- By CNI
- Category: စီးပွားရေး
- Hits: 189
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉
တရုတ်နိုင်ငံ၊ ကျဲ့ကျန်းပြည်နယ်၊ ဟန်ကျိုးမြို့ရှိ လျှပ်စစ်မော်တော်ယာဉ်(EC) ထုတ်လုပ်ရေးကုမ္ပဏီ Leapmotor မော်တော်ကားစက်ရုံသို့ မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်သည် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်က သွားရောက် လေ့လာခဲ့သည်။
သမ္မတ ဦးမင်းအောင်လှိုင်သည် မြန်မာနိုင်ငံတွင် စက်သုံးဆီ ချွေးတာရေးအတွက် လျှပ်စစ်ကားများ ပိုမို သုံးစွဲရန် ဆန္ဒရှိနေသလို လျှပ်စစ်ကား တင်သွင်းခွင့်ကိုလည်း ခွင့်ပြုလျက်ရှိသည်။
ထို့နောက် ကားအရောင်းစင်တာများသည် မြန်မာနိုင်ငံတွင် လျှပ်စစ်ကား မော်ဒယ်မျိုးစုံ တင်သွင်း ရောင်းချလျက် ရှိသည်။

သမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်မှ ဇွန်လ ၁၉ ရက်ထိ သွားရောက်ခဲ့သည်။
ထို့နောက် တရုတ်သမ္မတ ရှီကျင့်ဖျင်၊ တရုတ်ဝန်ကြီးချုပ် လီချန်တို့အား သီးသန့်စီ တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ ၁၈ ခုကို လက်မှတ်ရေးထိုးခဲ့သည်။
- By CNI
- Category: စီးပွားရေး
- Hits: 176
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့သို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်သည် ရှန်ဟိုင်းမြို့ရှိ လင်းကန်အထူးဒေသ(Shanghai Lingang Special Area)သို့ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်က သွားရောက် လေ့လာခဲ့ကြောင်း သိရသည်။

လင်းကန်အထူးဒေသသည် တရုတ်က ကမ္ဘာနှင့် ပိုမိုချိတ်ဆက်နိုင်ရန် ရည်ရွယ် ဖော်ဆောင်နေသည့် စီးပွားရေးနှင့် စက်မှုဖွံဖြိုးရေးဇုန် တစ်ခုဖြစ်ပြီး ပိုမိုမြင့်မားသော တံခါးဖွင့် စီးပွားရေးစနစ်နှင့် နိုင်ငံတကာအဆင့်မီ စီးပွားရေး ပတ်ဝန်းကျင်တစ်ရပ် ဖော်ဆောင်ရန် ရည်မှန်းထားကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 239
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈
မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် ကုန်သွယ်ရေးနှင့် ပတ်သက်သည့် စီမံကိန်း၊ သတ္တုတူးဖော် ရေးနှင့်စွမ်းအင်ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှု ရှိသော်လည်း တရုတ်နိုင်ငံသည် မြန်မာ့စီးပွားရေးအတွက် မရှိမဖြစ် ဖြစ်သည်ဟု နိုင်ငံရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၌ အများဆုံး ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံဖြစ်ပြီး ကုန်သွယ်ရေး၊ စက်မှုလုပ်ငန်း၊ လျှပ်စစ်ဓာတ်အား၊ သတ္တုတူးဖော်ရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ စိုက်ပျိုးမွေးမြူရေးနှင့် ခရီးသွားလုပ်ငန်းများ ပါဝင်သည်။
လက်ရှိ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း စီးပွားရေး အပါအဝင် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်ပြီး နားလည်မှုစာချွန်လွှာ ၁၈ ခုကို လက်မှတ်ထိုးခဲ့ကြောင်း သိရသည်။
ထို့အပြင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ စီးပွားရေးသာမက ငြိမ်းချမ်းရေးကဏ္ဍတွင်လည်း ပါဝင်နေပြီး အဓိက ကျသည့် နိုင်ငံဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဓိက နံပါတ်တစ်ကတော့ တရုတ်ပေါ့။ တရုတ်သည် မြန်မာနိုင်ငံနဲ့က အရေးကြီးဆုံး စီးပွားဖက်လည်း ဖြစ်နေတဲ့ အပြင်မှာမှ ကျနော်တို့ မြန်မာ့ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့မှလည်း အများစုက သူ့ရဲ့ ပါဝင်ဆောင် ရွက်ပေးမှုပေါ့၊ ကူညီဆောင်ရွက်ပေးမှုပေါ့။ ဒါတွေက သူက အဓိကကျသလို ဖြစ်နေတယ်။ ဒါ့ကြောင့်မို့လို့ မြန်မာ နိုင်ငံရဲ့ အဓိက သက်ဆိုင်နေတာ တရုတ်ကတော့ မရှိမဖြစ်ပေါ့နော်။ တကယ်ကို အရေးပါအတဲ့ နိုင်ငံပေါ့နော်၊ နံပါတ်တစ် အရေးပါဆုံးလို့တောင် ပြောလို့ရပါတယ်” ဟု ပြောသည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ မြန်မာသမ္မတ ဦးမင်းအောင်လှိုင်ကို တွေ့ရစဉ်
ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် တရုတ်နိုင်ငံသည် အများဆုံး ဖြစ်သော်လည်း ၂၀၂၁ နိုင်ငံရေး အပြောင်းအလဲကြောင့် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားလာပြီး တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်ရေး ကျဆင်းခဲ့ရာ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည်လည်း ထက်ဝက်ကျော် ကျဆင်းခဲ့သည်ကို တွေ့ရှိရသည်။
၂၀၂၀ ဘဏ္ဍာနှစ်တွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၄၄၃ သန်းကျော် ရှိခဲ့ပြီး ၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲကြောင့် အမေရိကန်ဒေါ်လာ ၁၄၆ သန်းကျော်သာ ဝင်ရောက်ခဲ့ပြီး ဒေါ်လာ ၂၉၇ သန်း ကျော် လျော့ကျခဲ့သည်။
ထို့နောက် လက်ရှိတွင် တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်ရေးသည် ရပ်နားထားရပြီး ပင်လယ်ရေကြောင်း ကုန်သွယ်ရေး တစ်ခုသာရှိပြီး အိန္ဒိယနိုင်ငံနှင့်လည်း အလားတူပင် ဖြစ်သည်။
သို့သော် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တရုတ်နိုင်ငံနှင့် နယ်နိမိတ် ထိစပ်မှု အများဆုံးဖြစ်ပြီး နယ်စပ်ကုန်သွယ် ရေးဂိတ် အများဆုံး ရှိခြင်းကြောင့် ကုန်စည်စီးဆင်းမှု၌ တရုတ်နိုင်ငံသည် အဓိကကျသည်ဟု ရှမ်းမြောက် လုပ်ငန်းရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့ ရှမ်းမြောက်ကတော့ တရုတ်ရဲ့ နယ်စပ်ဒေသ ဖြစ်တယ်ပေါ့လေ။ ကျနော်တို့ကတော့ တရုတ် နိုင်ငံကတော့ အဓိက ကျတာပေါ့လေ။ အဓိက,ကတော့ ကျနော်တို့ ဘက်ကတော့ တရုတ်ကုန်စည် စီးဆင်းမှု ကတော့ ပိုပြီး အသက်ဝင်တာပေါ့နော်။ အဓိကတော့ ပြည်ထောင်စုလမ်းမကြီး ကနေတဆင့် ကုန်စည်စီးဆင်း မှုကတော့ တရုတ်နဲ့ ကျနော်တို့ အဓိကကျတဲ့ နိုင်ငံလည်းဖြစ်တဲ့အတွက် ကျနော်တို့ ရှမ်းမြောက်ကတော့ တရုတ်က ပိုပြီးအဓိကကျပါတယ်” ဟု ပြောသည်။

MCITP မှ သမ္မတ ဦးမင်းအောင်လှိုင်ကို ကြိုဆိုနေစဉ်
ထို့နောက် ပြီးခဲ့သည့်လတွင် သွားရောက်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်း နှစ်နိုင်ငံကုန်သွယ်မှု မြှင့်တင်ရေး အပါအဝင် မြန်မာနိုင်ငံတွင် ဆေးဝါးနှင့် စိုက်ပျိုးရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန်အတွက် အိန္ဒိယလုပ်ငန်းရှင်များကို ဖိတ်ခေါ်ခဲ့သည်ကို တွေ့ရှိရသည်။
အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံတွင် စက်မှုကဏ္ဍ အပြင် ရေနံ၊ သဘာဝဓာတ်ငွေ့၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ကဏ္ဍ (ကုလားတန်မြစ်ဝှမ်း စီမံကိန်းကဲ့သို့) ဝန်ဆောင်မှု လုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ အပါအဝင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၃၉ ခုဖြင့် အမေရိကန်ဒေါ်လာ ၇၈၂ ဒသမ ၃၈၅ သန်း ရင်းနှီးမြှုပ်နှံထား ပြီး၊ မြန်မာနိုင်ငံ၏ (၁၁) နိုင်ငံမြောက် ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံ ဖြစ်သည်။
မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ ဝင်ရောက်ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂၁ ဘီလျံကျော် ရှိပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးနှင့် ထိပ်ဆုံးတွင် ရပ်တည်နေပါသည်။
လက်ရှိ ငါးနှစ်တာ ကာလအတွင်း တရုတ်မှ မြန်မာသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၅၀၀ ဘီလျံ ဝင်ရောက်စေရန် မြန်မာ-တရုတ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအသင်း (MCITP)က ရည်မှန်း ထားကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 158
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့တွင် ကျင်းပသည့် မြန်မာ-တရုတ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုကွန်ရက် ထိပ်သီး အစည်းအဝေး-၂၀၂၆ (Myanmar-China Investment and Trade Networking Summit 2026-MCITP/ Shanghai)အား မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ခဲ့သည်။
ထို့နောက် MCITP အစည်းအဝေး အခမ်းအနားကိုလည်း သမ္မတ ဦးမင်းအောင်လှိုင်က ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် တွင် တက်ရောက်ဖွင့်လှစ်ခဲ့သည်။

သမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်မှ ၁၉ ရက်ထိ တရုတ်ခရီးစဉ်ကို သွားရောက်ခြင်းဖြစ်သည်။
ထို့နောက် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့်လည်းကောင်း၊ တရုတ်ဝန်ကြီးချုပ် လီချန်နှင့်လည်းကောင်း သီးခြားစီ တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ ၁၈ ခု လက်မှတ်ရေးထိုးခဲ့သည်။
- By Nan Shwe Sin Htun
- Category: စီးပွားရေး
- Hits: 278
CNI News
၂၀၂၆ ခုနှစ်၊ ဇွန် ၁၇
မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်၏ တရုတ်နိုင်ငံ ခရီးစဉ်ကြောင့် မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေး ဂိတ်များ ပြန်လည်ဖွင့်လာနိုင်သည်ဟု စီးပွားရေးနှင့်နိုင်ငံရေး လေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
ယခု တရုတ်ခရီးစဉ်အတွင်း တရုတ် - မြန်မာ နယ်စပ်ဖြစ်သည့် ကချင်နှင့် ရှမ်းပြည်နယ်မှ ဝန်ကြီးချုပ်များ၊ စီးပွားရေးဝန်ကြီး၊ ဘဏ်လုပ်ငန်းရှင်များ၊ စီးပွားရေးအသင်းအဖွဲ့များ ပါဝင်သည်ကို တွေ့ရှိရသည်။
သမ္မတဦးမင်းအောင်လှိုင်သည် တရုတ်သမ္မတရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်မှ ၁၉ ရက်အထိ သွားရောက်လျက်ရှိသည်။
ကချင်နယ်စပ်ကုန်သွယ်ရေးထက် တရုတ်ဩဇာညောင်းသည့် ကိုးကန့်တပ်ဖွဲ့(MNDAA)နှင့် တအာင်းတပ်ဖွဲ့(TNLA) တို့ရှိသည့် ရှမ်းမြောက် နယ်စပ်ကုန်သွယ်ရေးသည် သမ္မတ ဦးမင်းအောင်လှိုင်၏ တရုတ်ခရီးစဉ်ကြောင့် ပြန်လည် ဖွင့်လာနိုင်သည်ဟု စီးပွားရေးနှင့်ဘဏ်ရေးရာကျွမ်းကျင်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြော သည်။
၎င်းက “border trade မှာ ရှမ်းမြောက်က အဓိကပဲလေ၊ ကချင်က အဓိကပဲလေ။ ဒါကြောင့်မို့လို့ ကချင်နဲ့ ရှမ်းက ပါသွားရတာပေါ့။ ကချင်နဲ့ ရှမ်းက နယ်စပ်က ထိစပ်နေတာကိုး။ အဲဒီတော့ trading လုပ်မယ်ဆိုလို့ရှိရင် အဓိက တော့ ကချင်ထက်စာလို့ရှိရင် ကချင်ကတော့ မြေရှားတို့ ဘာတို့ရှိတော့ မြေရှားကတော့ ထားလိုက်ပါတော့ ဒါတွေ က ပြောရတာ နည်းနည်းတော့ ကျယ်ဝန်းတယ် ပြောရတာ။ ဒီဘက်က ရိုးရိုး သာမန် trade ကတော့ ရှမ်းမြောက် က အရေးကြီးတာပေါ့။ ရှမ်းမြောက်က ရိုးရိုးသားသား တည့်တည့်ပြောမယ်ဆိုရင် တရုတ်ဩဇာညောင်းတဲ့ အဖွဲ့ အစည်းတွေ ရှိတဲ့အခါကျတော့ ဒီလမ်းကြောင်းက ပွင့်သွားမှာပေါ့” ဟု ပြောသည်။

တရုတ်-မြန်မာ နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ ၁၈ ခု လက်မှတ်ထိုးကြစဉ်
ထို့နောက် တရုတ်နိုင်ငံအတွင်း ကုန်ထုတ်လုပ်မှု လုပ်ငန်းများတွင် အခြေခံလုပ်ခလစာ မြင့်မားနေခြင်းကြောင့် တရုတ်နိုင်ငံသည် လုပ်ခလစာ နည်းပါးသည့် မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံနိုင်သည့် အခြေအနေလည်း တွေ့မြင်ရကြောင်း ထောက်ပြသည်။
အလားတူ စီးပွားရေးနှင့် သက်ဆိုင်သည့်သူများ ယခုခရီးစဉ်တွင် ပါဝင်သွားသည့်အတွက် နယ်စပ်ကုန်သွယ်ရေး သာမက ရင်းနှီးမြှုပ်နှံမှု၊ ပြီးခဲ့သည့် အစိုးရလက်ထက်၌ သဘောတူထားသော စီမံကိန်းကိစ္စရပ်များ၊ ရပ်ထားရသည့် စီမံကိန်း ကိစ္စများလည်း ပြန်လည်စတင်နိုင်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးနှင့် စီးပွားရေးပတ်ဝန်း ကျင် ကောင်းမွန်ရန် ဆောင်ရွက်ထားရန် လိုအပ်သည်။
သမ္မတဦးမင်းအောင်လှိုင်၏ တရုတ်ခရီးစဉ်နှင့် ပတ်သက်၍ ငြိမ်းချမ်းရေးကို အဓိကထား ဆောင်ရွက်နိုင်သော် လည်း စီးပွားရေးနှင့် ပတ်သက်သည့် သဘောတူညီချက် အများအပြား ရရှိလာနိုင်သည်ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ငြိမ်းချမ်းသွားမှပဲ ကျန်တဲ့ဟာတွေ ဆက်လုပ်လာနိုင်မှာဆိုတော့ ငြိမ်းချမ်းရေးကို အဓိကထား ဆွေးနွေး လာနိုင်မယ်လို့ မြင်မိပါတယ်။ ပြီးရင် ငြိမ်းချမ်းသွားပြီ တစ်ပြိုင်နက်က နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကြီး လည်း ပြန်ပွင့်မှာပေါ့နော်။ ပြီးရင်း အဲဒီမှာ တရုတ်စီမံကိန်းတွေဖြစ်တဲ့ BRI နဲ့ ဆက်စပ်တဲ့ စီမံကိန်းတွေပေါ့။ ဟိုး အရင် အစိုးရလက်ထက်က ထိုးထားခဲ့တဲ့ စီမံကိန်းတွေ ရှိတယ်။ နောက်ထပ် ဘာတွေ ထပ်ရှိဦးမလဲပေါ့ အဲဒီလို စီမံကိန်းတွေ ထပ်ပြီးတော့မှ ကျနော်တို့ အကောင်အထည်ဖော်ဖို့ပေါ့။ တရုတ်နဲ့က မြန်မာနိုင်ငံရဲ့ ကုန်သွယ်ဖက်က တရုတ်ဖြစ်တယ်။ border trade မှာရော အဓိက ကုန်သွယ်ဖက်ဖြစ်တယ်။ ပြီးတော့ မြန်မာနိုင်ငံရဲ့ အဓိက ရင်းနှီး မြှုပ်နှံသူကလည်း တရုတ်ဖြစ်တယ်ပေါ့။ အဲဒီအတွက်ကြောင့်မို့လို့က ဒီတစ်ခေါက်ခရီးစဉ်မှာက အရေးကြီးတဲ့ဟာ တွေ အကုန်လုံး ပါသွားတာပေါ့။ ဆိုတော့ ဒီတစ်ခေါက်ခရီးစဉ်ကတော့ မြင်ရတာ တော်တော်လေး စီးပွားရေးနဲ့ ပတ်သက်တဲ့ သဘောတူညီချက်တွေ အများအပြား သဘောတူ လက်မှတ် ထိုးလာနိုင်တယ်လို့ မျှော်မှန်းပါတယ်” ဟု ပြောသည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ မြန်မာသမ္မတ ဦးမင်းအောင်လှိုင်ကို တွေ့ရစဉ်
လက်ရှိတွင် တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်ရေးသည် လက်နက်ကိုင်ပဋိပက္ခကြောင့် ပိတ်ထားရပြီး တရားဝင် ကုန်သွယ်မှု မရှိသည့်အတွက် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဒေသခံများသည် ကုန်စည်ကူးသန်းမှု အခက်အခဲ ဖြစ်နေ ကြရသည်။
သမ္မတ ဦးမင်းအောင်လှိုင်၏ ယခု တရုတ်ခရီးစဉ်အတွင်း ရှမ်းမြောက်ရှိ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ဖွင့်လှစ်နိုင်ရန်၊ ပြည်ထောင်စုလမ်းမကြီးမှတဆင့် ကုန်စည်ကူးသန်းမှု ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့မည်ဆိုပါက နိုင်ငံအတွက် စီးပွားရေး အခွင့်အလမ်းနှင့် ဖွံ့ဖြိုးမှုများ ရှိလာမည်ဟု ရှမ်းမြောက်လုပ်ငန်းရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့ ရှမ်းမြောက် အနေနဲ့ကတော့ လောလောဆယ်တော့ အခု ကျနော်တို့ လမ်းတွေ သွားလာ ပိတ်နေတာလေးတွေ တရုတ်နဲ့ ဆွေးနွေးပြီး ပြည်ထောင်စုလမ်းမကြီး ကနေတဆင့် ကုန်တွေ ကူးသန်းမှုကိစ္စ လေးတွေ ထည့်ပြီး ဆွေးနွေးလာပြီးမှ အဲဒါလေး ကုန်စည်ကူးသန်းမှုကိစ္စတွေ အောင်မြင်ရင်တော့ ကျနော်တို့နိုင်ငံ အတွက် စီးပွားရေး အခွင့်အလမ်းတွေ၊ စီးပွားရေး ဖွံ့ဖြိုးလာမယ်လို့ ကျနော့် အနေနဲ့ သုံးသပ်မိပါတယ်။ အဲဒီအချက် သာ ထည့်ဆွေးနွေးခဲ့ရင်ပေါ့လေ”ဟု ပြောသည်။
သမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်ခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့်လည်းကောင်း၊ တရုတ်ဝန်ကြီး ချုပ် လီချန်နှင့်လည်းကောင်း တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ ၁၈ ခု လက်မှတ်ရေးထိုးခဲ့ သည်။
တခြား တစ်ဖက်မှာလည်း သမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်ထိ သွားရောက်ခဲ့ပြီး အိန္ဒိယဝန်ကြီးချုပ် မိုဒီ၊ အိန္ဒိယသမ္မတ၊ အိန္ဒိယအမျိုးသားလုံခြုံရေးအကြံပေး၊ အိန္ဒိယ ပြည်ပရေးရာဝန်ကြီးတို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သေးသည်။
- By Nan Shwe Sin Htun
- Category: စီးပွားရေး
- Hits: 126
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၇
မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ မီးရထားတည်ဆောက်ရေးလုပ်ငန်း(China Railway Construction Corporation Limited-CRCC)သို့ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၇ ရက်က သွားရောက်လေ့လာခဲ့ သည်။
အဆိုပါ CRCC သည် တရုတ်နိုင်ငံ၏ အကြီးဆုံး မီးရထားနှင့် အခြေခံ အဆောက်အအုံ တည်ဆောက်ရေးကုမ္ပဏီ များအနက် တစ်ခုဖြစ်သည်။

CRCC သည် ပြည်တွင်း/ပြည်ပ မီးရထားလမ်းများ၊ လမ်းမကြီးနှင့်တံတားများ၊ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 441
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၀
မွန်ပြည်နယ်တွင် မော်တော်ဆိုင်ကယ်များကို တရားဝင်လိုင်စင် ချထားပေးရေး မွန်ပြည်နယ် လွှတ်တော်သို့ တင်ပြ တောင်းဆိုသွားမည်ဟု မွန်ညီညွတ်ရေးပါတီ(MUP)မှ ပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်းလဝီက CNI သတင်းဌာနသို့ ပြောသည်။
မွန်ပြည်နယ်တွင် မော်တော်ဆိုင်ကယ် လိုင်စင်နှင့် ပတ်သက်ပြီး မော်တော်ဆိုင်ကယ် အရောင်းဆိုင် တချို့နှင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတို့ အချိတ်အဆက်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့နောက် အရောင်းဆိုင်တချို့မှ မော်တော်ဆိုင်ကယ်များအား ယာယီလိုင်စင်များသာ ရရှိနေကြောင်း သိရသည်။
လက်ရှိ မွန်ပြည်နယ်တွင် မော်တော်ဆိုင်ကယ်များကို မော်တော်ဆိုင်ကယ် အရောင်းဆိုင်တချို့မှ ထုတ်ပေးထား သည့် ယာယီလိုင်စင်များဖြင့်သာ မောင်းနှင်နေကြရပြီး ထိုယာယီလိုင်စင်သည်လည်း ဖမ်းဆီးခံနေရသည်ဟု ဒေသခံများက ပြောသည်။
ထို့ကြောင့် မွန်ပြည်နယ်ရှိ ဒေသခံများ သွားလာရေး အဆင်ပြေစေရန်အတွက် မော်တော်ဆိုင်ကယ်များကို နိုင်ငံတော်အစိုးရမှ တရားဝင်လိုင်စင် ချထားပေးရေးကို တင်ပြတောင်းဆိုရခြင်း ဖြစ်သည်ဟု မွန်ညီညွတ်ရေးပါတီ MUP မှ ပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်းလဝီက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ယာယီလိုင်စင် ဆိုင်ကနေ ဝယ်ထားတဲ့ဟာလည်း အဖမ်းခံရတယ်ဆိုတော့ ဒါကလည်း ကျနော်တို့ပါတီ အနေနဲ့ကတော့ ဖွံ့ဖြိုးမှုလုပ်ငန်းထဲမှာ ပါတယ်ထင်တာပဲ။ အဲဒါတွေကို တင်သွင်းဖို့ အစီအစဉ်ရှိတယ်။ ပြောရင် တော့ အဲဒါတွေကို လိုင်စင်ပေါ့ ပြည်နယ်လိုင်စင်ပေါ့။ အရင်တုန်းကဆို မွန်ဆိုရင်တော့ မွန်လိုင်စင်ပေါ့၊ အဲဒီလိုမျိုး လိုင်စင်ချပေးပေါ့။ ရောင်းတဲ့အဖွဲ့တွေကျတော့ သူတို့ကျတော့ ယာယီလိုင်စင်ပေါ့။ ယာယီလိုင်စင်ကျတော့ ရောင်း တဲ့ ကုမ္ပဏီကျတော့ သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရတွေက အဲဒီကုန်စည်အဖွဲ့တွေကို လိုင်စင်ချပေးဖို့ တောင်းဆိုရမှာပေါ့။ အခုကျတော့ ဆိုင်မှာ ဝယ်ထားတဲ့ ဆိုင်ကယ်ရှိတယ် ယာယီ။ အဲဒါတွေက ပြောရင်တော့ နံပါတ်ပြား မရှိဘူး၊ ယာယီ၊ အဲဒါတွေက သက်သေ အထောက်အထား မရှိတဲ့အခါကျတော့ ဖမ်းတယ်။ ကုမ္ပဏီနဲ့ ရောင်းတဲ့လူနဲ့ အစိုးရကတော့ ဘယ်လို အပေးအယူ လုပ်ထားလဲတော့ မပြောတတ်ဘူးလေ။ အဲဒါကျတော့ နောက်ဆုံးကျတော့ ဆိုင်ကယ်စီးတဲ့သူပဲ ဒုက္ခရောက်တာပေါ့” ဟု ပြောသည်။

ဆိုင်ကယ်မောင်းနေသူများကို တွေ့ရစဉ်
မွန်ပြည်နယ်အတွင်း မော်တော်ဆိုင်ကယ်များကို ဖမ်းဆီးရာတွင် လိုင်စင်မရှိပါက ဆိုင်ကယ်သိမ်းခြင်းနှင့် ဒဏ်ငွေ ပေးဆောင်ရခြင်းများရှိပြီး မော်တော်ဆိုင်ကယ် အမျိုးအစားအလိုက် ငွေကျပ် ၁ သိန်းမှ ၁၀ သိန်းအထိ ပေးဆောင် ရသည်ဟု ပေါင်မြို့နယ်ဒေသခံ ကိုလွင်အေးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဓိက,ကတော့ ဆိုင်ကယ်လိုင်စင် မရှိလို့ရှိရင် ပြဿနာတက်လို့ရှိရင် ဆိုင်ကယ် သိမ်းတာတို့ ရှိတာပေါ့။ နောက်ပြီးတော့ တစ်ခါ ဟိုတုန်းက ဆီတွေဘာတွေ အခက်အခဲ ဖြစ်တုန်းကဆိုရင် ဆီတွေ တန်းစီရတဲ့ အချိန်တုန်း ကဆိုရင် ဆီက မရောင်းပေးဘူးပေါ့နော်။ အခု လိုင်စင်မရှိတဲ့ အခါကျတော့ သူတို့ သက်ဆိုင်ရာ တာဝန်ရှိတဲ့ သူ တွေက အမျိုးမျိုး သူတို့ဥပဒေအရ အရေးယူတာကို ခံရတာပေါ့။ ဒဏ်ရိုက်တယ်ဆိုတဲ့ အကြောင်းကို ပြောရမယ် ဆိုရင် ဆိုင်ကယ်ရဲ့ အနေအထားကို သူတို့ကြည့်တယ်။ ဆိုင်ကယ်က တန်ဖိုးနည်းရင် နည်းသလို တန်ဖိုးကြီးရင် ကြီးသလို ဒဏ်ရိုက်တာပေါ့နော်။ သိမ်းရင်လည်း သိမ်းလိုက်မယ်၊ မသိမ်းဘဲနဲ့ တန်ဖိုးနည်းတဲ့ ဆိုင်ကယ်ဆိုရင် တော့ ၁ သိန်း ၂ သိန်းလောက်ပေါ့။ တန်ဖိုးကြီးတဲ့ ဆိုင်ကယ်ဆိုရင်တော့ ၅ သိန်း ၁၀ သိန်း သူတို့တောင်းတာပေါ့။ မွန်ပြည်နယ်လွှတ်တော်မှာ အဲဒီလို တင်ပြတယ်လို့တော့ သတင်းကြားတယ်။ ကျနော်တို့ ပြည်သူလူထု ဖြစ်ချင်တာ လည်း လိုင်စင်မရှိတဲ့ ဆိုင်ကယ်တွေကို တရားဝင်လိုင်စင် ထုတ်ပေးဖို့ တောင်းဆိုတာပေါ့” ဟု ပြောသည်။

ဆိုင်ကယ်လိုင်စင်များ စစ်ဆေးနေစဉ်
မွန်ပြည်နယ်တွင် မော်တော်ဆိုင်ကယ် ၃ သိန်းခန့် အသုံးပြုလျက်ရှိပြီး ထက်ဝက်ကျော်မှာ လိုင်စင်မဲ့ဆိုင်ကယ်များ ဖြစ်သည်ဟု သိရသည်။
ယာယီလိုင်စင် ထုတ်ပေးသည် မော်တော်ဆိုင်ကယ် အရောင်းဆိုင်များ ရှိသော်လည်း ထိုအရောင်းဆိုင်များသည် အရည်အသွေးညံ့သည့် တရုတ်ဆိုင်ကယ်များကိုသာ ရောင်းချကြကြောင်း၊ ပြည်သူများသည် အရည်အသွေး ကောင်းမွန်သည် ထိုင်းနိုင်ငံမှ မော်တော်ဆိုင်ကယ်များကိုသာ စီးနင်းကြကြောင်း သိရသည်။
မွန်ပြည်နယ်အတွင်း မော်တော်ဆိုင်ကယ် လိုင်စင် တရားဝင် မရရှိခြင်းသည် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနနှင့် ခွင့်ပြုချက် ရရှိထားပြီး ယာယီလိုင်စင် ထုတ်ပေးသည့် မော်တော်ဆိုင်ကယ် အရောင်းဆိုင်များ ကြောင့်လည်း ဖြစ်သည်ဟု မွန်ပြည်နယ် ဒေသခံများက ပြောသည်။
- By CNI
- Category: စီးပွားရေး
- Hits: 389
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၈
လက်ရှိ မြန်မာနိုင်ငံ၏ အနေအထားအရ လျှပ်စစ်မီးလိုအပ်ချက်သည် အဓိကဖြစ်နေကြောင်း၊ တိုင်းသူ ပြည်သားများအတွက် နည်းပညာ ရရှိစေမည့် စီမံကိန်းများနှင့် တိုင်းပြည်ဝင်ငွေ တိုးစေမည့် စီးမံကိန်းများကို ဦးစားပေး ဆောင်ရွက်သင့်သည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်း ဝန်ကြီးချုပ်မိုဒီနှင့် နှစ်နိုင်ငံကြား စီမံကိန်းများ ပြန်လည်စတင်ရန်ဆွေးနွေးခဲ့ကြသကဲ့သို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံမှုများတွင်လည်း မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းများ ပြန်လည်စတင်ရန် ဆွေးနွေးခဲ့ကြသည်။
ထိုစီမံကိန်းများသည် ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲ မဖြစ်ခင်ကာလကတည်းကပင် ဆောင်ရွက်နေသည့် ကိစ္စဖြစ်ပြီး နိုင်ငံရေး အပြောင်းအလဲနောက်ပိုင်း ရပ်နားခဲ့ကြခြင်း ဖြစ်သည်။
အစိုးရချင်း စီမံကိန်းများ ချိတ်ဆက်လုပ်ဆောင်ရာတွင် ပြည်သူလူထုအတွက် နောက်ဆက်တွဲ အကျိုးကျေးဇူး များစေမည့် စီမံကိန်းများအား ဦးစားပေးလုပ်သင့်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခြေခံအဆောက်အအုံတွေနဲ့ ပတ်သက်တဲ့ဟာတွေကတော့ ပိုပြီးလုပ်သင့်တာပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ တကယ့်ကို ဒီလိုခေတ်ကြီးရောက်နေပြီ ကျနော်တို့တိုင်းပြည်က အခုချိန်ထိ infrastructure တွေက မလုံလောက် သေးဘူးဆိုတဲ့အနေအထား။ ထက်ဝက်လောက်သော ပြည်သူတွေက အခုချိန်ထိ မီးဆိုတာ ဘာမှန်းမသိသေးဘူး ဆိုတဲ့အနေအထား။ ရှက်မယ်ဆိုရင် တော်တော်ရှက်ဖို့ကောင်းတဲ့ အနေအထားကြီးပေါ့နော်။ ဆိုတော့ အဲဒီလိုမျိုး တွေက ကျနော်တို့ လုပ်ရမယ်။ ပြီးရင် တိုင်းပြည်ဝင်ငွေတိုးမယ့်ဟာပေါ့နော်။ ပြီးတော့ ကျနော်တို့ ပြည်သူပြည်သားတွေ နည်းပညာရတဲ့ဟာတွေပေါ့ ဒါမျိုးတွေကို ကျနော်တို့က ဦးစားပေးရမှာပေါ့။ ကျနော်တို့ အတွက် ဆက်ပြီးတော့မှ နောက်ဆက်တွဲ Multiplier Effect အကျိုးကျေးဇူးတွေ များစေတဲ့ စီမံကိန်းတွေကို ဦးစားပေးပြီးတော့မှ လုပ်သင့်တာပေါ့” ဟု ပြောသည်။

အိန္ဒိယဝန်ကြီးချုပ်နှင့် မြန်မာသမ္မတ
တရုတ်နိုင်ငံ၏ BRI စီမံကိန်းအောက်မှာရှိသည့် CMEC သည် ယူနန်ပြည်နယ်မှ မြန်မာနိုင်ငံအလယ်ပိုင်း (မန္တလေး) ကို ဖြတ်ပြီး ရခိုင်ပြည်နယ် (ကျောက်ဖြူ) နှင့် ရန်ကုန်အထိ ချိတ်ဆက်မည့် စီမံကိန်းဖြစ်သည်။
တရုတ်နိုင်ငံအတွက် မလက္ကာရေလက်ကြားကို မဖြတ်ဘဲ အိန္ဒိယသမုဒ္ဒရာဆီ တိုက်ရိုက်ထွက်ပေါက်ရရန် မြန်မာက မရှိမဖြစ် လိုအပ်ပြီး ကျောက်ဖြူ အထူးစီးပွားရေးဇုန် (SEZ) နှင့် စက်မှုဇုန်များ အကောင်အထည် ပေါ်လာလျှင် ဒေသခံများအတွက် ရာနှင့်ချီသည့် အလုပ်အကိုင်များလည်း ဖန်တီးပေးနိုင်မည်ဖြစ်သည်။
ထို့အတူ အိန္ဒိယ၏ အဓိက စီမံကိန်းများမှာ ကုလားတန် ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan Multi-Modal Transit Transport Project) နှင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီး တို့ ဖြစ်သည်။
ကုလားတန်စီမံကိန်းသည် ရခိုင်ပြည်နယ် စစ်တွေဆိပ်ကမ်း မှ ချင်းပြည်နယ် ပလက်ဝ ကို ဖြတ်ပြီး အိန္ဒိယက မီဇိုရမ်ပြည်နယ်အထိ ချိတ်ဆက်ခြင်းကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ရခိုင်နှင့် ချင်းပြည်နယ်များတွင် ကုန်သွယ်ရေးလမ်းကြောင်း ပွင့်ကာ ဒေသတွင်း စီးပွားရေး တက်လာနိုင်ကြောင်း စီးပွားရေးလေ့လာသူများက ထောက်ပြကြသည်။
ထို့အတူ အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်းမကြီး ပြီးစီးသွားလျှင် မြန်မာနိုင်ငံသည် အိန္ဒိယနှင့် အရှေ့တောင်အာရှကို ကုန်းလမ်းနှင့် ချိတ်ဆက်ပေးသည့် အချက်အချာဗဟိုချက်ဖြစ်လာမည်ဟုလည်း ၎င်းတို့က ယူဆကြသည်။

တရုတ်စီမံကိန်းများ
တိုင်းသူပြည်သားများ၏ စားဝတ်နေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများကို အများဆုံး ဖော်ဆောင်ပေးသည့် စီမံကိန်းများကိုလည်း ဆောင်ရွက်စေလိုကြောင်း စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပြည်သူတွေရဲ့ နံပါတ်တစ် အလုပ်အကိုင်အခွင့်အလမ်း ရှာဖွေရေး၊ နံပါတ် ၂ ကတော့ ပြည်သူတွေရဲ့ စားဝတ်နေရေး ပြေလည်မှုကို ဖန်တီးနိုင်အောင် အထောက်အပံ့ဖြစ်တဲ့ စီမံကိန်းတွေကတော့ ပိုအရေးကြီး တာပေါ့နော်။ အဲဒါတွေကတော့ မရောက်နိုင်ရင်တော့ ကျန်တာတွေကတော့ infrastructure ဆိုတာက နောက်မှပဲ အသီးအပွင့် ခံစားရမှာလေ။ ဆရာတို့က လက်တလော တိုင်းပြည်အကျိုးရှိနိုင်မယ့် အခြေအနေနဲ့ စီမံကိန်းမျိုးကိုပဲ အကောင်အထည် ဖော်သင့်တယ်လို့ပဲ ယူဆပါတယ်” ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် မုဒုံမြို့နယ်၌ ကမ်းရိုးတန်းသွား အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းကို အကောင်အထည် ဖော်လျက်ရှိနေသည်။
ထို့ပြင် စီမံကိန်းများကို ဖော်ဆောင်ရာတွင်လည်း ပြည်ပနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုများနှင့် ဆောင်ရွက်ရခြင်း ကြောင့် ပြည်ပနိုင်ငံများအတွက် လုပ်ငန်းဆောင်တာ လွယ်ကူစေခြင်းနှင့် တိုင်းပြည်အတွက် အကြွေး ထောင်ခြောက် မဖြစ်စေရန်လည်း သတိထား၍ ဆောင်ရွက်ရန် လိုအပ်သည်ဟု ထောက်ပြကြသည်။
- By CNI
- Category: စီးပွားရေး
- Hits: 460
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၄
မော်တော်ယာဉ်အစီးရေ အများအပြား နေ့စဉ် အသုံးပြုမောင်းနှင်သွားလာနေသည့် ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှုနှင့်အတူ မော်တော်ယာဉ် ရပ်နားရန်အတွက် ကားပါကင်အခက်အခဲများလည်း ကြုံတွေ့နေကြရသည်။
ထိုအခက်အခဲကို ပြေလည်စေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီတို့၌ တာဝန်ရှိပြီး သီးသန့်ကားပါကင်စနစ်နှင့် စမတ်ကားပါကင်စနစ်များကို ဖော်ဆောင်ရန် လိုအပ်သည်ဟု ရန်ကုန်မြို့ပြစောင့်ကြည့်သူများနှင့် စီးပွားရေး လေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
သီးသန့်ကားပါကင် တည်ဆောက်ရာတွင်လည်း လက်ရှိ ရန်ကုန်မြို့၏ မြေဧရိယာအရ အထပ်မြင့်တိုက် များပြား သည့်အတွက် မြေနေရာ အခက်အခဲ ဖြစ်ပေါ်နေပြီး ကားပါကင်တည်ဆောက်မည်ဆိုပါက မြေအောက်ကားပါကင် သည် အသင့်တော်ဆုံး ဖြစ်သည်ဟု စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နောက်ဆုံးခေတ်ပေါ်နည်းအရ ပြောရရင် vertical chain နဲ့ သွားတဲ့ ကားပါကင်တွေပဲဗျ။ မြေနေရာ ကျဉ်းကျဉ်း လေးနဲ့ ကားအများကြီး ရပ်လို့ရတဲ့ စနစ်တွေ ရှိပါတယ်။ အဲဒီစနစ်နဲ့ တည်ဆောက်ရင်တော့ ဘာပဲ ပြောပြော ကားပါကင်ကတော့ အထိုက်အလျောက် ပြေလည်မယ်လို့ ထင်ပါတယ်။ နောက်တစ်ချက်ကတော့ ရန်ကုန်မြို့ ထဲမှာ ဥပမာ မြေအောက်ပါကင်တွေ တည်ဆောက်ပေးရင်တော့ ပြေလည်လို့ရတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ မြေအောက်ကို တူးဖို့က နည်းစနစ်မရှိဘူး။ နောက်ပြီးတော့မှ ရေကြီးရေလျှံမှုကို ကာကွယ်နိုင်တဲ့ နည်းစနစ် မရှိဘူး။ အဲဒါကြောင့် မြေအောက်ပါကင်လုပ်မယ်ဆိုရင်လည်း တော်တော်စဉ်းစားရမယ့်ကိစ္စဗျ” ဟု ပြောသည်။

ရန်ကုန်မြို့ပြမှ မော်တော်ယာဉ်များ
ထို့နောက် ကားပါကင် လုံလောက်မှုမရှိဘဲ ကားတင်သွင်းခွင့်ပြုထားခြင်းကြောင့် ရန်ကုန်မြို့တွင်း ယာဉ်ကြော ပိတ်ဆို့မှုများသည် နေ့စဉ်နဲ့အမျှ ဖြစ်ပေါ်လျက်ရှိနေသည်။
သီးသန့်ကားပါကင် မရှိသည့်အတွက် လမ်းမများပေါ်တွင် ကားများကို ရပ်နားထားရခြင်းကြောင့် နှစ်လမ်းသွား ကားလမ်းများသည် တစ်လမ်းသွားဖြစ်သွားခြင်း၊ လမ်းမများပေါ်တွင် ဈေးရောင်းချခွင့်ပြုထားခြင်းများသည်လည်း ယာဉ်ကြောပိတ်ဆို့မှုကို ဖြစ်ပေါ်စေကြောင်း ရန်ကုန်မြို့ပြစောင့်ကြည့်သူများနှင့် စီးပွားရေးလေ့လာသုံးသပ် သူများက ထောက်ပြကြသည်။
လက်ရှိ နိုင်ငံတော်၏ ကားပါကင်လိုအပ်ချက်နှင့်အညီ အထပ်မြင့်တိုက်များ တည်ဆောက်ရာတွင်လည်းကောင်း၊ အိမ်ရာများ ဆောက်ရာတွင်လည်းကောင်း၊ ကွန်ဒိုများ တည်ဆောက်ရာတွင်လည်းကောင်း အထူးကားပါကင်စနစ် ထည့်သွင်း တည်ဆောက်ရန် စနစ်တကျ စောင့်ကြည့်ရန် လိုအပ်သည်။
ကားပါကင် အခက်အခဲအပါအဝင် ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေးအတွက် ရန်ကုန်မြို့တော်ဝန်နေရာတွင် တာဝန်ယူထားသည့်သူများ၌ တာဝန်ရှိသည်ဟု လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်စန္ဒာမင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခုလက်ရှိ မြို့တော်ဝန်ရဲ့ တာဝန်ပေါ့။ ကျမတို့တာဝန် မဟုတ်ဘူး။ အဲဒါ နံပါတ်တစ် ပြောချင်တယ်။ သူတို့က မြို့တော်ဝန်လုပ်မယ်လို့ ရာထူးကို ယူပြီးတော့မှ သူတို့မှာ ဘာတာဝန်တွေရှိတယ်။ ရန်ကုန်မြို့မှာ အဓိက ဒုက္ခပေးနေတာ ဘာတွေလဲဆိုတာ သူတို့သိတာပဲ။ အဲဒီမြို့တော်ဝန်တွေ၊ စည်ပင်မှာရှိတဲ့သူတွေက နိုင်ငံခြားကို အခေါက်ခေါက် သွားကြတယ်။ ပြီးရင် နိုင်ငံခြားကို လေ့လာရေးဆိုပြီးတော့ သွားကြတယ်။ သူများနိုင်ငံတွေမှာ ဘာတွေတိုးတက်တယ်ဆိုတာ သွားကြည့်ကြပြီးတော့ ကိုယ့်နိုင်ငံကို ကောင်းအောင်လုပ်ကြပါလား။ အဲဒါသူတို့တာဝန်ပဲ” ဟု ပြောသည်။

ရန်ကုန်မြို့ပြမှ မော်တော်ယာဉ်များ
ပြီးခဲ့သည့် NLD အစိုးရလက်ထက် ၂၀၁၇ နှင့် ၂၀၁၉ ခုနှစ်တွင် ရန်ကုန်မြို့၌ စမတ်ကားပါကင်စနစ် ဖော်ဆောင်ရန် ဆောင်ရွက်ခဲ့သော်လည်း နောက်ပိုင်းတွင် နိုင်ငံရေး အပြောင်းအလဲများကြောင့် ထိုကိစ္စအား ရပ်နားခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် လက်ရှိ အစိုးရသည်လည်း ထိုကိစ္စကို ဆက်လက်အကောင်အထည်ဖော်ရန် လိုအပ်သည်ဟု ထောက်ပြကြမှုများလည်းရှိသည်။
စမတ်ကားပါကင်တည်ဆောက်မှုနှင့် ပတ်သက်၍ ဂျပန်၊ တရုတ်၊ အစ္စရေး၊ စင်ကာပူစသည့် ပြည်ပကုမ္ပဏီများက စိတ်ဝင်စားမှုများ ရှိခဲ့ကြပြီး ပြည်တွင်းကုမ္ပဏီများသည်လည်း ပြည်ပကုမ္ပဏီများနှင့် ပူးပေါင်းကာ ဆောင်ရွက်ရန် စိတ်အားထက်သန်ခဲ့ကြသည်။
ရန်ကုန်မြို့တွင် သီးသန့်ကားပါကင်စနစ်အတွက် ကနဦးအနေဖြင့် ရန်ကုန်မြို့တွင်း ၆ မြို့နယ်ဖြစ်သည့် ကျောက် တံတား၊ ပန်းဘဲတန်း၊ လမ်းမတော်၊ လသာ၊ ပုဇွန်တောင်နှင့် ဗိုလ်တထောင်မြို့နယ်များတွင် အကောင်အထည် ဖော်ရန် လိုအပ်ပြီး နောက်ပိုင်းတွင် ကားပါကင်အခက်အခဲ အများ ဆုံးဖြစ်ပေါ်နေသည့် ရန်ကုန်မြို့ရဲ့ အခြားမြို့နယ်များကို ဆက်လက်အကောင်အထည် ဖော်သွားရန် လိုအပ်သည်။
- By CNI
- Category: စီးပွားရေး
- Hits: 313
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၄
နှစ်နိုင်ငံကုန်သွယ်မှုတွင် ဒေါ်လာ၅ ဘီလီယံထိရောက်ရှိအောင် မျှော်မှန်းဆောင်ရွက်သွားရန် အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဆွေးနွေးနိုင်ခဲ့ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဇွန်လ ၃ ရက်က အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်း မြို့မှာ ကျင်းပသည့် မြန်မာ-အိန္ဒိယ စီးပွားရေးဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
၎င်းက”မိမိအနေဖြင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးချိန်တွင် ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော်သာရှိခဲ့သဖြင့် ပထမအဆင့်အနေဖြင့် အမေရိကန်ဒေါ်လာ ၃ ဘီလီယံထိရောက်ရှိအောင် ဆောင်ရွ က်ရန်၊ ဒုတိယအဆင့်အနေဖြင့် အမေရိကန်ဒေါ်လာ ၅ ဘီလီယံထိ ရောက်ရှိအောင် မျှော်မှန်းဆောင်ရွက်သွားရန် ဆွေးနွေးနိုင်ခဲ့ပြီဖြစ်ကြောင်း” ပြောကြားခဲ့ခြင်းဖြစ်သည်။
အိန္ဒိယ-မြန်မာကုန်သွယ်မှု၌ ထိုမျှော်မှန်းပမာဏအထိ ရရှိစေရန် export, import မူဝါဒကို ထိထိရောက်ရောက် တင်ပို့နိုင်မည့် မူဝါဒမျိုး ချမှတ်လိုကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အိန္ဒိယနဲ့ကုန်သွယ်မှုကတော့ အထိုက်အလျောက်ရှိနေသေးတယ်ဆိုတဲ့အပိုင်းဖြစ်တော့ ပိုကုန်သွင်းကုန် အပိုင်းနဲ့ပြန်ပြောမယ်ဆိုရင်တော့ အစိုးရအနေနဲ့ ထိန်းကျောင်းတာထက် ကျနော်တို့ မြန်မြန်ဆန်ဆန်နဲ့ ကျနော်တို့ ထိထိရောက်ရောက်ပို့နိုင်ဖို့အတွက် မူဝါဒတွေကို ချဖို့လိုတယ်။ ပြီးတော့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေကို အရင် တုန်းကလိုမျိုးပေါ့နော် မြဝတီ၊ မူဆယ်လောက်ကိုပဲ ကျနော်တို့အားကိုး နေရတာမျိုးမဟုတ်ဘဲနဲ့ ပုံမှန်ဆိုရင် ကုန် သွယ်ရေးစခန်းက ၁၆ခုလောက် ကျနော်တို့ ရှိတယ်ပေါ့နော်။ ကျနော် အမှတ်မမှားဘူးဆိုရင်။ ဒါပေမယ့် အဓိက ကုန်သွယ်မှုစခန်းဖြစ်တဲ့ မြဝတီ၊ မူဆယ်ကပဲ ဒီအထွက် ၇၅ ရာခိုင်နှုန်းလောက် ကိုလွှမ်းမိုးထားပြီး၊ ကျန်တဲ့ အစိတ်လောက်ကိုပဲ ကျန်တဲ့ကုန်သွယ်ရေးစခန်းတွေက ကျနော်တို့ကတင်ပို့နေရတယ် တင်သွင်းနေရတယ် ဆိုတဲ့အခြေအနေမျိုးထက် ကျန်နော်တို့ကုန်သွယ်ရေးစခန်းတွေ တော်တော်များများကနေ ကျနော်တို့က ဖြန့်ဝေပြီးတော့၊ ခွဲပြီးတော့မှ ကျနော်တို့ တင်ပို့တင်သွင်းနိုင်တဲ့ လမ်းကြောင်းတစ်ခုပေါ့နော်။ ပြောမယ်ဆိုလို့ရှိရင် ဒီလမ်းကြောင်းတစ်ခုကိုဖန်တီးနိုင်ဖို့လိုအပ်တယ်။ ဒါမှသာနယ်မြေမတည်ငြိမ်မှုတွေ၊ ပဋိပက္ခဖြစ် မှုတွေနဲ့ ကုန်သွယ်ရေးဇုန် တစ်ခုပိတ်လိုက်ရရင်တောင် ကျန်တဲ့ဇုန်ကနေ ကျနော်တို့သိပ်ပြီးတော့ အတားအဆီးမရှိ တင်ပို့လို့ရနေသေးတယ်ဆိုတဲ့အခြေအနေမျိုးကို ကျနော်တို့ဖန်တီးနိုင်ဖို့လိုတယ်ပေါ့နော်။ အဲဒီတော့ ဇုန်အကြီးကြီးတွေတစ်ခုထဲကို အားကိုးတာမဟုတ်ဘဲနဲ့ ဇုန်သေးသေးလေးတွေ၊ ဇုန်သေးသေလေးတွေကနေ သက်ဆိုင်ရာဒီနယ်စပ်တွေမှာကျနော်တို့က ဖွင့်လှစ်နိုင်ပြီးတော့ One Stop Service ပုံစံမျိုးနဲ့ မူဝါဒတွေပြောင်းလဲပြီးတော့လုပ်ပေးနိုင်ရင်တော့ အကောင်းဆုံးဖြစ်မှာပါ” ဟု ပြောသည်။

နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးဂိတ်
အိန္ဒိယ-မြန်မာနှစ်နိုင်ငံကုန်သွယ်မှုအနေဖြင့် မိမိတို့ မြန်မာနိုင်ငံဘက်မှ ထုတ်ပြန်သည့် စာရင်းများအရ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် မိမိတို့ နိုင်ငံမှ ပို့ကုန်သည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၂၆ ဘီလီယံထိရှိခဲ့ကြောင်း၊ အိန္ဒိ ယနိုင်ငံမှ ပို့ကုန် အမေရိကန်ဒေါ်လာ သန်း ၆၀၀ မှ ၈၀၀ အကြားတွင် ရှိကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအော င်လှိုင်က ပြောကြားခဲ့သည်။
အိန္ဒိယဘက်မှ အများဆုံးပို့ကုန်များမှာ ဆေးဝါးပစ္စည်းများ၊ ရေနံထွက်ပစ္စည်း၊ ဓာတုဗေဒပစ္စည်းများ၊ မော်တော် ယာဥ်နှင့် ဆက်စပ်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ မော်တော်ဆိုင်ကယ်နှင့် ဆက်စပ်ပစ္စည်းများ၊ လယ်ထွန်စက် နှင် ဆက်စပ်ပစ္စည်းများ တင်ပို့ခဲ့သည်ကို တွေ့ရကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံသို့ သမ္မတဦးမင်းအောင်လှိုင် သွားရောက်ခဲ့သည့် ခရီးစဉ်သည် မြန်မာနိုင်ငံအတွက် အများကြီး အကျိုးရှိသည့် ခရီးစဉ်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။

အိန္ဒိယဝန်ကြီးချုပ်မိုဒီနှင့် သမ္မတဦးမင်းအောင်လှိုင်
၎င်းက “သူကအခုဒါကတော့ ယေဘုယျအားဖြင့်ပေါ့နော် ပမာဏတစ်ခုကို သူထုတ်ဖော်ပြီးတော့ ဒီပထမအဆင့် အနေနဲ့ ၃ ဘီလီယံ၊ ဒုတိယအဆင့်အနေနဲ့ ၅ ဘီလီယံ ဒါအိန္ဒိယနဲ့ကုန်သွယ်မှု၊ ဒီမြန်မာပြည်ရင်းနှီးမြုပ်နှံမှုတစ်ခု ဖြစ်လာအောင် သူကြိုးစားဆောင်ရွက်ဖို့အတွက် ဖြစ်ခဲ့တယ်ဆိုတာကိုတော့ ကျနော်တို့လည်းကြားခဲ့ရတယ်။ ဒါ ပေမယ့် သိပ်မကြာခင်မှာပဲ ဒီကိစ္စတွေကလည်း ကျနော်တို့လွှတ်တော်ကနေဆွေးနွေးတာမျိုးတွေ၊ လွှတ်တော်က နေအတည်ပြုတာမျိုးတွေ ဖြစ်လာခဲ့ပြီဆိုလို့ရှိရင်တော့ ကျနော်တို့သိရဖို့ဖြစ်နိုင်ပါတယ်ပေါ့နော်။ ဒါပေမယ့် အဲဒီ မှာ ၃ ဘီလီယံဆိုတဲ့ပမာဏကမနည်းဘူးပေါ့နော်၊ ဒါပြောချင်တာက ဒါပေမယ့် အိန္ဒိယဆိုတာလည်း ကမ္ဘာ့စီးပွား ရေးအင်အားကြီးနိုင်ငံထဲမှာပါသလို၊ လူဦးရေကလည်း တကယ့်ကို ကမ္ဘာပေါ်မှာ များတယ်၊ နယ်မြေအကျယ်အ ဝန်းကလည်း ကျယ်ဝန်းတယ်၊ ပြီးတော့ ကျနော်တို့နဲ့ နယ်နမိတ်ချင်းထိစပ်နေတဲ့ ဘော်ဒါနိုင်ငံတွေထဲမှာဆိုလို့ရှိ ရင်လည်း ဒီအိန္ဒိယနဲ့ကျနော်တို့နဲ့ဆက်ဆံရေးက ကောင်းမွန်ခဲတဲ့ဆက်ဆံရေးတွေရှိခဲ့တာဖြစ်တဲ့အတွက် အိန္ဒိယ ကိုသွားတဲ့ခရီးစဉ်ကတော့ ကျနော်တို့တွက်အများကြီးအကျိုးရှိတဲ့ခရီးစဥ်ဖြစ်တယ်လို့ သုံးသပ်လို့ရတယ်။ ကျ နော်အထင်တော့ပေါ့နော် ဒါကျနော်တို့ဒီ CMP အထည်ချုပ်ကဏ္ဍတွေပါလာနိုင်သလို၊ မော်တော်ကားတပ်ဆင်ထု တ်လုပ်ရေးကဏ္ဍတွေလည်းပါလာနိုင်တယ်” ဟု ပြောသည်။
လက်ရှိတွင် အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၃၉ ခု၊ အမေရိကန်ဒေါ်လာ ၇၈၂ ဒဿမ ၃၈၅ သန်းနှင့် (၁၁) နိုင်ငံမြောက် ရင်းနှီးမြှုပ်နှံမှုအများဆုံးနိုင်ငံဖြစ်ကြောင်း သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။
နှစ်နိုင်ငံအကြား ကုန်သွယ်မှုများ တိုးတက်စေရန် ကျပ်-ရူပီး တိုက်ရိုက်ပေးချေရန်လည်း သဘောတူညီထားပြီးဖြစ်ကာ မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယဘက်မှ သွင်းကုန်များကို ပိုမိုတင်သွင်းရန် ဆန္ဒရှိကြောင်းလည်း သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
- By CNI
- Category: စီးပွားရေး
- Hits: 240
.CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၄
နိုင်ငံရေးတည်ငြိမ်မှုရှိလာသည့် မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မည်ဆိုပါက အိန္ဒိယနိုင်ငံအတွက် အခွင့်အလမ်းများစွာရှိလာမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။
ထိုအကြောင်းအား ဇွန်လ ၃ ရက်က အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် မြန်မာ-အိန္ဒိယ စီးပွားရေးဆွေးနွေးပွဲသို့ တက်ရောက်စဉ် အဖွင့်အမှာစကား၌ ထည့်သွင်းပြောကြားသွားခဲ့ခြင်းဖြစ်သည်။
သမ္မတ ဦးမင်းအောင်လှိုင်က “မြန်မာနိုင်ငံသည် အကြောင်းအမျိုးမျိုးကြောင့် နှစ်ပေါင်းများစွာကြာ နိုင်ငံရေးမတည်ငြိမ်မှု ဖြစ်ပွားခဲ့ရာမှ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်တွင် ကျင်းပပြုလုပ်ပြီးစီးခဲ့သည့် ရွေးကောက်ပွဲမှ တစ်ဆင့် ဒီမိုကရေစီ အရ တည်ဆောက်ခဲ့သည့် အစိုးရတစ်ရပ်ပေါ်ပေါက်လာပြီဖြစ်သဖြင့် ဆက်လက် ထိန်းသိမ်းသွားရန် အခြေအနေကောင်းများ မိမိတို့တွင်ရှိလာပြီဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံရေး တည်ငြိမ်မှုရှိလာသည့် မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မည်ဆိုပါက အဆွေတော်တို့အတွက် အခွင့်အလမ်းများစွာရှိလာမည်ကို ထပ်လောင်းပြောကြားလိုကြောင်း” ပြောဆိုခဲ့ခြင်းဖြစ်သည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် မြန်မာသမ္မတ ဦးမင်းအောင်လှိုင်
ထို့ပြင် ကိုလိုနီစနစ်အရ အတူတွန်းလှန်ခဲ့ကြသည့် သမိုင်းကြောင်းအရ မြန်မာ-အိန္ဒိယ သံတမန်ဆက်ဆံရေးသည် ၇၈ နှစ်တိုင်ခဲ့ပြီဖြစ်ကြောင်း၊ ဘာသာရေးနှင့် ယဉ်ကျေးမှုအရလည်း ရှေးယခင်ကတည်းက ခိုင်မာသည့် ဆက်နွယ်မှုများရှိခဲ့ကြကြောင်း၊ ရှည်လျားသည့် ကုန်းမြေနှင့် ရေကြောင်း နယ်နိမိတ်များ ထိစပ်နေသည့်အပြင် ယခုအချိန်သည် စီးပွားရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများမှ တစ်ဆင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်တင်ရန် အကောင်းဆုံးအချိန်လည်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ယခုခရီးစဉ်သည် အိန္ဒိယနိုင်ငံ၏ အရှေ့ထိတွေ့ဆက်ဆံမှု (Act East Policy) နှင့် အိမ်နီးချင်းဦးစားပေး မူဝါဒ (Neighborhood First Policy) တို့အရ မြန်မာနိုင်ငံနှင့် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှု၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ တန်ဖိုးကွင်းဆက်များကို မြှင့်တင်ပေးနိုင်မည့် မဟာဗျူဟာကျသည့် မောင်းနှင်အားတစ်ရပ်ဖြစ်သည်ကို တွေ့ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယဝန်ကြီးချုပ် မိုဒီ၏ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ မေလ၃၀ ရက်မှ ဇွန်လ ၃ ရက်ထိ အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့သည်။
အဆိုပါ ခရီးစဥ်သည် ဦးမင်းအောင်လှိုင်၏ သမ္မတအဖြစ် တာဝန်ထမ်းဆောင်စဥ်တွင် ပထမဆုံး ပြည်ပ ခရီးစဥ် ဖြစ်ကာ နှစ်နိုင်ငံအကြား စီးပွားရေးနှင့် နိုင်ငံရေးကိစ္စရပ်များအပြင် အခြားသောကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 465
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၃
မြန်မာနိုင်ငံ၏ ဆန်စပါးအပါအဝင် စိုက်ပျိုးရေးကဏ္ဍအားလုံးတွင် စိုက်ပျိုးမှုနှုန်း လျော့ကျပြီး အထွက်နှုန်း ထိခိုက်နေခြင်းသည် နယ်စပ်ကုန်သွယ်ရေးမှတဆင့် ပို့ကုန်တင်ပို့နိုင်မှု မရှိခြင်းကြောင့် ဖြစ်သည်ဟု ကုန်သည်များနှင့် စိုက်ပျိုးထုတ်လုပ်သူများက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပွားမှုကြောင့် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားပြီး မြန်မာ - တရုတ်နှင့် မြန်မာ - ထိုင်း နယ်စပ်ကုန်သွယ်ရေးများ ရပ်တန့်လာခဲ့ခြင်းဖြစ်သည်။
ထိုအချိန်မှစတင်၍ မြန်မာနိုင်ငံ၏ ပို့ကုန်လုပ်ငန်းသည် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးတစ်ခုကိုသာ အားထားနေရပြီး ပို့ကုန်လုပ်ငန်းများ ထိခိုက်မှုနှင့်အတူ စိုက်ပျိုးရေးထွက်ကုန်များသည်လည်း ဈေးကွက်မရှိခြင်း၊ ပြည်ပတင်ပို့ရန် အခက်အခဲရှိနေခြင်းတို့ကြောင့် စိုက်ပျိုးမှုနှုန်းများ ကျဆင်းလာခဲ့သည်။
ပြည်တွင်းတွင် စိုက်ပျိုးမှု ထိခိုက်နေခြင်းသည် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးမှတဆင့် ဆန်၊ ပဲ၊ ပြောင်း တို့ကိုသာ အဓိကထား တင်ပို့နေကြပြီး ရက်ရှည်ထား၍ မရသည့် ဥပမာ ဖရဲသီးနှင့် ကြက်သွန်များကို တင်ပို့ရန် အခက်အခဲ ဖြစ်နေကြောင်း ပို့ကုန်လုပ်ငန်းရှင် ကိုစိုင်းကျော်က CNI သတင်းဌာနသို့ ပြောသည်။
အဓိကအားဖြင့် ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ကချင်ပြည်နယ်မှတဆင့် တင်ပို့သည့် တရုတ်နယ်စပ်ကုန်သွယ်ရေး ပိတ်ထားသည့် ရိုက်ခတ်မှုကြောင့် ဖြစ်သည်ဟု ၎င်းက CNI သတင်းဌာနသို့ ပြောည်။

နယ်စပ်ကုန်သွယ်ရေးတစ်ခု၌ ကုန်များအားတွေ့ရစဉ်
ပို့ကုန်လုပ်ငန်းရှင် ကိုစိုင်းကျော်က “အဓိက ကျနော်တို့နိုင်ငံ စိုက်ပျိုးရေးက ဈေးကွက်ပဲ။ အဲဒီဈေးကွက်ကလည်း တရုတ်ဈေးကွက်ပဲ။ အခု ကျနော်တို့ ဈေးကွက်က အသီးအနှံ၊ ဆန်နဲ့ ကောက်ပဲသီးနှံဆိုတာ တရုတ်ဈေးကွက်က အဓိကပဲ ယူနန်ပြည်နယ်ကိုလေ။ အာလူးတို့၊ ကြက်သွန်တို့လိုဟာမျိုးတွေကျတော့ ကွန်တိန်နာနဲ့ export ပို့ဖို့က မလွယ်ဘူးပေါ့နော်။ သူတို့က ကြာကြာထားလို့ရတဲ့ကိစ္စတွေလည်း မဟုတ်တော့လေ။ အဲဒီမှာ အဓိက နယ်စပ်ပေါ့လေ။ နယ်စပ်ကကြတော့ ကားနဲ့ ပို့ရတဲ့အချိန်မှာ အခုပို့လိုက်ရင် ဒီနေ့ပို့လိုက်ရင် မနက်ဖြန်၊ သန်ဘက်ခါဆို ရောက်ပြီဆိုရင် ဖရဲသီးကအစ အကုန်လုံးပေါ့။ နယ်စပ်က အခုက လုံးဝ ပိတ်ထားတာဆိုတော့ သွားမရဘူးဆိုတော့ မူဆယ်နယ်စပ်တို့ဘာတို့က အဲဒါတွေရဲ့ ရိုက်ခတ်မှုတွေ ဖြစ်တာပေါ့ အခုကတော့” ဟု ပြောသည်။
ယခင် နယ်စပ်ကုန်သွယ်ရေး ဖွင့်ချိန်တွင် ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ကချင်ပြည်နယ်ရှိ တရုတ် - မြန်မာ နယ်စပ်ဂိတ်များမှတဆင့် ဆန်နှင့် ဆန်ကွဲ တန်ချိန် သိန်းနှင့်ချီ တင်ပို့ခဲ့ကြပြီး လက်ရှိ ပင်လယ်ရေကြောင်း ကုန်သွယ်ရေးတွင်လည်း တရုတ်နိုင်ငံက မြန်မာ့ဆန်ကို အဓိက ဝယ်ယူနေခြင်းဖြစ်သည်။
သို့သော်လည်း ကုန်သွယ်ရေးလမ်းကြောင်းသည် ပင်လယ်ရေကြောင်းတစ်ခုတည်းသာ ရှိသည့်အတွက် စိုက်ပျိုးထုတ်လုပ်သူများသည် ဈေးနှိမ်ဝယ်ယူခံနေရခြင်းကြောင့် အကျိုးအမြတ်မရှိဘဲ အရှုံးနှင့် ကြုံတွေ့နေရသည့်အတွက် ထုတ်လုပ်မှုနှုန်း ကျဆင်းခြင်း ဖြစ်သည်ဟု လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌဟောင်း ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ်
၎င်းက “ဆန်ဈေးကွက်ဆိုပါတော့ အရင်က ကုန်းပိုင်းကနေပြီးတော့ တရုတ် ရွှေလီနယ်စပ်ကနေပြီးတော့ ထွက်တဲ့ဆန်က တော်တော်များတယ်။ တရုတ်ကလည်း ဈေးတန်းလေး အပေးမိုက်တယ်။ အဲဒီတော့ ရှင်းရှင်းပြောရင် ပင်လယ် သင်္ဘောကနေသွားတဲ့ exporter တွေက နှိမ်ချင်တိုင်း နှိမ်လို့မရဘူး။ အခုကြတော့ တရုတ်လမ်းကြောကလည်း သွားလို့မရတဲ့အချိန်မှာ ပင်လယ်လမ်းကြောင်းကနေပြီးတော့ exporter လုပ်တဲ့ အဖွဲ့တွေရဲ့ ဈေးနှိမ်တာကို ဒီဖက်က တစ်ဖက်သတ် ဈေးဆိုင်မရှိဘူးဆိုပါတော့ကွာ။ ဒီဘက်က ဝယ်လက်က တစ်ခြမ်းတည်းဖြစ်နေတော့ တစ်ခြမ်းအပြိုင်မရှိတဲ့အတွက် နှိမ်ချင်တိုင်း နှိမ်လို့ရသွားတယ် အဲဒါ ဆန်ဈေးကွက်။ ဈေးကွက်မရှိဘဲ အတင်းနင်းစိုက်ခိုင်း၊ စိုက်တဲ့သူသာလျှင် ရှုံးပြီးတော့၊ အကျိုးအမြတ်ရှိရင် အဲဒီထုတ်ကုန်က အော်တို ဈေးက ထုတ်လုပ်မှုက တိုးတက်သွားမှာပဲ” ဟု ပြောသည်။
ဆန်စပါးအပါအဝင် ကောက်ပဲသီးနှံများကို စိုက်ပျိုးထုတ်လုပ်ရာတွင် စိုက်ပျိုးစရိတ်သည် တစ်နှစ်ထက်တစ်နှစ် ၂ ဆမှ ၃ ဆအထိ တိုးမြှင့်လျက်ရှိသော်လည်း စိုက်ပျိုးရေးထွက်ကုန်များသည် ပြည်ပဈေးကွက် မရှိခြင်း၊ သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် ဈေးကောင်းမရဘဲ တောင်သူများမှာ နှစ်စဉ် အရှုံးနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။
ထို့ပြင် တချို့သော ဒေသများတွင် နယ်မြေတည်ငြိမ်မှု မရှိခြင်းကြောင့် စိုက်ပျိုးမှုနှုန်းသည်လည်း လျော့ကျလျက်ရှိနေကြောင်း၊ တချို့သော တောင်သူများသည် အရှုံးနှင့် ရင်ဆိုင်ခဲ့ကြရခြင်းကြောင့် စိုက်ပျိုးမှု နှုန်းကို ရပ်နားလာကြပြီး တခြားသော မွေးမြူရေးလုပ်ငန်းများကိုလည်း ပြောင်းလဲလုပ်ကိုင်လာကြသည်ကို တွေ့ရသည်။
တစ်ဖက်တွင်လည်း နိုင်ငံတော်အစိုးရအနေဖြင့် စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးသော်လည်း အချိန်မီ မရှိခြင်း၊ ဓာတ်မြေဩဇာများကိုလည်း အချိန်မီ ကူညီထောက်ပံ့မှု မရှိခြင်းတို့ကြောင့် စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများမှ ကုန်ကျစရိတ် ပိုမိုကုန်ကျလျက်ရှိနေသည်။
