CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ပီအက်စ်ဂျီအားကစားဒါရိုက်တာ ကမ်ပို့စ်နဲ့ ပြဿနာဖြစ်ခဲ့တယ်လို့ နေမာပြော

By CNI
CNI
Category: Watch TV
Hits: 782

Share
Tweet
Share
Share
powered by social2s

အဲဗာတန်ကို အနိုင်ရခဲ့တဲ့ပွဲက လီဗာပူးလ်အတွက် တကယ်လိုအပ်တယ်လို့ ကလောပ့်ပြော

By CNI
CNI
Category: Watch TV
Hits: 834

Share
Tweet
Share
Share
powered by social2s
ဝိန်းရွန်နီကို တွေ့ရစဉ်

ဆောက်သမ်တန် နည်းပြရာထူးကို ဝိန်းရွန်နီ စိတ်ဝင်စားနေ

By CNI
CNI
Category: အားကစား
Hits: 1282

CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄

ယူနိုက်တက် ကစားသမားဟောင်း ဝိန်းရွန်နီဟာ ပရီးမီးယားလိဂ်ကလပ် ဆောက်သမ်တန်အသင်းရဲ့ နည်းပြ ရာထူးကို စိတ်ဝင်စားနေပြီး အင်္ဂလိပ်ဘောလုံးလောကကို ပြန်လာချင်နေတယ်လို့ သိရပါတယ်။

အသက် ၃၇ နှစ်အရွယ်ရှိ ဝိန်းရွန်နီဟာ မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက် အသင်းကို ကိုင်တွယ်နေတာဖြစ်ပြီး ရာသီကြို လေ့ကျင့်ပြင်ဆင်မှုတွေ ပြုလုပ်နေတာပါ။

ဝိန်းရွန်နီဟာ မေဂျာလိဂ် ကလပ်အသင်းကို မကိုင်တွယ်ခင် ဒါဘီအသင်းကို ကိုင်တွယ်ခဲ့ပြီး အသင်းပိုင်ရှင် အခြေအနေတွေကြောင့် ထွက်ခဲ့တာ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ အင်္ဂလန် ကစားသမားဟောင်းဟာ နည်းပြသစ် ရှာဖွေနေတဲ့ ဆောက်သမ်တန်အသင်း နည်းပြရာထူးကို စိတ်ဝင်စားနေတာပါ။

ဆောက်သမ်တန်အသင်းဟာ ပရီးမီးယားလိဂ်မှာ ရလဒ်တွေဆိုးနေပြီး အမှတ်ပေးဇယား အောက်ဆုံး နေရာမှာ ရပ်တည်နေတာကြောင့် နည်းပြဖြစ်သူ နသန်ဂျုံးစ်ကို ခန့်အပ်ပြီး ၃ လအကြာမှာ နည်းပြရာထူးကနေ ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။

 

ဆောက်သမ်တန်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပွဲမှာ ၁၀ ယောက်တည်းနဲ့ ကစားခဲ့တဲ့ ဝုလ်ဗ်စ်အသင်းကို အရေးနိမ့်ပြီးနောက် နည်းပြ အပြောင်းအလဲ ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

လက်ရှိ အချိန်မှာတော့ ဝိန်းရွန်နီဟာ ဒီရာထူးကို ရယူဖို့ စိတ်ဝင်စားနေတယ်လို့ talkSPORT က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ဆောက်သမ်တန် အသင်းနည်းပြ ရာထူးအတွက် ဝိန်းရွန်နီရဲ့ အင်္ဂလန် အသင်းဖော်ဟောင်းတွေ ဖြစ်တဲ့ လမ်းပတ်နဲ့ ဂျရတ်တို့လည်း စိတ်ဝင်စားနေတာပါ။

သူတို့နှစ်ဦးဟာ အဲဗာတန်၊ အက်စတွန်ဗီလာ အသင်းနည်းပြ ရာထူးကနေ ထုတ်ပယ်ခံရပြီး အသင်းလက်မဲ့ ဖြစ်နေခဲ့ပါတယ်။

ဒါ့အပြင် လိဒ်စ်အသင်းကနေ ထုတ်ပယ်ခံထားရတဲ့ ဂျက်ဆီမာ့ချ် အပါအဝင် ပရီးမီးယားလိဂ် နည်းပြဟောင်းတွေ ဖြစ်တဲ့ ပိုချက်တီနို၊ ဆမ်အလာဒိုက်စ်၊ နူနိုဆန်းတို့စ်တို့လည်း ရေပန်းစားနေတဲ့ နည်းပြစာရင်းထဲမှာ ပါဝင်ခဲ့တာပါ။

နည်းပြသစ်ကတော့ ဆောက်သမ်တန် အသင်းကို တန်းဆင်းဇုန်က လွတ်မြောက်ပြီး ပရီးမီးယားလိဂ်မှာ ဆက်လက် ရပ်တည်နိုင်အောင် ဦးစားပေး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ဆောက်သမ်တန် အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ချယ်လ်ဆီးအသင်းနဲ့ အဝေးကွင်း ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: The Sun‌

 

 

 

 

Share
Tweet
Share
Share
powered by social2s

အခုပုံစံကို ကျေနပ်မနေဘဲ ဆက်ကြိုးစားဖို့ ရက်ရှ်ဖို့ဒ်ကို အဲရစ်တန်ဟတ်ပြော

By CNI
CNI
Category: Watch TV
Hits: 743

Share
Tweet
Share
Share
powered by social2s

အာဆင်နယ်နဲ့ ပရီးမီးယားလိဂ်ပွဲကို ဟာလန်း ပါဝင်ဖို့မသေချာ

By CNI
CNI
Category: Watch TV
Hits: 897

Share
Tweet
Share
Share
powered by social2s
ဂီရော့ဒ်ကိုတွေ့ရစဉ်

ဗာရန်းနဲ့ ဘန်ဇီမာလို ပြင်သစ်ကနေ အနားယူမှာ မဟုတ်သေးဘူးလို့ ဂီရော့ဒ်ပြော

By CNI
CNI
Category: အားကစား
Hits: 1032

CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃

ပြင်သစ်လက်ရွေးစင်အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမားဖြစ်တဲ့ တိုက်စစ်မှူး ဂီရော့ဒ်က သူဟာ ဗာရန်းနဲ့ ဘန်ဇီမာ တို့လိုမျိုး နိုင်ငံအသင်းကနေ အနားယူမှာ မဟုတ်သေးဘူးလို့ ပြောလိုက်ပါတယ်။

ဂီရော့ဒ်က “ပြင်သစ်ကနေ အနားယူမှာ မဟုတ်သေးပါဘူး။ စိတ်ခံစားမှုတွေနဲ့ လာစရာတွေ ရှိလာဦးမယ်လို့ မျှော်လင့်ပါတယ်။ ကျနော့် နှလုံးသားနဲ့ နီးစပ်တဲ့ အပြာရောင်ဂျာစီကို ချွတ်ဖို့နဲ့ ဖိနပ်တွေကို ချိတ်ထားဖို့ အဆင်သင့် မဖြစ်သေးပါဘူး။ ဆက်သွားဖို့ စိတ်အားထက်သန်မှုရှိပြီး ကောင်းမွန်တယ်လို့ ခံစားရပါတယ်။ လက်ရှိ အချိန်မှာတော့ ကျနော်ဟာ ပြင်သစ် ကစားသမားတစ်ဦးအဖြစ် ရွေးချယ်ခံထားရဆဲပါ”လို့ France 2 ကို ပြောခဲ့ တာပါ။

ဝါရင့်ရှေ့တန်း ကစားသမားဟာ ပြင်သစ်အတွက် ၁၂၀ ပွဲ ကစားထားပြီး စံချိန်တင် ၅၆ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။

ဂီရော့ဒ်ဟာ အသက် ၃၆ နှစ် အရွယ်ရှိပြီ ဖြစ်ပေမယ့် အေစီမီလန် အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ရည် တွေကို ပြသထားပြီး လက်ရွေးစင် အသင်းအတွက်လည်း ဆက်ကစားနိုင်ဖို့ မျှော်လင့်နေတာပါ။

ဘန်ဇီမာနဲ့ ဂီရော့ဒ်ကိုတွေ့ရစဉ်

အာဆင်နယ်နဲ့ ချယ်လ်ဆီးအသင်း တိုက်စစ်မှူးဟောင်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အွန်နရီရဲ့ စံချိန်ကို ချိုးဖျက်ပြီး လက်ရွေးစင်အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။

မကြာသေးခင်က ပြင်သစ်အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ဘန်ဇီမာ၊ လိုရစ်နဲ့ ဗာရန်းတို့ဟာ လက်ရွေး စင် ကစားသမားဘဝက အနားယူခဲ့တာကြောင့် ဂီရော့ဒ်လည်း သူတို့နောက်ကို လိုက်နိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။

ဒါပေမယ့် ဂီရော့ဒ်ကတော့ ဒါကို ငြင်းပယ်ပြီး နိုင်ငံအသင်းအတွက် ဆက်ပြီး ကစားပေးမယ်လို့ ပြောခဲ့တာ ဖြစ်ပါ တယ်။ ဂီရော့ဒ်ဟာ ပြင်သစ်အသင်းနဲ့ ၂၀၁၈ ကမ္ဘာ့ဖလား ရယူထားနိုင်ပြီး ပြီးခဲ့တဲ့ ပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲအထိ တက်နိုင်ခဲ့တာပါ။

ပြင်သစ်အသင်းဟာ လာမယ့် ယူရို ၂၀၂၄ ခြေစစ်ပွဲအဖြစ် နယ်သာလန်၊ အိုင်ယာလန်၊ ဂရိ၊ ဂျီဘရောလ်တာတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး မတ်လ ၂၄ ရက်မှာ နယ်သာလန်၊ ၂၇ ရက်မှာ အိုင်ယာလန်တို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Goal

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဟာလန်းနဲ့ ဂွာဒီယိုလာကို တွေ့ရစဉ်

အာဆင်နယ်နဲ့ ပရီးမီးယားလိဂ်ပွဲကို ဟာလန်း ပါဝင်ဖို့မသေချာ

By CNI
CNI
Category: အားကစား
Hits: 1093

CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃

အက်စတွန်ဗီလာ အသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဒဏ်ရာရရှိသွားခဲ့တဲ့ တိုက်စစ်မှူး ဟာလန်းဟာ ပရီးမီးယားလိဂ် ထိပ်ဆုံးနေရာအတွက် အာဆင်နယ်နဲ့ ယှဉ်ပြိုင်ရမယ့်ပွဲစဉ်မှာ ပါဝင်ဖို့ မသေချာဘူးလို့ သိရပါတယ်။

ဂွာဒီယိုလာက “ဟာလန်းကိုကြည့်ရတာ အဆင်မပြေသလို ခံစားရပါတယ်။ ပထမပိုင်းမှာ ကျနော် ဆရာဝန်တွေနဲ့ စကားပြောခဲ့ပါတယ်။ သူတို့ကတော့ ကျနော်တို့ဟာ ဂိုးတွေရပြီးသားဖြစ်လို့ ဟာလန်းကို အရဲစွန့်ပြီး မသုံးစေချင်ဘူး။ ဒါကို ကျနော် သဘောတူပါတယ်။ သူဒဏ်ရာ ရသွားတယ်လို့တော့ ကျနော်မထင်ပါဘူး။ တနင်္လာနေ့ ကျရင်တော့ ဒါကို ကျနော်တို့ မြင်တွေ့ရမှာပါ။ သူအဆင်သင့် မဖြစ်သေးရင် ဒါမှမဟုတ် အန္တရာယ်ရှိနိုင်တဲ့ အခြေအနေမှာ ဆိုရင်တော့ ကစားနိုင်မှာ မဟုတ်ပါဘူး။ ကျနော်ကတော့ ဗုဒ္ဓဟူးနေ့ပွဲစဉ်မှာ သူပါဝင်နိုင်ဖို့ မျှော်လင့်တယ်”လို့ ပြောခဲ့တာပါ။

ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ မန်စီးတီးအသင်းအတွက် ၂၅ ဂိုး သွင်းယူထားတဲ့ တိုက်စစ်မှူး ဟာလန်းဟာ ဒီပွဲစဉ်ရဲ့ ပထမပိုင်းအပြီးမှာ လူစားလဲခဲ့ရတာ ဖြစ်ပါတယ်။

နော်ဝေ တိုက်စစ်မှူးဟာ အခုနှစ်အတွင်း ကစားခဲ့တဲ့ နောက်ဆုံး အဝေးကွင်း ၄ ပွဲမှာ ဂိုးသွင်းနိုင်ခဲ့ခြင်း မရှိတာ ကြောင့် အဝေးကွင်း ဂိုးပေါက်ပျောက်ဆုံးမှု ၂၆၁ မိနစ်အထိ ရှိလာခဲ့တာပါ။ ဟာလန်းဟာ အက်စတွန်ဗီလာ အသင်းနဲ့ ပွဲမှာဆိုရင် ဂိုးပေါက်ကန်သွင်းမှု ၁ ကြိမ်သာ ပြုလုပ်နိုင်ခဲ့တယ်လို့ အချက်အလက်တွေအရ သိရပါတယ်။

ဟာလန်းကိုတွေ့ရစဉ်

ဒါပေမယ့် မန်စီးတီးအသင်းဟာ ဒီနိုင်ပွဲကြောင့် ထိပ်ဆုံးနေရာက အာဆင်နယ်အသင်းနဲ့ ၃ မှတ်သာ ကွာဟတော့ ပြီး ကြားရက်မှာ ကစားမယ့်ပွဲမှာ အနိုင်ရခဲ့ရင် အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို တက်လှမ်းနိုင်မှာပါ။

အာဆင်နယ်အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲမှာ ရမှတ် ၁ မှတ်သာ ရယူနိုင်ခဲ့တာကြောင့် အမှတ် ကွာဟမှုတွေ ကျဉ်းမြောင်း လာခဲ့တာ ဖြစ်ပါတယ်။

ဂွာဒီယိုလာက “ကျနော်တို့ အထက်မှာရှိနေတဲ့ အသင်းက အမှတ်တွေ လျော့ကျသွားတာကြောင့် ဒီအခွင့်အရေးကို အရယူပြီးနောက်ဆုံးမှာ ကွာဟချက်ကို နီးစပ်အောင်လုပ်ဖို့ လိုအပ်ပါတယ်။ သူတို့က တစ်ပွဲလျော့ ကစားထားတာ ကြောင့် ဒီကွာဟချက်ကို ကျနော်သိပါတယ်။ ဒါက ကျနော်တို့ဟာ သူတို့အနောက်မှာ ၆ မှတ် ကွာဟနေတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ဟာ ကြိုးစားပြီးကစားဖို့ လန်ဒန်ကို သွားရမှာပါ။ အနိုင်ရဖို့ဆိုတာ မသေချာပေ မယ့် အာရုံမစိုက်ရင် ဘာမှဖြစ်မှာ မဟုတ်ဘူး”လို့ ပြောခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ အာဆင်နယ်အသင်းနဲ့ ပွဲပြီးရင် နော်တင်ဟမ်ဖောရက်စ် အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲ ဆက်လက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s

EPL ပြိုင်ဘက်တွေကို သတိထားဖို့ ဂွာဒီယိုလာ သတိပေး

By CNI
CNI
Category: Watch TV
Hits: 801

Share
Tweet
Share
Share
powered by social2s

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်နဲ့ ဂရင်းဝုဒ်တို့ ဆွေးနွေး

By CNI
CNI
Category: Watch TV
Hits: 767

Share
Tweet
Share
Share
powered by social2s
ရော်နယ်ဒိုနဲ့ ရူဒီဂါစီယာကိုတွေ့ရစဉ်

ရော်နယ်ဒိုကို အယ်လ်နာဆာနည်းပြ ရူဒီဂါစီယာချီးကျူး

By CNI
CNI
Category: အားကစား
Hits: 1179

CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁

အယ်လ်နာဆာ အသင်းနည်းပြ ရူဒီဂါစီယာက အယ်လ်ဝါဒါနဲ့ပွဲမှာ ခြေစွမ်းပြ ဂိုးတွေ သွင်းယူနိုင်ခဲ့တဲ့ ရော်နယ်ဒိုရဲ့ အသင်းနဲ့ ပေါင်းစည်းမှုကို ချီးကျူးလိုက်ပြီး ဝေဖန်မှုတွေကို ပြန်ပြီးရုပ်သိမ်းလိုက်တာ ဖြစ်ပါတယ်။

ရူဒီဂါစီယာက “ရော်နယ်ဒိုဟာ သူ့ရဲ့အသင်းဖော်တွေနဲ့ စည်းလုံးညီညွတ်မှုရဲ့ ကောင်းမွန်တဲ့ အဆင့်ကို ရောက်ရှိ နေပါပြီ။ အချိန်ကြာလာတာနဲ့အမျှ သူ့ရဲ့အသင်းဖော်တွေက သူဘယ်အရာကို လိုချင်တာလဲ၊ ဘယ်အချိန်မှာ ဂိုး သွင်းနိုင်လဲ ဆိုတာကို သိလာခဲ့ပါတယ်။ ၄ ဂိုး သွင်းနိုင်ခဲ့လို့ သူ့အတွက် ကောင်းမွန်တဲ့ည ဖြစ်မယ်လို့ ကျနော် ထင် ကြောင်း”သတင်းထောက်တွေကို ပြောခဲ့တာပါ။

ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းက အယ်လ်ဝါဒါအသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲမှာ ၄ ဂိုးစလုံး သွင်းယူ ခဲ့ပြီး ကစားသမားဘ၀ လိဂ်သွင်းဂိုး ၅၀၀ ကျော် သွားခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ဒီသွင်းဂိုးတွေကြောင့် အယ်လ်နာဆာ အသင်းအတွက် ၄ ပွဲ ကစားအပြီးမှာ ၅ ဂိုးအထိ သွင်းယူ နိုင်ခဲ့တာပါ။ အယ်လ်နာဆာနည်းပြ ရူဒီဂါစီယာဟာ ဒီပွဲတွေ မတိုင်ခင် အယ်လ်အစ်တီဟတ် အသင်းကို အရေး နိမ့်ခဲ့တဲ့ ဆော်ဒီစူပါဖလားပွဲစဉ်မှာ အပိုင်အခွင့်အရေး လွဲချော်ခဲ့တဲ့ ရော်နယ်ဒိုကို ဝေဖန်မှုပြုလုပ်ခဲ့တာပါ။

 ရော်နယ်ဒိုနဲ့ ရူဒီဂါစီယာကိုတွေ့ရစဉ်

ရူဒီဂါစီယာက “ကစားသမားတွေ အနေနဲ့ ပုံမှန်အတိုင်း ကစားဖို့ အရေးကြီးပါတယ်။ ရော်နယ်ဒိုဆီ ဘောလုံး အမြဲတမ်း ပေးပို့ဖို့ မကြိုးစားပါနဲ့”လို့ ပြောခဲ့တာပါ။

အဲ့ဒီအချိန်တုန်းက ရော်နယ်ဒိုဟာ ဆော်ဒီကလပ်အတွက် ဂိုးမသွင်းနိုင်သေးတာဖြစ်ပြီး အခုအချိန်မှာ စူပါ ဟတ်ထရစ် သွင်းယူနိုင်ခဲ့တာကြောင့် နည်းပြဖြစ်သူဟာ စကားကို ပြန်ပြောင်းပြီး ပြောဆိုသွားခဲ့တာလို့ သတင်းမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

အယ်လ်နာဆာအသင်းဟာ အယ်လ်ဝါဒါအသင်းကို အနိုင်ရခဲ့တာကြောင့် ဒုတိယနေရာမှာရှိတဲ့ အယ်လ်အစ်တီ ဟတ် အသင်းနဲ့ ရမှတ်တူ ဂိုးကွာခြားချက် အသာရရှိကာ ဆော်ဒီပရိုလိဂ် အမှတ်ပေးဇယားကို ဦးဆောင် နေတာပါ။

အယ်လ်နာဆာအသင်းဟာ လာမယ့် သောကြာနေ့မှာ ဆော်ဒီပရိုလိဂ် ပွဲစဉ်အဖြစ် အယ်လ်တာဝေါင်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Goal

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဂရင်းဝုဒ်နဲ့ အဲရစ်တန်ဟတ်ကိုတွေ့ရစဉ်

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်နဲ့ ဂရင်းဝုဒ်တို့ ဆွေးနွေး

By CNI
CNI
Category: အားကစား
Hits: 1662

CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁

ဂရင်းဝုဒ်ဟာ စွဲချက်တင်ခံထားရတဲ့ အမှုတွေ ရုပ်သိမ်းခံရပြီးနောက် ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်နဲ့ ပထမဆုံး ဆွေးနွေးမှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

ယူနိုက်တက်ကြယ်ပွင့် ကစားသမားဟာ ဆိုရှယ်မီဒီယာပေါ်မှာ ဓါတ်ပုံတွေနဲ့ ဗွီဒီယို အတင်ခံရပြီးနောက် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှာ ဖမ်းဆီးခံခဲ့ရတာပါ။

ယူနိုက်တက် အသင်းကတော့ အဲ့ဒီအချိန်ကတည်းက ဂရင်းဝုဒ်ကို လစာအပြည့်အဝ ပေးချေပြီး ဆိုင်းငံ့ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဂရင်းဝုဒ်ဟာ မကြာသေးခင် ရက်သတ္တပတ်ကမှ စွဲဆိုချက်တွေကို ရုပ်သိမ်းပေးတာ ခံခဲ့ရပေမယ့် ယူနိုက်တက် အသင်းအတွက် ပါဝင်ကစားခွင့် မရသေးပါဘူး။

ယူနိုက်တက်အသင်းကတော့ ကစားသမားကို ကိုယ်ပိုင်စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး လုပ်ငန်းစဉ်တွေ မပြီးဆုံးခင်အချိန်အထိ ဘာမှတ်ချက်မှ ပေးမှာမဟုတ်ဘူးလို့ ပြောထားခဲ့တာပါ။

ဒီလိုအချိန်မှာ နည်းပြ အဲရစ်တန်ဟတ်ဟာ ဂရင်းဝုဒ်ထံ ဆက်သွယ်ခဲ့ပြီး ကစားသမားရဲ့ အခြေအနေကို မေးမြန်းခဲ့ သလို စွဲချက်တွေ ရုပ်သိမ်းခံလိုက်ရတဲ့အတွက်လည်း ကျေနပ်ကြောင်း ပြောခဲ့တယ်လို့ The Sun က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ဂရင်းဝုဒ်ကိုတွေ့ရစဉ်

သတင်းရင်းမြစ် တစ်ခုက “မေဆန်ဟာ ကလပ်အသင်းဆီကနေ ဆက်သွယ်မှု အနည်းငယ်သာ ခံခဲ့ရတာပါ။ သူ့ကို အသင်းဘက်က ဆက်သွယ်တဲ့ အချိန်မှာလည်း တိုက်ရိုက်မဟုတ်သလို ကြားခံ အဖွဲ့အစည်းတွေကနေ တစ်ဆင့် သာ ဆက်သွယ်ခဲ့တာပါ။ ဒါကြောင့် နည်းပြက သူ့ကို ဖုန်းခေါ်ဆိုတာဟာ ကစားသမားအတွက် ကြီးမားတဲ့ ခြေလှမ်းဖြစ်ပြီး တန်ဖိုးထားခံရတယ်လို့ ခံစားနေရပါတယ်။ နည်းပြက သူ့ရဲ့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက် တွေကို မေးခဲ့ပြီး စွဲချက်တွေ ရုပ်သိမ်းလိုက်တဲ့အတွက် ကျေနပ်ကြောင်း ပြောခဲ့ပါတယ်။ နည်းပြဘက်ကလည်း မေဆန်နဲ့ ဆက်သွယ်တာက မှန်ကန်တဲ့ လုပ်ရပ်လို့ထင်နေကြောင်း” The Sun ကို ပြောခဲ့ပါတယ်။

အဲရစ်တန်ဟတ်ဟာ ယူနိုက်တက်အသင်းကို စတင် ကိုင်တွယ်ကတည်းက ကြီးကြီးမားမား အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး အသင်းခေါင်းဆောင် မက်ဂွဲယားကို အရန်ခုံပေါ်ပို့ကာ ရော်နယ်ဒိုရဲ့ စာချုပ်ကို နှစ်ဦးသဘောတူ ဖျက်သိမ်းဖို့အထိ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဂရင်းဝုဒ် အသင်းထံ ပြန်လာခြင်း ရှိ၊မရှိကတော့ ကလပ်ရဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ အဲရစ်တန်ဟတ် က ကစားသမားကို ရှင်းပြထားတာ ဖြစ်ပါတယ်။

ဂရင်းဝုဒ်ကတော့ သူ ၆ နှစ်သား အရွယ်ထဲက ရှိခဲ့တဲ့ ယူနိုက်တက်မှာ ဆက်ပြီး ကစားချင်နေတာဖြစ်ပြီး မကြာသေးခင်ကဆိုရင် အင်စတာဂရမ်မှာရှိတဲ့ ပို့စ်တွေ အားလုံးကိုဖျက်ကာ ယူနိုက်တက်အသင်းနဲ့ သက်ဆိုင်တဲ့ အရာတွေကိုပဲ ထားရှိခဲ့တာပါ။

မန်ချက်စတာကလပ်ကသာ စာချုပ်ဖျက်သိမ်းခဲ့ရင် ဂရင်းဝုဒ်ဟာ တရုတ်ကိုသွားပြီး သူ့ရဲ့ကစားသမားဘဝကို ပြန်ပြီး စတင်နိုင်ဖို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။

Source: Daily Mail

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဂွာဒီယိုလာနဲ့ ကလော့ပ်ကိုတွေ့ရစဉ်

EPL ပြိုင်ဘက်တွေကို သတိထားဖို့ ဂွာဒီယိုလာ သတိပေး

By CNI
CNI
Category: အားကစား
Hits: 1399

CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁

မန်စီးတီးအသင်းကို ဘဏ္ဍာရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ပရီးမီးယားလိဂ်က စွဲချက် ၁၀၀ ကျော်နဲ့ စွဲချက် တင်ပြီးနောက် နည်းပြဂွာဒီယိုလာက ပြိုင်ဘက်အသင်းတွေ အနေနဲ့ သတိထားကြဖို့ သတိပေးခဲ့တာ ဖြစ်ပါတယ်။

ဂွာဒီယိုလာက “အခြားပရီးမီးယားလိဂ် ၁၉ သင်းအနေနဲ့ စံနမူနာယူထားပြီး လောက်ပါပြီ။ ကျနော်တို့မှာ အပြစ်မရှိ သလိုဘဲ စွပ်စွဲခံရတဲ့ ကလပ်တွေ အများကြီး ရှိတာကြောင့် အနာဂတ်မှာ သတိထားကြပါ။ အနာဂတ်မှာ ဘာဖြစ်မ လဲဆိုတာကို ဘယ်သူကမှသိမှာ မဟုတ်ပါဘူး။ သူတို့က ကျနော်တို့ မှန်ကန်စွာ မလုပ်ဘူးလို့ ယုံကြည်နေကြပါ တယ်။ ဒါကို ကျနော် လက်ခံပါတယ်။ ဒါပေမယ့် ကျနော်တို့ မှန်ကန်တယ်လို့ ယုံကြည်ရင် ဝိုင်းပြီး ခုခံကာကွယ်ဖို့ လိုပါတယ်။ ကျနော်တို့ဟာ ယူအီးအက်ဖ်အေမှာလည်း ဖြစ်ခဲ့သလို၊ ဒီနေ့မှာလည်း ဖြစ်ခဲ့ပါတယ်။ ဒါကို ကျနော်တို့ မသင်ယူနိုင်သေးပါဘူး”လို့ ပြောခဲ့တာပါ။

မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်တယ်လို့ စွပ်စွဲခံထားရပြီး ၁၄ နှစ်တာ ကာလအတွင်းမှာ စွဲချက်ပေါင်း ၁၁၅ ခုအထိ ရှိခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ၂၀၂၀ တုန်းကလည်း ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်ခဲ့တယ်ဆိုပြီး ယူအီးအက်ဖ်အေ ပြိုင်ပွဲ တွေမှာ ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံခဲ့ရသလို ဒဏ်ကြေး ပေါင် ၂၅ သန်း ချမှတ်ခံခဲ့ရတာပါ။

ဒါပေမယ့် အယူခံဝင်ပြီးနောက် ဒီပိတ်ပင်မှုကို ဖယ်ရှားခဲ့သလို ဒဏ်ကြေးငွေကိုလည်း ပေါင် ၁၀ သန်းအထိ လျှော့ချခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းကိုတွေ့ရစဉ်

ပရီးမီးယားလိဂ်ကတော့ မန်စီးတီးအသင်း အနေနဲ့ ပြစ်မှုထင်ရှားခဲ့မယ်ဆိုရင် ရမှတ်လျှော့တာ၊ ဒဏ်ကြေးငွေ ချမှတ်တာနဲ့ တန်းဆင်းဖို့အထိ ပြစ်ဒဏ်ချမှတ်ဖို့ ရှိနေခဲ့တာပါ။

ဒါပေမယ့် ဂွာဒီယိုလာကတော့ သူတို့အသင်းဟာ အပြစ်မရှိကြောင်း ပြောခဲ့ပြီး အခြား ၁၉ သင်းရဲ့ လွှမ်းမိုးမှု ကြောင့်သာ အခုလို စွဲချက်တင်ခံရတာလို့ ယုံကြည်နေတာ ဖြစ်ပါတယ်။ စပိန်လူမျိုးနည်းပြက သူတို့မှာ အပြစ် မရှိကြောင်း တွေ့ရမယ်ဆိုရင် ပြန်ပြီး လက်စားချေ သင့်တယ်လို့လည်း ခံစားနေရတာပါ။

ဂွာဒီယိုလာက “အပြစ်ရှိကြောင်း သက်သေမပြမချင်း လူတိုင်းအပြစ်ကင်းတဲ့ အံ့မခန်းနိုင်ငံ တစ်ခုမှာ နေရတာ ကောင်းပါတယ်။ ကျနော်တို့ကတော့ ဒီလိုအခွင့်အရေး မရခဲ့လို့ ပြစ်ဒဏ် ချမှတ်ခံရပါတယ်။ ဘာတွေဖြစ်မလဲ ဆိုတာတော့ ကျနော်မသိပါဘူး။ ယူအီးအက်ဖ်အေမှာ လုပ်သလို ကာကွယ်ခွင့်ရမယ့် အခွင့်အရေးရှိရင် ဒီနေရာမှာ ကျနော်ပျော်ရွှင်နေမှာပါ။ အသင်း ၁၉ သင်းက ထောက်ခံနေတဲ့ ပရီးမီးယားလိဂ် အနေနဲ့ သူတို့ရဲ့ ရပ်တည်မှုကို ကာကွယ်ဖို့ ရှေ့နေကောင်းတွေ ယူရမယ်လို့ထင်ကြောင်း”ပြောခဲ့ပါတယ်။

ဒါ့အပြင် ဂွာဒီယိုလာက သူဟာ မန်စီးတီးအသင်းကနေ ထွက်ခွာသွားမှာ မဟုတ်ဘူးလို့ ကတိပေးခဲ့တာပါ။ မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် တနင်္ဂနွေနေ့မှာ အက်စတွန်ဗီလာ အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Metro

 

 

 

 

Share
Tweet
Share
Share
powered by social2s

အယ်လ်နာဆာအတွက် ၄ ဂိုးသွင်းပြီး လိဂ်သွင်းဂိုး ၅၀၀ ကျော်သွားခဲ့တဲ့ ရော်နယ်ဒို

By CNI
CNI
Category: Watch TV
Hits: 802

Share
Tweet
Share
Share
powered by social2s

ရော်နယ်ဒိုဆီက နေ့တိုင်းသင်ယူရလို့ အယ်လ်နာဆာအသင်း အကျိုးရှိလာ

By CNI
CNI
Category: Watch TV
Hits: 781

Share
Tweet
Share
Share
powered by social2s
ယူနိုက်တက်၊ ဂလေဇာညီအစ်ကိုနဲ့ ကာတာလုပ်ငန်းစုကိုတွေ့ရစဉ်

ယူနိုက်တက်ကိုဝယ်ဖို့ ရက်ပိုင်းအတွင်း ကာတာလုပ်ငန်းစု ကမ်းလှမ်းဖို့ရှိ

By CNI
CNI
Category: အားကစား
Hits: 1133


CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၈

ကာတာရင်းနှီးမြှုပ်နှံသူ လုပ်ငန်းစုဟာ လာမယ့် ရက်ပိုင်းအတွင်းမှာ ယူနိုက်တက်အသင်းကို ဝယ်ယူဖို့အတွက် ကမ်းလှမ်းမှု ပြုလုပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ယူနိုက်တက် အသင်းပိုင်ရှင် ဂလေဇာ မိသားစုဟာ အလားအလာရှိတဲ့ ဝယ်ယူမယ့် သူတိုင်းကို ဖေဖော်ဝါရီလလယ် နောက်ဆုံးထားပြီး ကမ်းလှမ်းမှု ပြုလုပ်ဖို့ ရက်သတ်မှတ်ထားတာပါ။

ကာတာလုပ်ငန်းစုဟာ ယူနိုက်တက်ကို ဝယ်ယူနိုင်ဖို့အတွက် ယုံကြည်မှု အပြည့်ရှိနေတယ်လို့ ဒေးလီးမေးလ်က ဖော်ပြထားပါတယ်။

ဝယ်ယူဖို့အတွက် သဘောတူညီမှု ရနိုင်ခဲ့မယ်ဆိုရင် ယူနိုက်တက်အသင်းကို အင်္ဂလိပ်ဘောလုံးလောက ထိပ်ဆုံး ပိုင်း ပြန်တက်နိုင်ဖို့ နည်းပြအဲရစ်တန်ဟတ်ကို ကြီးမားတဲ့ ငွေကြေး ထောက်ပံ့မှုတွေပေးဖို့ ရှိနေတာပါ။

ယူနိုက်တက်အသင်းဟာ ကလပ်ကို ဝယ်ယူဖို့အတွက် ပေါင် ၆ ဘီလီယံကျော် ဈေးသတ်မှတ်ထားပြီး ဝယ်ယူတဲ့ သူတိုင်းဟာ အိုးထရက်ဖို့ဒ်ကို ပြန်လည် တည်ဆောက်မယ့် အစီအစဉ်အတွက် ပေါင် ၂ ဘီလီယံထက်ပြီး ကုန်ကျ ဦးမှာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းကိုတွေ့ရစဉ်

ကာတာရင်းနှီးမြှပ်နှံသူ လုပ်ငန်းစုကတော့ တစ်စိတ်တစ်ပိုင်း အစုရှယ်ယာကို စိတ်ဝင်စားမှု မရှိဘဲ အလုံးစုံ ပိုင်ဆိုင် လို နေတာပါ။ ကာတာလုပ်ငန်းစု အနေနဲ့ ယူနိုက်တက်ကို ဝယ်ယူဖို့ လုပ်ဆောင်နေတဲ့ ဗြိတိန် အချမ်းသာဆုံး ပုဂ္ဂိုလ် ဆာဂျင်မ်ရက်ကလစ်ဖ်နဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။

ရက်ကလစ်ဖ်ဟာ ယူနိုက်တက်အသင်းရဲ့ အမာခံပရိသတ် တစ်ဦးဖြစ်ပြီး ပြင်သစ်ကလပ် နိုက်စ်အသင်းကိုလည်း ပိုင်ဆိုင်ထားပါတယ်။

ဒါပေမယ့် ဝယ်ယူမယ့် သူတွေဟာ ပရီးမီးယားလိဂ်ရဲ့ ခွင့်ပြုချက် လိုအပ်မှာဖြစ်ပြီး ကာတာရဲ့ လူ့အခွင့်အရေး မှတ်တမ်းတွေကြောင့် တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်ရဖို့တော့ ရှိနေပါတယ်။

ကာတာနိုင်ငံကသာ ယူနိုက်တက်ကို ဝယ်ယူနိုင်ခဲ့မယ်ဆိုရင် မန်ချက်စတာ ကလပ်ဟာ ဥရောပရဲ့ အချမ်းသာဆုံး အသင်းတွေထဲက တစ်သင်းဖြစ်လာမှာဖြစ်ပြီး ပြောင်းရွှေ့ကြေး အများအပြားလည်း ရရှိလာမှာပါ။

ယူနိုက်တက်အသင်းဟာ အသင်းကို ဝယ်ယူဖို့ တရားဝင် ကမ်းလှမ်းမှုတွေကို ဖေဖော်ဝါရီလထဲ အပြီးသတ် လုပ်ဆောင်မှာဖြစ်ပြီး နောက်လမှာတော့ ပိုင်ရှင်သစ်တွေထံ လွှဲပြောင်းပေးသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

Source: Goal

 

 

 

 

Share
Tweet
Share
Share
powered by social2s

တူရကီငလျင်ကြောင့် ပိတ်မိနေတဲ့ အက်ဆုကို အသက်ရှင်လျက် ပြန်လည်တွေ့ရှိ

By CNI
CNI
Category: သဘာဝပတ်ဝန်းကျင်
Hits: 5463

CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၇

တူရကီနဲ့ ဆီးရီးယားတို့မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်နှစ်ခုအပြီးမှာ နယူးကာဆယ်အသင်း ကစားသမားဟောင်း အက်ဆုကို အပျက်အဆီးကြားထဲကနေ ဆွဲထုတ်ခဲ့ရပြီး အသက်ရှင်လျက်တွေ့ရှိရကာ ဆေးရုံမှာရောက်ရှိနေတယ် လို့ ပေါ်တူဂီကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဒီလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် လူပေါင်း ၃,၈၀၀ ကျော် သေဆုံးပြီး ထောင်နဲ့ချီဒဏ်ရာတွေရရှိခဲ့တာပါ။ ဒီငလျင် ကြောင့် အဆောက်အဦတွေပြိုကျခဲ့ပြီး အက်ဆုဟာ ဒီအပျက်အဆီးကြားမှာ ပိတ်မိနေခဲ့တာ ဖြစ်ပါတယ်။ အဲဒါ ကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ စတင်ခဲ့ပြီး အောင်မြင်ခဲ့တယ်လို့ သိရတာပါ။ပေါ်တူဂီသတင်း A Bola က အက်ဆုကို ရှာဖွေတွေ့ရှိခဲ့ပြီး ညာဘက်ခြေဖဝါးမှာ ဒဏ်ရာရရှိကာ အသက်ရှူရခက်နေတာကြောင့် ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဖော်ပြထားတာဖြစ်ပါတယ်။

ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ ဆာဒစ်အဒမ်က သူဟာ အက်ဆုရဲ့ စီမံခန့်ခွဲမှုအဖွဲ့နဲ့ အဆက်အသွယ်ပြုလုပ်ခဲ့ပြီး ကစား သမား ဘေးအန္တရာယ်ကင်းရှင်းတယ်လို့ အတည်ပြုခဲ့တာပါ။ငလျင်လှုပ်ခတ်မှုကြောင့် ဒေသအနှံရှိမြို့ရွာတွေကို ပျက်ဆီးစေပြီး တူရကီတောင်ပိုင်းနဲ့ ဆီးရီးယားမြောက်ပိုင်းတို့မှာ သေဆုံးသူဦးရေဟာ ဆက်လက် မြင့်တက် နေတာဖြစ်ပါတယ်။ကနဦးငလျင်ဟာ ရစ်ချ်တာစကေး ၇.၈ နဲ့ ညတွင်းချင်းလှုပ်ခတ်ခဲ့ပြီး တနင်္လာနေ့ မွန်းလွဲပိုင်း ဒေသစံတော်ချိန် ၁၃ နာရီခွဲမှာ ဒုတိယအကြိမ် ထပ်မံလှုပ်ခတ်ခဲ့တာပါ။

အသက် ၃၁ နှစ်အရွယ်ရှိ အက်ဆုဟာ ၂၀၁၃ က ချယ်လ်ဆီးအသင်းထံ ရောက်ရှိလာခဲ့ပေမယ့် ပွဲမကစားခဲ့ရဘဲ အဲဗာတန်၊ နယူးကာဆယ်အသင်းတွေထံ အငှားချခံခဲ့ရပြီး နောက်ပိုင်းမှာ နယူးကာဆယ်အသင်းထံ အပြီးသတ် ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။အက်ဆုဟာ နယူးကာဆယ်အသင်းအတွက် ၁၀၇ ပွဲကစားခဲ့ပြီး ၈ ဂိုးသွင်းယူကာ ၂၀၂၁ မှာ ဆော်ဒီကလပ် အယ်လ်ရာဒ့်အသင်းထံ ပြောင်းရွှေ့ခဲ့ကာ အခုအချိန်မှာတော့ တူရကီကလပ် ဟာတေ စပေါ်အသင်းထံ ရောက်ရှိခဲ့တာပါ။
ဟာတေစပေါ်အသင်းက ကာဆင်မ်ပါဆာအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အက်ဆုဟာ အသင်းအတွက် တစ်လုံးတည်းသောဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပြီး နာရီပိုင်းအကြာမှာ ငလျင်အဖြစ်အပျက်ကို ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ငလျင်ဟာ ဟာတေစပေါ် အခြေစိုက်တဲ့ ကာရာမန်မာရက်စ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ ကစားသမားတချို့နဲ့ တာဝန်ရှိသူတွေ ပျောက်ဆုံးနေသေးတယ်လို့ သိရပါတယ်။

Source:DailyMail

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 8
  • 9
  • 10
  • 11
  • 12
  • 13
  • 14
  • 15
  • 16
  • 17

Page 13 of 82

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar