CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
ပီအက်စ်ဂျီအသင်း နောက်ခံလူဟာကီမီကိုတွေ့ရစဉ်

လိင်ပိုင်းဆိုင်ရာ စော်ကားမှု စွပ်စွဲချက်နဲ့ ဟာကီမီ စုံစမ်းစစ်ဆေးခံနေရ

By CNI
CNI
Category: အားကစား
Hits: 1207

CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈

ပြင်သစ်အစိုးရရှေ့နေတွေဟာ ဖေဖော်ဝါရီလ ၂၇ ရက်က ပီအက်စ်ဂျီအသင်း နောက်ခံလူ ဟာကီမီကို လိင်ပိုင်း ဆိုင်ရာ စော်ကားမှုစွဲချက်နဲ့ စုံစမ်းစစ်ဆေးမှု စတင်ခဲ့တယ်လို့ ဒီဖြစ်ရပ်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဟာကီမီဟာ ဖေဖော်ဝါရီလ ၂၅ ရက်က ပဲရစ် ဆင်ခြေဖုံး ရပ်ကွက်ရှိ သူ့ရဲ့နေအိမ်မှာ လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တယ်လို့ အသက် ၂၄ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက စွပ်စွဲခဲ့တာပါ။

Parisien သတင်းစာမှာ အဲဒီ အကြောင်းအရာကို အတည်ပြုခဲ့ပြီးနောက် အဲဒီအမျိုးသမီးဟာ တနင်္ဂနွေနေ့က ရဲစခန်းမှာ ဖြစ်စဉ်နဲ့ပတ်သက်ပြီး တိုင်ကြားခဲ့ပါတယ်။

ဒါပေမယ့် စွဲချက်တင်ခဲ့ခြင်းတော့ မရှိဘူးလို့ သတင်းရင်းမြစ်က ပြောပါတယ်။

ဒီအမှုကို ကိုင်တွယ်ဖြေရှင်းနေတဲ့ အစိုးရရှေ့နေရုံးကတော့ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပေမယ့် မီဒီယာမှာ “သတင်းအချက်အလက်များကို လူသိရှင်ကြား ထုတ်ပြန်ထားပြီးပြီဖြစ်ပါတယ်၊ အမှန်တရားကို သိရှိဖို့ လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို ထိခိုက်စေတယ်”လို့ AFP သတင်းဌာနကို ပြောခဲ့ပါတယ်။

မော်ရိုကိုအသင်းနဲ့အတူ ကစားနေတဲ့ ဟာကီမီကိုတွေ့ရစဉ်

ဟာကီမီဟာ တံကောက်ကြော ဒဏ်ရာကြောင့် ပီအက်စ်ဂျီအသင်း နောက်ဆုံး ကစားခဲ့တဲ့ လီဂူးဝမ်းပွဲစဉ် ၂ ပွဲမှာ မပါဝင်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် ပီအက်စ်ဂျီ နောက်ခံလူဟာ ပဲရစ်မှာ ကျင်းပခဲ့တဲ့ ဖီဖာ အကောင်းဆုံး ဆုပေးပွဲကို တက်ရောက်ခဲ့ပြီး FIFPro ရဲ့ အမျိုးသား အကောင်းဆုံးအသင်းမှာ ရွေးချယ်ခံခဲ့ရတာပါ။

ဟာကီမီဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မော်ရိုကို အသင်းနဲ့အတူ ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် အခုလို အကောင်းဆုံး အသင်းရဲ့ လူစာရင်းမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

မော်ရိုကို အသင်းဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်ထိ တက်လှမ်းနိုင်ခဲ့ပြီး စတုတ္တရရှိခဲ့တာပါ။

ကမ္ဘာ့ဖလားသမိုင်းမှာ မော်ရိုကိုအသင်းဟာ ဆီမီးဖိုင်နယ် တက်နိုင်တဲ့ ပထမဆုံး အာဖရိကအသင်းနဲ့ အာရပ် အသင်းအဖြစ် မှတ်တမ်း တင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Source: CNA

 

 

 

 

Share
Tweet
Share
Share
powered by social2s

နိုင်ဂျီးရီးယားတွင် မဲပေးသည့်နေ့ ကျော်လွန်သွားသည့်တိုင် မဲပေးမှုများရှိနေ

By CNI
CNI
Category: Watch TV
Hits: 1024

Share
Tweet
Share
Share
powered by social2s
ဖာဂူဆန်နဲ့ ရက်ရှ်ဖို့ဒ်ကိုတွေ့ရစဉ်

ရက်ရှ်ဖို့ဒ်ကို တိုက်စစ်မှူးတစ်ဦးလို့ မထင်ကြောင်း ဖာဂူဆန်ပြော

By CNI
CNI
Category: အားကစား
Hits: 1322

CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈

ယူနိုက်တက်အသင်းရဲ့ ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်က အသင်းအတွက် ခြေစွမ်းပြ ဂိုးသွင်းနေတဲ့ ရက်ရှ်ဖို့ဒ်ကို တိုက်စစ်မှူးတစ်ဦးလို့ မထင်ကြောင်းနဲ့ နွေရာသီမှာ တိုက်စစ်မှူးတစ်ဦး ခေါ်ယူဖို့ အကြံပေး သွားခဲ့ပါတယ်။

ဆာအဲလက်စ်ဖာဂူဆန်က “ရက်ရှ်ဖို့ဒ်ကို တိုက်စစ်မှူးတစ်ဦးလို့ မထင်ပါဘူး။ သူဟာ ဘယ်ဘက်ခြမ်း ကနေ အတွင်းထဲကို ဝင်တဲ့သူဖြစ်ပြီး သူဟာ တကယ်ကို ကောင်းပါတယ်။ သူ့ရဲ့ အဆုံးသတ်က အမြဲတမ်း ကောင်းမွန်နေ ပြီး၊ တိုက်စစ်မှူးတစ်ဦးအတွက် အလွန်အရေးပါတဲ့ ကန်သွင်းချက်တွေကို အမြဲထိန်းထားနိုင်ပါတယ်။ ကျနော်တို့ အတွက် ကံမကောင်းတာက သူ့ဟာ သွင်းဂိုးတွေရဲ့အဓိက အရင်းအမြစ်လို ဖြစ်နေတာပါ။ ကျနော်တို့ဟာ နောက်ထပ် တစ်ဦးနဲ့ လုပ်နိုင်ပေမယ့် သူကပဲ ဒါကို လုပ်ဆောင်နေတာပါ”လို့ Sky Sports ကို ပြောခဲ့တာ ဖြစ်ပါတယ်။

ဆာအဲလက်စ်ဖာဂူဆန်ဟာ ယူနိုက်တက်အသင်း အနိုင်ရခဲ့တဲ့ ကာရာဘောင်းဖလား ဗိုလ်လုပွဲကို လာရောက် ကြည့်ရှုခဲ့ပြီး ပွဲအပြီးမှာ ချန်ပီယံ ဖြစ်ခဲ့တဲ့အသင်းကို ဂုဏ်ပြုမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းနဲ့အတူ ပရီးမီးယားလိဂ် ၁၃ ကြိမ် အပါအဝင် ဆုဖလား အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့ တဲ့ ဂန္တဝင်နည်းပြဟာ အဲရစ်တန်ဟတ်ကို နည်းဗျူဟာအချို့ကို အကြံပေးခဲ့ပါတယ်။

နယူးကာဆယ်ဘက်ကို ရက်ရှ်ဖို့ဒ် ဂိုးသွင်းနေစဉ်

အင်္ဂလန်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ ဒီရာသီမှာ ယူနိုက်တက် အသင်းအတွက် ပြိုင်ပွဲစုံ ၂၅ ဂိုး သွင်းယူထားကာ အသင်းရဲ့ ထိပ်တန်း ဂိုးသွင်းရှင်အဖြစ် ရပ်တည်နေပါတယ်။

ဆာအဲလက်စ်ဖာဂူဆန်က အံ့မခန်းဖွယ် ဂိုးသွင်းပုံစံကို ပြသထားတဲ့ ရက်ရှ်ဖို့ဒ်ကို ချီးကျူးမှု ပြုလုပ်ခဲ့သလို သူ တစ်ဦးတည်း မဟုတ်ဘဲ နောက်ထပ် ကစားသမားတွေလည်း ဂိုးတွေ သွင်းဖို့ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။

ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ မာရှယ်ဟာ ဒဏ်ရာကြောင့် မကြာခဏဆိုသလို အနားယူ နေခဲ့ရတာပါ။

အဲဒါကြောင့် နည်းပြ အဲရစ်တန်ဟတ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွှေ့က ဘန်လေအသင်း တိုက်စစ်မှူး ဝက်ဂ်ဟော့စ်ကို ရာသီအကုန်ထိ အငှားနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာတော့ တိုက်စစ်မှူးအသစ် ခေါ်ယူသွားဖို့ ရှိနေပြီး စပါးအသင်း တိုက်စစ်မှူး ဟာရီကိန်း၊ နာပိုလီအသင်း တိုက်စစ်မှူး အိုဆင်ဟမ်တို့ကို ပစ်မှတ်ထားနေတာပါ။

ကာရာဘောင်းဖလား ရယူထားပြီး နောက်ထပ် ဆုဖလား ၃ လုံး လမ်းကြောင်းပေါ်မှာရှိနေတဲ့ ယူနိုက်တက် အသင်းဟာ ကြားရက်မှာတော့ ဝက်စ်ဟမ်းအသင်းနဲ့ အက်ဖ်အေဖလား ပဉ္စမအဆင့် ပွဲစဉ်ယှဉ်ပြိုင်ဖို့ ရှိနေတာ ဖြစ်ပါတယ်။

Source: Daily Mail

 

 

 

 

Share
Tweet
Share
Share
powered by social2s

ကာရာဘောင်းဖလားက ယူနိုက်တက်အတွက် မလုံလောက်သေးဘူးလို့ ဘရူနိုဖာနန်ဒက်စ် ပြော

By CNI
CNI
Category: Watch TV
Hits: 984

Share
Tweet
Share
Share
powered by social2s
ဘာစီလိုနာ နည်းပြ ဇာဗီကိုတွေ့ရစဉ်

ဒီရာသီရဲ့ အဆိုးရွားဆုံးပွဲလို့ အယ်လ်မာရီယာကို အရေးနိမ့်တဲ့ပွဲအပြီး ဇာဗီပြော

By CNI
CNI
Category: အားကစား
Hits: 1465

CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇

ဘာစီလိုနာ အသင်းနည်းပြ ဇာဗီဟာ အယ်လ်မာရီယာကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ အသင်းရဲ့ စွမ်းဆောင်ရည်ကို အလွန် စိတ်ပျက်နေပြီး ဒီရာသီရဲ့ အဆိုးရွားဆုံးပွဲလို့ ပြောလိုက်ပါတယ်။

ဇာဗီက “ဒါက ဒီရာသီ အဆိုးရွားဆုံးပွဲပါပဲ။ ကျနော်အလွန် စိတ်ညစ်မိသလို ခက်ခဲလွန်းပါတယ်။ ကျနော်တို့ အဲဒီ နေရာမှာ မရှိခဲ့သလို ပွဲအတွင်းမှာလည်း မရှိပါဘူး။ ဒီနေ့ခေတ်မှာ ဆင်ခြေဆိုတာ မရှိပါဘူး။ အနိုင်ရဖို့ မထိုက်တန် ခဲ့ပါဘူး။ ဒါကို ကျနော်တို့ တာဝန်ယူရပါမယ်။ ပထမပိုင်းမှာဆို ကျနော်တို့ စိတ်အားထက်သန်မှု မရှိခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ အားလုံးကြိုးစားခဲ့ကြပါတယ်။ ဒါပေမယ့် ဖြစ်မလာခဲ့ပါဘူး။ ကျနော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာကို မပြောင်းလဲနိုင်ရင် လိဂ်ဖလားကို ဆုံးရှုံးသွားလိမ့်မယ်”လို့ ပြောခဲ့တာပါ။

ဘာစီလိုနာအသင်းဟာ ဒီပွဲမှာ အယ်လ်မာရီယာ အသင်းကို ၁ ဂိုး- ဂိုး မရှိနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

အယ်လ်မာရီယာအသင်းဟာ ဒီပွဲမတိုင်ခင်က အမှတ်ပေးဇယား အဆင့် ၁၉ နေရာမှာ ရပ်တည်နေပေမယ့် ဒီပွဲ အနိုင်ရခဲ့တာကြောင့် အမှတ်ပေးဇယား အဆင့် ၁၅ နေရာအထိ တက်နိုင်ခဲ့တာပါ။

 ဘာစီလိုနာနဲ့ အယ်လ်မာရီယာ အသင်း ယှဉ်ပြိုင်စဉ်

ဘာစီလိုနာအသင်းဟာ ဒီပွဲ အရေးနိမ့်ခဲ့ပေမယ့် ဒုတိယနေရာက ရီးရယ်လ်အသင်းကို ၇ မှတ်အသာနဲ့ အမှတ်ပေး ဇယားကို ဆက်လက် ဦးဆောင်နေခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ယူနိုက်တက်အသင်းကို ယူရိုပါလိဂ်မှာ အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာကြောင့် ၂ ပွဲဆက် အရေးနိမ့်ခဲ့တာပါ။

ဒါအပြင် ဘာစီလိုနာအသင်းဟာ အောက်တိုဘာလက ရီးရယ်လ်အသင်းကို အရေးနိမ့်ပြီးနောက် ပြည်တွင်း ပြိုင်ပွဲ မှာ ပထမဆုံး ရှုံးပွဲ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ အယ်လ်မာရီယာနဲ့ပွဲမှာ ဘောလုံးပိုင်ဆိုင် မှု ၇၂ ရာခိုင်နှုန်းအထိ ရှိခဲ့ပေမယ့် ဂိုးပေါက်တည့်မှု ၁ ကြိမ်သာ ရှိခဲ့တဲ့အထိ အခြေအနေဆိုးခဲ့တာပါ။

ဘာစီလိုနာအသင်းဟာ လာမယ့် ကြားရက်မှာ ရီးရယ်လ်အသင်းနဲ့ ကိုပါဒယ်ရေးဖလား ဆီမီးဖိုင်နယ် ပထမ အကျော့ ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ရီးရယ်လ်အသင်းနဲ့ မကြာသေးခင်က စပိန်စူပါဖလား ဗိုလ်လုပွဲယှဉ်ပြိုင်ခဲ့ပြီး အဲဒီတုန်းက ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: Goal

 

 

 

 

Share
Tweet
Share
Share
powered by social2s
အဲရစ်တန်ဟတ် သူ့ကစားသမားကို ညွန်ကြားနေစဉ်

အဲရစ်တန်ဟတ်နဲ့ ယူနိုက်တက် ပြုပြင်ပြောင်းလဲရေး

By CNI
CNI
Category: ဆောင်းပါး
Hits: 1344

CNI Sport Article

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆

ယူနိုက်တက်အသင်းဟာ ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် နယူးကာဆယ်အသင်းနဲ့ ကာရာဘောင်းဖလား ဗိုလ်လုပွဲ အဖြစ် ဝင်ဘာလေကွင်းမှာ ယှဉ်ပြိုင်မှာဖြစ်ပြီး အသင်းအနေနဲ့ ၆ နှစ်အတွင်း ပထမဆုံး ဆုဖလားကို ရယူနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

ဒါက ဒီရာသီ အိုးထရက်ဖို့ဒ်မှာ တိုးတက်နေတဲ့ အသင်းအတွက် နောက်တစ်ဆင့် ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဘရိုက်တန်၊ ဘရန်ဖို့ဒ်အသင်းတို့နဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲ ၂ ပွဲမှာ မရှုံးနိမ့်ခဲ့ဘူးဆိုရင် ချန်ပီယံဆုအတွက် ယှဉ်ပြိုင်ဘက်အဖြစ် သေချာပေါက် သတ်မှတ်ခံရမှာပါ။

ယူနိုက်တက်လက်ထဲမှာ အက်ဖ်အေဖလားလည်း ရှိနေသေးပြီး မကြာသေးခင်က ပွဲစဉ်မှာ ဥရောပထိပ်တန်း အသင်း ဘာစီလိုနာကို အနိုင်ယူကာ ယူရိုပါလိဂ်မှာ နောက်တစ်ဆင့် တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေ ဟာ ပြီးခဲ့တဲ့နှစ်က အသင်းဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေနဲ့ အခုအချိန်မှာ ခံစားချက်တွေဟာ ပြောင်းပြန် သဖွယ် ဖြစ်နေခဲ့တာပါ။

အဲရစ်တန်ဟတ်ကို တွေ့ရစဉ်

ယူနိုက်တက်အသင်းဟာ ဖာဂူဆန် ကိုင်တွယ်ခဲ့တဲ့ ၂၆ နှစ်ကြာ ကာလအတွင်းမှာ ပရီးမီးယားလိဂ်ဖလား ၁၃ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၂ ကြိမ်၊ အက်ဖ်အေဖလား ၅ ကြိမ်နဲ့ လိဂ်ဖလား ၄ ကြိမ် အပါအဝင် ဆုဖလား ၃၈ ခုကို ရယူ နိုင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၃ မှာ ဖာဂူဆန် ထွက်ခွာသွားပြီးနောက် ဗန်ဟားလ်လက်ထက်မှာ အက်ဖ်အေဖလား ၁ ကြိမ်နဲ့ မော်ရင်ဟို လက်အောက်မှာ လိဂ်ဖလား၊ ယူရိုပါလိဂ်နဲ့ ကွန်မြူနတီဒိုင်းတို့ကို ရယူနိုင်ပြီးနောက် ဆုဖလားတွေနဲ့ ဝေးကွာခဲ့တာ ပါ။

အခု အဲရစ်တန်ဟတ် ကိုင်တွယ်ချိန်မှာတော့ ဆုဖလား ပြန်လည်ရယူနိုင်ဖို့ မျှော်လင့်ချက်တွေ ပြန်လည် ရှင်သန် လာခဲ့တာ ဖြစ်ပါတယ်။

အဲရစ်တန်ဟတ်ဟာ ပြီးခဲ့တဲ့နွေရာသီက ယူနိုက်တက်အသင်း နည်းပြအဖြစ် ခန့်အပ်ရပြီးနောက် အထင်ကြီးစရာ ကောင်းတာတွေကို လုပ်ပြနိုင်ခဲ့ပြီး ဖာဂူဆန်နောက်ပိုင်း အောင်မြင်မှုတွေကို ပြန်လည် ဖန်တီးနိုင်ဖို့ ကြိုးစားနေတဲ့ ၆ ဦးမြောက် နည်းပြဖြစ်လာခဲ့တာပါ။

အဲရစ်တန်ဟတ်ဟာ အေဂျတ်စ်အသင်းကို ကိုင်တွယ်နေချိန် အားလပ်ရက်မှာ ယူနိုက်တက်အသင်း တာဝန်ရှိသူ တွေနဲ့ စကားပြောခဲ့ပြီး လုပ်စရာရှိတာတွေကို စတင်လုပ်ဆောင်ခဲ့ပါတယ်။ အဲရစ်တန်ဟတ်ဟာ အေဂျတ်ဇ်အသင်း နဲ့ နောက်ဆုံးပွဲ ပြီးပြီးချင်းမှာ လန်ဒန်ကို လာရောက်ပြီး အသင်းရဲ့ဝန်ထမ်းတွေနဲ့ တွေ့ဆုံပြီးနောက် ပဲလေ့စ်နဲ့ပွဲကို တက်ရောက် ကြည့်ရှုခဲ့ပါတယ်။

အဲရစ်တန်ဟတ်နဲ့ လုပ်ခ်ရှောကိုတွေ့ရစဉ်

လုပ်ခ်ရှောက "အသင်းအတွင်း ကြီးမားတဲ့အရာက သူထိန်းချုပ်နိုင်မှုဖြစ်ပြီး သူချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း တွေပါ။ လူတိုင်းက သူ့ရဲ့ လုပ်ဆောင်မှု နောက်ကို လိုက်ရပါမယ်။ သူလိုချင်တဲ့ အရာကို မလုပ်နိုင်ရင် ခင်ဗျား ဘာသာ ဘယ်သူပဲဖြစ်နေပါစေ အရေးမကြီးပါဘူး"လို့ ပြောခဲ့တာပါ။

ဩစတြေးလျရာသီကြို ခရီးစဉ်အတွင်းမှာ လူငယ်ကစားသမား ဂါနာချိုဟာ အသင်းအစည်းအဝေးကို နောက်ကျခဲ့ ပါတယ်။ ဒီခရီးစဉ်ရဲ့ လက်ကျန်ပွဲတွေမှာ သူပါဝင်ကစားခွင့် မရခဲ့ပါဘူး။

ဒါအပြင် အဲရစ်တန်ဟတ်ဟာ ဝုလ်ဗ်စ်အသင်းနဲ့ ပွဲမှာ ရက်ရှ်ဖို့ဒ်ကို စည်းကမ်းပိုင်းဆိုင်ရာကြောင့် ပွဲထွက် လူစာရင်း ကနေ ချန်ခဲ့တာက ခေါင်းကြီးပိုင်းအဖြစ် ရှိခဲ့တာပါ။ ရက်ရှ်ဖို့ဒ်ဟာ လူစားဝင်ရောက်ပြီး အသင်းအတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်က ပွဲအပြီးမှာ နည်းပြရဲ့ ဆုံးဖြတ်ချက်ကို သူနားလည်ကြောင်း ပြောခဲ့ပါတယ်။ ဂါနာချိုနဲ့ ရက်ရှ်ဖို့ဒ်တို့ရဲ့ အလယ်မှာ ရော်နယ်ဒိုရဲ့ အကြောင်းက ကြီးကြီးမားမား ရှိခဲ့ပါတယ်။

ရာသီကြို ဗယ်လက်ကာနိုနဲ့ ပွဲစဉ်ရဲ့ ပထမပိုင်းအပြီး အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာခဲ့တဲ့ ရော်နယ်ဒိုကို အဲရစ်တန်ဟတ်က ပထမဆုံးအကြိမ် ဝေဖန်ခဲ့ပါတယ်။

ရော်နယ်ဒိုဟာ စပါးအသင်းနဲ့ပွဲမှာ လူစားလဲဝင်ရောက်ဖို့ ငြင်းဆန်ပြီး ဥမင်ထဲဝင်ခဲ့တာကြောင့် အဲရစ်တန်ဟတ်ဟာ သူ့ကို ချယ်လ်ဆီးနဲ့ပွဲအတွက် ပွဲထွက် လူစာရင်းကနေ ချန်ခဲ့တာပါ။ ယူနိုက်တက်အသင်းဟာ အရင်က နည်းပြတွေ နဲ့ ကစားသမားတွေ အဆင်မပြေဖြစ်တဲ့ အချိန်မှာ ကစားသမားဘက်ကနေ ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။

အဲရစ်တန်ဟတ်နဲ့ ရက်ရှ်ဖို့ဒ်ကိုတွေ့ရစဉ်

အခု တန်ဟတ် လက်ထက်မှာတော့ ဒတ်ချ်လူမျိုးနည်းပြက အသင်းတွင်း ကိစ္စတွေကို သူကိုယ်တိုင် ရာနှုန်းပြည့် ဖြေရှင်းလို့ ရတာပါ။

ရော်နယ်ဒိုဟာ ပီယာမော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အဲရစ်တန်ဟတ်ကို ဝေဖန်ခဲ့ပြီးနောက် ရက်ပိုင်းအကြာ မှာ ကလပ်အသင်းဟာ ပေါ်တူဂီ ကစားသမားနဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ်။

ဒီအခြေအနေတွေကြောင့် အဲရစ်တန်ဟတ်ဟာ ဖာဂူဆန်ခေတ်ကို ကျောခိုင်းခဲ့တာပါ။ အဲရစ်တန်ဟတ်ဟာ မော်ဒန် နည်းပြပီပီ အသင်းကို အကောင်းဆုံး တည်ဆောက်နေပြီး ရဲရင့်တဲ့ ဆုံးဖြတ်ချက်တွေကိုလည်း ချမှတ်ခဲ့တာ ဖြစ် ပါတယ်။

အဲဒီထဲက တစ်ခုက အငှားနဲ့ခေါ်ယူထားတဲ့ တိုက်စစ်မှူး ဝက်ဂ်ဟော့စ်ကို နံပါတ် ၁၀ နေရာမှာ ပြောင်းလဲ အသုံး ပြုပြီး ပြိုင်ဘက် ဂိုးပေါက်ကို ရက်ရှ်ဖို့ဒ် လွတ်လွတ်လပ်လပ်နဲ့ ပိုမို ခြိမ်းခြောက်နိုင်ဖို့ ပြုလုပ်ခဲ့ပါတယ်။
နောက်တစ်ခုကတော့ ဘယ်နောက်ခံလူ လုပ်ခ်ရှောကို ဗဟိုနောက်ခံလူအဖြစ် အသုံးပြုခဲ့တာပါ။ အဲရစ်တန်ဟတ် ဟာ ရေတိုထက် ရေရှည်စီမံကိန်းကို အကောင်အထည် ဖော်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ယူနိုက်တက် ကစားသမားတွေဟာ အဝတ်လဲခန်းက အဖြစ်အပျက်တွေကို ဆိုရှယ်မီဒီယာမှာ တင်ခြင်းမရှိသလို လာမယ့် ပွဲအပေါ်ကိုပဲ အာရုံစူးစိုက်မှု အပြည့်ထားနေကြတာပါ။

ယူနိုက်တက်အသင်း အနေနဲ့ နယူးကာဆယ်ကို အနိုင်ရတာပဲဖြစ်ဖြစ် ရှုံးနိမ့်တာပဲဖြစ်ဖြစ် အသင်းဟာ အရင်က မြင်တွေ့ရခြင်းမရှိတဲ့ ပုံစံအတိုင်း အရှေ့ကိုသွားနေတဲ့ အသင်းတစ်သင်းလို ဖြစ်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် အသင်း တစ်သင်း တိုးတက်တယ်ဆိုတာကို အတည်ပြုဖို့အတွက် ဆုဖလားတစ်ခုတော့ ရယူနိုင်ဖို့ လိုအပ်နေတာ ပါ။

လုပ်ခ်ရှောက "ကျနော်တို့ ဆုဖလားတွေ မရခဲ့တာ အချိန်တော်တော်ကြာပါပြီ။ လူတွေကတော့ ဒါဟာ ကာရာဘောင်းဖလားလို့ ပြောကြပါလိမ့်မယ်။ ဒါပေမယ့် ကျနော်တို့အတွက်တော့ ဒါဟာ ကြီးမားပါတယ်။ ဒါက ကျနော်တို့ အချိန်တော်တော်ကြာ ရည်မှန်းနေတဲ့အရာပါ။ အခုလို အောင်ပွဲခံတဲ့ ခံစားချက်တွေ၊ ဆုဖလားတွေ ရယူမယ့် ခံစားချက်တွေကို ပြန်လည်ရရှိဖို့ပါ"လို့ ပြောခဲ့ပါတယ်။

အဲရစ်တန်ဟတ်ဟာ ယူနိုက်တက်အသင်းကို ၃၉ ပွဲ ကိုင်တွယ်ထားတာမှာ နိုင်ပွဲ ၂၈ ပွဲ၊ သရေ ၅ ပွဲ၊ ရှုံးပွဲ ၆ ပွဲနဲ့ အနိုင်ရာခိုင်နှုန်း ၇၁ ရာခိုင်နှုန်းအထိ ရှိနေတာ ဖြစ်ပါတယ်။

Source: BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s

နွေရာသီမှာ လီဗာပူးလ်အသင်းကို ပြုပြင်ပြောင်းလဲမှုတွေလုပ်သွားမယ်လို့ ကလော့ပ်ပြော

By CNI
CNI
Category: Watch TV
Hits: 992

Share
Tweet
Share
Share
powered by social2s

မိသားစုအသက်အန္တရာယ် ခြိမ်းခြောက်ခံနေရတယ်လို့ ဂရေဟမ်ပေါ်တာ ပြော

By CNI
CNI
Category: Watch TV
Hits: 984

Share
Tweet
Share
Share
powered by social2s
ရုရှားနိုင်ငံသားဖြစ်သွားတဲ့ ဘရာဇီးလ် ဘောလုံးသမားနှစ်ဦးကိုတွေ့ရစဉ်

ဘရာဇီးလ်ဘောလုံးသမားနှစ်ဦးကို သမ္မတပူတင်က ရုရှားနိုင်ငံသားဖြစ်ခွင့်ပေး

By CNI
CNI
Category: အားကစား
Hits: 1212

CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅

ရုရှားသမ္မတ ပူတင်ဟာ ဘရာဇီးလ်ဘောလုံး ကြယ်ပွင့်နှစ်ဦးဖြစ်တဲ့ မယ်လ်ကွန်နဲ့ ကလော်ဒင်ဟိုတို့ကို နိုင်ငံသား ဖြစ်ခွင့် ပေးခဲ့တယ်လို့ သိရပါတယ်။

သူတို့နှစ်ဦးစလုံးဟာ ရုရှားထိပ်သီးကလပ် ဇင်းနစ်အသင်းမှာ ကစားနေတာဖြစ်ပြီး အသင်းအတွက် ခြေစွမ်းပြသနေတဲ့ သူတွေ ဖြစ်ပါတယ်။

မယ်လ်ကွန်နဲ့ ကလော်ဒင်ဟိုတို့ဟာ အခွန်အကြောင်းပြချက်နဲ့ သူတို့ရဲ့ အဆင့်အတန်းအသစ်ကို အလိုရှိနေကြတာ ဖြစ်ပါတယ်။

အဲဒီ ကစားသမားနှစ်ဦးဟာ သောကြာနေ့က ရုရှားသမ္မတ ပူတင်ရဲ့ အထူးအမိန့်နဲ့ နိုင်ငံသားဖြစ်ခွင့် ပေးခဲ့တဲ့ နိုင်ငံခြားသား ၃၈ ဦးထဲမှာ ပါဝင်ခဲ့ကြတာပါ။

ဇင်းနစ်အသင်းက “ဇင်းနစ်မှာရှိတဲ့ လူတိုင်းက ရုရှားနိုင်ငံသား ဖြစ်လာတဲ့ မယ်လ်ကွန်နဲ့ ကလော်ဒင်ဟိုကို ဂုဏ်ပြုပါတယ်။ နောက်ထပ် အောင်ပွဲများစွာနဲ့အတူ သူတို့ကံကောင်းစေဖို့ ဆန္ဒပြုကြောင်း”ရေးသားခဲ့တာ ဖြစ်ပါတယ်။

ရုရှားနိုင်ငံသားဖြစ်သွားတဲ့ ဘရာဇီးလ် ဘောလုံးသမားနှစ်ဦးကိုတွေ့ရစဉ်

ယူကရိန်းနိုင်ငံကို ကျူးကျော် ဝင်ရောက်ပြီးနောက် တစ်နှစ်အကြာမှာ ပူတင်ရဲ့ ဒီဆုံးဖြတ်ချက်ဟာ ဝါဒဖြန့်ချိရေး လှုပ်ရှားမှုအဖြစ် ရှုမြင်နိုင်တယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။

ရုရှားလူငယ်အသင်း နည်းပြဟောင်း ဖြစ်သူကတော့ ကစားသမားနှစ်ဦးကို ငွေကြေးနဲ့ လှုံ့ဆော်ခဲ့တယ်လို့ ပြောထားခဲ့ပါတယ်။ တာ့ခ်မင်နစ္စတန် အသင်းအတွက် ၁၅ ပွဲ ပါဝင်ကစားခဲ့တဲ့ ဒီမီထရီခိုမုခါဟာ လက်ရှိအချိန်မှာ ရုရှားတတိယတန်းကလပ် ကာလူဂါအသင်းရဲ့ နည်းပြအဖြစ် ဆောင်ရွက်နေတာပါ။

ဒီမီထရီခိုမုခါက “လက်ရှိ အခြေအနေမှာဆိုရင် ရုရှားလက်ရွေးစင်အသင်းဟာ နိုင်ငံအသင်း ပြိုင်ပွဲတွေမှာ ပါဝင်ခွင့် မရထားပါဘူး။ နိုင်ငံခြား အပြောင်းအရွှေ့က ဘောလုံးနဲ့ ဘာမှ သက်ဆိုင်မှု မရှိပါဘူး။ ကစားသမားတွေရဲ့ ငွေကြေး အကျိုးစီးပွားက အခန်းကဏ္ဍတစ်ခုကနေ ပါဝင်ပါတယ်။ ဝင်ငွေခွန်ကို ၁၅ ရာခိုင်နှုန်းအထိ လျှော့ချခဲ့ ပေမယ့် အခုသူတို့ ပေးဆောင်ရတာက အဓိကအကြောင်းအရင်းပါပဲ”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ဘော်လ်ဒိုး ကစားသမားဟောင်း မယ်လ်ကွန်ဟာ ဇင်းနစ်အသင်းထံ မပြောင်းခင် ၂၀၁၉ က ဘာစီလိုနာအသင်းမှာ ကစားခဲ့တာပါ။ ကလော်ဒင်ဟိုကတော့ ဘရာဇီးလ်ကလပ် ရက်ဘူးလ်အသင်းကနေ လွန်ခဲ့တဲ့ ၂နှစ်က ဇင်းနစ် အသင်းထံ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

Source: The Sun‌

 

 

 

 

Share
Tweet
Share
Share
powered by social2s

နည်းပြသစ်ရဲ့ရွေးချယ်မှုမခံရပြီးနောက် စပိန်လက်ရွေးစင်ကနေ ရာမို့စ် အနားယူ

By CNI
CNI
Category: Watch TV
Hits: 924

Share
Tweet
Share
Share
powered by social2s

ဘာစီလိုနာကို အနိုင်ယူနိုင်ရင် ဘယ်အသင်းမဆို အနိုင်ယူနိုင်တယ်လို့ အဲရစ်တန်ဟတ် ပြော

By CNI
CNI
Category: Watch TV
Hits: 926

Share
Tweet
Share
Share
powered by social2s

ဘာစီလိုနာအသင်းဥက္ကဋ္ဌရာထူးကနေ နုတ်ထွက်မှာမဟုတ်ဘူးလို လာပေါ်တာ ပြော

By CNI
CNI
Category: Watch TV
Hits: 947

Share
Tweet
Share
Share
powered by social2s

ဘာစီလိုနာအသင်းဥက္ကဋ္ဌရာထူးကနေ နုတ်ထွက်မှာမဟုတ်ဘူးလို လာပေါ်တာ ပြော

By CNI
CNI
Category: Watch TV
Hits: 933

Share
Tweet
Share
Share
powered by social2s

လီဗာပူးလ်ကိုဂိုးပြတ်အနိုင်ရထားပေမယ့် ပွဲမပြီးသေးဘူးလို့ အန်ဆယ်လော့တီ ပြော

By CNI
CNI
Category: Watch TV
Hits: 920

Share
Tweet
Share
Share
powered by social2s
ဘရစ်တနီဂရိုင်နာကို တွေ့ရစဉ်

ဖီးနစ်မာကျူရီနဲ့ ဘရစ်တနီဂရိုင်နာ ၁ နှစ်စာချူပ်ချုပ်

By CNI
CNI
Category: အားကစား
Hits: 1376

CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂

ရုရှားနဲ့အမေရိကန်ကြား အကျဉ်းသား လဲလှယ်မှုကြောင့် ပြီးခဲ့တဲ့ ဒီဇင်ဘာလက ရုရှားအကျဉ်းထောင်ကနေ လွတ်မြောက်လာခဲ့တဲ့ ဘရစ်တနီဂရိုင်နာဟာ WNBA ပြိုင်ပွဲဝင် ဖီးနစ်မာကျူရီအသင်းမှာ ကစားဖို့အတွက် ၁ နှစ် စာချုပ်ချုပ်ခဲ့တယ်လို့ အသင်းက ပြောလိုက်ပါတယ်။

ဖီးနစ်မာကျူရီအသင်း အထွေထွေမန်နေဂျာ ဂျင်မ်ပစ်မန်းက “ ဘရစ်တနီဂရိုင်နာကို ၂၀၂၃ ရာသီ မာကျူရီမှာ ကစားဖို့ တရားဝင် လက်မှတ် ရေးထိုးလိုက်ပြီဆိုတာ ကြေညာချင်ပါတယ်။ ဒါဟာ အားလုံးအတွက် ကောင်းတဲ့ နေ့ပါပဲ။ သူမ မရှိတော့တဲ့ အချိန်ကတည်းက အသင်းဟာ နေ့တိုင်း သတိရနေတာပါ။ သူမကို ဆက်လက် ကူညီမှု တွေ ပြုလုပ်ပေးနိုင်ဖို့အတွက် အသင်းအဖွဲ့အစည်းရဲ့ အရင်းအမြစ်တွေကို ဆက်ပြီး အသုံးပြုသွားမှာပါ။ သူမ ချစ်မြတ်နိုးတဲ့ ဘတ်စကတ်ဘောကို ပြန်ကစားရမှာဖြစ်လို့ သူမအတွက် ဝမ်းသာပီတိ ဖြစ်ရပါတယ်။ ဒီနေ့ဟာ အားလုံးအတွက် အထူးနေ့ တစ်နေ့ပါပဲ”လို့ အသင်းရဲ့ ထုတ်ပြန်ချက်မှာ ပြောထားတာပါ။

အမေရိကန် လက်ရွေးစင်အသင်းနဲ့ အိုလံပစ် ရွှေတံဆိပ်ဆု ၂ ကြိမ် ရရှိထားတဲ့ ဘရစ်တနီဂရိုင်နာဟာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလက မော်စကိုမြို့ အပြင်ဘက်ရှိ လေဆိပ်မှာ ဆေးခြောက်ဆီတွေ သယ်ဆောင်လာတာကို တွေ့ရှိခဲ့ တာကြောင့် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ဘရစ်တနီဂရိုင်နာကို တွေ့ရစဉ်

နောက်ပိုင်းမှာ ဘရစ်တနီဂရိုင်နာဟာ မူးယစ်ဆေး မှောင်ခိုမှုနဲ့ ပြစ်ဒဏ် ချမှတ်ခံခဲ့ရပြီး ရုရှားရဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ နေရာဆီ လွှဲပြောင်းခံခဲ့ရတာပါ။

အမေရိကန်ဟာ ဘရစ်တနီဂရိုင်နာကို လွှတ်ပေးဖို့ ရုရှားနဲ့ ဆွေးနွေးမှုတွေ လအတန်ကြာ ပြုလုပ်ခဲ့ပြီးနောက် ဒီဇင်ဘာလက လက်နက်ရောင်းဝယ်သူ ဗစ်တာဘောက်နဲ့ လဲလှယ်ဖို့ သဘောတူညီမှုရခဲ့ပြီး လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။

ဘရစ်တနီဂရိုင်နာဟာ ၂၀၂၁ WNBA ရာသီမှာ ဖီးနစ်မာကျူရီ အသင်းအတွက် နောက်ဆုံး ပါဝင်ကစားခဲ့တာဖြစ်ပြီး အဲဒီအချိန်ရာသီဟာ သူမရဲ့ ကစားသမားဘဝ အကောင်းဆုံး ရာသီတွေထဲက တစ်ခုလည်း ဖြစ်ခဲ့တာပါ။

ဘရစ်တနီဂရိုင်နာဟာ WNBA ရာသီရဲ့ အော်စတားအသင်းမှာ ၈ ရာသီအထိ ပါဝင်ခဲ့သလို စံချိန်မှတ်တမ်းတွေ လည်း အများကြီး ရယူနိုင်ခဲ့ ပါတယ်။ ဘရစ်တနီဂရိုင်နာဟာ အမေရိကန် လက်ရွေးစင်အသင်းနဲ့ အိုလံပစ် ရွှေ တံဆိပ် ၂ ကြိမ်အပြင် ကမ္ဘာ့ဖလား ချန်ပီယံဆုလည်း ၂ ကြိမ် ရယူနိုင်ခဲ့တာပါ။

ဘရစ်တနီဂရိုင်နာ ပါဝင်မယ့် ဖီးနစ်မာကျူရီ အသင်းဟာ ၂၀၂၃ WNBA ရာသီအဖွင့် ပွဲစဉ်အဖြစ် မေလ ၁၉ ရက်မှာ လော့စ်အိန်ဂျလိစ်စပါ့ခ်စ်အသင်းနဲ့ စတင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: CNA

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဖာဂူဆန်နဲ့ အဲရစ်တန်ဟတ် တွေ့ဆုံနေစဉ်

ဘာစီလိုနာ၊ နယူးကာဆယ်တို့နဲ့ပွဲ မတိုင်ခင် ဖာဂူဆန်နဲ့ အဲရစ်တန်ဟတ် တွေ့ဆုံ

By CNI
CNI
Category: အားကစား
Hits: 1342

CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂

ယူနိုက်တက် အသင်းဟာ ဒီတစ်ပတ်ထဲမှာ ဘာစီလိုနာ အသင်းနဲ့ ယူရိုပါလိဂ် ပလေးအော့ဖ် ဒုတိယအကျော့ ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ဖို့ ရှိနေသလို နယူးကာဆယ် အသင်းနဲ့လည်း ကာရာဘောင်းဖလား ဗိုလ်လုပွဲ ကစားဖို့ ရှိ နေတဲ့အချိန်မှာပဲ ဂန္တဝင်နည်းပြကြီး ဖာဂူဆန်နဲ့ ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်တို့ဟာ စားသောက် ဆိုင် တစ်ဆိုင်မှာ တွေ့ဆုံခဲ့ကြပါတယ်။

သူတို့နှစ်ဦးဟာ ချက်ရှိုင်းယားရှိ အီတလီစားသောက်ဆိုင် စီဘိုမှာ ညစာစားရင်း စကားစမြည် ပြောနေတဲ့ပုံကို မြင်တွေ့ခဲ့ရတာပါ။

အဲရစ်တန်ဟတ်ဟာ ယူနိုက်တက်နည်းပြဘဝ သူ့ရဲ့ ပထမဆုံးရာသီမှာ ဆုဖလားတွေ ရယူနိုင်ဖို့ ပစ်မှတ်ထား နေတာ ဖြစ်ပါတယ်။

ဖာဂူဆန်ဟာ ယူနိုက်တက်အသင်းကို ကိုင်တွယ်ခဲ့တုန်းက ၁၉၉၉ ခုနှစ်မှာ တစ်ရာသီအတွင်းမှာ ဆုဖလား ၃ လုံး ရယူနိုင်အောင် ကိုင်တွယ်နိုင်ခဲ့တာကြောင့် ဒတ်ချ်လူမျိုးနည်းပြဟာ ဒီတွေ့ဆုံမှုကနေ အကြံဉာဏ်တွေ ရယူနေပါတယ်။

ယူနိုက်တက်နဲ့ ဘာစီလိုနာ ယှဉ်ပြိုင်နေစဉ်

ယူနိုက်တက်အသင်းဟာ တနင်္ဂနွေနေ့မှာ နယူးကာဆယ်အသင်းနဲ့ ကာရာဘောင်းဖလား ဗိုလ်လုပွဲကစားဖို့ ရှိနေပြီး ၂၀၁၇ နောက်ပိုင်း ဆုဖလားလက်မဲ့ ဖြစ်နေတာကို အဆုံးသတ်ဖို့ မျှော်လင့်နေတာပါ။

ဒီပွဲ မတိုင်ခင်မှာတော့ ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ် ပလေးအော့ဖ် ဒုတိယအကျော့ ပွဲစဉ်အဖြစ် ဘာစီလိုနာ အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဒီနှစ်သင်း ပထမအကျော့အဖြစ် ကစားခဲ့တုန်းက ၂ ဂိုးစီ သရေကျခဲ့တာပါ။

ဖာဂူဆန်ဟာ ၂၀၀၈ တုန်းက အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ဘာစီလိုနာအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရအောင် ကစားခဲ့ပြီး ယူနိုက်တက်အသင်းကို ဗိုလ်လုပွဲ တက်နိုင်အောင် ကိုင်တွယ် ပေးနိုင်ခဲ့ပါတယ်။

အဲဒီနှစ်မှာပဲ ယူနိုက်တက်အသင်းဟာ ချယ်လ်ဆီးအသင်းကို ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရပြီး ချန်ပီယံလိဂ် ဖလား ရယူနိုင်ခဲ့တာပါ။ ဖာဂူဆန်ဟာ အရင်က ယူနိုက်တက်ပွဲတွေကို အိမ်ကွင်းပွဲတွေသာ လာရောက် ကြည့်ရှုတာ များပေမယ့် အခုဆို အဝေးကွင်းပွဲတွေပါ ကြည့်ရှုတာကို မြင်တွေ့ရပါတယ်။

ယူနိုက်တက်အသင်းဟာ အခုနှစ်ရာသီမှာ ကာရာဘောင်းဖလား၊ အက်ဖ်အေဖလားနဲ့ ယူရိုပါလိဂ် ဆုဖလား ရယူနိုင် ဖို့ လမ်းကြောင်းပေါ်မှာ ရှိနေတာကြောင့် နည်းပြ အဲရစ်တန်ဟတ်ဟာ ပြိုင်ပွဲတိုင်းကို အာရုံစူးစိုက်မှု အပြည့်နဲ့ ကစားဖို့ ပြောထားပါတယ်။

ယူနိုက်တက်အသင်းဟာ အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ ကစားတဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၁၇ ပွဲဆက် ရှုံးပွဲမရှိဘဲ ၁၅ ပွဲ အနိုင်ရရှိကာ ၂ ပွဲ သရေကျထားတာ ဖြစ်ပါတယ်။

Source: Daily Mail

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 6
  • 7
  • 8
  • 9
  • 10
  • 11
  • 12
  • 13
  • 14
  • 15

Page 11 of 82

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar