အချက်ကတော့ ကိုယ့်နိုင်ငံရဲ့ အနေအထားနဲ့ နိုင်ငံသားရဲ့ အခွန်အခတွေ ဒါတွေကိုလည်း ပြန်လည် သုံးသပ်ဖို့လိုတယ်။ သုံးအချက်ကတော့ သွင်းကုန် ဥပဒေတွေမှာ တချို့တချို့သော အရာတွေမှာ ခေတ်ကာလနဲ့ ပြန်လည်ဆန်းစစ်ပြီးတော့ ပြင်ဆင်ဖို့လိုတယ်။ အဲဒီလိုမဟုတ်ဘူး ဒီတိုင်းလေးပဲ ဆက်ဖြစ်နေမယ်ဆိုရင် ဥပမာ (Ford Ranger) ပဲဖြစ်ဖြစ် (Toyota Hilux Revo) ပဲဖြစ်ဖြစ် ထိုင်းနိုင်ငံကို ကျနော် ရောက်ခဲ့ပါတယ်။ ရောက်ခဲ့တဲ့ အခါမှာ ကျနော်တို့နိုင်ငံမှာက အခုဆိုရင် (Hilux Revo) တစ်စီးကို သိန်း(၂,၅၀၀) ကနေ (၃,၂၀၀) ကြားမှာရှိပါတယ်။ အဲဒီ တော့ လိုင်စင်နဲ့အပါကို သုံးထောင်ပဲဆိုပါစို့ ရှိတဲ့အချိန်မှာ တကယ့် တကယ်တမ်း Revo ထုတ်လုပ်တဲ့ ထိုင်းနိုင်ငံမှာလိုင်စင်အပြီးအစီးမှ သိန်းငါးရာကျော် ခြောက်ရာ၊ ခုနှစ်ရာ အလွန်ဆုံး ရှစ်ရာပေါ့နော် ကျနော်တို့နိုင်ငံက ဘာတွေကွာခြားမှု ရှိသွား တာလဲ ပြန်လည်ဆန်းစစ်ဖို့ လိုပါတယ်” ဟု ပြောသည်။

EV ကား အားသွင်းစင်တာကို တွေ့ရစဉ်
ထိုသို့ စျေးနှုန်း ကွာဟမှုများသည် အစိုးရ၏ ပေါ်လစီအပေါ်၌ များစွာမူတည်ကြောင်း၊ ခေတ်နှင့် မလျော်ညီသည့် မူဝါဒများကို ပြင်ဆင်ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ဆက်ပြောသည်။
၎င်းက “အဓိက,ကတော့ ကျနော် ပြောသလိုပေါ့နော်၊ ဈေးနှုန်း ကွာခြားမှုဆိုတာက ကျနော်တို့ရဲ့ Government Policy ပေါ့နော်။ အစိုးရရဲ့ ပေါ်လစီပေါ်မှာ နံပါတ်တစ် မူတည်ပါတယ်။ နံပါတ်နှစ်ကတော့ ကျနော်တို့ကတော့ ဥပဒေတွေကို ပြန်လည်ပြီးတော့ သုံးသပ်ဖို့လိုပါတယ်။ ဒီနှစ်ချက်က အဓိကပါပဲ။ ဆိုလိုချင်တာကတော့ အခွန်အခ တွေ ပြန်ကြည့်ရမယ်။ တကယ့် တကယ်တမ်း ပြည်သူတွေရဲ့ ဝင်ငွေနဲ့ ဖြစ်နိုင်တဲ့ဟာမျိုး။ ဆိုလိုချင်တာကတော့ ကျနော်တို့က လူတန်းစေ့ ကားစီးနိုင်ဖို့ ကားဈေးနှုန်းတွေ ပြန်ကျဖို့ဆိုရင် ကျနော်တို့က လက်ရှိ ရှိနေတဲ့ အနေ အထားကို ပိုကောင်းမွန်အောင် ဥပဒေတွေ ပြန်လည်ပြင်ဆင်ဖို့ လိုပါတယ်။ အစိုးရရဲ့ Government Policy မှာ လည်း တချို့တချို့သော အရာတွေကို ပြောင်းလဲနိုင်ဖို့ လိုပါတယ်။ တကယ်လို့ မပြောင်းလဲနိုင်ဘူးဆိုရင် နိုင်ငံ့ ဝန်ထမ်း တစ်ယောက်အနေနဲ့ သာမန်ဝန်ထမ်း ဦးစီးအရာရှိတစ်ယောက်အနေနဲ့ ကားစီးနိုင်ဖို့ အခွင့်လမ်းတွေ နည်းပါ တယ်။ ကျနော်တို့ အရစ်ကျ ပုံစံလေးတွေ လုပ်ကြမယ် ဘယ်နှစ်နှစ် အရစ်ကျပေါ့ စသဖြင့် အဲ့လိုပုံစံမျိုးတွေနဲ့ ဆောင်ရွက်ပေးမယ် ဆိုရင်တော့ ကားဈေးနှုန်းတွေရော၊ မော်တော်ဆိုင်ကယ် မော်တော်ကား ဒါတွေလည်း ဈေးနှုန်းတွေက ထိုက်သင့်အလျောက် ပြန်လည် ကျဆင်းလာမယ်လို့ ကျနော်အနေနဲ့ ယူဆပါတယ်” ဟု ပြော သည်။
လက်ရှိ ကားစျေးနှုန်းများ မြင့်တက်လာခြင်း၏ အကြောင်းအရင်းသည် အစိုးရ၏ မူဝါဒကြောင့်သာ ဖြစ်ကြောင်း၊ အစိုးရ၏ မူဝါဒအပေါ် မူတည်ကြောင်း စီးပွားရေးလုပ်ငန်းရှင် ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒုတိယအချက် အနေနဲ့ ပြန်ပြောမယ်ဆိုရင် အစိုးရအနေနဲ့ကျတော့ မော်တော်ယာဉ် တစ်စီးတစ်စီး တင်သွင်းလိုက်တိုင်း ပြည်ပကနေ တင်သွင်းလာရင် ဒေါ်လာသုံးရပါတယ် ၊နိုင်ငံခြားငွေသုံးရပါတယ်။ ဆိုတော့ ဒီနိုင်ငံခြားငွေက အစိုးရမှာ အလုံအလောက် ရှိနေရင်တော့ ပြည်သူတွေ ကြိုက်သလောက်စီးပေါ့။ ဥပမာ-သန်း ၆၀ ရှိတဲ့ ပြည်သူက ကားသန်း ၆၀ သွင်းလိုက်လည်း ပြဿနာမရှိဘူး။ ဒါပေမယ့် ပြည်သူကကျတော့ ကျပ်နဲ့ ဒီဘက်မှာ ရှာဖွေနေရတဲ့ အခြေအနေမှာ ဒေါ်လာနဲ့ တင်သွင်းဖို့ကျတော့ အစိုးရအနေနဲ့ ဒီဒေါ်လာကို ကြားထဲကနေပြီးတော့ ငွေကြေး စိုက်ထုတ်ပြီးတော့ သုံးစွဲပေးဖို့အတွက်ကျတော့ အခက်အခဲတွေရှိပါတယ်။ ဆိုတဲ့ အတွက်ကြောင့်မို့လို့ အဓိက လိုအပ်တဲ့ အခြေခံဖြစ်တဲ့ စက်သုံးဆီဈေးနှုန်းတွေ၊ စားသုံးဆီ ဈေးနှုန်းတွေ တည်ငြိမ်အောင် ထိန်းကျောင်း နေရတဲ့ အစိုးရအတွက် မော်တော်ယာဉ် တင်သွင်းခွင့်ကို ကန့်သတ်ထားတာလည်း ဖြစ်ပါတယ်။ ဒါက အစိုးရဘက် က မူဝါဒဖြစ်ပါတယ်။ အဲဒီလို ကန့်သတ်လိုက်တဲ့အခါမှာ ဘာပြဿနာတွေ သွားရှိလဲဆိုတော့ နိုင်ငံခြားမှာ လွန်ခဲ့တဲ့ ၂၀၁၅ (တုန်းက) သိန်း ၁၀၀ တန်ကားက အခုလည်း အလွန်ဆုံးတက်ရင် သိန်း ၁၂၀ ပေါ့။ သို့သော် မြန်မာနိုင်ငံမှာတော့ သိန်း ၁၀၀ တန်ကားက သိန်း ၁၀၀၀ လောက် ဖြစ်သွားပြီဆိုတဲ့ အခြေအနေ ဘာကြောင့် ဖြစ်ရလဲလို့ ပြန်ပြောရရင် ဒီမူဝါဒကြောင့် ပထမတစ်ချက် ဖြစ်သလို တင်သွင်းလာတဲ့ ကား Showroom company တွေကတော့ ဒီလို ၁၀ ဆတက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ကားကုမ္ပဏီတွေက၊ ကားတင်သွင်းသူတွေက၊ Trader တွေ က ကားဈေးကွက်ကို ကစားနေတာ မဟုတ်ဘဲနဲ့ အစိုးရမူဝါဒပေါ်မှာ လိုက်ပြီးတော့ ကားဈေးနှုန်းက အပြောင်းအလဲ ဖြစ်နေတာလို့ သုံးသပ်ပေးရမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

EV ကား အားသွင်းစင်တာကို တွေ့ရစဉ်
ထို့အပြင် အစိုးရအနေဖြင့် လျှပ်စစ်ကား တင်သွင်းခွင့်နှင့် လျှပ်စစ်ကား ပြည်သူများ အသုံးပြုရန် အတွက်ကို တွန်းအားပေးနေကြောင်း၊ စက်သုံးဆီသုံး ကားများ တင်သွင်းရန် အတွက်ကို ကန့်သတ်ချက် များစွာထားရှိ ခြင်းကြောင့် ကားစျေးနှုန်း မြင့်တက်လာခြင်းဖြစ်သည်ဟု ဦးအောင်ပြည့်စုံက ဆက်ပြောသည်။
၎င်းက “အစိုးရရဲ့ မူဝါဒက ပြီးခဲ့တဲ့ အရင်အစိုးရက မူဝါဒအတိုင်းပဲ ဆက်ပြီး ကိုင်စွဲထားတာပေါ့နော်။ ဒီလို ကိုင်စွဲ ထားတဲ့ ကားဈေးနှုန်းက ဆက်ပြီးဖြစ်နေတယ်။ ပြောမယ်ဆိုရင် လျှပ်စစ်ကား တင်သွင်းခွင့်တွေနဲ့ လျှပ်စစ်ကား ပြည်သူတွေ အသုံးပြုဖို့ကို တွန်းအားပေးထားတယ်။ ပြောရင် လောင်စာဆီသုံးကားတွေ ကန့်သတ်ချက်တွေကို ဆက်ပြီးတော့ထားရှိထားတယ်။ ပြီးသွားတော့ ပြည်ပကနေ ကားတင်သွင်းဖို့အတွက် ကန့်သတ်ချက်တွေ အများကြီး ထားထားတယ်။ ဒီအတွက်ကြောင့် ကားဈေးနှုန်းတွေ တက်တယ်။ ပြည်ပက ကားတင်သွင်းခွင့်နဲ့ ပတ်သက်ပြီး ဖြေလျော့မှုတွေ လုပ်မယ်။ EV ကားတွေအပြင် စက်သုံးဆီသုံး ကားတွေကိုလည်း တင်သွင်းခွင့်ကို အထိုက် အလျောက် ပြန်ပေးမယ်။ ပြည်တွင်းမှာ SKD စနစ်နဲ့ ကားတွေကို SKD ဆိုတာက Semi-knocked Down ဖြစ်ပါ တယ်။ တင်သွင်းမယ် ဒီဘက်မှာ ထုတ်လုပ်မယ် ပြီးသွားရင် တပ်ဆင်မယ် ပြည်တွင်းမှာပဲ ရောင်းချမယ်ဆိုတဲ့ စနစ်နဲ့ ကားကုမ္ပဏီတွေကို ပိုပြိးတော့ မြိုင်မြိုင်ဆိုင်ဆိုင် များများစားစား ဖြစ်လာအောင်လို့ အစိုးရအနေနဲ့ လုပ် ဆောင်ဖို့ လိုအပ်တယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ကားစျေးကွက်သည် အခက်အခဲများစွာဖြင့် ရင်ဆိုင်နေရသလို ကားစျေးနှုန်း မြင့်တက်လာခြင်း ဖြင့်လည်း ရင်ဆိုင်နေကြရသည်။
ထို့အပြင် စုံ/မ သတ်မှတ်ချက်များကြောင့် EV ကားစျေးနှုန်းသည် တစ်စီးလျှင် ၂၅ ရာခိုင်နှုန်း တက်သွားကာ ကျပ်သိန်း ၂,၀၀၀ ဝန်းကျင်အထိ ဖြစ်လာသည်ဟု သိရသည်။
အဆိုပါ အခြေအနေများကို လွှတ်တော်ကလည်း ပြန်လည် ထိန်းကျောင်းရန် လိုအပ်နေသလို အစိုးရကလည်း ကားတင်သွင်းခွင့် ပါမစ်များ ပြန်လည်ဖွင့်ပေးရန် လိုအပ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ထောက်ပြကြ သည်။
- By CNI
- Category: စီးပွားရေး
- Hits: 467
CNI News
၂၀၂၆ ခုနှစ်၊ မေလ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဆန်စပါးဖူလုံရေးအတွက် အတည်တကျ လုပ်ကိုင် နိုင်မည့် လှေကားထစ်လယ်ယာ စိုက်ပျိုးရေးများကို ဖော်ဆောင်ပေးရန် လိုအပ်ကြောင်း နာဂအမျိုးသားပါတီ (NNP) မှ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမော်လိပ်က CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ရွှေ့ပြောင်းတောင်ယာများကိုသာ အဓိကထား လုပ်ကိုင်နေကြသည့်အတွက် ဆန်စပါးဖူလုံမှု မရှိသလောက်ဖြစ်ကြောင်း၊ ထို့ပြင် လမ်းပန်း ဆက်သွယ်ရေးအခက်အခဲများကြောင့် ဆန်စပါးများမှာလည်း မရောက်နိုင်ကြောင်း ၎င်းက ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမော်လိပ်က”ဒီရွှေ့ပြောင်းတောင်ယာလေးတွေပဲ အများအားဖြင့် လုပ်ကိုင်ကြတာဖြစ်တဲ့အတွက် ကျနော်တို့ဒေသမှာ ဒီဆန်စပါးတော့ နည်းနည်း ဖူလုံမှုမရှိ မရှိသလောက်အဲဒီလိုဖြစ်နေတယ်ပေါ့နော်။ ဒီအခုဆိုရင်လည်းပဲ ကျနော်တို့လမ်းပန်း ဆက်သွယ်ရေးခက်ခဲမှုကြောင့် အဲဒီလိုမျိုး မရောက်နိုင်ဘူးပေါ့နော်။ အဲဒီအတွက် ဒေသမှာနည်းနည်း ဒီဆန်စပါးတော့ နည်းနည်းရှားပါးမှုလေးတွေတော့ နည်းနည်းတော့ရှိပါတယ်။ အဲဒီအတွက်ကျနော်တို့ ဒေသမှာ လှေကားထစ်လယ်ယာလေးတွေပေါ့ နောက်ဆန်စပါးလည်း ဖူလုံမှုရှိမယ်။ တောင်ယာလေး တွေလည်း လျော့ကျသွားမယ်ပေါ့နော်။ ဒီအတည်တကျလုပ်နိုင်မယ့် ဒီလှေကားထစ်လယ်ယာလေးတွေ ကျနော်တို့လယ်ယာလေးတွေ ဖော်ပေးမယ်ဆိုရင် ဒီဒေသအတွက် ဆန်စပါးလည်းဖူလုံမယ်။ ဒီလှေကားထစ်လယ်ယာဖော်ခြင်းအားဖြင့် ကျနော်တို့ဒီဆန်စပါးအထွက်လည်း ဒီအောက်နဲ့ သယ်ယူစရာ မလိုတော့ဘူးပေါ့နော်။ ရာသီ သီးနှံလေးတွေလည်း အဲဒီလိုမျိုး ဒီစိုက်လို့ရမယ်။ အဲဒါမျိုးဆိုရင် တချို့ ဒီဆန်စပါး ဖူလုံမယ်၊ ဒီဒေသအတွင်းမဟုတ်ဘူး ကျနော်တို့ ဒီတခြားဒေသတွေမှာ ပါ ကျနော်တို့ ပို့လို့ရနိုင်တဲ့ အနေအထားလေးတွေရနိုင်တယ်ပေါ့” ဟု ပြောသည်။

နာဂဒေသရှိ စိုက်ပျိုးရေးလုပ်ငန်းများကိုတွေ့ရစဉ်
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂတောင်တန်းဒေသ (လေရှီး၊ လဟယ်၊ နန်းယွန်း) တွင် မြေမျက်နှာသွင်ပြင် နှင့် ရာသီဥတုအခြေအနေများကြောင့် ဆန်စပါးစိုက်ပျိုးမှုအားနည်းပြီး အဓိက စားနပ်ရိက္ခာဖြစ်သော ဆန်စပါးရှားပါးမှုနှင့် ဈေးနှုန်းမြင့်တက်မှုများ မကြာခဏ ကြုံတွေ့ရလေ့ရှိကြောင်း နာဂအဖွဲ့အစည်း ခေါင်းဆောင်များက ထောက်ပြကြသည်။
နာဂဒေသတွင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသော ရွှေ့ပြောင်းတောင်ယာစနစ်အစား ရေရှည် တည်တံ့ပြီး စိုက်ပျိုးရေးအထွက်နှုန်းတိုးစေမည့် ခေတ်မီတောင်စောင်း စိုက်ပျိုးနည်းစနစ်ကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
လက်ရှိနာဂဒေသတွင် စိုက်ပျိုးရေးလုပ်ငန်းများမှာ ထုတ်ကုန်မရှိသောကြောင့် ဒေသခံလူထုသည် စိုက်ပျိုးရေးတွင် အားစိုက်မှုမရှိကြကြောင်း နာဂအမျိုးသားပါတီ (NNP) မှ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမော်လိပ်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “စိုက်ပျိုးရေးကြတော့ ကျနော်တို့ဒီဘက်မှာအများဆုံးကတော့ ကျနော်တို့ဒီရွေ့ပြောင်းတောင်ယာလေး တွေ အဲဒီလိုလုပ်ကြတာရှိတယ်။ ဒါပေမယ့် လှေကားထစ်လယ်ယာလေးတွေလည်း အခုဒီ လုပ်ဖို့စီစဥ်ထားတာလေးတွေတော့ရှိတာပေါ့။ တချို့တွေကြတော့လည်း လက်ရှိလုပ်နေတာလေးတွေလည်းရှိပါ တယ်ဗျ။ လှေကားထစ်လယ်ယာလေးတွေပေါ့။ လက်ရှိမှာလည်း အဲဒီလိုမျိုး လှေကားထစ်လယ်ယာဖော်ဖို့ စီမံ ချက်တွေလည်းရှိပါတယ်။ ဒီအများအားဖြင့်ကတော့ ဒီရွှေ့ပြောင်းတောင်ယာလေးတွေလုပ်ကိုင်နေကြတာပိုများ ပါသေးတယ်ဗျ အခုကတော့။ နာဂဒေသမှာအခုက ဒီရွှေ့ပြောင်းတောင်ယာကနေပြီးတော့ လှေကားထစ်လယ် ယာ ကူးပြောင်းနိုင်ရေးအတွက်ကို ကျနော်တို့အဲဒီလိုလုပ်ဆောင်သွားဖို့ စီစဥ်မှုတော့ရှိပါတယ်ဗျ။ မြေပြန့်မှာစိုက် လိုက်တယ်။ ဒီသစ်သီးဝလံလေးတွေ အဲဒီလိုလည်း ထွက်တယ်။ ဒါပေမယ့် ကျနော်တို့ဒီထုတ်ကုန်မရှိတော့ ပြည်သူတွေက သိပ်အားမစိုက်ကြဘူးပေါ့” ဟု ပြောသည်။

နာဂလူမျိုးများအားတွေ့ရစဉ်
နာဂဒေသ၏ ကုန်းမြင့်စိုက်ပျိုးရေးနှင့် လှေကားထစ်လယ်ယာများဖော်ဆောင်ရာ တွင် တောင်ကုန်းထူထပ်သော နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (လဟယ်၊ လေရှီး၊ နန်းယွန်း) များ၌ မြေဆီလွှာတိုက်စားမှုကာကွယ်ရန်နှင့် ဝမ်းစာဖူလုံစေရန် ရည်ရွယ်ကြောင်း သိရသည်။
လယ်ယာမြေ ပြန့်ပြူးမှုမရှိခြင်းနှင့် ရာသီဥတု အခြေအနေကြောင့် ဆန်စပါးကို လုံလောက်အောင် မစိုက်ပျိုးနိုင် ဘဲ ယာစိုက်ပျိုးရေးကိုသာ အဓိက အားထားရပြီး၊ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှု ကန့်သတ်ချက်များ၊ ပိုးမွှား ကျရောက်မှုနှင့် သဘာဝဘေးအန္တရာယ်များကြောင့် ဆန်စပါး အထွက်နှုန်းမှာ ဒေသတွင်း ဖူလုံမှုအတွက် လိုအပ် ချက်များစွာ ရှိနေဆဲ ဖြစ်ပါသည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (လဟယ်၊ လေရှီး၊ နန်းယွန်း) ရှိ အိမ်ထောင်စု အများစုသည် တောင်ယာ စိုက်ပျိုးရေးကိုသာ အဓိက အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်ကြသည့်အတွက် စာရင်းအချက်အလက် အတိအကျမသိရသော်လည်း တစ်နှစ်လျှင် ပျမ်းမျှ တောင်ယာစိုက်ဧက ၃ သောင်းကျော်မှ ၅ သောင်းဝန်းကျင် ကြားတွင် ရှိနေနိုင်ကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးမှု အလွန်နိမ့်ကျနေသော စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုး ရေးအတွက် လိုအပ်တာများ လုပ်ဆောင်ပေးသွားမည်ဟု လက်ရှိ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်နေ့က နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့စဉ်က ပြောကြားထားသည်။
- By CNI
- Category: စီးပွားရေး
- Hits: 564
CNI News
၂၀၂၆ ခုနှစ်၊ မေလ ၂၆
မြန်မာနိုင်ငံတွင် အိမ်ခြံမြေဈေးနှုန်း အဆမတန် မြင့်မားပြီး နိုင်ငံသားများ အိမ်ပိုင်ဆိုင်မှု ခက်ခဲလာသည်ကို အစိုးရအနေဖြင့် နည်းလမ်းရှာပြီး ဖြေရှင်းသင့်ကြောင်း နိုင်ငံရေးနှင့် စီးပွားရေး လေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေသည် ပြည်တွင်းရှိ သာမန်အခြေခံအလုပ်သမားတစ်ယောက်သည် အနှစ် ၂၀ အလုပ်လုပ်သည့်တိုင် အိမ်ပိုင်ဆိုင်နိုင်သည့် အနေအထားမရှိဖြစ်နေပြီး ကျူးကျော်နေထိုင်မှုသည်လည်း ပိုမိုများပြား ဖြစ်ပေါ်လျက်ရှိနေသည်။
မြန်မာနိုင်ငံ၏ ပထဝီမြေအနေအထားအရ တိုင်းသူပြည်သားများအတွက် လုံလောက်သည့် မြေရှိသော်လည်း အိမ်ခြံမြေဈေးနှုန်းသည် အဆမတန် မြင့်တက်နေခြင်းသည် မူဝါဒ လွဲမှားနေသည်ကို ညွှန်ပြနေပြီး အစိုးရအနေဖြင့် အမြန်ဆုံး ကုစားရန် လိုအပ်သည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

ရန်ကုန်မြို့ရှိ တိုက်ခန်းများ
၎င်းက “မြေကြီးဈေးက သာမန်အလုပ်သမားတစ်ယောက် နှစ် ၂၀ လုပ်လို့ အဲဒီမြေကြီးဈေးကို မမှီနိုင်ဘူး ဖြစ်နေတာ။ ဒီဟာတွေကလည်း အစိုးရတစ်ရပ် လုပ်ပြီဆိုရင် စဉ်းစားရမှာပဲ။ ကျနော်တို့ တကယ့်ကို လူတွေက ကြိုးကြိုးစားစား အလုပ်လုပ်ပါလျက်နဲ့ မြေလေးတစ်ကွက် ကိုယ့်အိမ်ပိုင်၊ ယာပိုင်လေးတောင် မရနိုင်ဘူးဆိုတဲ့ဟာက တကယ့်ကို ပြဿနာပဲ။ policy issue ပဲ။ policy မှာ တစ်ခုခု မှားနေပြီဆိုတဲ့ဟာကို ညွှန်ပြနေတဲ့သဘောရှိတယ်။ အဲဒီဟာတွေကို အစိုးရတစ်ရပ်က သေသေချာချာ စဉ်းစားပြီးတော့မှ လုပ်ကိုင်ရမှာပေါ့။ ကိုယ့်နိုင်ငံသူ နိုင်ငံသားတွေအားလုံး အိမ်ပိုင်၊ ယာပိုင်ဖြစ်ရေးဆိုတဲ့ဟာကို အစိုးရက စဉ်းစားပြီး လုပ်ကိုလုပ်ရမှာပေါ့။ ကျနော်တို့ မြန်မာနိုင်ငံရဲ့ မြေကြီးနဲ့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ လူဦးရေနဲ့ကလေ ကျူးကျော်တွေ ရှိတယ်ဆိုတာ အင်မတန် ရှက်ဖို့ ကောင်းတယ်။ အဲဒါက policy လွဲလို့လို့ ပြောလို့ရတယ်ပေါ့နော်။ ကျူးကျော်က ဒီနိုင်ငံ မြေဧရိယာ အကျယ်နဲ့ ဒီလူဦးရေနဲ့ကဖြစ်ဖို့ကို အကြောင်းမရှိဘူး။ ဖြစ်စရာကို မလိုတဲ့ အနေအထားပါ။ ဘာဖြစ်လို့ အဲဒီလောက် ဖြစ်နေလဲ ဆိုတဲ့ဟာကြီးက အဲဒီမှာ policy လွဲနေတယ်ဆိုတာကို ညွှန်ပြနေတာပေါ့။ ဒါတွေကိုတော့ အမြန်ဆုံး ကုစားသင့်တယ်လို့ မြင်မိပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် နိုင်ငံသားများ အိမ်နှင့် မြေပိုင်ဆိုင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပလေ့ရှိသော အိမ်ခြံမြေ အရောင်းပြပွဲများ၊ ငွေကြေး အပြည့်အစုံ မရှိသေးသူများအတွက် သက်ဆိုင်ရာ ဘဏ်များ၏ အိမ်ရာချေးငွေ (Home Loan) စနစ်ဖြင့်လည်းကောင်း၊ အစိုးရနှင့် ပုဂ္ဂလိက အိမ်ရာစီမံကိန်းများ၏ အရစ်ကျစနစ်များဖြင့်လည်းကောင်း ဝယ်ယူနိုင်ရန် ဆောင်ရွက်ပေးမှုများလည်း ရှိသည်။
သို့သော်လည်း ယင်းဆောင်ရွက်ချက်သည်လည်း ပြည်သူများ လက်လှမ်းမမှီနိုင်သည့် အခြေအနေတွင် ရှိနေပြီး တန်ဖိုးနည်းအိမ်ရာသည်လည်း တန်ဖိုးမြင့်အိမ်ရာ ဖြစ်သွားခြင်းမျိုးလည်း ရှိကြောင်း နိုင်ငံရေးနှင့် စီးပွားရေး လေ့လာသုံးသပ်သူများက ထောက်ပြကြသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်
ထို့နောက် ရန်ကုန်မြို့တွင်းရှိ လယ်ယာမြေများတွင် လယ်မစိုက်တော့သည့် မြေများရှိပြီး ယင်းမြေပေါ်တွင် တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်၍ ပြည်သူများ အိုးအိမ်ပိုင်ဆိုင်နိုင်ရေး ပိုမိုဆောင်ရွက်ပေးသင့်ကြောင်း စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်ပြောတာက ဒဂုံဆိပ်ကမ်းတို့လို၊ အရှေ့ဒဂုံတို့လို နေရာမျိုးတွေမှာ လယ်လည်း မစိုက်နိုင်တော့ဘူး။ မြေဧကတွေ အများကြီးပိုနေတယ်။ သုခဒဂုံအိမ်ရာမျိုးတွေပေါ့ဗျာ။ သုခဒဂုံအိမ်ရာမျိုးလို နောက်ထပ် ၂ ဆ၊ ၃ ဆလောက် ပေါ်လာလို့ ရသေးတယ်။ အဲဒီလိုနေရာတွေ အများကြီး လစ်လပ်နေသေးတယ်။ အဲဒီမှာတွေ ဆောက်ပါ ကျနော်ပြောတဲ့သဘောက။ အကျိုးရှိအောင် ဆောက်လိုက်၊ ဆောက်ပြီးတော့မှ နိုင်ငံခြားသွားတဲ့ သူတွေအတွက် တစ် group ပေါ့ဗျာ။ နောက်ပြီးတော့ ကျူးကျော်အတွက် တစ် group ပေါ့ဗျာ။ တန်ဖိုးနည်း အိမ်ရာလေးတွေဆောက်၊ အငှားအိမ်ရာလေးတွေလုပ်ပေး။ တိုင်းပြည်က Develop ဖြစ်အောင်လို့ အဲဒါကို investment လုပ်ပေးရမယ်” ဟု ပြောသည်။
မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်တွင် အဓိကအားဖြင့် ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်နှင့် ရှမ်းပြည်နယ်တွင် တရုတ်နိုင်ငံသားများ၏ အိမ်ခြံမြေ ဝယ်ယူမှုများကြောင့် နိုင်ငံသားများ လက်လှမ်းမမှီနိုင်သည့် ဈေးကွက်များ ဖြစ်ပေါ်နေသည်ဟု စီးပွားရေး လေ့လာသုံးသပ်သူများက ထောက်ပြထားကြသည်။
အိမ်ခြံမြေဈေးကွက်တွင် နိုင်ငံသားများ ဈေးနှုန်းလက်လှမ်းမမှီမှု၊ တန်ဖိုးသင့် လူနေအိမ် ရှားပါးမှုပြဿနာအပေါ် ဖြေရှင်းသည့်အနေဖြင့် ကနေဒါအပါအဝင် ပြည်ပနိုင်ငံအများစုသည် အိမ်ခြံမြေများ နိုင်ငံခြားသားပိုင်ဆိုင်မှုကို တားမြစ်ထားခြင်း လုပ်ဆောင်ထားသည်ကို တွေ့ရသည်။
- By Nan Shwe Sin Htun
- Category: စီးပွားရေး
- Hits: 368
CNI News
၂၀၂၆ ခုနှစ်၊ မေလ ၂၆
လက်ရှိ မြန်မာနိုင်ငံတွင် ပြည်သူများ ကြုံတွေ့ခံစားနေရသည့် ကုန်စျေးနှုန်း အဆမတန်ကြီးမြင့်မှု ဒဏ်ကို လျှော့ချနိုင်ရေးအတွက် လွှတ်တော်၌ မည်ကဲ့သို့ ထိန်းကျောင်းသွားကြမလဲဆိုသည့်အပေါ် နိုင်ငံရေးလေ့လာသူများနှင့် ပြည်သူများက မေးခွန်းထုတ်လျက်ရှိသည်။
အခြေခံစားသောက်ကုန် စျေးနှုန်းများ တစ်စတစ်စ မြင့်တက်လျက်ရှိနေပြီး ပြည်သူလူထု၏ ဝင်ငွေမှာ မြင့်တက်မလာသဖြင့် ဝင်ငွေနှင့် ထွက်ငွေ မညီမျှသောကြောင့် ပြည်သူလူထု၏ စားဝတ်နေရေးအတွက် စိန်ခေါ်မှုများစွာဖြင့် ရင်ဆိုင်နေကြရသည်။
ကုန်စျေးနှုန်း လျှော့ချနိုင်ရေး ဆောင်ရွက်ရာတွင် စျေးနှုန်းတည်ငြိမ်နိုင်ရန် အတွက်ကို စဥ်းစားရမည် ဖြစ်ကြောင်း ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP) မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံ က CNI သတင်းဌာနသို့ ပြောသည်။
ထို့အပြင် ပြည်သူများ၏ ဝင်ငွေ မြင့်မားလာရေးအတွက်လည်း ကြိုးစား ဆောင်ရွက် ရမည် ဖြစ်ကြောင်း ၎င်းကပြောသည်။

အခြေခံလူတန်းစားများအား တွေ့ရစဉ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက "အဓိက,က ကျနော်တို့က အခြေခံ ကုန်စည် တွေပေါ့နော်။ အခြေခံကုန်စည်တွေကို ကျနော်တို့က ဈေးနှုန်းတည်ငြိမ်အောင်လည်း ကျနော်တို့က နံပါတ်တစ်ဆောင်ရွက်ရမယ်။ အခြေခံကုန်စည်တွေ ဈေးနှုန်းတည်ငြိမ်အောင် ဆောင်ရွက်တဲ့အခါမှာ ဒုတိယတစ်ချက်အနေနဲ့ ပြည်သူတွေရဲ့ ၀င်ငွေဟာ မြင့်မားလာဖို့လိုပါတယ်။ အခြေခံကုန်စည်တွေရဲ့ ဈေးနှုန်းက ငြိမ်ပေမယ့် ပြည်သူတွေရဲ့ ၀င်ငွေက မမြင့်မားလာဘူးဆိုရင်လည်း ကျနော်တို့က ပြည်သူတွေရဲ့ တစ်နေ့တာ စား၀တ်နေရေးမှာ အခက်အခဲရှိပါတယ်။ အဲဒါကြောင့် ကျနော်တို့ လွှတ်တော် မှာကတော့ ကုန်ဈေးနှုန်းတွေ ထိန်းချုပ်တဲ့ ဥပဒေတွေ၊ ပြည်တွင်းလုပ်ငန်းရှင်တွေကို အကာအကွယ် ပေးနိုင်တဲ့ လုပ်ငန်းတွေ၊ MSME လုပ်ငန်းတွေ ဒါတွေကို အားပေးတဲ့ အဆိုမျိုးတွေ၊ လုပ်ငန်းတွေကို၊ ဥပဒေတွေကို ကျနော်တို့က တင်သွင်းပြီးတော့ ပြဋ္ဌာန်းဆောင်ရွက်သွားဖို့လည်း ရှိပါတယ်။ ဒါကတော့ ကျနော်တို့ လွှတ်တော်အပိုင်းတွေမှာကျတော့ ပြည်သူတွေကို အကျိုးပြုတဲ့ ဥပဒေတွေ ပြဋ္ဌာန်းပါတယ်။ တစ်ဖက်မှာလည်း တရားမ၀င်ကုန်စည် စီးဆင်းမှုတွေ ဒါတွေကို ထိန်းချုပ်ဖို့ဆိုရင် အုပ်ချုပ်ရေးဆိုင်ရာ ကနေပြီးတော့ ကျောသားရင်သား မခွဲခြားဘဲ ထိထိရောက်ရောက် ဆောင်ရွက်သွားဖို့ လိုပါတယ်။ အကယ်၍ တရားမ၀င်ကုန်စည်တွေကို ကျနော်တို့က နိုင်ငံတော် အခွန်လည်းမရ၊ တရားမ၀င် ကုန်စည်တွေကလည်း ကြီးထွားနေမယ်ဆိုရင် ကျနော်တို့က ပြည်တွင်း လုပ်ငန်းရှင်တွေကို ယိုင်လဲ စေနိုင်တဲ့ အခြေအနေနဲ့ ကြုံတွေ့နိုင်ရပါတယ်။ ဒီအပေါ်မှာတော့ အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ကျနော်တို့ လွှတ်တော်က ဥပဒေပြုရေးဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ အဖွဲ့အစည်းတွေနဲ့ အမြဲတစေလို ဆွေးနွေးနေပြီးတော့ ကျနော်တို့ လိုအပ်ရင် လိုအပ်သလို ဥပဒေအသစ်တွေ ပြဋ္ဌာန်းတာတွေ၊ ဥပဒေတွေ ပြင်ဆင်ဖြည့်စွက်တာတွေကို ထိထိရောက်ရောက် ဆောင်ရွက်သွားမယ် ဆိုရင်တော့ စောစောက ပြည်သူတွေခက်ခဲနေတဲ့ စား၀တ်နေရေးပြဿနာနဲ့ အခြေခံကုန်စည် ကြီးမြင့်မှု ပြဿနာကို ရာခိုင်နှုန်းသိသိသာသာလောက်ကို လျှော့ချနိုင်မယ်လို့ ယုံကြည်ပါတယ်" ဟု ပြောသည်။
မြန်မာနိုင်ငံတွင် လုပ်သားအင်အားရှားပါးမှု ပြဿနာများကို ဖြေရှင်းနိုင်စွမ်းမရှိလျှင် ကုန်စျေးနှုန်းသည် ဆက်လက်မြင့်တက်နေမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှု အားကောင်းမှသာလျှင် ကုန်စျေးနှုန်းကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ထောက်ပြကြသည်။
ထို့အပြင် ကုန်စျေးနှုန်းမြင့်တက်ခြင်းနှင့်ပတ်သက်၍ အခြေခံအကြောင်းတရား သုံးချက်မှာ ဝယ်လိုအားမြင့်တက်ခြင်း၊ ရောင်းလိုအားလျော့ကျခြင်းနှင့် ငွေကြေးဖောင်းပွမှုတို့ဖြစ်ကြောင်း ၄င်းတို့က သုံးသပ်ကြသည်။
လက်ရှိမြေပြင်တွင် ပြည်သူများ အဆိုးရွားဆုံး ရင်ဆိုင်နေရသည့် ပြဿနာသည် စားဝတ်နေရေး ကျပ်တည်းမှု ဖြစ်သည်ကို မြင်တွေ့ရကြောင်း၊ ပြည်တွင်း စီးပွားရေးလုပ်ငန်းများသည် ပိုမို ဖွံ့ဖြိုးတိုးတက် ရေးအတွက် ကြိုးပမ်းသွားမည်ဟု ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းထက်က CNI သတင်းဌာနသို့ ပြောသည်။

လွှတ်တော်နှင့် လွှတ်တော်ကိုယ်စားလှယ်များအားတွေ့ရစဉ်
၎င်းက “လက်ရှိမှာတော့အဆိုးရွားဆုံး ပြဿနာက ဘ၀လုံခြုံရေးနဲ့ အဓိကအားဖြင့်တော့ စား၀တ်နေရေး ကျပ်တည်းမှုပေါ့နော်။ အဓိကအားဖြင့်တော့ ကုန်ဈေးနှုန်းကြီးမြင့်မှုပေါ့။ ဒါကတော့ အဓိက,က ကုန်ဈေးနှုန်းကြီးမြင့်လာတဲ့ ကုန်ဈေးနှုန်းတွေကတော့ ကမ္ဘာ့အခြေအနေပေါ်မူတည်ပြီးတော့ ကုန်ဈေးနှုန်း ကြီးမြင့်လာတာမျိုးရှိတယ်။ အဓိကအားဖြင့်တော့ ကုန်ဈေးနှုန်းကြီးမြင့်တာထက်ကို ၀င်ငွေ၊ ထွက်ငွေ မမျှတမှုလို့ပြောရမှာပေါ့။ ၀င်ငွေလည်း ကောင်းလာမယ်၊ ကုန်ဈေးနှုန်းကလည်း တက်လာမယ်ဆိုရင် ပြဿနာမဟုတ်ပေမယ့် ၀င်ငွေကျတော့ တက်မလာဘဲနဲ့ ကုန်ဈေးနှုန်းတွေက ကြီးလာတဲ့ဟာမှာ ပြည်သူတွေမှ မဟုတ်ဘူး။ ဌာနဆိုင်ရာ၀န်ထမ်းတွေလည်း ဒီဟာနဲ့ ပတ်သက်ပြီးတော့ အခက်အခဲကြုံနေရတယ်လို့သိရပါတယ်။ ရန်ကုန်မှာဆိုလို့ရှိရင် MSME နဲ့ SME လုပ်ငန်းတွေသည် အားလုံးလည်းသိမယ်။ ဒီ မီဒီယာကြီးတွေလည်း သိလိမ့်မယ်။ လုပ်တဲ့ပွဲတွေမှာ ဒီလုပ်ငန်းတွေကြီးပဲ ဥပမာ အားလူးကြော်တို့ စသဖြင့် ယိုတို့ ဒီလုပ်ငန်းတွေပဲ ကျနော်တို့ဖြစ်နေတာ တွေ့ရတယ်။ ဒီ့ထက် Develop ဖြစ်တဲ့ SME, MSME တွေ ရန်ကုန်တိုင်းဒေသကြီးထဲမှာ ပေါ်ဖို့လိုတယ်။ ကျနော်က ရန်ကုန်က အမတ်ဆိုတော့ ရန်ကုန် Scope နဲ့ပဲ ပြောလို့ရတာပေါ့နော်။ ဥပမာ စက်မှုဇုန်တွေကို စနစ်တကျ ပြန်ပြီးတော့ အကောင်အထည်ဖော်ရတာတွေ ကျနော်တို့လုပ်ဖို့လိုမယ်။ ပြီးတော့ ခုနကပြောသလို SME, MSME တွေလုပ်ငန်းတွေကို ဒီထက်ပိုပြီးတော့ လုပ်ရကိုင်ရလွယ်အောင် မူဝါဒဆိုင်ရာ ပြင်ဆင်ချက်တွေ လုပ်ဖို့လိုမယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့လေ့လာနေတာတွေလည်း ရှိသလို အချိန်အခါ အခွင့်အခါသင့်ရင်လည်း ဒါတွေနဲ့ပတ်သက်ပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
အစိုးရသစ် တစ်ရပ်အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များကို အစဥ်တစိုက် လုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ နိုင်ငံ၏ စီးပွားရေး တည်ငြိမ်ရေးအတွက်လည်း ကြိုးစားအားထုတ်ရန် လိုအပ်ကြောင်း နိုင်ငံရေးလေ့လာသူများက ထောက်ပြကြသည်။
လက်ရှိ အစိုးရသစ် လက်ထက်တွင် ငြိမ်းချမ်းရေး ဖိတ်ခေါ် ကမ်းလှမ်းမှုများ ပြုလုပ်လာနိုင်သကဲ့သို့ စီးပွားရေး ပြန်လည် ဦးမော့အောင်လည်း ကြိုးပမ်းလာနိုင်သည်ဟု ၎င်းတို့က သုံးသပ်ကြသည်။
သို့သော် စီးပွားရေးနှင့် ငြိမ်းချမ်းရေး ဆိုင်ရာ မူဝါဒများသည် မှန်ကန်တည့်မတ်ရန် လိုအပ်ပြီး လက်ရှိ မူဝါဒများအပေါ် ပြန်လည် သုံးသပ်ရန်လည်း လိုအပ်ကြောင်း အားလုံးက ထောက်ပြကြသည်။
- By CNI
- Category: စီးပွားရေး
- Hits: 382
CNI News
၂၀၂၆ ခုနှစ်၊ မေလ ၂၅
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ အဝင်/အထွက်ကို စားသောက်ကုန်၊ လူသုံးကုန်နှင့် တခြားသော ကုန်စည်များ သယ်ယူပို့ဆောင်ခွင့်ကို အာဏာပိုင်အဖွဲ့အစည်းများက ကန့်သတ်လိုက်ခြင်းကြောင့် ပခုက္ကူမြို့ အပါအဝင် အနီး အနားရှိ မြို့နယ်များမှာ ကုန်ဈေးနှုန်းများ မြင့်တက်လာနေသည်ဟု ဒေသခံများက ပြောသည်။
ပခုက္ကူမြို့ အဝင်/အထွက်တွင် ကုန်စည်သယ်ယူပို့ဆောင်ရေး ကန့်သတ်ထားသည်မှာ ရက်သတ္တပတ် ၁၀ ရက်ကျော် ရှိလာပြီဟု ဒေသခံများကပြောသည်။
အဓိကအားဖြင့် ရေစကြို၊ မြိုင်၊ ပေါက်၊ ဆိပ်ဖြူ၊ မြစ်သား၊ ယော စသည့် ဒေသများမှ ထွက်ရှိသည့် ကြက်သွန် အပါအဝင် ကုန်စည်များသည် ပခုက္ကူကုန်စည်ဒိုင်များမှတဆင့် တခြားဒေသများသို့ သယ်ယူပို့ဆောင် ရောင်းချ ကြခြင်း ဖြစ်သည်။
လက်ရှိတွင် ပခုက္ကူမြို့တွင်းသို့ ဝင်/ထွက် သွားလာနေသည့် ကုန်တင်ယာဉ်များကို ဝင်/ထွက် သွားလာခွင့် ကန့်သတ်ပြီး ကုန်စည်မျိုးစုံ သယ်ဆောင်ခွင့်ကိုလည်း ၂၀၂၆ ခုနှစ်၊ မေလ ၁၃ ရက်နေ့မှစ၍ ကန့်သတ်ထားကြောင်း သိရသည်။
ထိုသို့ ကန့်သတ်ချက်များကြောင့် ကုန်ကျစရိတ် မြင့်တက်ပြီး ကုန်ဈေးနှုန်းများလည်း မြင့်တက်လာကြောင်း၊ ထို့ပြင် ကုန်စည်များကို ပခုက္ကူသို့ သွားရောက် ရောင်းချခြင်းမပြုဘဲ ကိုယ့်ဒေသတွင်သာ ပြန်လည်ရောင်းချ နေရသည်ဟု ဆိပ်ဖြူမြို့နယ်မှ ကုန်သည် ဦးဇော်မြင့်က CNI သတင်းဌာနသို့ ပြောသည်။

ပခုက္ကူမြို့ အဝင်/အထွက် တံတားမှာ အာဏာပိုင်များ ကုန်ကားများကို စစ်ဆေးနေစဉ် (ဓာတ်ပုံ-MOI)
၎င်းက “တစ်ပတ် ၁၀ ရက်လောက် ရှိပြီလို့ ပြောလို့ရတယ်။ ကျနော်တို့ နယ်တွေကိုတော့ မပို့ရဘူးလို့ ကြားတယ်၊ မသယ်ရဘူး လူသုံးကုန်၊ စားသောက်ကုန် မသယ်ရဘူးပေါ့နော်။ ကုန်ဈေးနှုန်းတွေကတော့ အများကြီး တက်တာ ပေါ့ အဲဒီလို ဖြစ်သွားတာပေါ့။ ကြက်သွန်နီကတော့ သွားလို့လာလို့ ရပါတယ်။ သို့ပေမယ့်လို့ ကုန်ကျစရိတ်တွေက များတော့လေ အဲဒီလို သယ်ယူစရိတ်တွေက များတဲ့အခါကျတော့ ဒီမြို့တွေ ဒီမြို့တွေကို သိပ်ပြီး ကူးသန်း အရင် တုန်းကလို အရောင်းအဝယ် သိပ်မလုပ်တော့တာပေါ့။ ဥပမာ-ပခုက္ကူက ၂၁၀၀ ပေါက်တယ်၊ ဆိပ်ဖြူကို သယ်လိုက် လို့ရှိရင် ၂၂၅၀ ကျတယ်။ အရင်တုန်းက ၁ ပိဿာကို ၅၀ လောက် ကျတာလေ။ ၁ ပိဿာကို ၅၀ လောက်ကျတော့ ၁၀၀ လောက် တက်သွားတဲ့ အခါကျတော့ အဲဒီမှာတင် ကျနော်တို့ အရောင်းအဝယ် လုပ်လို့ရမယ့် အမြတ်က မကျန်တော့ ဘူးလေ။ အဲဒီတော့ ကျနော်တို့က ကိုယ့်မြို့ကိုယ့်ဆီမှာပဲ အရောင်းအဝယ် လုပ်ရတဲ့သဘောမျိုး ဖြစ် သွားတာပေါ့” ဟု ပြောသည်။
ထို့ပြင် ယခင်က ပခုက္ကူကုန်စည်ဒိုင်တွင် ကြက်သွန် ဝင်ရောက်မှုသည် ယခင်က တစ်ရက်လျှင် ပိဿာချိန် ၇ သောင်းကျော် ဝင်ရောက်လျက်ရှိသော်လည်း လက်ရှိမှာတော့ ထက်ဝက်ခန့်သာ ဝင်ရောက်ကြောင်း သိရသည်။
မြန်မာ့တပ်မတော်သည် တော်လှန်ရေးအင်အားစုများ အားကောင်းသည့် မကွေးတိုင်း အနောက်ခြမ်း၊ မကွေးနှင့် ချင်းပြည်နယ် အစပ်ဒေသများကို ရိက္ခာဖြတ်တောက်သည့် အနေဖြင့် ပခုက္ကူမြို့သို့ ကုန်စည်ဖြတ်သန်း သွားလာမှု ကို ကန့်သတ်ခြင်း ဖြစ်နိုင်သည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
ယခု ကန့်သတ်ချက်သည် လက်ရှိ အစိုးရသစ် ဖော်ဆောင်နေသည့် ရက် ၁၀၀ ကာလအတွင်းသာဖြစ်ပြီး ယင်း ကာလ ကျော်လွန်ပါက ပုံစံတစ်မျိုး ပြောင်းလဲနိုင်ကြောင်း ၎င်းတို့က ပြောသည်။

ပခုက္ကူမြို့ အဝင်/အထွက် တံတားမှာ အာဏာပိုင်များ ကုန်ကားများကို စစ်ဆေးနေစဉ် (ဓာတ်ပုံ-MOI)
ထိုသို့ ကုန်စည်သယ်ဆောင်မှု ယခုကဲ့သို့ ကန့်သတ်ထားမှုသည် ရက်ရှည်ကြာလာပါက တောင်သူများ ဈေးကောင်း မရခြင်း၊ စားသုံးသူပြည်သူများ ဈေးနှုန်းကြီးမြင့်ခြင်းနှင့် ကုန်စည် ပြတ်လပ်ခြင်းများ ကြုံတွေ့ရနိုင်သည်ဟု ပခုက္ကူမြို့နယ်မှ ကြက်သွန်ကုန်သည် ဦးခင်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တောင်သူမှာလည်း ဈေးမရဘူး။ ရှေ့မှာ ဝယ်စားတဲ့သူတွေလည်း ကုန်ဈေးနှုန်းက မြင့်နေတာပေါ့နော်။ နောက်ဆုံးမှာ ရောင်းနေတဲ့ တောင်သူမှာလည်း ဈေးမရဘူး။ ဝယ်စားတဲ့ စားသုံးသူမှာလည်း ဈေးက အများကြီး ပေးစားရတယ်။ ကြားထဲမှာ ကုန်ကျစရိတ်တွေက တအားကြီး မြင့်သွားတဲ့အခါကျတော့ ဒီထဲမှာ ပိုပြီးတော့ ကျသွားတာပေါ့။ ကုန်သည်မှာလည်း မကိုက်ဘူး။ နောက်က တောင်သူမှာလည်း မကိုက်ဘူး။ ရှေ့က စားသုံးသူ မှာလည်း ဈေးက မြင့်တက်တာလား ဆိုတော့လည်း အများကြီး ပေးစားနေရတာလေ အဲဒီလို ဖြစ်နေတာပေါ့” ဟု ပြောသည်။
မြန်မာ့တပ်မတော်သည် ၂၀၂၅ ခုနှစ်ကလည်း မကွေးတိုင်းဒေသကြီးအတွင်းရှိ ပခုက္ကူမြို့နယ် အပါအဝင် မြို့နယ် တစ်ခုနှင့်တစ်ခုကို ဆေးဝါး၊ စက်သုံးဆီ၊ လျှပ်စစ်ပစ္စည်း၊ ဓာတ်မြေဩဇာများ သယ်ယူခွင့် ကန့်သတ်ခဲ့သေး ကြောင်း၊ လက်ရှိတွင် လူသုံးကုန်နှင့် စားသောက်ကုန် အားလုံးနီးပါးကို ထပ်မံ ကန့်သတ်ခြင်း ဖြစ်သည်။
တချို့သော ကုန်စည်များကို ပခုက္ကူမြို့တွင်းသို့ ဝင်ရောက် ရောင်းချခွင့်ပြုသော်လည်း ပခုက္ကူမြို့နယ်မှတဆင့် မည်သည့် ကုန်စည်ကိုမျှ တခြားဒေသသို့ သယ်ဆောင်ခွင့် မပြုထားကြောင်း သိရသည်။
လက်ရှိမှာ တော်လှန်ရေးအင်အားစုနှင့် မြန်မာ့တပ်မတော်တို့ မကွေးတိုင်းအနောက်ခြမ်း ဆောမြို့နယ် အပါအဝင် မကွေးမြို့နှင့် ထိစပ်နေသည့် ချင်းပြည်တောင်ပိုင်းဒေသတွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။
- By CNI
- Category: စီးပွားရေး
- Hits: 299
CNI News
၂၀၂၆ ခုနှစ်၊ မေလ ၂၅
မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် အညစ်အကြေးများကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရေး နှင့် လျှပ်စစ်ဓာတ်အားခ သက်သာစေရေးအတွက် အညစ်အကြေးအား ပြန်လည်သိုလှောင်၍ ဇီဝဓာတ်ငွေ့ဖြင့် လျှပ်စစ်မီး ထုတ်လုပ်သုံးစွဲမှုစနစ်ကိုလည်း ဆောင်ရွက်၍ရနိုင်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၆ ခုနှစ်၊ မေလ ၂၅ ရက်က နေပြည်တော်အတွင်း မွေးမြူရေးလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်နေမှု များအား ကြည့်ရှုစစ်ဆေးစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

သမ္မတ ဦးမင်းအောင်လှိုင်က “ နို့စားနွား မွေးမြူခြင်းပုံစံနှင့် ပတ်သက်၍ ပြည်ပနိုင်ငံများမှ မွေးမြူခြင်းပုံစံများကို လည်း လေ့လာသွားကြရန်လိုပြီး အစာကျွေးမွေးမှုစနစ်၊ အညစ်အကြေး သိမ်းဆည်းမှု စနစ်များကိုလည်း လေ့လာ ဆောင်ရွက်သွားရန်လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် အညစ်အကြေးများကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးနှင့် လျှပ်စစ်ဓာတ်အားခ သက်သာစေရေးအတွက် အညစ်အကြေးအား ပြန်လည် သိုလှောင်၍ ဇီဝဓာတ်ငွေ့ဖြင့် လျှပ်စစ်မီးထုတ်လုပ်သုံးစွဲမှုစနစ်ကိုလည်း ဆောင်ရွက်၍ရနိုင်ကြောင်း၊ အစာထုတ် လုပ်မှုနှင့် ပတ်သက်၍လည်း နေဗီယာမြက်များ၊ ဒေသတွင်းမှ ထွက်ရှိသည့် ပြောင်းများကို ရောစပ်အစာပြုလုပ် ခြင်း၊ ချဉ်ဖက်လုပ်၍ ကျွေးမွေးခြင်းတို့ကို ဆောင်ရွက်နိုင်တယ်”ဟု ပြောသည်။
ထို့နောက် ကြက်မွေးမြူရေးခြံ၊ နို့စားနွား မွေးမြူရေးခြံ၊ ဆိတ်မွေးမြူရေးခြံ၊ ဝက်မွေးမြူရေးခြံများသို့ သွားရောက် ကြည့်ရှုခဲ့သလို ရိက္ခာစို၊ အသားခြောက်၊ အသင့်စား ဝက်သားဟင်းထုပ် ဖြန့်ဖြူးရေးလုပ်ငန်းများကိုလည်း ကြည့်ရှု စစ်ဆေးခဲ့သည်။
- By CNI
- Category: စီးပွားရေး
- Hits: 304
CNI News
၂၀၂၆ ခုနှစ်၊ မေလ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်ရှိ ဒေသခံပြည်သူများ ကြုံတွေ့နေရသည့် အခက်အခဲ၊ အကျပ်အတည်းများကို ပြေလည်နိုင်ရေး လွှတ်တော်သို့ တင်ပြသွားရန်ရှိသည်ဟု ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP)မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းလင်းက CNI သတင်းဌာနသို့ ပြောသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်ရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေး လုပ်ငန်းများကို အဓိကထား လုပ်ကိုင်လျက်ရှိပြီး မိုးနဲမြို့နယ်အတွင်း လယ်ဧကပေါင်း ၁၀,၀၀၀ ကျော်၊ ယာဧကပေါင်း ၁၀,၀၀၀ ကျော်ရှိကြောင်း၊ ရှမ်းပြည်နယ်အတွင်း လယ်ဧကအများဆုံး မြို့နယ်တစ်ခု ဖြစ်ကြောင်း သိရသည်။
တောင်သူလယ်သမားအရေးကို လွှတ်တော်တွင် ဦးစားပေး တင်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ တောင်သူ လယ်သမားများ၏ စားဝတ်နေရေးသည် အင်မတန် စိုးရိမ်စရာ အခြေအနေရှိကြောင်း ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းလင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော့်အမြင်ကတော့ အခုချိန်မှာ နယ်မြေက မအေးချမ်းဘူး။ မအေးချမ်းတဲ့ အချိန်ကျတော့ တရား ဥပဒေစိုးမိုးမှုကလည်း မရှိတော့ဘူး။ လုပ်ရကိုင်ရ စားသောက်ရတာ ခက်တယ်။ ဥပမာ တောင်သူ လယ်သမား တွေဆို စိုက်ဖို့စရိတ် ချေးငွေကလည်း သူတို့မရကြဘူး။ အခုကတော့ ပေးမယ်လို့တော့ ပြောတယ်။ အဲဒီထဲမှာ ကျနော် ကိုယ်စားပြုတဲ့ မိုးနဲမှာဆိုရင်တော့ ရက် ၁၀၀ စီမံကိန်းမှာဆို မပါဘူးဗျ။ တကယ်တမ်းပြောရင် နိုင်ငံမှာ လိုအပ်တာ တော့ အများကြီးရှိတယ်။ ဒါပေမယ့် လက်ရှိအောက်ခြေမှာ တကယ်တမ်း ဒုက္ခရောက်နေတဲ့ တောင်သူလယ်သမား အရေးကိုတော့ ကျနော် ဦးစားပေး ဆောင်ရွက်သွားဖို့အတွက် ထင်မြင်ထားတယ်။ လောလောဆယ်က သူတို့ လွန်ခဲ့တဲ့ နှစ်တွေတုန်းက ရေလျှံတယ်၊ စပါးတွေ ဘာတွေ မစိုက်နိုင်ဘူး။ အဲဒီ စိုက်ထားတဲ့ စပါးတွေကလည်း ရေလျှံပြီးမှ ဆုံးရှုံးနေတာ။ အခုက ပြန်စိုက်ဖို့အတွက် အရင်းအနှီးလည်း မရှိတော့ဘူး။ အဲ့တော့ သူတို့အရင်းအနှီး ရဖို့အတွက် ချေးငွေရဖို့အတွက် အဲဒီအတွက်ကို စီစဉ်ထားတာ ရှိပါတယ်။ အဲဒီကနေမှတဆင့် ကျေးလက် ကုန်ထုတ်လမ်းတွေလည်း ပျက်စီးနေတယ်။ နောက်ပြီးမှ သူတို့ထွက်ရှိလာတဲ့ ဒေသထွက်တဲ့ သီးနှံတွေဆိုရင် လည်း တစ်နေရာနဲ့တစ်နေရာ သယ်ဆောင်ခွင့် မရှိဘူးဆိုတဲ့ဟာကြီးက ကန့်သတ်ထားတာတွေလည်းရှိတယ်”ဟု ပြောသည်။

မိုးနဲမြို့နယ် လယ်ယာများကို တွေ့ရစဉ်
ထို့နောက် မိုးနဲမြို့နယ်ရှိ တောင်သူလယ်သမားများ လယ်ယာထွက်ကုန်များ ဈေးကောင်းရရှိဖို့အတွက်လည်း ကြိုးပမ်းသွားမည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းလင်းက CNI သတင်းဌာနသို့ ဆက်ပြောသည်။
၎င်းက “အဲဒီတော့ ထွက်လာတဲ့ ကြက်သွန်ဖြူတို့ ဘာတို့ဆို တစ်ပိဿာမှ နှစ်ထောင် သုံးထောင်ပဲရတယ်။ အဲဒီ အခြေအနေလိုမျိုး ဒီတောင်သူလယ်သမားတွေရဲ့ စားဝတ်နေရေးက အင်မတန်ကို စိုးရိမ်စရာ အခြေအနေရှိတယ်။ အဲ့ဒါကြောင့်မို့လို့ သူတို့ ကောင်းကောင်းမွန်မွန် ပြန်ထွက်နိုင်အောင် အရင်းအနှီး ပြန်ရှိအောင် ထွက်ရှိလာတဲ့ဟာ တွေအတွက် ပိုပြီးတော့ အထွက်တိုးဖို့အတွက် ပိုးသတ်ဆေးတို့ နောက်ပြီးမှ မြေဩဇာတို့ နောက်ပြီးတော့ အခုဟာ က ကျွဲနွားတွေနဲ့ မလုပ်တော့ စက်ပစ္စည်းတွေပေါ့လေ၊ အဲဒါတွေကိုလည်း ပံ့ပိုးပေးနိုင်ဖို့အတွက်ရယ်၊ နောက် ထွက် ရှိလာတဲ့ သူတို့ရဲ့ သီးနှံတွေကိုလည်း ဈေးကွက်မှာ ဈေးကောင်းရဖို့အတွက် အဲဒီအတွက်ကို ဦးစားပေး ဆောင်ရွက် ဖို့အတွက် ကျနော် ကြိုးစားနေတယ်” ဟု ပြောသည်။
လက်ရှိအချိန်တွင် မိုးနဲမြို့နယ်အတွင်းရှိ တောင်သူလယ်သမားများကို စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ပေးခြင်း မရှိသေးသည့်အတွက် တောင်သူများသည် အခက်အခဲများဖြစ်နေကြောင်း၊ လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ရက် ၁၀၀ စီမံချက်တွင် မပါဝင်သည့်အတွက် တောင်သူများသည် စိုက်ပျိုးချိန် အမီမရရှိနိုင်ဘဲ များစွာနောက်ကျမည် ဖြစ်ကြောင်း သိရသည်။
ထို့အပြင် မိုးနဲမြို့အတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ရေလွှမ်းမိုးမှု ခံခဲ့ရသဖြင့် လယ်ဧက ၇၀၀၀ ကျော် ပျက်စီး ဆုံးရှုံးခဲ့ သလို ၂၀၂၅- ၂၀၂၆ ခုနှစ်တွင်လည်း ဒေသထွက်ကုန်များ ကျဆင်းသည့်အပြင် လုပ်အားခနှင့် စိုက်ပျိုး ကုန်ကျ စရိတ် မြင့်တက်လာခြင်းကြောင့် အရှုံးပေါ်ခဲ့ရကြောင်း၊ ထို့ကြောင့် တောင်သူများအနေဖြင့် စိန်ခေါ်မှု များစွာဖြင့် ရင်ဆိုင်နေရသည်။

မိုးနဲမြို့နယ် လယ်ယာများကို တွေ့ရစဉ်
လက်ရှိ မြေပြင်တွင် ကုန်စျေးနှုန်းသည် တစ်စတစ်စ ပို၍ မြင့်တက်လာပြီး တောင်သူလယ်သမားများ၏ ထွက်ကုန် များကတော့ ထိုက်သင့်သည့် တန်ဖိုးမရရှိကြောင်း၊ ထိုကွာဟချက်များအား လွှတ်တော်ထဲတွင် မေးမြန်း တင်ပြ သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းလင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဓိက,ကတော့ဗျာ ကျနော်တို့က ကျနော့်နိုင်ငံမှာ လုပ်စရာတွေက အများကြီးရှိတယ်။ အဓိက,ကတော့ ကိုယ်စားပြုတဲ့ ဒေသက ပြည်သူတွေရဲ့ လိုလားချက်ကို အဓိက,ကတော့ လမ်းတို့၊ တံတားတို့၊ မီးတို့ အခု လောလောဆယ် သူတို့ အခုချိန်ဆိုရင် မိုးရာသီက ရောက်တော့မယ်ဗျာ။ ဥပမာ ကျနော့်ရဲ့ ဒေသမှာဆိုရင် နှစ်တိုင်း ရေလျှံနေတာ။ အဲဒီ နုန်းမြေတွေက အဲဒီမြစ်တွေ၊ ချောင်းတွေ၊ ဆည်တွေထဲကို ဝင်ပြီးမှ အဲဒီ နုန်းတွေအပေါ်မှာ သစ်ပင်တွေ ဘာတွေပြန်ပေါက်ပေါ့ဗျာ။ အဲဒီလိုနဲ့ အဲဒီဒေသမှာ မနှစ်တုန်းကဆိုရင် ဧက ၇၀၀၀ လောက် ရေလွှမ်း သွားတယ်ဗျ။ ဧက ၇၀၀၀ လောက်က ပျက်စီးသွားတယ်။ အဲဒါကြောင့်မို့လို့ အဲဒါကို ဦးစားပေးဖို့ အခုသူတို့က လည်း သက်ဆိုင်ရာဌာနကနေ ကွင်းဆင်းပြီးမှ ဒီကိစ္စကို တော်တော်မြန်မြန် ဆောင်ရွက်ပေးမယ်လို့ ကျနော့်ကို သူတို့က အကြောင်းကြားလာတာရှိပါတယ်။ ကုန်ဈေးနှုန်းက ဈေးက အဆမတန် မြင့်လာတယ်။ နောက်ပြီးမှ တကယ့် အောက်ခြေ လူတန်းစားပေါ့နော် တောင်သူလယ်သမားတွေရဲ့ ထွက်ရှိတဲ့ သူတို့ရဲ့ ထွက်ကုန်ကို ကျတော့ ဈေးကမရဘူး။ အဲဒီဟာနဲ့ ကွာဟချက်ကို နည်းတစ်မျိုးမျိုးနဲ့ နိုင်ငံတော်အနေနဲ့ သူတို့မဆုံးရှုံးအောင် တော့ သတ်မှတ်ပြီး တစ်ခုခုနဲ့ လုပ်ပေးဖို့ အစီအစဉ် ရှိ/မရှိ အဲ့လိုမျိုးမေးဖို့ ကျနော် စဉ်းစားထားတယ်” ဟု ပြော သည်။
လက်ရှိ အစိုးရသစ်သည် ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၀ ရက်မှ ဇူလိုင် ၃၀ ရက်အထိ ရက် ၁၀၀ စီမံကိန်းကို အကောင် အထည်ဖော် ဆောင်ရွက်နေပြီး အဆိုပါ ရက် ၁၀၀ စီမံကိန်းတွင် တောင်သူလယ်သမားများ ချေးငွေ တိုးမြှင့် ချေးနိုင်ရေး၊ ကုန်သွယ်ရေး၊ ငြိမ်းချမ်းရေး၊ စွမ်းအင်စသည့် ကိစ္စရပ်များ ပါဝင်သည်။
- By CNI
- Category: စီးပွားရေး
- Hits: 400
CNI News
၂၀၂၆ ခုနှစ်၊ မေလ ၂၂
မြန်မာနိုင်ငံ၏ စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အိန္ဒိယနှင့် ချိတ်ဆက်ထားသည့် ပန် ဆောင်နယ်စပ်ဂိတ်သည် မိမိတို့ ဒေသခံတိုင်းရင်းသားများအတွက် အရေးကြီးကြောင်း၊ လူမျိုးရေး၊ ကျန်းမာရေး၊ ပညာရေး၊ ကုန်စည်စီးဆင်းမှုနှင့်ပတ်သက်ပြီး ကုန်ကျစရိတ်အားဖြင့်လည်း သက်သာကြောင်း ညီညွတ်သော တန်ရှန်းနာဂကောင်စီဥက္ကဋ္ဌ ဦးချစ်ယောင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဂိတ်ပိတ်တာနဲ့ ဆက်စပ်ပြီးတော့ အဓိက,ကတော့ သူတို့အခြေခံထားတဲ့ ဟိုတလောက အဲဒီနယ်စပ် ခြံ စည်းရိုးကာတဲ့ လုပ်ငန်းကို ဒီဘက်က အဖွဲ့အစည်းတစ်ခုက သွားပြီးတော့ လက်နက်နဲ့ပစ်ခတ်တယ်ပေါ့၊ အဲဒီဟာ ကို အကြောင်းပြုပြီးတော့ လုံခြုံရေးအရဆိုပြီးတော့ ပိတ်လိုက်တဲ့ သဘောမျိုးကို တွေ့ရတယ်။ အခုလက်ရှိ နယ်စပ် သူတို့ အဲဒီလို ပိတ်လိုက်တော့လည်း ဒီဘက်က ပြည်သူလူထုအတွက် ခါတိုင်းသွားလာနေကြ ရောင်းဝယ် နေကြ ဒီကုန်ပစ္စည်းတွေ၊ ပြီးတော့ ဆွေမျိုးသားချင်းအလိုက် သွားကြလာကြရတဲ့ လုပ်ငန်းစဥ် အတွက်တော့ နည်း နည်းလေးတော့ ပြည်သူလူထုတွေ အခက်တွေ့တာပေါ့။ သို့သော် ကြားရသလောက်က စပြီးတော့ဖွင့်ဖို့တော့ လုပ် နေကြတယ်ပေါ့။ အဓိက အရေးကြီးတဲ့ အပိုင်းတွေဖြစ်တဲ့ ဒီ တည်ဆောက်ရေး လုပ်ငန်းနဲ့ စက်သုံးဆီ ကိစ္စလေး တွေကို သွားလာဝယ်ယူခွင့်ရှိတာပေါ့။ ဟိုအရင်ကလို လွတ်လွတ်လပ်လပ် ဒီဘက်က ပြည်သူလူထုတွေ သွားလာ တဲ့ အဆင့်ထိတော့ မရောက်သေးဘူးပေါ့။ ထောက်ခံချက်နဲ့ ဒီဘက်အစိုးရရဲ့ ထောက်ခံချက်နဲ့ ဒီဆီတွေ ပစ္စည်း တွေ လိုအပ်တဲ့ဟာ မှာယူမယ်ဆိုရင်တော့ အဲဒီလိုတော့စပြီး ပေးနေပြီလို့တော့ အကြမ်းဖျင်း သိရတယ်။ ကျနော် တို့ ဒီနယ်စပ် ဒီပန်ဆောင်ဂိတ်ကတော့ ကျနော်တို့ ဒီမြန်မာပြည်မှာရှိနေတဲ့ ဒေသခံ တိုင်းရင်းသားတွေ အတွက်က အရေးကြီးတာပေါ့။ အရေးကြီးတယ်ဆိုတာ ဘာကြောင့်လဲဆိုရင် နီးလည်းနီးစပ်တယ်၊ လမ်းကြောင်းလည်း သင့် တယ်၊ တောက်လျှောက် လူမျိုးရေးကိစ္စပဲဖြစ်ဖြစ်၊ ကျန်းမာရေး၊ ပညာရေးကိစ္စ အဆုံးပေါ့ အားလုံးကလည်း သူတို့ ဆီကရတာ နီးလည်းနီးနေသလို ကုန်ကျစရိတ်အားဖြင့်လည်း သက်သာတယ်”ဟု ပြောသည်။

ညီညွတ်သော တန်ရှန်းနာဂကောင်စီဥက္ကဋ္ဌ ဦးချစ်ယောင်းကို တွေ့ရစဉ်
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် အိန္ဒိယနိုင်ငံ နယ်စပ်တွင် အစိုးရနှစ်ရပ် အသိအမှတ်ပြုထားသည့် တရားဝင် နယ်စပ်ဂိတ် ၁ ခုသာရှိပြီး၊ အဆိုပါ ဂိတ်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂဒေသ၊ နန်းယွန်းမြို့နယ်၊ ပန်ဆောင်မြို့ တွင် တည်ရှိပြီး အိန္ဒိယနိုင်ငံ၊ အရူနာချာပရာဒေ့ရှ်ပြည်နယ်၊ နန်ပေါင်ဒေသသို့ ချိတ်ဆက်ထားသည်။
နာဂဒေသသည် မြန်မာပြည်မကြီးဘက်၌ ကုန်စည်ပို့ဆောင်ရေး လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲသော ကြောင့် ဆေးဝါးနှင့် အခြေခံ စားသောက်ကုန်များကို အိန္ဒိယနိုင်ငံဘက်မှ အဓိက တင်သွင်းရသည်။
ပန်ဆောင်ဂိတ် ဖွင့်ခြင်းအားဖြင့် မြို့နယ် ၄ မြို့နယ်လောက်ထိ မှီခို၍ရပြီး ထိုလမ်းကြောင်းကို အစဥ်အမြဲဖွင့် စေချင်ကြောင်း နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင်(NSCN-K/AM)အဖွဲ့မှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီဥက္ကဋ္ဌ ဦးချင်းမောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နဂိုအတိုင်းပဲ ပြန်ဖွင့်လိုက်ပြီ။ သူက အဓိကတော့ စားဝတ်နေရေး၊ ကျန်းမာရေးတော့ အဓိက ဦးစားပေး တာပေါ့။ ပန်ဆောင်ဂိတ်ကတော့ တကယ် အရေးလည်းကြီးတာပေါ့။ ပန်ဆောင်ဂိတ် ဖွင့်ခြင်းအားဖြင့် ဘာဖြစ် သလဲဆို ကျနော်တို့ ဟိုဟာထိ မှီခိုလို့ရတယ်။ ကျနော်တို့ ဒုံဟီး (သို့) တုံဟီးမြို့နယ်၊ နန်းယွန်း၊ ဒုံဟီး၊ နောက်ဆုံး ရှင်ဗွေယန်၊ တနိုင်းပေါ့ဗျာ။ အဲဒီအိန္ဒိယရဲ့ ကုန်သွယ်စည်းဆင်းမှု အားလုံးက အဲဒီကနေ အဓိက အရေးကြီးတဲ့ ကိစ္စဖြစ်လို့ အဓိကတော့ နာဂဒေသအတွက်တော့ လွှမ်းခြုံတာပေါ့။ အဲဒါလေးကိုတော့ ကျနော်တို့ကတော့ အစဥ် အမြဲ ဒီလမ်းကြောင်းလေးကိုတော့ ဖွင့်စေချင်တယ်။ သူတို့ကတော့ ဒီတိုင်း သတ်မှတ်ထားတာရှိတယ်။ ဆီတို့၊ ဘာတို့ အကန့်အသတ်နဲ့ သူတို့အဲဒီလိုပဲ သယ်ခိုင်းတာရှိတယ်ဗျ။ ဆီတို့ ဘာတို့ကျတော့ သူတို့က အများကြီးတော့ မတင်ခိုင်းဘူး။ တစ်ရက်ကို ဟိုဘယ်နှစ်လီတာဆိုတဲ့ အကန့်အသတ်လေးတော့ ရှိတယ်ဗျ”ဟု ပြောသည်။

နာဂဒေသကို တွေ့ရစဉ်
မြန်မာပြည်မကနေ နာဂဒေသသို့ ကုန်စည်ပို့ဆောင်ရာတွင် လမ်းကြောင်း နှစ်ကြောင်းရှိကြောင်း၊ ထိုလမ်း ကြောင်းများကတော့ မုံရွာ-ဟုမ္မလင်း-ခန္တီးမှ နာဂဒေသသို့ ချင်းတွင်းမြစ်ကို အသုံးပြု၍ ရေလမ်းကြောင်းနှင့် မုံရွာ- ဟုမ္မလင်း-ခန္တီးမှ နာဂဒေသသို့ မဟာမြိုင်လမ်း သို့မဟုတ် ယာကြီးလမ်းကို အသုံးပြု၍ ကုန်းလမ်းကြောင်းတို့ ဖြစ်သည်။
သို့သော် အဆိုပါ လမ်းကြောင်း နှစ်ခုအနက် ရေလမ်းကြောင်းတွင် ရွှေပြည်အေးမြို့မှာ KIA-PDF ပူးပေါင်း၍ ဂိတ် ဖွင့်ကာ ပိုက်ဆံတောင်းခြင်းနှင့် ကုန်စည်များ သယ်ယူခွင့် မပြုဘဲ ဖြတ်တောက်ထားသလို မုံရွာ- ဟုမ္မလင်း ယာကြီးလမ်း သို့မဟုတ် မဟာမြိုင်လမ်း ကုန်းလမ်းတစ်လျှောက်မှာလည်း KIA-PDF ပူးပေါင်း၍ ဂိတ်ပေါင်း ၃၀ လောက်ဖွင့်ကာ ပိုက်ဆံကောက်ခံလျက်ရှိသည်။
လက်နက်ကိုင်အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် ဂိတ်စခန်းများ များပြားနေခြင်းနှင့် အဆင့်ဆင့် ငွေကြေး ကောက်ခံမှုများ မြင့်တက်နေခြင်းကြောင့် နာဂဒေသသို့ ကုန်စည်စီးဆင်းမှုများ ပိုမို ခက်ခဲနေခြင်းဖြစ်သည်။
