CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

CNI ရဲ့ဘောလုံးပွဲ သုံးသပ်ချက် အစီအစဉ်

By CNI
CNI
Category: Watch TV
Hits: 1104

Share
Tweet
Share
Share
powered by social2s
အီတလီကလပ်အသင်းတွေကိုတွေ့ရစဉ်

ဥရောပပြိုင်ပွဲတွေမှာ အီတလီကလပ်တွေပြန်ပြီး ခေါင်းမော့နိုင်မှာလား

By CNI
CNI
Category: ဆောင်းပါး
Hits: 2860

CNI Sport Article

၂၀၂၃ ခုနှစ်၊ မတ်လ ၁၉

မကြာသေးခင် နှစ်တွေက အီတလီကလပ်တွေဟာ ဥရောပပြိုင်ပွဲမှာ အောင်မြင်မှုရဖို့ အလှမ်းဝေးနေခဲ့ပေမယ့် အခုနှစ် ရာသီမှာတော့ ဥရောပပြိုင်ပွဲတွေမှာ ပြန်ပြီး ခေါင်းမော့လာနိုင်မယ့် အရိပ်အယောင်တွေရှိနေတာ ဖြစ်ပါတယ်။

အီတလီကလပ်တွေဟာ ဥရောပပြိုင်ပွဲမှာ အောင်မြင်မှုတွေ အများအပြား ရယူနိုင်ခဲ့ပေမယ့် နောက်ပိုင်းနှစ်တွေမှာ တခြားနိုင်ငံက ကလပ်အသင်းတွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့ ခက်ခဲတဲ့ အနေအထားမှာ ရှိခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

ဒါပေမယ့် ဒီနှစ် ဥရောပပြိုင်ပွဲ ၃ ခုစလုံးရဲ့ ကွာတားဖိုင်နယ်အဆင့်မှာ အီတလီကလပ်တွေ ပါဝင်နေပြီး ချန်ပီယံ လိဂ် ပြိုင်ပွဲမှာဆို တခြားနိုင်ငံ အသင်းတွေထက် များပြားနေခဲ့တာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ် အဆင့်မှာတော့ အီတလီ ထိပ်တန်း အသင်းကြီးတွေဖြစ်တဲ့ အေစီမီလန်၊ အင်တာမီလန်နဲ့ နာပိုလီအသင်းတို့ တက်ရောက်နေခဲ့တာပါ။ ဒါဟာ ၁၇ နှစ်အတွင်း ပထမဆုံးအကြိမ် အီတလီ ကလပ် ၃ သင်း ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်ကို ပထမဆုံးအကြိမ် တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီအချက်အလက်ကို ကြည့်လိုက်ရင် အီတလီကလပ်တွေ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှုနဲ့ ဘယ်လောက်အထိ ဝေးနေလဲဆိုတာကို မြင်တွေ့ရမှာပါ။ အင်တာမီလန်ကတော့ ၂၀၁၁ နောက်ပိုင်းမှ ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် တက်နိုင်ခဲ့တာဖြစ်ပြီး အေစီမီလန်အသင်းဟာ ၂၀၁၂ နောက်ပိုင်း ပထမဆုံးအကြိမ် တက်နိုင်ခဲ့ ကာ နာပိုလီကတော့ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အီတလီကလပ် အသင်းတွေဟာ ချန်ပီယံဆုကို ၁၂ ကြိမ်အထိ ရရှိထားတာဖြစ်ပြီး နောက်ဆုံးအကြိမ် ရယူနိုင်ခဲ့တာက ၂၀၀၉ -၁၀ ရာသီက ဖြစ်ပါတယ်။

ရိုးမားအသင်းကိုတွေ့ရစဉ်

အဲဒီနှစ်မှာ မော်ရင်ဟို ကိုင်တွယ်ခဲ့တဲ့ အင်တာမီလန်အသင်းက ရယူနိုင်ခဲ့တာပါ။ အဲဒီနောက်ပိုင်းမှာ ဂျူဗင်တပ်စ် အသင်းက ၂၀၁၆-၁၇ ရာသီက ဗိုလ်လုပွဲအထိ တက်နိုင်ခဲ့တာကသာ အမြင့်ဆုံး အောင်မြင်မှု ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ နောက်ပိုင်းနှစ်တွေမှာ အင်္ဂလန်နဲ့ စပိန်ကလပ်တွေသာ ချန်ပီယံလိဂ်ကို ကြီးစိုးပြီး အောင်မြင်မှုတွေ အများကြီး ရယူနိုင်ခဲ့ပါတယ်။ ဒါကို ကြည့်လိုက်ရင် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အီတလီကလပ်တွေ အောင်မြင်မှုနဲ့ ဘယ်လောက် ကြာကြာ ဝေးကွာနေလဲဆိုတာကို သိရမှာ ဖြစ်ပါတယ်။

အခုနှစ် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်တွေ မဲခွဲလိုက်ချိန်မှာ အီတလီကလပ်တွေထဲက ၁ သင်းကတော့ အနိမ့် ဆုံး ဗိုလ်လုပွဲအထိ တက်နိုင်မယ့် လမ်းကြောင်းထဲမှာ ရောက်ရှိနေပါတယ်။

ကွာတားဖိုင်နယ်အတွက် မဲခွဲမှုမှာ အေစီမီလန်နဲ့ နာပိုလီအသင်းတို့ တွေ့ဆုံနေခဲ့ပြီး ဘင်ဖီကာနဲ့ အင်တာမီလန်တို့ တွေ့ဆုံနေခဲ့တာဖြစ်ကာ အနိုင်ရတဲ့ ၂ သင်းဟာ ဆီမီးဖိုင်နယ်မှာ တွေ့ရတော့မှာပါ။ အင်တာမီလန်သာ ဘင်ဖီကာ ကို အနိုင်ယူခဲ့မယ်ဆိုရင် အီတလီကလပ်တွေထဲက ၁ သင်းဟာ သေချာပေါက် ဗိုလ်လုပွဲကို တက်ဖို့ သေချာသွား မှာ ဖြစ်ပါတယ်။

ယူရိုပါလိဂ်ဘက်ကို ကြည့်ရရင် ကွာတားဖိုင်နယ်အဆင့်ကို ဂျူဗင်တပ်စ်နဲ့ ရိုးမားအသင်းတို့ တက်နိုင်ခဲ့တာပါ။

အင်တာအသင်းကိုတွေ့ရစဉ်

ဂျူဗင်တပ်စ်အသင်းဟာ ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရပြီးနောက် ယူရိုပါလိဂ်ကို ဆင်းပြီး ကစားခဲ့ရတာဖြစ်ပြီး ရိုးမားကတော့ ယူရိုပါကွန်းဖရန့်စ်လိဂ် ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့အတွက် ယူရိုပါလိဂ်ကို ဝင်ပြီးယှဉ်ပြိုင် ခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိ ကွာတားဖိုင်နယ်ကို တက်ရောက်လာတဲ့ ၈ သင်းမှာ အီတလီကလပ်က ၂ သင်းနဲ့ အများဆုံး ဖြစ်နေတာပါ။ ပြီးတော့ ကွာတားဖိုင်နယ်အတွက် မဲခွဲမှုတွေ ပြုလုပ်တာမှာလည်း ဒီ ၂ သင်းဟာ ထိပ်တိုက်တွေ့ဆုံမှု မရှိဘဲ ဆီမီးဖိုင်နယ်အတွက် လမ်းကြောင်းမှာလည်း တွေ့ဆုံမှုမရှိတာ ဖြစ်ပါတယ်။

အဲဒါကြောင့် အီတလီကလပ် ၂ သင်းဟာ ဗိုလ်လုပွဲမှာ ထိပ်တိုက်တွေ့ဆုံနိုင်တဲ့ အလားအလာမှာ ရှိနေတာပါ။

ဂျူဗင်တပ်စ်အသင်းကိုတွေ့ရစဉ်

ယူရိုပါလိဂ်ပြိုင်ပွဲမှာ အီတလီကလပ် အသင်းတွေဟာ ၉ ကြိမ်အထိ ဗိုလ်စွဲထားနိုင်ခဲ့ပေမယ့် နောက်ဆုံးအကြိမ် ဗိုလ်စွဲခဲ့တာက ၁၉၉၈- ၉၉ ရာသီက ပါးမားအသင်း ရယူနိုင်ခဲတာဖြစ်ပြီး အဲဒီနောက်ပိုင်း ၂၀၁၉-၂၀ ရာသီက အင်တာမီလန်အသင်း ဗိုလ်လုပွဲတက်နိုင်ခဲ့တာက အမြင့်ဆုံး အောင်မြင်မှု ဖြစ်ခဲ့ပါတယ်။

ယူရိုပါကွန်းဖရန့်စ်လိဂ်မှာတော့ ဖီအိုရင်တီးနား တစ်သင်းတည်းသာ တက်နိုင်ခဲ့ပြီး သူလည်း ခြေစွမ်းကောင်းမွန်ပြီး ရလဒ်ကောင်းတွေ ယူနိုင်မယ်ဆိုရင် ဗိုလ်လုပွဲတက်နိုင်မယ့် အခြေအနေမှာ ရှိနေတာပါ။ အဲဒါကြောင့် အီတလီ ကလပ် အသင်းတွေဟာ ဥရောပပြိုင်ပွဲတွေမှာ အောင်မြင်မှု ပြန်ရနိုင်မယ့် လမ်းစပေါ်မှာ ရှိနေပြီး ဒီပုံစံအတိုင်းသာ ဆက်သွားနိုင်ရင် အီတလီကလပ်တွေရဲ့ အောင်မြင်မှုကို မြင်ရဖို့ သိပ်ပြီး မလိုတော့တာ ဖြစ်ပါတယ်။

အီတလီကလပ်တွေသာ အောင်မြင်ခဲ့ရင် လက်ရွေးစင် အသင်းကြီးအတွက်လည်း အောင်ပွဲတွေကို ပြန်ရှာဖွေနိုင်ဖို့ အခြေအနေ ကောင်းလာမှာပါ။

အီတလီအသင်းဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့ပေမယ့် ကမ္ဘာ့ဖလား ၂ ကြိမ်ဆက် မပါဝင်နိုင်ခဲ့ တာက နိုင်ငံရဲ့ပုံရိပ်ကို ကြီးမားစွာ ကျဆင်းစေခဲ့ပါတယ်။ အဲဒါကြောင့် ကလပ်အသင်းတွေရဲ့ အောင်မြင်မှုနဲ့ အစပျိုးပြီး နိုင်ငံရဲ့အောင်မြင်မှုတွေကို ပြန်ပြီး ရယူနိုင်မလားဆိုတာကို စောင့်ကြည့်ရမှာလည်း ဖြစ်ပါတယ်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

CNI ရဲ့ဘောလုံးပွဲ သုံးသပ်ချက် အစီအစဉ်

By CNI
CNI
Category: Watch TV
Hits: 1097

Share
Tweet
Share
Share
powered by social2s

ယူရိုပါလိဂ်မှာ ဆက်ပြီးတိုက်ပွဲဝင်ချင်တာလို့ ထွက်ခွာရပြီးနောက် အာတီတာ ပြော

By CNI
CNI
Category: Watch TV
Hits: 990

Share
Tweet
Share
Share
powered by social2s
ရော်နယ်ဒိုကိုတွေ့ရစဉ်

 ရော်နယ်ဒိုက ပေါ်တူဂီအတွက် အလွန်အရေးပါတဲ့သူလို့ နည်းပြ မာတီးနတ်ဇ်ပြော

By CNI
CNI
Category: အားကစား
Hits: 1345

CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၁၈

ပေါ်တူဂီအသင်းနည်းပြ မာတီးနတ်ဇ်က ရော်နယ်ဒိုဟာ အသင်းအတွက် အလွန်အရေးပါတဲ့သူ ဖြစ်တယ်လို့ ယူရို ၂၀၂၄ ပြိုင်ပွဲ ခြေစစ်ပွဲအတွက် လူစာရင်း ထုတ်ပြန်ခဲ့တာမှာ ပြောလိုက်ပါတယ်။

မာတီးနတ်ဇ်က “ရော်နယ်ဒိုဟာ နိုင်ငံအသင်းအတွက် အလွန်စိတ်အား ထက်သန်တဲ့ ကစားသမားပါ။ ရော်နယ်ဒို ဟာ အသင်းအတွက် သူ့ရဲ့ အတွေ့အကြုံတွေ ယူဆောင်ပေးလာနိုင်ပြီး အလွန်အရေးပါတဲ့ သူပါ။ အသက်အရွယ်နဲ့ တခြား ရှုထောင့်တွေကို ကျနော် မကြည့်ပါဘူး။ ရော်နယ်ဒိုဟာ အသင်းကို အကူအညီပေးဖို့နဲ့ သူ့ရဲ့ ကစားသမား ဘဝ အတွေ့အကြုံတွေကို တခြား ကစားသမားတွေဆီ ပို့ဆောင်ပေးနိုင်ဖို့ အခွင့်အရေး ရှိတယ်လို့ ကျနော် ထင်ပါ တယ်။ ဒီအဆင့်က ဒီမှာရှိနေတဲ့ ကစားသမားတွေအတွက် အရေးပါပါတယ်။ ကျနော်တို့ဟာ အနိုင်ရတဲ့အသင်း၊ ပြိုင်ဆိုင်မှုရှိတဲ့ အသင်းဖြစ်အောင် လုပ်ချင်ပါတယ်”လို့ ပြောခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ အသက် ၃၈ နှစ်အရွယ်ရှိ ရော်နယ်ဒိုရဲ့ လက်ရွေးစင် အနာဂတ်နဲ့ ပတ်သက်တဲ့ မေးခွန်းတွေ အများကြီး ထွက်ခဲ့ပါတယ်။

ပေါ်တူဂီ အသင်းခေါင်းဆောင်ဟာ နည်းပြဟောင်း ဖာနန်ဒိုဆန်းတို့စ်ရဲ့ ကမ္ဘာ့ဖလားနောက်ဆုံး ၂ ပွဲမှာ လူစားဝင် ကစားသမားအဖြစ်သာ ပါဝင်ခဲ့ရပေမယ့် နည်းပြသစ် မာတီးနတ်ဇ်ကတော့ သူ့ကို ပွဲထွက် ကစားသမားအဖြစ် အသုံးပြုသွားဖို့ ရှိနေတာပါ။

ရော်နယ်ဒိုနဲ့ မာတီးနတ်ဇ်ကိုတွေ့ရစဉ်

ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းအတွက် ၁၉၆ ပွဲ ကစားထားအပြီးမှာ စံချိန်တင် ၁၁၈ ဂိုး သွင်းယူထားကာ နိုင်ငံတကာ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းအတွက် ပါဝင်ကစားပေးနေပြီး ၉ ပွဲမှာ ၈ ဂိုးအထိ သွင်းယူထားကာ ဖေဖော်ဝါရီလအတွက် ဆော်ဒီလိဂ်ရဲ့ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ရယူနိုင်ခဲ့တာပါ။
ယူရိုခြေစစ်ပွဲ ကစားမယ့် ပေါ်တူဂီအသင်း လူစာရင်းမှာ ဝါရင့်နောက်ခံလူ ပီပီ၊ ဘာနာဒိုဆေးလ်ဗား၊ ဘရူနို ဖာနန် ဒက်စ်၊ ဂျာအိုဖိလစ်၊ ရာဖေးလ်လီယိုတို့ ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။

မာတီးနတ်ဇ်က “ပေါ်တူဂီ ကစားသမားတွေရဲ့ အရည်အသွေးတွေကို ပြသနိုင်တဲ့ အသင်းတစ်သင်းကို တည် ဆောက် ချင်ပါတယ်။ ဒါက စမှတ်ဖြစ်ပြီး အရည်အသွေးတွေ၊ အတွေ့အကြုံတွေ၊ လူငယ်၊ ပြည်တွင်းမှာရော၊ ပြည်ပမှာပါ ကစားတဲ့ ကစားသမားတွေကို ကျနော်မြင်ပါတယ်။ နိုင်ငံအသင်းအတွက် သူတို့တွေအားလုံးရဲ့ ကတိကဝတ်တွေ အများကြီးကို ကျနော်တွေ့ခဲ့ရပါတယ်”လို့ ပြောခဲ့တာပါ။

ပေါ်တူဂီအသင်းဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲအဖြစ် မတ်လ ၂၃ ရက်မှာ လက်ချင်စတိန်းနဲ့ အိမ်ကွင်း၊ နောက် ၃ ရက် အကြာ လူဇင်ဘတ်နဲ့ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: ESPN

 

 

 

Share
Tweet
Share
Share
powered by social2s
ဗီအဲရာကိုတွေ့ရစဉ်

ဗီအဲရာကို ခရစ္စတယ်ပဲလေ့စ်အသင်း နည်းပြရာထူးက ထုတ်ပယ်

By CNI
CNI
Category: အားကစား
Hits: 1157

CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၁၇

ပရီးမီးယားလိဂ်ကလပ် ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ၁၂ ပွဲဆက် နိုင်ပွဲပျောက်ဆုံးပြီးနောက် နည်းပြဖြစ်သူ ဗီအဲရာကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီ ဖြစ်ပါတယ်။

ခရစ္စတယ်ပဲလေ့စ် အသင်းဟာ ၂၀၂၃ ထဲမှာ နိုင်ပွဲ လုံးဝမရသေးဘဲ နောက်ဆုံး ကစားတဲ့ပွဲမှာ ဘရိုက်တန်အသင်း ကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ကာ ၃ ပွဲဆက် ရှုံးပွဲကြုံတွေ့ခဲ့တာပါ။

ခရစ္စတယ်ပဲလေ့စ်အသင်းဟာ အမှတ်ပေးဇယားအဆင့် ၁၂ နေရာမှာ ရပ်တည်နေပေမယ့် တန်းဆင်းဇုန်အဆင့် ၁၈ က ဘုန်းမောက်အသင်းနဲ့ ၃ မှတ်သာကွာဟပြီး ဘုန်းမောက်အသင်းဟာ ပွဲကစားဖို့ ၁ ပွဲကျန်ရှိနေတာ ဖြစ်ပါတယ်။

ခရစ္စတယ်ပဲလေ့စ်ဥက္ကဋ္ဌ စတိဗ်ပါရစ်က “ခက်ခဲတဲ့ ဆုံးဖြတ်ချက်ကို ချလိုက်ရတာပါ။ မကြာသေးခင် လတွေ အတွင်းက ရလဒ်တွေက ကျနော်တို့ကို လိဂ်မှာ မရေရာတဲ့ အနေအထားမှာ ရှိနေစေခဲ့ပါတယ်။ ပရီးမီးယားလိဂ် အဆင့်အတန်းကို ဆက်ထိန်းထားနိုင်ဖို့အတွက် အပြောင်းအလဲတစ်ခု လိုအပ်တယ်လို့ ခံစားရကြောင်း” ပြောခဲ့ တာပါ။

ဗီအဲရာကို တွေ့ရစဉ်

ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ၂၀၂၁-၂၂ ရာသီ မစတင်ခင်က ဗီအဲရာကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပြီး အဆင့် ၁၂ နေရာနဲ့ ရာသီအဆုံးသတ်ခဲ့ကာ အသင်းကို တိုက်စစ်ကစားပုံစတိုင် ပြုလုပ်ပေးခဲ့လို့ ချီးကျူးမှုတွေ ရရှိခဲ့ပါတယ်။

ဒါပေမယ့် အခုနှစ် ရာသီမှာတော့ အသင်းဟာ ၂၇ ပွဲ ကစားအပြီးမှာ ၂၁ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး သူတို့ထက် သွင်းဂိုး နည်းတာဆိုလို့ ဝုလ်ဗ်စ်၊ အဲဗာတန်နဲ့ ဆောက်သမ်တန်အသင်းတို့သာ ရှိခဲ့တာပါ။

ဘရိုက်တန်အသင်းကို အရေးမနိမ့်ခင်မှာ ပဲလေ့စ်အသင်းဟာ ၃ ပွဲဆက်တိုက် ဂိုးပေါက်တည့်မှု မရှိခဲ့ပါဘူး။

ဗီအဲရာရဲ့ နည်းပြအဖွဲ့ဝင် ၃ ဦးစလုံးကလည်း အသင်းကနေ ထွက်ခွာခဲ့ပြီး ကလပ်အသင်းကတော့ နည်းပြသစ် ရှာဖွေရေး လုပ်ငန်းစဉ်တွေကို လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

ခရစ္စတယ်ပဲလေ့စ်အသင်းဟာ တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဗီအဲရာရဲ့ အသင်းဟောင်း အာဆင်နယ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s

စံချိန်တွေထပ်တင်ရင် ဟာလန်းဘဝက ပျင်းစရာကောင်းတော့မယ်လို့ ဂွာဒီယိုလာ ပြော

By CNI
CNI
Category: Watch TV
Hits: 983

Share
Tweet
Share
Share
powered by social2s

စံချိန်တွေထပ်တင်ရင် ဟာလန်းဘဝက ပျင်းစရာကောင်းတော့မယ်လို့ ဂွာဒီယိုလာ ပြော

By CNI
CNI
Category: အားကစား
Hits: 1326

CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၁၅

မန်စီးတီးအသင်းက လိုက်ပ်ဇစ်အသင်းကို ၇ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ ၅ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဟာလန်း အနေနဲ့ စံချိန်တွေထပ်တင်ရင် ဘဝက ပျင်းစရာကောင်းတော့မယ်လို့ နည်းပြဖြစ်သူ ဂွာဒီယိုလာက ပြောလိုက်ပါတယ်။

ဂွာဒီယိုလာက “ဟာလန်းသာ အသက် ၂၂ နှစ်အရွယ်မှာတင် ဒီမှတ်တိုင်ကို အောင်မြင်ခဲ့မယ်ဆိုရင် သူ့ဘဝက ပျင်းစရာကောင်းသွားပါလိမ့်မယ်။ဒါကြောင့် အနာဂတ်မှာ ဒါကိုလုပ်နိုင်ဖို့ သူရည်မှန်းထားရပါမယ်။ ဒီနေရာမှာရော နေရာတိုင်းမှာပါ။ ဒါကြောင့် သူ့ကို ကျနော်လူစားလဲခဲ့တာ”လို့ ပြောခဲ့တာပါ။

ဟာလန်းဟာ ဒီပွဲမှာ ၅ ဂိုးသွင်းယူနိုင်ခဲ့တဲ့အတွက် ချန်ပီယံလိဂ်သမိုင်းမှာ တစ်ပွဲတည်း ၅ ဂိုးသွင်းယူနိုင်ခဲ့တဲ့ တတိယမြောက်ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဟာလန်းရဲ့အရှေ့မှာ တစ်ပွဲတည်း ၅ ဂိုးသွင်းယူထားတဲ့ ကစားသမား ၂ ဦးကတော့ အက်ဒရီယာနိုနဲ့ မက်ဆီတို့ပါ။ ဒါပေမယ့် မန်စီးတီးတိုက်စစ်မှူးဟာ သူတို့နှစ်ဦးထက် မိနစ်အနည်းငယ်နဲ့ ၅ ဂိုးသွင်းယူနိုင်တဲ့ မှတ်တမ်းတစ်ရပ်ကို ရရှိခဲ့ပါတယ်။

ချန်ပီယံလိဂ်သမိုင်းမှာ တစ်ပွဲတည်း ၆ ဂိုးသွင်းယူထားတဲ့ ကစားသမားအခုထိ မရှိသေးပါဘူး။အဲဒါကြောင့် ဟာလန်းက ဒီစံချိန်ကို တင်နိုင်ဖို့အတွက် မျှော်လင့်လို့ရခဲ့ပေမယ့် နည်းပြ ဂွာဒီယိုလာက ပွဲချိန် ၆၃ မိနစ်မှာ လူစားလဲခဲ့တာကြောင့် မျှော်လင့်ချက် ပျက်ပြယ်ခဲ့ရတာဖြစ်ပါတယ်။ဟာလန်းကလည်း သူ့ကိုလူစားလဲချိန်မှာ နည်းပြ ဂွာဒီယိုလာကို ဒီထက်ပိုပြီး ဂိုးသွင်းယူချင်တဲ့အကြောင်း ပြောခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

ဟာလန်းက “ကျနော်လူစားလဲ ခံရချိန်တုန်းက ဟတ်ထရစ် ၂ ကြိမ်သွင်းယူချင်တယ်လို့ ဂွာဒီယိုလာကို ပြောခဲ့ပါတယ်။ဒါပေမယ့် ကျနော်ဘာလုပ်နိုင်မှာလဲ။ကျနော် ဒီပြိုင်ပွဲကို အလွန်နှစ်သက်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကို သဘောကျပါတယ်”လို့ ပြောခဲ့တာပါ။

ဟာလန်းဟာ လက်ရှိချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၂၅ ပွဲကစားထားတာမှာ ၃၃ ဂိုးအထိ သွင်းယူထားပြီး ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် အသက်အငယ်ဆုံးနဲ့ အမြန်ဆုံးသွင်းဂိုး ၃၀ ပြည့်တဲ့ ကစားသမားအဖြစ်လည်း မှတ်တမ်းတင် နိုင်ခဲ့ပါတယ်။ နော်ဝေတိုက်စစ်မှူးဟာ ဒီရာသီမှာ မန်စီးတီးအသင်းအတွက် ခြေစွမ်းပြသနေပြီး ပြိုင်ပွဲစုံ ၃၆ ပွဲ ကစားထားတာမှာ ၃၉ ဂိုးအထိ သွင်းယူထားတာပါ။

မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ လိုက်ပ်ဇစ်အသင်းကို ၇ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် ၈ ဂိုး- ၁ ဂိုးနဲ့ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ဒီတစ်ပတ်မှာတော့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ဘန်လေ အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:ChannelNewsAsia‌

 

 

 

Share
Tweet
Share
Share
powered by social2s

လန်ဒန်ဘောလုံးဆုပေးပွဲမှာ အဓိကဆုတွေကို အာဆင်နယ်ရယူ

By CNI
CNI
Category: Watch TV
Hits: 981

Share
Tweet
Share
Share
powered by social2s
ဂွာဒီယိုလာနဲ့ မန်စီးတီး ကစားသမားများကိုတွေ့ရစဉ်

မန်စီးတီးခေတ်ကို ချန်ပီယံလိဂ်ဖလားနဲ့ အကဲဖြတ်ခံရလိမ့်မယ်လို့ ဂွာဒီယိုလာပြော

By CNI
CNI
Category: အားကစား
Hits: 1297

CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၁၄

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက အသင်းကို သူကိုင်တွယ်နေတဲ့ခေတ်မှာ ချန်ပီယံလိဂ်ဖလား ရယူနိုင်ခြင်း ရှိ၊ မရှိနဲ့ အကဲဖြတ် ခံရလိမ့်မယ်လို့ ပြောလိုက်ပါတယ်။

ဂွာဒီယိုလာက “ဒါနဲ့ ပတ်သက်ပြီး သဘောတူတယ်လို့တော့ မဟုတ်ပေမယ့် အတိအကျ ပြောရရင်တော့ ဒီပြိုင်ပွဲ အတွက် ကျနော်တို့ အကဲဖြတ်ခံရမှာပါ။ ကျနော့်ရဲ့ ပထမဆုံး ချန်ပီယံလိဂ်ပွဲဖြစ်တဲ့ ၂၀၁၆ တုန်းကလည်း ခင်ဗျား ဒီမှာ ချန်ပီယံလိဂ်ဖလား ရယူမှာလားလို့ သူတို့မေးကြပါတယ်။ ကျနော်သာ ရီးရယ်လ်နည်းပြ ဆိုရင်တော့ ဒါကို နားလည်နိုင်မှာ ဖြစ်ပေမယ့် ကျနော် လက်ခံခဲ့ပါတယ်။ ကျနော်ဖြတ်သန်း နေရသလောက်တော့ ဒါက ပြောင်းလဲ သွားမှာ မဟုတ်ဘူး”လို့ ပြောခဲ့တာပါ။

ဂွာဒီယိုလာဟာ မန်စီးတီးအသင်းကို ကိုင်တွယ်ထားချိန်မှာ ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ်နဲ့ လိဂ်ဖလား ၄ ကြိမ် ရယူထားနိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ်တော့ ရယူနိုင်ခြင်း မရှိသေးပါဘူး။

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မန်စီးတီးအသင်း အမြင့်ဆုံး အောင်မြင်မှုကတော့ ၂၀၂၁ က ဒုတိယ ရရှိခဲ့တာပါ။ မန်စီးတီး အသင်းဟာ ဗိုလ်လုပွဲမှာ ပရီးမီးယားလိဂ် ပြိုင်ဘက် ချယ်လ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရပြီး ၁ ဂိုး- ဂိုးမရှိနဲ့ အရေး နိမ့်ခဲ့တာ ဖြစ်ပါတယ်။

ဂွာဒီယိုလာနဲ့ ချန်ပီယံလိဂ်ကို တွေ့ရစဉ်

မန်စီးတီးအသင်းဟာ ဒီရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာတော့ ၁၆ သင်းအဆင့်ကို ရောက်ရှိနေပြီး ပထမအကျော့ ပွဲစဉ် အဖြစ် ကစားခဲ့တုန်းက ၁ ဂိုးစီ သရေကျခဲ့တာပါ။

အဲဒါကြောင့် ဒုတိယအကျော့အဖြစ် ကစားရမယ့်ပွဲမှာ နောက်တစ်ဆင့် တက်ဖို့အတွက် အနိုင်ရလဒ် ရယူဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ ဟာလန်းဟာ ဒီရာသီမှာ မန်စီးတီး အသင်းအတွက် ပြိုင်ပွဲစုံ ၃၄ ဂိုး သွင်းယူထား ပေမယ့် ဂွာဒီယိုလာကတော့ တိုက်စစ်မှူးအနေနဲ့ ဘက်ပေါင်းစုံကနေ တိုးတက်ဖို့ ရှိသေးတယ်လို့ ပြောခဲ့တာပါ။

ဂွာဒီယိုလာက “ဧရိယာထဲမှာ ဂိုးတွေသွင်းယူဖို့ ကျနော်တို့က သူ့ဆီကနေ လိုအပ်ပါတယ်။ ပြိုင်ဘက်ရဲ့ ဧရိယာနဲ့ ဝေးကွာနေတဲ့ နေရာမှာဆို သူ ဂိုးမသွင်းယူနိုင်ပါဘူး။ ဟာလန်းအနေနဲ့ ပိုပြီးတက်ကြွဖို့ လိုအပ်ပါတယ်။ ကျနော်တို့ က သူ့ကို ကြည့်နေရမယ်၊ ကျနော်တို့ လုပ်တဲ့အရာတွေမှာ သူပါဝင်နေရပါမယ်။ သူဟာ တိုးတက်လာ ရမယ်၊ ပိုပြီးတော့ ကောင်းနေရမယ်”လို့ ပြောခဲ့ပါတယ်။

မန်စီးတီးအသင်း တိုက်စစ်မှူး ဟာလန်းဟာ လိုက်ပ်ဇစ်နဲ့ မန်စီးတီး တွေ့ဆုံခဲ့တဲ့ အကြိမ်များအတွင်းမှာ ၆ ဂိုးအထိ သွင်းယူထားပါတယ်။

Source: CNA

 

 

 

 

Share
Tweet
Share
Share
powered by social2s
အာဆင်နယ် အသင်းသားများနဲ့ နည်းပြတို့ ဆုများ လက်ခံရယူနေစဉ်

လန်ဒန်ဘောလုံးဆုပေးပွဲမှာ အဓိကဆုတွေကို အာဆင်နယ်ရယူ

By CNI
CNI
Category: အားကစား
Hits: 1224

CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၁၄

လန်ဒန်အခြေစိုက် ကလပ်အသင်းတွေက ကစားသမားတွေနဲ့ နည်းပြတွေကို ရွေးချယ်ချီးမြှင့်တဲ့ ၂၀၂၃ လန်ဒန် ဘောလုံးဆုပေးပွဲမှာ အာဆင်နယ်အသင်းက အဓိကဆုတွေကို ရယူနိုင်ခဲ့ပါတယ်။

အာဆင်နယ် အသင်းခေါင်းဆောင် အိုဒီဂတ်က ဒီဆုပေးပွဲမှာ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး ကစား သမားဆုကို ရရှိသွားခဲ့ပါတယ်။

အိုဒီဂတ်ဟာ အာဆင်နယ်အသင်းကို နှစ်ပေါင်း ၁၉ နှစ်အကြာမှ ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ဖလားကို ရယူ နိုင်ဖို့အတွက် အမှတ်ပေးဇယား ထိပ်ဆုံးနေရာ ရပ်တည်နိုင်အောင် အဓိကစွမ်းဆောင် ပေးထားတဲ့ သူတွေထဲက တစ်ဦး ဖြစ်ပါတယ်။
အိုဒီဂတ်ဟာ ဒီဆုကို စပါးအသင်း တိုက်စစ်မှူး ဟာရီကိန်း၊ ဘရန်ဖို့ဒ် တိုက်စစ်မှူး တိုနေး၊ ဖူလ်ဟမ် တိုက်စစ်မှူး မီထရိုဗစ်နဲ့ အာဆင်နယ်အသင်းဖော် ဆာကာတို့ကို အသာရပြီး ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အိုဒီဂတ်က “ဒါကို အသင်းသားတွေ အားလုံးနဲ့ မျှဝေချင်ပါတယ်။ အသင်းအတွက် ဆုတွေအားလုံးနဲ့ အသိအမှတ် ပြုခံရတာကို မြင်ရတာက အလွန်ကောင်းပါတယ်။ ဒီနှစ်မှာ ကျနော်တို့ လုပ်နေတဲ့ အရာတွေက အလွန်ထူးခြားပြီး ကျနော်တို့ဟာ ကလပ်အသင်းအနေနဲ့ ဘယ်လောက်ထိ ရောက်နေပြီလဲဆိုတာကို ပြသနေတယ်လို့ ထင်ကြောင်း” ပြောခဲ့ပါတယ်။

အာဆင်နယ် အသင်းနည်းပြ အာတီတာနဲ့ အသင်းခေါင်းဆောင် အိုဒီဂတ်ကိုတွေ့ရစဉ်

ဆာကာကတော့ အကောင်းဆုံး လူငယ်ကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။

ဆာကာဟာ ၂၀၂၁ ကလည်း ဒီဆုကို ရခဲ့တဲ့အတွက် အခုတစ်ကြိမ် ရရှိတာက ဒုတိယအကြိမ်မြောက် ရရှိခဲ့တာပါ။

အကောင်းဆုံး ဂိုးသမားဆုကို အာဆင်နယ် ဂိုးသမား ရမ်စဒေးလ်က ရရှိသွားခဲ့ပါတယ်။ ရမ်စဒေးလ်ဟာ အာဆင်နယ် အသင်းရဲ့ ဂိုးပေါက်ကို အကောင်းဆုံး ကာကွယ်မှုတွေ ပြုလုပ်နိုင်ခဲ့တာကြောင့် ဒီဆုကို ထိုက်ထိုက် တန်တန် ရရှိခဲ့တာပါ။

အကောင်းဆုံး နည်းပြဆုကို အာဆင်နယ် အသင်းနည်းပြ အာတီတာက ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

အာတီတာက “ကျနော့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ ဝန်ထမ်းတွေ၊ ကလပ်မှာရှိတဲ့ သူတိုင်းနဲ့ ကျနော်တို့ကို အားပေးတဲ့ ပရိသတ်တွေအားလုံးကို ဒီဆုရရှိခဲ့တဲ့အတွက် အလွန်ကျေးဇူးတင်ပါတယ်”လို့ ပြောခဲ့ပါတယ်။

အမျိုးသမီး အကောင်းဆုံး ကစားသမားဆုကို အာဆင်နယ်နဲ့ အင်္ဂလန်အသင်း တိုက်စစ်မှူး ဘန်မီက ရရှိခဲ့ပြီး အကောင်းဆုံး သွင်းဂိုးဆုကို စပါးအသင်း တောင်ပံကစားသမား ဆွန်ဟောင်မင် သွင်းယူတဲ့ဂိုးက ရရှိသွားခဲ့ပါ တယ်။

အာဆင်နယ်အသင်းဟာ လက်ရှိအချိန်မှာ ဒုတိယနေရာက မန်စီးတီးအသင်းကို ၅ မှတ်ဖြတ်ပြီး ဦးဆောင်နေကာ ၂၀၀၄ နောက်ပိုင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ် ဆုဖလားကို ပြန်လည်ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

Source: Daily Mail

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဆောက်သမ်တန်နဲ့ပွဲမှာ ဒိုင်လူကြီးက ပွဲကိုလွှမ်းမိုးခဲ့တယ်လို့ အဲရစ်တန်ဟတ် အပြစ်တင်

By CNI
CNI
Category: Watch TV
Hits: 974

Share
Tweet
Share
Share
powered by social2s

အဝေးကွင်းမှာ ဂိုးမပေးရဘဲအနိုင်ရခဲ့လို့ ပျော်ရွှင်ကြောင်း အာတီတာ ပြော

By CNI
CNI
Category: အားကစား
Hits: 1614

CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၁၃

အာဆင်နယ်အသင်းနည်းပြ အာတီတာက ဖူလ်ဟမ်အသင်းကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ ဂိုးမပေးရဘဲ အနိုင်ရခဲ့တဲ့အတွက် ပျော်ရွှင်တယ်လို့ ပြောလိုက်ပါတယ်။

အာတီတာက “အလွန်ပျော်ရွှင်ပါတယ်။ဖူလ်ဟမ်အသင်းဟာ စနစ်တကျနဲ့ ဖွဲ့စည်းထားတဲ့အသင်းဖြစ်ပြီး သူတို့ ကွင်းမှာ လာပြီးယှဉ်ပြိုင်ရတာက ခက်ခဲပါတယ်။ကျနော်တို့ပွဲကို ကြီးစိုးနိုင်ခဲ့သလို အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ခဲ့ပါတယ်။ပြီးတော့ အလွန်အရေးပါတဲ့ ဂိုးမပေးရအောင်လည်း လုပ်နိုင်ခဲ့ပါတယ်။ယုံကြည်မှုရှိရှိနဲ့ ပွဲကို အနိုင်ရခဲ့တာကလည်း အလွန်ပျော်ဖို့ ကောင်းတယ်” လို့ ပြောခဲ့တာပါ။

အာဆင်နယ်အသင်းဟာ ဖူလ်ဟမ်အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ဂိုးတွေကို ဂါဘရီရယ်လ်၊ မာတင်နယ်လီနဲ့ အိုဒီဂတ်တို့က သွင်းယူခဲ့တာဖြစ်ပါတယ်။အာဆင်နယ်အသင်းဟာ ဒီ နိုင်ပွဲကြောင့် ပရီးမီးယား လိဂ် ပြိုင်ပွဲပြီးဆုံးဖို့ ၁၁ ပွဲသာ လိုတော့တဲ့အချိန်မှာ ဒုတိယနေရာက မန်စီးတီးအသင်းကို ၅ မှတ်အသာရပြီး ထိပ်ဆုံးနေရာမှာ ဦးဆောင်နေတာပါ။

အာတီတာက “၉၆ မိနစ်အထိ ကစားသမား ၁၁ ဦးစလုံးက ခံစစ်ပိုင်းကို အကောင်းဆုံး ကာကွယ်နိုင်ခဲ့ပါတယ်။ ကျနော်တို့ဟာ နိုင်ပွဲတွေဆက်ပြီး ရယူချင်တယ်ဆိုရင် ခံစစ်ပိုင်းကောင်းမွန်စွာလုပ်နိုင်ဖို့လည်း အရေးကြီးပါတယ်။ အသင်းကနေ တစ်ဆင့်ဖြန့်ဝေတဲ့ သွင်းဂိုးတွေကို မြင်ရတာက အလွန်ကောင်းပါတယ်။ကျနော်တို့ လေ့ကျင့်မှု အများအပြားပြုလုပ်ခဲ့ပြီး ဒီနေ့မှာ လှပတဲ့သွင်းဂိုးတွေလည်း သွင်းယူနိုင်ခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။

ဖူလ်ဟမ်အသင်းကို အနိုင်ရတဲ့ပွဲမှာ ဒဏ်ရာကြောင့် ကာလကြာရှည်အနားယူနေရတဲ့ တိုက်စစ်မှူး ဂျီးဆပ်စ်ဟာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားသွားခဲ့ပေမယ့် ပွဲထွက်ခွင့်တစ်နေရာအတွက် အာမခံချက်မရှိဘူးလို့ နည်းပြ အာတီတာက သတိပေးခဲ့ပါတယ်။

အာတီတာက “ဒါဟာ သူ့ရဲ့ပထမဆုံးခြေလှမ်းပါ။သူ့ရဲ့ကစားချိန်က မှန်ကန်မှုရှိ၊မရှိဆိုတာ မသိပေမယ့် သူ့ မျက်လုံးတွေက ကျနော်အဆင်သင့်ဖြစ်နေပြီဆိုတာကို ကျနော့်ကို ပြောခဲ့ပါတယ်။အခုအချိန်မှာတော့ သူလည်း အခြားကစားသမားတွေလို သူ့ရဲ့နေရာကို ပြန်လည်ရယူနိုင်ဖို့ လိုအပ်ပါတယ်” လို့ ပြောခဲ့တာပါ။

အာဆင်နယ်အသင်းဟာ လာမယ့်ကြားရက်မှာ ယူရိုပါလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ စပို့တင်းလစ္စဘွန်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပထမအကျော့ပွဲစဉ်က ၂ ဂိုးစီသရေကျခဲ့တာ ဖြစ်ပါတယ်။

Source:Metro

 

 

 

Share
Tweet
Share
Share
powered by social2s
ဒိုင်နဲ့ ကစားသမား အချိန်သတ်မှတ်ချက် အငြင်းပွားနေစဉ်

ဖီဖာစည်းမျဉ်းအသစ်နဲ့ EPL ကစားသမားတွေ အချိန်ဖြုန်းတာကို ရပ်တန့်မယ်

By CNI
CNI
Category: အားကစား
Hits: 1334

CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၁၀

ကမ္ဘာ့ဒိုင်လူကြီး အကြီးအကဲ ကော်လီနာက ပိုတိကျတဲ့ အချိန်ပမာဏကို အသုံးပြု လိုက်မယ်ဆိုရင် ပရီးမီးယား လိဂ် ကစားသမားတွေဟာ အချိန်ဖြုန်းတာကို ရပ်တန့်သွားလိမ့်မယ်လို့ ပြောလိုက်ပါတယ်။

ကော်လီနာက “အက်စတွန်ဗီလာနဲ့ ဘရန်ဖို့ဒ်တို့ ပွဲမှာဆိုရင် ထိရောက်မှုရှိတဲ့ အချိန်က ၄၃ မိနစ်ပါပဲ။ ၄၃ မိနစ် ကြာတဲ့ ပွဲစဉ်ကို ကြည့်ရှုဖို့ တစ်စုံတစ်ယောက်က ပိုက်ဆံပေးချင်တယ်လို့ မထင်ပါဘူး။ ကစားသမားတွေက အချိန် ဖြုန်းတာဟာ အဓိပ္ပါယ် မရှိမှန်းသိရင်တော့ အချိန်ဖြုန်းတာကို လျှော့ချနိုင်မယ်လို့ ကျနော်ယုံကြည်ပါတယ်။ ဘာကြောင့်လဲဆိုရင် အဲဒီအချိန်ကပြန်ပြီး အစားထိုးသွားမှာ ဖြစ်လို့ပါ”လို့ ပြောခဲ့တာပါ။

ပရီးမီးယားလိဂ် ပွဲစဉ်တွေရဲ့ ထိရောက်တဲ့ အချိန်ဟာ ၅၄.၄၉ မိနစ်သာရှိပြီး ချန်ပီယံလိဂ် ပွဲတွေမှာဆိုရင် ထိရောက်တဲ့ အချိန်ဟာ ၅၈.၀၇ မိနစ် ဖြစ်တယ်လို့ နာမည်ကျော် ဒိုင်လူကြီးဟောင်း ကော်လီနာက ကိန်းဂဏန်းတွေနဲ့ ပြောခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတကာ ဘောလုံးအဖွဲ့အစည်း ဘုတ်အဖွဲ့က ဘောလုံးပွဲတွေရဲ့ အဓိက ၅ ခုဖြစ်တဲ့ လူစားလဲလှယ်မှုတွေ၊ ကစားသမားဒဏ်ရာ၊ ပင်နယ်တီ ကန်သွင်းမှု၊ အနီကတ်၊ VAR နဲ့ ဂိုးသွင်းပြီး အောင်ပွဲခံချိန်တွေ ကနေ အမှန် တကယ် ယူရမယ့် အချိန်ပမာဏကို ဆုံးဖြတ်ခဲ့တာပါ။

အချိန်ပို ကြေညာနေစဉ်

ဒါပေမယ့် ခန့်မှန်းချက်ထက် အလုံးစုံ ရပ်တန့်ချိန်ကို တွက်ချက်ရာမှာ အသုံးပြုသင့်တယ်လို့ ပြောခဲ့တာ ဖြစ်ပါ တယ်။ လမ်းညွှန်ချက် အသစ်တွေကို မှန်ကန်စွာ ကျင့်သုံးခဲ့မယ်ဆိုရင် လီဗာပူးလ်က ယူနိုက်တက်ကို ၇ ဂိုး- ဂိုး မရှိနဲ့ ဂိုးပြတ် အနိုင်ရတဲ့ပွဲမှာ အချိန်ပိုကို ဒီထက်ပိုပြီး ပေးသင့်တယ်လို့လည်း ကော်လီနာက ပြောခဲ့တာပါ။

ကော်လီနာက “ပြီးခဲ့တဲ့ အပတ်က ပရီးမီးယားလိဂ်မှာ ၁၀ ပွဲရှိခဲ့ပါတယ်။ လီဗာပူးလ်ပွဲမှာဆိုရင် နာကျင်အချိန်ပို ၄ မိနစ်ပဲ ပေးခဲ့ပါတယ်။ ပထမပိုင်းမှာ ၁ မိနစ်၊ ဒုတိယပိုင်းမှာ ၃ မိနစ်ပါ။ ဒါပေမယ့် ဒုတိယပိုင်းမှာ ၆ ဂိုး သွင်းယူ ခဲ့ပါ တယ်။ နှစ်သင်းကြား ကွာဟချက်ကြီးမားလို့ အချိန်ပို အများကြီး မပေးရဘူးဆိုရင်တော့ အနာဂတ် ကျနော်တို့မှာ စည်းမျဉ်းတစ်ခုတော့ ရှိကောင်းရှိပါလိမ့်မယ်။ ၇ ဂိုး- ဂိုးမရှိဖြစ်နေတဲ့ အချိန်မှာ မှန်ကန်တဲ့ အချိန်ကို ပြဖို့ဆိုရင် နားလည်ရ ခက်မယ်ဆိုတာ ကျနော်သိပါတယ်”လို့ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဖီဖာဟာ ကစားသမားတွေ အချိန်ဖြုန်းတာကို ရပ်တန့်ဖို့အတွက် နာကျင် အချိန်ပိုကို အများအပြားပေးခဲ့တာ မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

Source: BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s
အဲရစ်တန်ဟတ်နဲ့ ဘရူနိုဖာနန်ဒက်စ်ကိုတွေ့ရစဉ်

ဘရူနိုဖာနန်ဒက်စ်က ကွင်းထဲမှာ အကောင်းဆုံးကစားသမားလို့ အဲရစ်တန်ဟတ် ချီးကျူး

By CNI
CNI
Category: အားကစား
Hits: 1529

CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၁၀

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်က ဘတ်စ်တစ်အသင်းကို အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ် ၁၆ သင်းအဆင့် ပထမ အကျော့ပွဲမှာ ဘရူနိုဖာနန်ဒက်စ်ဟာ ကွင်းထဲမှာ အကောင်းဆုံး ကစားသမားလို့ ချီးကျူးသွားခဲ့ပါတယ်။

အဲရစ်တန်ဟတ်က “ဘရူနိုက ကွင်းထဲမှာ အကောင်းဆုံး ကစားသမားပါ။ သူဟာ ပိုပြီးလေးနက်တဲ့ အခန်းကဏ္ဍ ကနေ ကစားခဲ့တာဖြစ်ပြီး သူက ထက်မြက်သလို အခွင့်အရေးတွေ အများကြီးကိုလည်း ဖန်တီးနိုင်ခဲ့ပါတယ်။ သူ ဟာ ဒီပွဲမှာဆိုရင် ပထမမိနစ် ကတည်းက အသင်းကို ဦးဆောင်ခဲ့ပြီး ဂိုးလည်း သွင်းနိုင်ခဲ့သလို ဂိုးလည်း ဖန်တီးနိုင် ခဲ့ပါတယ်။ အဲဒါကြောင့် ကျနော် ပျော်ရွှင်ပါတယ်။ သူ့ရဲ့ ပင်ကိုယ်စရိုက် လက္ခဏာတွေလည်း ပြသ နိုင်ခဲ့ပါတယ်။ ဘရူနိုဟာ စိတ်အားထက်သန်မှု အရမ်းများလာရင် အားနည်းချက် ဖြစ်လာနိုင်လို့ ဒါက သူထိန်းချုပ်ရပါမယ်။ ဒါကို သူလည်း သိပါတယ်”လို့ ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ လီဗာပူးလ်အသင်းကို ၇ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ် အရေးနိမ့်တဲ့ပွဲအပြီး ကစားခဲ့တဲ့ ယူရိုပါလိဂ် ပွဲမှာ ဘတ်စ်တစ် အသင်းကို ၄ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက် အသင်းအတွက် ဂိုးတွေကို ရက်ရှ်ဖို့ဒ်၊ ဘရူနိုဖာနန်ဒက်စ်၊ အန်တိုနီနဲ့ ဝက်ဂ်ဟော့စ်တို့က သွင်းယူခဲ့ပြီး ဘတ်စ်တစ်အတွက် ဂိုးကိုတော့ ပီရတ်ဇ်က သွင်းယူခဲ့တာပါ။ ယူနိုက်တက်အသင်းဟာ ဘတ်စ်တစ် အသင်း အိမ်ကွင်းမှာ ဒုတိယအကျော့ ကစားဖို့ ကျန်ရှိသေးပေမယ့် ဒီပွဲရလဒ်ကြောင့် ကွာတားဖိုင်နယ်တက်ဖို့ နီးစပ်ခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းသားများကိုတွေ့ရစဉ်

ဘရူနိုဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ လီဗာပူးလ်နဲ့ပွဲက အပြုအမူတွေကြောင့် ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန် ခံခဲ့ရပြီး အသင်းခေါင်းဆောင် လက်ပတ် ပေးမဝတ်ဖို့ တောင်းဆိုမှုတွေ ရှိခဲ့တာပါ။

ဒါပေမယ့် နည်းပြ အဲရစ်တန်ဟတ်က ဘရူနိုဖာနန်ဒက်စ်ကို ကာကွယ်ပေးခဲ့ပြီး မက်ဂွဲယား ကွင်းထဲမရှိတဲ့ အချိန် မှာ ပေါ်တူဂီကစားသမားက အသင်းခေါင်းဆောင် လက်ပတ်ကို ဆက်ပြီး ဝတ်ဆင်မယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ကတော့ ဝေဖန်မှုတွေကို ဘတ်စ်တစ်နဲ့ပွဲမှာ ခြေစွမ်းပြပြီး တုန့်ပြန်ခဲ့တာပါ။

အဲရစ်တန်ဟတ်က “လူအုပ်ကြီးရဲ့ တုန့်ပြန်မှုကို ကျနော် ကျေနပ်ပါတယ်။ ပထမ မိနစ်ကနေစပြီး သူတို့က အသင်း အနောက်မှာ ရှိနေပါတယ်။ အသင်းဘက်ကလည်း အကောင်းဆုံး စွမ်းဆောင်ပြီး သူတို့ကို ပြန်ပေးပါတယ်။ အသင်းနဲ့ ပရိသတ်တွေကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိလို့ ဒါကို ကျနော် ကျေနပ်ပါတယ်။ ပထမပိုင်းမှာ ကတည်းက ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရသင့်ပေမယ့် အမှားတစ်ခုကြောင့် ကျနော်တို့ အပြစ်ပေး ခံခဲ့ရပါတယ်။ ဒုတိယ ပိုင်းမှာတော့ ကျနော်တို့ ကောင်းမွန်တဲ့ ဂိုးတွေ သွင်းယူနိုင်ခဲ့ပါတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဆောက်သမ်တန်အသင်းနဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Daily Mail

 

 

 

 

Share
Tweet
Share
Share
powered by social2s

ချန်ပီယံလိဂ်က ထွက်ရပြီးနောက် လိဂ်ဖလားရဖို့က အရေးကြီးဆုံးလို့ ဘတ်ပီပြော

By CNI
CNI
Category: Watch TV
Hits: 998

Share
Tweet
Share
Share
powered by social2s
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10
  • 11
  • 12
  • 13

Page 9 of 82

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar