CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

လီဗာပူးလ်အနေနဲ့ ဒီထက်ပိုပြီး တိုးတက်ဖို့ လိုအပ်လာပြီလို့ ကလောပ့်ပြော

By CNI
CNI
Category: အားကစား
Hits: 1153

CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၀

လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့နှစ်ပတ်အတွင်း တိုးတက်မှုတွေရှိလာပေမယ့် အခုထက်ပိုပြီး တိုးတက်ဖို့ လိုအပ် လာပြီလို့ နည်းပြဖြစ်သူ ကလောပ့်က အက်ဖ်အေဖလားက ထွက်ခဲ့ရပြီးနောက် ပြောလိုက်ပါတယ်။

ကလောပ့်က “ကျနော်တို့ တိုးတက်ရမယ့်နေရာတွေ ကျန်နေပါသေးတယ်။ ကျနော်တို့ဟာ ခြေလှမ်းတွေ လှမ်းနေပေမယ့် တိုးတက်အောင် လုပ်ရပါမယ်။ ကျနော်တို့ ဒီထက်ပိုပြီးတော့ တိုးတက်ရမှာဖြစ်ပြီး ဒါကို လုပ်ကို လုပ်ရမှာ ပါ။ ကျနော်တို့ဟာ ကောင်းတဲ့အသင်းကို အရေးနိမ့်ခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့နှစ်ပတ်က ဆိုးရွားတဲ့ပွဲမှာလည်း သူတို့ ကိုပဲ ရှုံးနိမ့်ခဲ့ရတာပါ။ ဒီနေ့တော့ ကျနော်တို့ ပိုကောင်းလာပါပြီ။ လွန်ခဲ့တဲ့နှစ်ပတ်နဲ့ ဒီနေ့စွမ်းဆောင်ရည်က မတူ တော့ဘူးဆိုတာ မြင်မိတယ်” လို့ သတင်းထောက်တွေကို ပြောခဲ့တာပါ။

လီဗာပူးလ်အသင်းဟာ ဘရိုက်တန်အသင်းကို ဇန်နဝါရီ ၁၄ ရက်က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ၃ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့သလို အခု အက်ဖ်အေဖလား စတုတ္တအဆင့်ပွဲစဉ်မှာလည်း ၂ ဂိုး- ၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ဒီရာသီမှာ ရလဒ်ဆိုးတွေ ကြုံတွေ့နေရပြီး အက်ဖ်အေဖလား မတိုင်ခင် ကာရာဘောင်းဖလားကနေ ထွက်ခဲ့ရတာပါ။ လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဒီဖလား ၂ ခုစလုံးမှာ ချန်ပီယံဆုတွေရယူနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ စောစီးစွာ ထွက်ခဲ့ရတာဖြစ်ပါတယ်။

ဒါ့အပြင် အန်ဖီးလ်ကလပ်ဟာ ပရီးမီးယားလိဂ်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် ကြိုးစားနေရတာကြောင့် ဒီရာသီ ဆုဖလားရယူနိုင်ဖို့ မျှော်လင့်စရာအဖြစ် ချန်ပီယံလိဂ်သာ ရှိတော့တာပါ။လီဗာပူးလ်အသင်း နောက်ခံလူ ရော်ဘတ် ဆန်က အသင်းရဲ့အခြေအနေဟာ ပိုပြီးတော့ဆိုးရွားလာတယ်လို့ ဘရိုက်တန်အသင်းနဲ့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

ရော်ဘတ်ဆန်က “ဒီရာသီမှာ ကျနော်တို့ဟာ ဘယ်နေရာမှာမှ လုံလောက်မှုမရှိပါဘူး။ အခုနှစ် အစပိုင်းမှာ ပိုပြီး ကောင်းမွန်တဲ့အစကို လိုချင်ခဲ့တာပါ။ ဒါပေမယ့် ဖြစ်မလာခဲ့ဘဲ ပိုပြီးတော့ဆိုးသွားခဲ့ပါတယ်။ အမှတ်ပေးလိဂ်မှာ လည်း လုံလောက်မှုမရှိသလို၊ ဖလားပြိုင်ပွဲ ၂ ခုကနေလည်း ထွက်ခွာခဲ့ရပါပြီ။ ကျနော်တို့ ယုံကြည်မှုပြန်ရဖို့ လိုပါ တယ်။ ဒါက ပြီးသွားတဲ့အရာတွေထက် ပိုလွယ်ပြီး ရလဒ်ကောင်းတွေရလာပါလိမ့်မယ်” လို့ ITV Sports ကို ပြောခဲ့တာပါ။

လီဗာပူးလ်အသင်းဟာ အခုလာမယ့် စနေနေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝုလ်ဗ်စ်အသင်းအိမ်ကွင်းမှာ သွား ရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:ChannelNewsAsia

 

 

 

Share
Tweet
Share
Share
powered by social2s

ဖခင်ဖြစ်သူဟာ ဘယ်လိုစစ်ပွဲမျိုးကိုမှ ထောက်ခံဖို့ ရည်ရွယ်ချက်မရှိဘူးလို့ ဂျိုကိုဗစ် ပြော

By CNI
CNI
Category: Watch TV
Hits: 777

Share
Tweet
Share
Share
powered by social2s

ရက်ရှ်ဖို့ဒ်ပြောင်းလဲမှုမှာ မိမိက ဟယ်ရီပေါ်တာ မဟုတ်ဘူးလို့ အဲရစ်တန်ဟတ်ပြော

By CNI
CNI
Category: Watch TV
Hits: 745

Share
Tweet
Share
Share
powered by social2s
မော်ရင်ဟိုကိုတွေ့ရစဉ်

ချယ်လ်ဆီးအသင်းကို နည်းပြအဖြစ် ကိုင်တွယ်ဖို့ မော်ရင်ဟို စိတ်ဝင်စား

By CNI
CNI
Category: အားကစား
Hits: 1112

CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၈

ချယ်လ်ဆီးအသင်းကို ၂ ကြိမ် ကိုင်တွယ်ခဲ့တဲ့ မော်ရင်ဟိုဟာ အသင်းကို ထပ်ပြီးကိုင်တွယ်ဖို့ စတမ်းဖို့ဒ်ဘရစ်ချ်ထံ ပြန်လာချင်နေတယ်လို့ သိရပါတယ်။

ဒေးလီးမေးလ်က မော်ရင်ဟိုဟာ ချယ်လ်ဆီးအသင်းကို ကိုင်တွယ်နေတဲ့ နည်းပြ ဂရေဟမ်ပေါ်တာသာ အသင်း ကနေ ထွက်ခွာသွားမယ်ဆိုရင် သူ့ရဲ့နေရာကို အစားထိုး ဝင်ရောက်မယ့် အခြေအနေနဲ့ ပတ်သက်ပြီး သူ့ရဲ့ သဘောထားကို ပြောပြထားတယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမယ့် ချယ်လ်ဆီး အသင်းကတော့ ဂရေဟမ်ပေါ်တာကို ဆက်ပြီး ထောက်ခံသွားမယ်လို့ အတည်ပြုထား ပါတယ်။

ရိုးမားအသင်းကို ကိုင်တွယ်နေတဲ့ မော်ရင်ဟိုဟာ အသင်းဘုတ်အဖွဲ့က အပြောင်းအရွှေ့ အသုံးစရိတ်တွေကို လုံလောက်စွာ အသုံးပြုခြင်း မရှိတာကြောင့် စိတ်ပျက်နေပါတယ်။

မော်ရင်ဟိုကိုတွေ့ရစဉ်

ဒီနောက်မှာတော့ မော်ရင်ဟိုဟာ လန်ဒန်မှာရှိတဲ့ ဇနီးနဲ့ သားသမီးတွေဆီ ပြန်လာဖို့ စိတ်အား ထက်သန်နေတာပါ။

ရိုးမားအသင်းဟာ မော်ရင်ဟို ရောက်လာပြီး ကတည်းက အပြောင်းအရွှေ့ အသုံးစရိတ် ယူရို ၁၂၆.၅ သန်း သုံးစွဲ ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ နွေရာသီမှာ ငွေသုံးစွဲမှု နည်းပါးသွားခဲ့ပြီး လိုင်လီက ဆီလစ်ခ် တစ်ဦးတည်း အတွက် ယူရို ၆ သန်း အသုံးပြုခဲ့ပါတယ်။

မာတစ်၊ ဒိုင်ဘားလား၊ ဝစ်ချ်နယ်လ်ဒန်း တို့ကို အငှားနဲ့ခေါ်ယူခဲ့ပြီးနောက် ငွေကြေး အများအပြား သုံးစွဲခြင်း မရှိတော့တာ ဖြစ်ပါတယ်။

ဒါပေမယ့် မော်ရင်ဟိုဟာ ရိုးမားအသင်းကို ယူရိုပါကွန်းဖရန့်စ်လိဂ် ရခဲ့တဲ့အသင်းကို အခြေခံကာ ၂၀၁၈ နောက် ပိုင်း ချန်ပီယံလိဂ် ဝင်ခွင့်ရအောင် လုပ်ဆောင်ပေးဖို့ မျှော်လင့်နေတာပါ။ ရိုးမားအသင်းဟာ အခုနှစ်ရာသီ စီးရီးအေ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

ရိုးမားအသင်းဟာ အဆင့် ၃ နဲ့ အဆင့် ၄ နေရာမှာရှိတဲ့ အင်တာမီလန်၊လာဇီယိုတို့နဲ့ ရမှတ်တူ ဂိုးကွာခြားချက် ကြောင့် အခုလို အဆင့် ၅ နေရာမှာ ရပ်တည်နေတာပါ။

မော်ရင်ဟိုရဲ့ ရိုးမားအသင်းဟာ ဒီတစ်ပတ် စီးရီးအေ ပွဲစဉ်အဖြစ် အမှတ်ပေးဇယား ထိပ်ဆုံးနေရာက နာပိုလီ အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Goal

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရက်ရှ်ဖို့ဒ်နဲ့ အဲရစ်တန်ဟတ်ကိုတွေ့ရစဉ်

ရက်ရှ်ဖို့ဒ်ပြောင်းလဲမှုမှာ မိမိက ဟယ်ရီပေါ်တာ မဟုတ်ဘူးလို့ အဲရစ်တန်ဟတ်ပြော

By CNI
CNI
Category: အားကစား
Hits: 1054

CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၈

အခုရာသီမှာ ယူနိုက်တက်အတွက် ခြေစွမ်းပြသနေတဲ့ ရက်ရှ်ဖို့ဒ်ရဲ့ ပြောင်းလဲမှုတွေမှာ သူက ဟယ်ရီပေါ်တာ မဟုတ်ဘူးလို့ နည်းပြဖြစ်သူ အဲရစ်တန်ဟတ်က နောက်ပြောင်ပြီး ပြောသွားခဲ့ပါတယ်။

အဲရစ်တန်ဟတ်က “ ကျနော်က ဟယ်ရီပေါ်တာ မဟုတ်ပါဘူး။ ဒါက ယုံကြည်မှုပါပဲ။ ကစားသမားတိုင်းဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိအောင် လုပ်ရပါမယ်။ ရက်ရှ်ဖို့ဒ်ဟာ တိုက်ပွဲဝင်သလို၊ ဒီအတွက်လည်း သူရင်းနှီးခဲ့ပါ တယ်။ ကျနော်ရဲ့ နည်းပြအဖွဲ့တွေကလည်း ရက်ရှ်ဖို့ဒ် ကောင်းမွန်တဲ့ အနေအထားကို ရောက်ဖို့အတွက် လိုအပ်တဲ့ အရာတွေကို လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးကတော့ သူ့အပေါ်မှာပဲ မူတည်တာပါ။ ကစား သမားကသာ ယုံကြည်မှုရှိရင် ကျနော်တို့လည်း ယုံကြည်မှုရှိစွာ အလုပ်လုပ်နိုင်ပါတယ်။ ဒါပေမယ့် ပတ်ဝန်းကျင်နဲ့ ယဉ်ကျေးမှုကလည်း အရေးကြီးပါတယ်။ ဒါဆို ကစားသမားကလည်း အကောင်းဆုံး စွမ်းဆောင်နိုင်မှာပါ”လို့ ပြောခဲ့တာပါ။

ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အသင်းအတွက် နောက်ဆုံးကစားထားတဲ့ ၁၀ ပွဲမှာ ၁၀ ဂိုး သွင်းယူနိုင်ခဲ့ပြီး ဒီရာသီ ပြိုင်ပွဲစုံ သွင်းဂိုး ၁၈ ဂိုးအထိ ရှိလာခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်တိုက်စစ်မှူးဟာ ၂၀၁၉-၂၀ ရာသီက ပြိုင်ပွဲစုံ ၂၂ ဂိုး သွင်းယူခဲ့တာဟာ သူ့ရဲ့ကစားသမားဘဝ အကောင်း ဆုံးဖြစ်ခဲ့ပြီး အခု ဒါကို လိုက်မှီနိုင်ဖို့ ၄ ဂိုးသာ လိုတော့တာပါ။

ပြီးခဲ့တဲ့ရာသီကဆိုရင် ရက်ရှ်ဖို့ဒ်ဟာ ပြိုင်ပွဲစုံ ၅ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ကစားသမားဘဝ အဆိုးဆုံး အခြေအနေကို ရောက်ရှိခဲ့ပါတယ်။

မက်ဂွဲယားကိုတွေ့ရစဉ်

အဲ့ဒါကြောင့် ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်ကနေ ထွက်ခွာဖို့အထိတောင် စဉ်းစားခဲ့ပေမယ့် အဲရစ်တန်ဟတ် ရောက်ရှိ လာချိန်မှာ သူ့ရဲ့ ကစားသမားဘဝကို ပြန်လည် အသက်သွင်းနိုင်ခဲ့တဲ့အထိ ဖြစ်ခဲ့ပါတယ်။

အဲ့ဒါကြောင့် ပီအက်စ်ဂျီအသင်းရဲ့ စိတ်ဝင်စားမှုကို ခံနေရလို့ နည်းပြဖြစ်သူ အဲရစ်တန်ဟတ်က စာချုပ် သက်တမ်း တိုးဖို့တောင် တိုက်တွန်းထားတာပါ။ ဒါ့အပြင် အဲရစ်တန်ဟတ်က အသင်းခေါင်းဆောင် မက်ဂွဲယားဟာ ဗဟို နောက်ခံလူတွေထဲမှာ သူ့ရဲ့ ပဉ္စမမြောက် ရွေးချယ်မှု မဟုတ်ဘူးလို့လည်း ပြောခဲ့ပါတယ်။

အဲရစ်တန်ဟတ်က “သူက ပဉ္စမမြောက် ရွေးချယ်မှု မဟုတ်ပါဘူး။ ဒါပေမယ့် ဒါက သူ့အပေါ်မှာပဲ မူတည်ပါတယ်။ သူဟာ လေ့ကျင့်မှုတွေမှာလည်း ကောင်းမွန်စွာ လုပ်ဆောင်နေပါတယ်။ ဒါက အသင်းအတွက် ကစားသမားတွေ အားလုံးဆီကနေ မျှော်လင့်ထားတဲ့ အရာပါ။ သူဟာ သူ့ရဲ့ နေရာအတွက် တိုက်ပွဲဝင်ရမှာဖြစ်ပြီး ဒါက တစ်ခါတစ်ရံ မှာလည်း မြန်မြန်ဆန်ဆန်နဲ့ ပြောင်းသွားနိုင်ပါတယ်။ သူက တိုးတက်မှုတွေ ရှိနေပေမယ့် သူ့အပေါ်မှာပဲ မူတည်ပါ တယ်”လို့ ပြောခဲ့တာပါ။

မက်ဂွဲယားဟာ ဒီရာသီမှာ ယူနိုက်တက်အတွက် ပွဲကစားခွင့်ရဖို့ ရုန်းကန်နေရလို့ ရာသီအကုန်မှာ အသင်းကနေ ထွက်ခွာဖွယ် ရှိတယ်လို့လည်း ဆိုနေကြပါတယ်။

Source: MEN

 

 

 

 

Share
Tweet
Share
Share
powered by social2s

မက်ဆီရဲ့ နာမည်ဟစ်ကြွေးပြီး ပြိုင်ဘက်ပရိသတ်တွေရဲ့ လှောင်ပြောင်မှု ရော်နယ်ဒိုခံရ

By CNI
CNI
Category: Watch TV
Hits: 800

Share
Tweet
Share
Share
powered by social2s
အိုလံပစ်ပြိုင်ပွဲကိုတွေ့ရစဉ်

၂၀၂၄ အိုလံပစ်ပြိုင်ပွဲကို ယူကရိန်း သပိတ်မှောက်နိုင်တယ်လို့ ပြော

By CNI
CNI
Category: အားကစား
Hits: 1346

CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၇

ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေကို ယှဉ်ပြိုင်ခွင့် ပြုမယ်ဆိုရင် ၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲကို သပိတ် မှောက် နိုင်တယ်လို့ ယူကရိန်းအားကစားဝန်ကြီးက ပြောလိုက်ပါတယ်။

ယူကရိန်း အားကစားဝန်ကြီး ဗက်ဒိုင်းမ်ဂတ်စိန့်က “ကျနော်တို့ရဲ့ ရပ်တည်ချက်က မပြောင်းလဲပါဘူး။ ယူကရိန်း မှာ စစ်ပွဲရှိနေတဲ့ အချိန်အထိ ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေကို နိုင်ငံတကာပြိုင်ပွဲတွေမှာ ပါဝင် ယှဉ်ပြိုင်ခွင့် မပြုသင့်ပါဘူး။ သပိတ်မှောက်မယ့် အလားအလာကို ကျနော်တို့ မငြင်းသလို၊ အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ဖို့လည်း ငြင်းဆိုထားပါတယ်”လို့ သူ့ရဲ့တရားဝင် ဖေ့စ်ဘွတ်ခ်ပေ့ချ်မှာ ရေးသားထားတာပါ။

နိုင်ငံတကာ အိုလံပစ်ကော်မတီ(IOC) က ၂၀၂၄ အိုလံပစ်ပြိုင်ပွဲမှာ ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေ ကြားနေအဖြစ် ပါဝင်ခွင့် ရနိုင်ဖို့အတွက် လမ်းကြောင်းတစ်ခုကို ရှာဖွေသွားမယ်လို့ ဗုဒ္ဓဟူးနေ့က ပြောခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်း အမျိုးသား အိုလံပစ် ကော်မတီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဗက်ဒိုင်းမ်ဂတ်စိန့်က ဖြစ်နိုင်ဖွယ်ရှိတဲ့ သပိတ် မှောက်မှုနဲ့ ပတ်သက်ပြီး အမျိုးသား အားကစားအဖွဲ့ချုပ်တွေနဲ့ စတင်ဆွေးနွေးနေပြီ ဖြစ်ပါတယ်။

ဗက်ဒိုင်းမ်ဂတ်စိန့်က “အဖွဲ့ချုပ်တွေ၊ အားကစားသမားတွေနဲ့ ယဉ်ကျေးတဲ့ ကမ္ဘာကြီးတစ်ခုလုံးက အခုအချိန်မှာ အာရုံစိုက်ဖို့ ကျနော်မျှော်လင့်ပြီး အစွန်းရောက်မှုတွေကို အားကိုးစရာ မလိုဘူး”လို့ ပြောခဲ့တာပါ။

ယူကရိန်းသမ္မတ ဇာလန်းစကီးက လာမယ့် အိုလံပစ်ပြိုင်ပွဲမှာ ရုရှား အားကစား သမားတွေအတွက် နေရာ မရှိသင့်ဘူးလို့ ပြောခဲ့တာ ဖြစ်ပါတယ်။

အိုလံပစ်အလံနဲ့ ရုရှားအလံကိုတွေ့ရစဉ်

ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက် ရုရှား အားကစားသမားတွေကို ဖယ်ထုတ်ဖို့ နိုင်ငံတကာ အိုလံပစ် ကော်မတီက အားကစားအဖွဲ့ချုပ်တွေထံ အရင်ဦးဆုံး တောင်းဆိုခဲ့တာပါ။ အခုအချိန်မှာတော့ အိုလံပစ်ကော်မတီ ဟာ ပြန်လည် ပါဝင်ခွင့် ပြုဖို့ နည်းလမ်းရှာလာခြင်း ဖြစ်ပါတယ်။

ဒါပေမယ့် နိုင်ငံကူး လက်မှတ်ကြောင့် ဘယ်အားကစားသမားတွေ မယှဉ်ပြိုင်ရဘူး ဆိုတာနဲ့ ဘယ်လို အားကစား သမားတွေ ပါဝင်နိုင်တယ်ဆိုတာကို အစိုးရက မဆုံးဖြတ်ရဘူးလို့ နိုင်ငံတကာ အိုလံပစ်ကော်မတီက ဗုဒ္ဓဟူးနေ့မှာ ပဲ ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့လက နိုင်ငံတကာ အိုလံပစ်ကော်မတီ အကြီးအကဲ သောမတ်စ်ဘတ်ချ်က သူတို့အစိုးရတွေရဲ့ လုပ်ရပ် အတွက် အားကစားသမား တစ်ဦးချင်းအပေါ် အပြစ်ပေးလိုခြင်း မရှိဘူးလို့ ပြောခဲ့တာပါ။

IOC ရဲ့ ကြေညာချက်ကို တုန့်ပြန်တဲ့ အနေနဲ့ ဒီနိုင်ငံက အားကစားသမားတွေကို သူတို့ရဲ့ ပြိုင်ပွဲတွေမှာ ချန်လှပ် ထားဆဲ ဖြစ်တယ်လို့ ကမ္ဘာ့ပြေးခုန်ပစ်အဖွဲ့ချုပ်က ပြောခဲ့ပါတယ်။

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်ကနေ သြဂုတ်လ ၁၁ ရက်နေ့အထိ ၂၀၂၄ နွေရာသီ အိုလံပစ်ပြိုင်ပွဲကို ကျင်းပသွား မှာဖြစ်ပြီး အားကစားနည်း အမျိုးအစား ၃၂ မျိုး ပါဝင်မှာဖြစ်ပါတယ်။ ဒီနောက် အားကစားသမား ၁၀၅၀၀ ခန့် ပါဝင် ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။

Source: BBC

 

 

 

 

 

Share
Tweet
Share
Share
powered by social2s

ယူနိုက်တက်အနေနဲ့ ဆက်ပြီးတိုးတက်နေရမယ်လို့ အဲရစ်တန်ဟတ်ပြော

By CNI
CNI
Category: Watch TV
Hits: 788

Share
Tweet
Share
Share
powered by social2s

ရက်ရှ်ဖို့ဒ်ကို ယူနိုက်တက်နဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ အဲရစ်တန်ဟတ် တိုက်တွန်း

By CNI
CNI
Category: Watch TV
Hits: 724

Share
Tweet
Share
Share
powered by social2s

ပီအက်စ်ဂျီအသင်းနဲ့ အနာဂတ်ကို မက်ဆီ စဉ်းစားနေ

By CNI
CNI
Category: Watch TV
Hits: 752

Share
Tweet
Share
Share
powered by social2s
နန်ဒိုဆန်းတို့စ်ကိုတွေ့ရစဉ်

ဖာနန်ဒိုဆန်းတို့စ်ကို ပိုလန်အသင်း နည်းပြသစ်အဖြစ် ခန့်အပ်

By CNI
CNI
Category: အားကစား
Hits: 1246

CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၄

ပိုလန်အသင်းဟာ ပေါ်တူဂီအသင်း နည်းပြဟောင်း ဖာနန်ဒိုဆန်းတို့စ်ကို နည်းပြသစ်အဖြစ် ခန့်အပ်မှာ ဖြစ်တယ် လို့ ပိုလန်အက်ဖ်အေဥက္ကဋ္ဌ ကူလတ်စ်ဇာက အတည်ပြုလိုက်ပါတယ်။

ဖာနန်ဒိုဆန်းတို့စ်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပေါ်တူဂီအသင်းကို ကိုင်တွယ်ခဲ့ပေမယ့် အသင်းဟာ မော်ရိုကိုကို အရေးနိမ့်ပြီး ကွာတားဖိုင်နယ်ကနေ ထွက်ခွာခဲ့ရတာပါ။

အဲ့ဒါကြောင့် ပေါ်တူဂီ ဘောလုံးအဖွဲ့ချုပ်ဟာ ဖာနန်ဒိုဆန်းတို့စ်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ဒီဇင်ဘာလမှာ ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ်။ ပိုလန်အသင်းကလည်း နည်းပြဖြစ်သူ မီချီနီဝစ်ဇ်ဟာ ဒီဇင်ဘာလ အကုန်က ထွက်ခွာခဲ့တာကြောင့် နည်းပြသစ် ရှာဖွေနေခဲ့တာပါ။

မီချီနီဝစ်ဇ်ဟာ ပိုလန်အသင်းကို နှစ်ပေါင်း ၃၆ နှစ်အတွင်း ပထမဆုံးအကြိမ် ၁၆ သင်းအဆင့် တက်ရောက်နိုင် အောင် ဦးဆောင်နိုင်ခဲ့ပေမယ့် ပိုလန်အက်ဖ်အေက သူ့ကို စာချုပ်သစ် မချုပ်ဆိုဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ပိုလန်လက်ရွေးစင်အသင်းကိုတွေ့ရစဉ်

ပိုလန်အသင်းဟာ နည်းပြသစ် ရှာဖွေတာမှာ အက်စတွန်ဗီလာ အသင်းနည်းပြဟောင်း စတီဗင်ဂျရတ်လည်း လျာထားတဲ့ စာရင်းမှာ ပါဝင်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ လက်ရွေးစင်နည်းပြ အတွေ့အကြုံရှိတဲ့ ဖာနန်ဒို ဆန်းတို့စ်ကိုပဲ နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာပါ။

ပိုလန်အားကစားနဲ့ ခရီးသွားလာရေးဝန်ကြီး ခါမေလ်ဘော့တ်နီချုပ်ခ်က ဖာနန်ဒိုဆန်းတို့စ်ကို နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ခြင်းအတွက် ကူလတ်စ်ဇာနဲ့ ပိုလန်အက်ဖ်အေတို့ကို ချီးကျူးခဲ့ပါတယ်။

ခါမေလ်ဘော့တ်နီချုပ်ခ်က “ဆန်းတို့စ်ဟာ အလွန်ကောင်းမွန်တဲ့ အလုပ်အကိုင် မှတ်တမ်းရှိတဲ့သူပါ။၂၀၁၀ ကတည်းက ဂရိနဲ့ ပေါ်တူဂီ၊ အရင်ကဆို ဂရိနဲ့ ပေါ်တူဂီကလပ်တွေ၊ ဥရောပချန်ပီယံရှစ် ပြိုင်ပွဲမှာလည်း အောင်မြင် မှု ရရှိခဲ့ပါတယ်။ ရော်နယ်ဒိုလို ထိပ်တန်းကြယ်ပွင့်တွေနဲ့ လက်တွဲခဲ့တဲ့ အတွေ့အကြုံလည်း ရှိတယ်”လို့ တွစ်တာ မှာ ရေးသားခဲ့ပါတယ်။

ဖာနန်ဒိုဆန်းတို့စ်ဟာ ပိုလန်အသင်းကို လာမယ့် ယူရို ၂၀၂၄ ခြေစစ်ပွဲတွေမှာ စတင်ကိုင်တွယ်ရတော့မှာ ဖြစ်ပါ တယ်။ ပိုလန်အသင်းဟာ အုပ်စု E မှာ ချက်၊ အယ်လ်ဘေးနီးယား၊ ဖာရိုးကျွန်းစု၊ မော်လ်ဒိုဗာတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာ ဖြစ်ပါတယ်။

Source: CNA

 

 

 

 

Share
Tweet
Share
Share
powered by social2s
ယူနိုက်တက်အသင်းကိုတွေ့ရစဉ်

ပရီးမီးယားလိဂ်ရဲ့ တန်ဖိုးအရှိဆုံး အသင်းအဖြစ် ယူနိုက်တက် ရပ်တည်

By CNI
CNI
Category: အားကစား
Hits: 926

CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၅

ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ရဲ့တန်ဖိုးအရှိဆုံး အသင်းဖြစ်တယ်လို့ လေ့လာမှု အသစ်တစ်ခုအရ သိရပါတယ်။

ဒါဟာ ယူနိုက်တက်အသင်းကို ရောင်းချဖို့ ကြိုးစားနေတဲ့ ဂလေဇာမိသားစုကို ကျေနပ်စေနိုင်မယ့် သတင်းဖြစ်ပြီး အခြား ထိပ်သီးအသင်းတွေရဲ့ အထက်မှာ ရပ်တည်ကာ ပရီးမီးယားလိဂ်ရဲ့ တန်ဖိုးအရှိဆုံး အသင်းအဖြစ် သတ်မှတ် ခံခဲ့ရတာပါ။

Sportico က ယူနိုက်တက်အသင်းရဲ့ တန်ကြေးဟာ ပေါင် ၄.၈ ဘီလီယံ ရှိတယ်လို့ ဖော်ပြထားပြီး ဒုတိယနေရာက လီဗာပူးလ်ထက် ပေါင် ၁ ဘီလီယံကျော် ပိုပြီးများတာ ဖြစ်ပါတယ်။

လီဗာပူးလ်က ပေါင် ၃.၈ ဘီလီယံနဲ့ ဒုတိယ၊ မန်စီးတီးက ပေါင် ၃.၅ ဘီလီယံနဲ့ တတိယ၊ အာဆင်နယ်က ပေါင် ၂.၉ ဘီလီယံနဲ့ စတုတ္တ၊ ချယ်လ်ဆီးက ပေါင် ၂.၈ ဘီလီယံနဲ့ ပဉ္စမနေရာတွေမှာ ရပ်တည်နေတာပါ။

တန်ဖိုးအရှိဆုံးအသင်းများ ရပ်တည်မှု မှတ်တမ်းကိုတွေ့ရစဉ်

စပါး၊ ဝက်စ်ဟမ်း၊ အဲဗာတန်၊ လက်စတာနဲ့ နယူးကာဆယ်တို့ကလည်း သူတို့တွေရဲ့ အနောက်မှာ အစဉ်အလိုက် ရပ်တည်နေတာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ဆုဖလားအောင်မြင်မှုတွေနဲ့ ဝေးကွာနေပေမယ့် သူတို့ရဲ့ တန်ကြေးက အမြင့်ဆုံး အခြေအနေမှာ ရှိခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ အခုနှစ်ရာသီ အစပိုင်းက ရလဒ်တွေ ဆိုးရွားခဲ့ပေမယ့် နောက်ပိုင်းမှာ အကောင်းဆုံးပုံစံ ပြန်လည်ရရှိကာ ရာသီဝက်ကာလမှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

မန်ချက်စတာကလပ်အနေနဲ့ လက်ရှိပုံစံအတိုင်း ဆက်ထိန်းသိမ်း နိုင်မယ်ဆိုရင် ပြီးခဲ့တဲ့ရာသီက ဝေးကွာခဲ့တဲ့ ချန်ပီယံလိဂ် ဝင်ခွင့်နေရာကို ပြန်လည် ရယူနိုင်ဖွယ် ရှိနေတာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ကာရာဘောင်းဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်၊ အက်ဖ်အေဖလားမှာ စတုတ္တအဆင့်နဲ့ ယူရိုပါလိဂ်မှာ ပလေးအော့ဖ် အဆင့်ပွဲစဉ်တွေ ယှဉ်ပြိုင်ရဖို့ ရှိနေတာ ဖြစ်ပါတယ်။

Source: Goal

 

 

 

 

Share
Tweet
Share
Share
powered by social2s

ကွန်တီဟာ ခက်ခဲတဲ့ အချိန်တွေကို ဖြတ်သန်းနေရတယ်လို့ ဟာရီကိန်းပြော

By CNI
CNI
Category: Watch TV
Hits: 1203

Share
Tweet
Share
Share
powered by social2s

ပြင်သစ်ဖလားပွဲမှာ တစ်ပွဲတည်း ၅ ဂိုးသွင်းပြီး ဘတ်ပီ စံချိန်သစ်တင်

By CNI
CNI
Category: Watch TV
Hits: 801

Share
Tweet
Share
Share
powered by social2s
ဂေါ့ဖ်ကစားနေတဲ့ ဂါရတ်ဘေးလ်ကိုတွေ့ရစဉ်

PGA Tour ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ဂါရတ်ဘေးလ်ပြော

By CNI
CNI
Category: အားကစား
Hits: 1078

CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၄

ရီးရယ်လ်နဲ့ စပါးအသင်း ကြယ်ပွင့်ဟောင်း ဂါရတ်ဘေးလ်ဟာ ပရော်ဖက်ရှင်နယ် ဘောလုံးလောကကနေ အနား ယူပြီးနောက် ရက်သတ္တပတ် အနည်းငယ်အကြာမှာ PGA Tour ဂေါ့ဖ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ်လို့ ပြောလိုက် ပါတယ်။

ဂါရတ်ဘေးလ်က “ကျနော်ဟာ လာမယ့်လအစပိုင်း AT&T Pebble Beach Pro-Am မှာ ပါဝင်ယှဉ်ပြိုင်သွားမယ် ဆိုတာကို ကြေညာရတာ ဝမ်းသာတယ်”လို့ အင်စတာဂရမ်မှာ ရေးသားထားတာ ဖြစ်ပါတယ်။

အသက် ၃၃ နှစ်အရွယ်ရှိ ဂါရတ်ဘေးလ်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဝေးလ်စ်အသင်း ပါဝင်ခွင့်ရအောင် ကူညီနိုင်ခဲ့သလို နောက်ဆုံးကစားခဲ့တဲ့ လော့အိန်ဂျလိစ် အသင်းကိုလည်း မေဂျာလိဂ်ဖလား ရရှိအောင် စွမ်းဆောင် ပေးနိုင်ခဲ့တာပါ။

ဂါရတ်ဘေးလ်ကို ချန်ပီယံလိဂ်ဖလားနဲ့အတူတွေ့ရစဉ်

ဒါပေမယ့် ဂါရတ်ဘေးလ်ဟာ ဇန်နဝါရီ ၇ ရက်မှာတော့ ဘောလုံးလောကကနေ အနားယူပြီလို့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

ဂါရတ်ဘေးလ်ဟာ ရီးရယ်လ်အသင်းမှာ ၉ နှစ်ကြာ ကစားခဲ့ပြီး ချန်ပီယံလိဂ်ဖလား ၅ ကြိမ် အပါအဝင် အောင်မြင် မှု ဆုဖလား အများအပြား ရယူနိုင်ခဲ့သလို စပါးအသင်းမှာလည်း ၂ ကြိမ် ကစားခဲ့တာပါ။

ဂါရတ်ဘေးလ်ဟာ ဂေါ့ဖ်အားကစားနည်းကို စိတ်ဝင်စားတာကြောင့် ဘောလုံးကစားနေချိန် အတွင်းမှာလည်း ကစားခဲ့လို့ ဝေဖန်မှုတွေ ခံခဲ့ရပါသေးတယ်။ အခုအချိန်မှာတော့ ဂေါ့ဖ်ပြိုင်ပွဲမှာ ပါဝင်ကစားဖို့ ဂါရတ်ဘေးလ်က စီစဉ်လာခဲ့တာပါ။

ဂါရတ်ဘေးလ် ပါဝင်မယ့် ဒီပြိုင်ပွဲမှာ အမေရိကန် အိုးပန်းချန်ပီယံဆုရှင် ဖစ်ဇ်ပတ်ထရစ်၊ အနုပညာရှင်တချို့နဲ့ အပျော်တမ်း ၁၅၆ ဦး ပါဝင်မှာ ဖြစ်ပါတယ်။ ကာလီဖိုးနီးယားမှာ ၄ ရက်ကြာ ကျင်းပမယ့် ဒီပြိုင်ပွဲမှာ ဆုကြေး အဖြစ် အမေရိကန် ဒေါ်လာ ၉ သန်း ချီးမြှင့်သွားမယ်လို့ သိရပါတယ်။

Source: Goal

 

 

 

Share
Tweet
Share
Share
powered by social2s

ရော်နယ်ဒိုရဲ့ အသင်းအပေါ် လွှမ်းမိုးမှုကို အယ်လ်နာဆာနည်းပြ ချီးကျူး

By CNI
CNI
Category: Watch TV
Hits: 836

Share
Tweet
Share
Share
powered by social2s
  • 10
  • 11
  • 12
  • 13
  • 14
  • 15
  • 16
  • 17
  • 18
  • 19

Page 15 of 82

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar