CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

မြန်မာကျပ်ငွေများ ဘယ်ကိုရောက်သွားလဲ

By CNI
CNI
Category: Watch TV
Hits: 932

Share
Tweet
Share
Share
powered by social2s
ဂတ်စ်အိုးကိုင်ပြီး ဆန္ဒပြနေသည့် သီရိလင်္ကာပြည်သူတစ်ဦးကို တွေ့ရစဉ်(ဓါတ်ပုံ-Getty Images)

သီရိလင်္ကာ အရေးပေါ်အခြေအနေကြေညာခြင်း သက်တမ်းထပ်မတိုးဟု သမ္မတရုံးထုတ်ပြန်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1252

CNI International News

ကိုလံဘို၊ ဩဂုတ် ၁၇

စီးပွားရေးချွတ်ခြုံကျခဲ့ရသော သီရိလင်္ကာနိုင်ငံတွင် အခြေအနေတည်ငြိမ်သွားပြီဖြစ်၍ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများကို ထိန်းချုပ်ရန် အရေးပေါ်အခြေအနေကြေညာခဲ့ခြင်းကို နောက်ထပ်သက်တမ်းတိုးမည် မဟုတ်တော့ကြောင်း သမ္မတရုံးက ဩဂုတ် ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

စားနပ်ရိက္ခာ၊ လောင်စာဆီနှင့် ဆေးဝါးပြတ်လပ်မှုများကြောင့် လအတန်ကြာ ဆန္ဒပြမှုများဖြစ်ပွားခဲ့ရာ သမ္မတ ဟောင်း ရာထူးမှ နုတ်ထွက်ကာ နိုင်ငံရပ်ခြားသို့ ထွက်ပြေးသွားပြီးနောက် ၄ ရက်အကြာ ဇူလိုင် ၁၄ ရက်တွင် ရာနေးဝီကရီမီဆင်က လက်ရှိသမ္မတတာဝန်ကို ယူခဲ့သည်။ ထို့နောက် ၎င်းက ပြင်းထန်သည့် ဥပဒေများကို ထုတ်ပြန်၍ အခြေအနေအရပ်ရပ်ကို ထိန်းသိမ်းခဲ့သည်။

လက်ရှိသမ္မတအနေဖြင့် ဝီကရီမီဆင်ချမှတ်ထားသော အရေးပေါ်အခြေအနေသည် ယခင်သီတင်းပတ် ဩဂုတ်လ ၁၁ ရက်တွင် သက်တမ်းကုန်ခဲ့ပြီဖြစ်၍ လစဉ် သက်တမ်းတိုးလိုလျှင်လည်း တိုးနိုင်သည်။

“တိုင်းပြည်အခြေအနေက တည်ငြိမ်သွားပါပြီ။ ဒီတစ်ပတ်ပြီးတာနဲ့ အရေးပေါ် အခြေအနေ ဆက်လက်ပြဋ္ဌာန်း ထားဖို့ မလိုအပ်တော့ပါဘူး” ဟု သမ္မတရုံး၏ ကြေညာချက်ထဲတွင် ပြောကြားထားသည်။

အရေးပေါ်အခြေအနေ ထုတ်ပြန်ထားစဉ်ကာလ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရဲများက သံသယရှိသူများကို ကြာရှည်ဖမ်းဆီးထိန်းသိမ်းထားနိုင်သည်။

သီရိလင်္ကာရှိ လုံခြုံရေးရဲများနှင့် ပြည်သူတို့ ထိပ်တိုက်တွေ့ဆုံစဉ်(ဓါတ်ပုံ-အေအက်ဖ်ပီ)

အရေးပေါ်အခြေအနေ ကြေညာခြင်းဖြင့် သမ္မတထံမှ စည်းမျဉ်းများ ကန့်သတ်မှု၊ တရားစီရင်ရေးဆိုင်ရာ ပြန်လည် သုံးသပ်ခြင်းမရှိဘဲ နိုင်ငံသားများ၏လွတ်လပ်ခွင့်ကို ဟန့်တားမှုတို့ကြောင့် ယင်းလုပ်ရပ်သည် ပြင်းထန်သော ခြေလှမ်းတစ်ရပ်ဟု လူ့အခွင့်အရေးအဖွဲ့များက ဝေဖန်ကြသည်။

ဝီကရီမီဆင်၏ရှေ့က သမ္မတဟောင်း ဂိုတာဘာယာရာဂျာပက်ဆာသည် ထောင်နှင့်ချီသော ဆန္ဒပြသူများက ၎င်း၏တရားဝင်နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ရာထူးမှနုတ်ထွက်လျက် နိုင်ငံအတွင်းမှ ထွက်ပြေး တိမ်းရှောင်သွားခဲ့သည်။

ပြည်တွင်းရှိ လူဦးရေ ၂၂ သန်းအတွက် အရေးကြီးဆုံး သွင်းကုန်များရရှိရန် ဘဏ္ဍာရေးလိုအပ်ချက်အဖြစ် နိုင်ငံခြားသုံး ငွေကြေးကို သီရိလင်္ကာတွင် အရေးတကြီးရှာဖွေခဲ့ရသည်။ ယမန်နှစ်နှောင်းပိုင်းမှစ၍ မရှိမဖြစ် လူ့အသုံး အဆောင်များအတွက် ပစ္စည်းပြတ်လပ်သည့်ဒဏ်ကို လူထုက ကြံ့ကြံ့ခံခဲ့ရသည်။

နိုင်ငံခြားကြွေးမြီ အမေရိကန်ဒေါ်လာ ၅၁ သန်း မဆပ်နိုင်တော့၍ သီရိလင်္ကာသည် ဒေဝါလီခံခဲ့ရပြီး ဘဏ္ဍာရေး ကယ်ဆယ်ဖို့ ထွက်ပေါက်အဖြစ် နိုင်ငံတကာငွေကြေးရန်ပုံငွေ (IMF) နှင့် ဆွေးနွေးနေသည်။

Source: AFP, CNA

 

 

 

 

Share
Tweet
Share
Share
powered by social2s

ထိုင်းရှိ မြန်မာလုပ်သားများ လုပ်ခလစာ အပြည့်မရဘဲ ခေါင်းပုံဖြတ်ခံနေရ

By CNI
CNI
Category: Watch TV
Hits: 751

Share
Tweet
Share
Share
powered by social2s

တရုတ်နယ်စပ်ကုန်သွယ်ရေးမှတဆင့် သွင်းကုန်တင်သွင်းမှု လျော့ကျ

By CNI
CNI
Category: Watch TV
Hits: 736

Share
Tweet
Share
Share
powered by social2s
တရုတ်နယ်စပ်ကုန်သွယ်ရေးဂိတ်တစ်ခုကို တွေ့ရစဉ်

တရုတ်နယ်စပ်ကုန်သွယ်ရေးမှတဆင့် သွင်းကုန်တင်သွင်းမှု လျော့ကျ

By CNI
CNI
Category: စီးပွားရေး
Hits: 1584

CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၆

မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းပြီး ယွမ်ငွေဈေးနှုန်း မြင့်တက်လာခြင်းကြောင့် တရုတ်နယ်စပ် ကုန်သွယ်ရေးမှ တဆင့် သွင်းကုန်တင်သွင်းမှုများ ကျဆင်းလာသည်ဟု မူဆယ်ကုန်သည်များထံမှ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်းတွင် တရုတ်ယွမ် ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၃၅၀ ဝန်းကျင်သာ ရှိခဲ့သော်လည်း ယခုသီတင်းပတ်တွင် ၄၀၀ ကျပ်အထိ မြင့်တက်လာခြင်းကြောင့် သွင်းကုန်တင်သွင်းသည့်လုပ်ငန်းများအပေါ် သက်ရောက်မှုများရှိခဲ့ပြီး တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ တင်သွင်းသည့် သွင်းကုန်ကားအစီးရေများသည်လည်း လျော့နည်းလာကြောင်း မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက CNI သတင်းဌာနသို့ ပြောသည်။

“ဒီနေ့ဆိုရင် တရုတ်ငွေ ၁ ယွမ်ကို မြန်မာငွေ ၄၁၅ လောက်ရှိတယ်။ Export သမားတွေအတွက်တို့ကကျတော့ နိုင်ငံခြားကို ပို့ရတာ။ နိုင်ငံခြားငွေရတယ်။ တရုတ်ပြည်ကို ပို့ရတာ။ အန်ကယ်တို့ Export တွေအတွက်ကတော့ ကောင်းတာပေါ့။ Import သမားတွေအတွက်ကျတော့ ဗမာပြည်ကို ကုန်ပစ္စည်းတွေ ပြန်သွင်း ရမယ့်သူတွေ အတွက်ကျတော့ နိုင်ငံခြားငွေနဲ့ ဝယ်ရတာ။ ဗမာငွေနဲ့ ဝယ်လို့မရဘူး။ အဲအခါ သူတို့ကျတော့ ပိုပြီးတော့ အခက်အခဲဖြစ်တာပေါ့ အဆင်မပြေဘူးပေါ့။ အရင်က အစီး ၅၀ လောက် ဝင်တဲ့ကားတွေက အခု အစီး ၃၀ လောက်ပဲ ဝင်တော့တယ်” ဟု ပြောသည်။

ယွမ်ဈေးနှုန်းသည် ယခုရက်ပိုင်းအတွင်း ဆက်တိုက်မြင့်တက်နေခြင်းဖြစ်ကာ ငွေလဲနှုန်းမြင့်တက်နေခြင်းကြောင့် တရုတ်နိုင်ငံမှတင်သွင်းနေရသည့် ကုန်ပစ္စည်းများလည်း ဈေးနှုန်းမြင့်တက်လျက်ရှိသည်ဟု ကုန်သည်များထံမှ သိရသည်။

တရုတ်နယ်စပ်ကုန်သွယ်ရေးဂိတ်တစ်ခုကို တွေ့ရစဉ်

ထို့ကြောင့် သွင်းကုန်တင်သွင်းမှုများကို လုပ်ငန်းရှင်တချို့က ရပ်နားလာကြကြောင်း၊ ထိုသို့ ရပ်နားလာမှုကြောင့် ကုန်စည်ရှားပါးလာသည့်အတွက် ကုန်ကားမောင်းနှင်သည့် ကုန်ကားသမားများအပေါ် ထိခိုက်မှုဖြစ်ပေါ်ခဲ့ကြောင်း မူဆယ်ကုန်ကားသမား ကိုသန့်ဇင်က ပြောသည်။

“၁ လကို ၃/၄ ခေါက်လောက် ရပါတယ်။ ၄ ခေါက်၊ ၅ ခေါက်၊ ၆ ခေါက် အဲလောက် ရကြတာလည်း ရှိတာပေါ့။ အခုက ၁ လ ၁ ခေါက်ပဲ ရတော့တယ်။ သွားတဲ့ကုန်သည်တွေကလည်း သွားနေကြတာပေါ့။ တချို့ကြတော့လည်း မကိုက်တော့ မသွားကြတော့ဘူး။ မသွားတဲ့ ကုန်သည်တွေကတော့ များနေပါပြီ။ ကုန်စည် မစီးဆင်းနိုင်ရင်တော့ အခက်အခဲကတော့ ကားတွေကတော့ ရပ်သွားရမယ့်သဘောတော့ ရှိတာပေါ့” ဟု CNI သတင်းဌာနသို့ ပြော သည်။

ယွမ်ငွေဈေးနှုန်း မြင့်တက်နေမှုကြောင့် ကုန်ကားသမားများအနေဖြင့် ကုန်တင်ခ ရရှိမှု မြင့်တက်သွားခြင်း မရှိသည့်အပြင် စက်သုံးဆီဈေးနှုန်း မြင့်တက်မှုကိုပါ ကုန်တင်ကားသမားများသည် ကြုံတွေ့နေရသည်ဟု ပြောသည်။

ယွမ်ငွေဈေးနှုန်း မြင့်တက်မှုကြောင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် အခက်အခဲရှိသော်လည်း ပို့ကုန်လုပ်ငန်း ရှင်များအတွက် အကျိုးအမြတ်ရှိကြောင်း၊ ထို့ကြောင့် လက်ရှိတွင် တရုတ်သို့ ပို့ကုန်တင်ပို့သည် ကုန်ကားအစီးရေ သည် ပိုမိုဝင်ရောက်လျက်ရှိသည်ဟု ကုန်သည်များထံမှ သိရသည်။

ဆန်နှင့်ဆန်ကွဲ တင်ပို့မှုသည်လည်း ယခင်က ၁ ရက်လျှင် အစီးရေ ၁၀ စီးမှ ၁၅ စီးသာ ဝင်ရောက်မှုရှိသော်လည်း လက်ရှိတွင် အစီးရေ ၂၀ နီးပါး ဝင်ရောက်လျက်ရှိကြောင်း မူဆယ်ဆန်စပါးကုန်စည်ဒိုင်မှ သိရသည်။

 

 

 

Share
Tweet
Share
Share
powered by social2s
ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်များနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် ကိုသားကြီး၏ လူမှုကူညီရေးအသင်း

ထိုင်းရှိ မြန်မာလုပ်သားများ လုပ်ခလစာ အပြည့်မရဘဲ ခေါင်းပုံဖြတ်ခံနေရ

By CNI
CNI
Category: စီးပွားရေး
Hits: 1644

CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၆

ထိုင်းနိုင်ငံရှိ စက်ရုံများတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သားအများအပြားသည် လုပ်ခလစာ အပြည့်အဝ မရရှိဘဲ ခေါင်းပုံဖြတ်ခံနေရသည့်အတွက် တိုင်ကြားလာကြကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသည့် ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။

လုပ်ခလစာသည် ဘတ် ၂၂၀ ဝန်းကျင်သာ ရရှိသည့်အပြင် အချိန်ပိုကြေးမှာလည်း အပြည့်အဝမရရှိကြောင်းနှင့် နေစရာအဆောင်လည်း မပေးသဖြင့် အပြင်မှာ အခန်းငှား၍နေကြရသည့်အတွက် အခက်အခဲများရှိကြောင်း လာရောက်တိုင်ကြားကြသည်ဟု ၎င်းက ပြောသည်။

“သူတို့ လုံးဝပိုက်ဆံမကျန်ဘူး။ လက်ရှိက တစ်နေ့ကို ၂၂၀ ဆိုရင် တစ်လလုံးလုပ်မှ ဘတ် ၆ ထောင်လောက် ရတာလေ။ ၆ ထောင်ကျော်မှာမှ ၁၅ ရက် တစ်ဖြတ်ကို ပိုက်ဆံထုတ်တဲ့အခါမှာ သူက ၃ ထောင်လောက်ရတယ်။ ၂၈၀၀ ပဲ ရတဲ့သူလည်း ရှိသေးတယ်။ ဒီလိုလူတွေကို ၁၅ ရက်ကို ဘတ် ၅၀၀ ဖြတ်လိုက်တယ် ပတ်စပို့ဖိုး။ တစ်လ ဆိုရင် ဘတ် တစ်ထောင်ဖြတ်လိုက်ပြီဆိုရင် လုပ်ခလစာက ဘတ် ၅ ထောင် လောက်ပဲကျန်မယ်။ တချို့တွေ ၄ ထောင်ကျော်ပဲ ကျန်မယ်။ အဲဒီမှာမှ သူက ဘယ်လိုဖြစ်သွားလဲဆိုတော့ အပြင်မှာ အခန်းငှားနေရတယ်။ ရေခ၊ မီးခ ပါပေးရတယ်။ ထိုင်းနိုင်ငံမှာလည်း ကုန်ဈေးနှုန်းတွေက အဆမတန် တက်တယ်လေ။ ဆိုတော့ သူတို့တွေ လုံးဝ ပိုက်ဆံမကျန်ဘူး” ဟု ၎င်းက ပြောသည်။

ထိုင်းရှိ အထက်သားစက်ရုံတစ်ရုံတွင် လုပ်ကိုင်နေသည်မှာ ၁၀ နှစ်နီးပါးခန့်ရှိပြီဖြစ်ပြီး လုပ်ခစာ အပြည့်အဝ မရရှိသည့်အပြင် ခေါင်းပုံဖြတ်ခံနေရကြောင်း ၎င်းစက်ရုံတွင် အလုပ်လုပ်ကိုင်နေသူများက CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းအစိုးရမှ အလုပ်သမားတစ်ဦး၏ အခြေခံလုပ်ခလစာအား ခရိုင်လိုက် ဘတ် ၃၁၅ မှ ၃၃၀ ခန့် သတ်မှတ် ထားသော်လည်း လက်ရှိ ၎င်းတို့ရရှိနေသည့် လုပ်ခလစာမှာ ဘတ် ၂၂၀ သာ ရရှိကြောင်း ၎င်းအထက်သား စက်ရုံတွင်အလုပ်လုပ်ကိုင်နေသည့် မမာလာက CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းနိုင်ငံတွင် တရားဝင်အလုပ်လုပ်ကိုင်ခွင့်ကတ်(ဘတ်ပန်းရောင်ကတ်)

“အဲဒီလောက်ကြီးတောင် သူတို့ မဆွေးနွေးဘူးပေါ့။ သူတို့က ရုံသေးလေးပေါ့။ ရုံကြီးမဟုတ်တဲ့အတွက်။ ကိုယ်တွေ ကလည်း သူတို့ပေးတဲ့လစာကလည်း ကုန်ဈေးနှုန်းက ကြီးတဲ့အတွက် ၂၅၀ လောက် ပုံမှန်လေးရရင်တော်ပါပြီ။ အဲဒီလိုဆွေးနွေးတယ်။ ဆွေးနွေးတဲ့အခါကျတော့ မပေးနိုင်ဘူးတဲ့။ အဲဒါ ဒီတစ်ပတ်တိုးပေးတယ် ၁၀ ဘတ်။ OT မှန်တဲ့သူ ၁၀ ဘတ်၊ OT မမှန်တဲ့သူ ၅ ဘတ်” ဟု ပြောသည်။

ထို့အပြင် အချိန်ပိုဆင်းရသည့်(OT) ကြေးမှာလည်း ထိုင်းအစိုးရက တစ်နာရီအချိန်ပိုကြေးအဖြစ် ၅၅ ဘတ်ခန့် သတ်မှတ်ထားသော်လည်း ၎င်းတို့၏ လုပ်ခလစာရရှိမှုအပေါ်မူတည်ကာ တစ်ချို့အလုပ်များတွင် တစ်နာရီလျှင် ဘတ် ၃၀ မှ ၂၅ ဘတ်သာ ရရှိကြောင်း သိရသည်။

အဆိုပါ အလုပ်သမားများသည် အထောက်အထားရှိပြီး တရားဝင်အလုပ်လုပ်ကိုင်နေသူများဖြစ်သည့်အတွက် ထိုင်းအစိုးရမှသတ်မှတ်ထားသည့် အခြေခံလုပ်ခလစာကို ခံစားခွင့်ရှိသောကြောင့် လုပ်ခလစာအပြည့်အဝ ရရှိစေရန် ဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက် နေသည့် ကိုသားကြီးက CNI သတင်းဌာနသို့ပြောသည်။

“ကျနော့်ကို လာအကူအညီတောင်းတဲ့အချိန်မှာ စက်ရုံက တာဝန်ရှိတဲ့သူတွေကို ဆက်သွယ်တော့ သူတို့က ၂၂၀ ပဲ ပေးမယ်ပေါ့။ ၂၂၀ ပဲ ပေးမယ်။ ဒါထက်ပိုပြီး မပေးနိုင်ဘူး။ မလုပ်ချင် ထွက်သွားပါစေလို့ပြောတဲ့အချိန်မှာ ကျနော် ကတော့ လက်ရှိအချိန်ထိ ညှိနှိုင်းအဆင့်နဲ့ သွားတယ်ပေါ့။ မပေးဘူးဆိုရင်တော့ ကျနော်က တရားစွဲမှာ။ တရားစွဲ ရင် သူ့နိုင်ငံရဲ့အလုပ်သမားအရေးတည်ဆဲဥပဒေကနေ အလုပ်သမားတွေကို သူက ၂ နှစ် back date နဲ့ ပြန်လျော် ရမယ်။ သတ်မှတ်ထားတဲ့ ၃၁၅ ဘတ်နဲ့အညီ သူပေးရမယ်။ အဲဒီလိုတော့ ဆောင်ရွက်ထားတယ်”ဟု ၎င်းက ပြောသည်။

လုပ်ခလစာနှင့်ပတ်သက်၍ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်နေသည့် MWRN နှင့် အခြား ထိုင်းနိုင်ငံမှအဖွဲ့အစည်းတို့ပူးပေါင်း၍ မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားများ၏ အခြေခံလုပ်ခလစာအား ၄၉၂ ဘတ်သို့ တိုးပေးရန်လည်း တင်ပြတောင်းဆိုထားကြသည်။

သို့သော် ထိုင်းအလုပ်သမားဝန်ကြီးဌာနက ခရိုင်ဒေသအသီးသီးတွင် စီးပွားရေးလည်ပတ်မှုပုံစံ မတူညီကြသဖြင့် ရွှေ့ပြောင်းလုပ်သားများအားလုံး တန်းတူ ၄၉၂ ဘတ် သတ်မှတ်ပေးရန်မှာ မဖြစ်နိုင်ကြောင်းနှင့် လာမည့် ဇန်နဝါရီ ၁ ရက်ကစပြီး အလုပ်သမားအခြေခံလုပ်ခလစာအား တိုးပေးမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

 

 

 

Share
Tweet
Share
Share
powered by social2s
လွတ်လပ်ရေးနေ့မှာ ပြည်သူများနဲ့အတူ တွေ့ရတဲ့ မိုဒီ (AP)

၂၅ နှစ်အတွင်း ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်စေမည်ဟု အိန္ဒိယဝန်ကြီးချုပ် မိုဒီ အာမခံ

By CNI
CNI
Category: နိုင်ငံရေး
Hits: 2120

CNI International News

နယူးဒေလီ၊ ဩဂုတ် ၁၆

သန်းပေါင်းများစွာသော ပြည်သူများ ဆင်းရဲတွင်းမှ ရုန်းထွက်နိုင်ပြီး အိန္ဒိယနိုင်ငံကို ယခုရာစုနှစ် လေးပုံတစ်ပုံ အရောက်တွင် ဖွံ့ဖြိုးပြီး နိုင်ငံအဖြစ်သို့ ပြောင်းလဲပေးသွားမည်ဟု ဝန်ကြီးချုပ် နာရိန္ဒရာမိုဒီက အာမခံပြောကြားခဲ့ ကြောင်း အေပီက ရေးသားထားသည်။

ထို့နောက် ဗြိတိသျှတို့လက်မှ လွတ်လပ်ရေး ရရှိခဲ့သည့် ၇၅ နှစ်ပြည့် အထိမ်းအမှတ်နေ့တွင် မိုဒီက ယင်းကဲ့သို့ အာမခံခဲ့ခြင်းဖြစ်သည်။

နိုင်ငံ၏ အလံအရောင်များဖြစ်သော လိမ္မော်၊ အဖြူနှင့် အစိမ်း အစင်းကျားများ ပုံဖော်ထားသည့် နို့နှစ်ရောင် ဗောင်း ထုပ်ကို ဆောင်းထားသည့် မိုဒီသည် နယူးဒေလီမြို့တော်ရှိ ၁၇ ရာစုလက်ရာ မဂိုခံတပ်နီ ရှေ့မှနေ၍ ဩဂုတ် ၁၅ ရက်တွင် တိုင်းပြည်သို့ မိန့်ခွန်း ပြောကြားခဲ့သည်။

အိန္ဒိယလွတ်လပ်ရေးနေ့ ကျင်းပနေစဉ် (AP)

လွန်ခဲ့သည့် ၇၅ နှစ်တာ ခရီးစဉ်တွင် အိန္ဒိသည် ကြံ့ကြံ့ခံပြီး ဇွဲလုံ့လဖြင့် စိန်ခေါ်မှုအားလုံးကို တွန်းလှန်ခဲ့ရာ၌ အတက်အကျများကို ကြုံတွေ့ခဲ့ရကြောင်း မိုဒီက ဆက်လက် ပြောကြားခဲ့သည်။

ကိုလိုနီခေတ်မှ အတွေးအမြင် ဟောင်းများကို ဖယ်ရှားဖျောက်ပစ်ရန် ပြည်သူများကို မိမိတောင်းဆိုလိုကြောင်း၊ အိန္ဒိယသည် သိပ္ပံနှင့်နည်းပညာ ထွန်းကားစေရန်၊ စက်မှုလုပ်ငန်းများ ထူထောင်ရန်၊ စားနပ်ရိက္ခာနှင့် စွမ်းအင်ဖူလုံ စေရန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု အသိစိတ်ဓာတ်ဖြင့် လုပ်ဆောင်သွားမည်ဟု ၎င်းက ထပ်လောင်း ပြော ကြားခဲ့သည်။

ရင်းနှီးမြှုပ်နှံမှု ဒေါ်လာဘီလီယံများစွာ ပြည်တွင်းသို့ စီးဝင်လာခဲ့ရာ ထုတ်လုပ်မှု ဗဟိုအချက်အချာ အဖြစ်သို့ ပြောင်းလဲလာခဲ့ကြောင်း ၎င်းက အသိအမှတ်ပြုခဲ့သည်။

လူဦးရေး ၁ ဒသမ ၄ ဘီလီယံရှိ အိန္ဒိယသည် မျက်မှောက်ကာလတွင် သတင်းအချက်အလက် နည်းပညာ၊ ဆေးဝါး၊ အာကာသသိပ္ပံနှင့် အရပ်ဘက် နျူကလီးယား စွမ်းအင်တို့ကြောင့် ထိပ်တန်းနိုင်ငံများ အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။

အလံရောင်စုံမီးများ ထွန်းထားတဲ့ အိန္ဒိယအစိုးရရုံး (AP)

“နိုင်ငံတဝန်းရှိ သန်းနှင့်ချီသော ပြည်သူများသည် ၎င်းတို့၏ မျိုးချစ်စိတ် နိုးကြားမှုအနေဖြင့် နေအိမ်များ၊ စီးပွားရေး လုပ်ငန်းများတွင် နိုင်ငံ့အလံကို ၃ ရက်ကြာ လွှင့်ထူခြင်းဖြင့် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုနေကြောင်း” မိုဒီက ဖြည့်စွက် ပြောကြားခဲ့သည်။

လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အိန္ဒိယလွှတ်တော် အဆောက်အအုံ၊ သမ္မတနန်းတော်၊ နိုင်ငံ့ ထင်ကရ နေရာများနှင့် အစိုးရရုံးများကို ရောင်စုံမီးဖြင့် အလှဆင်ထားကြသည်။

မိုဒီအစိုးရသည် ယင်းကဲ့သို့ အခမ်းအနားမျိုးတွင် အတိုက်အခံပါတီကို ပါဝင်စေခြင်း မရှိကြောင်း အဓိက အတိုက်အခံပါတီဖြစ်သော ကွန်ဂရက်ပါတီက စွပ်စွဲခဲ့သည်။

အိန္ဒိယ လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသည့် အနေဖြင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က “မိမိတို့နှစ်နိုင်ငံသည် တရားဥပဒေစိုးမိုးရေးနှင့် လူသားလွတ်လပ်ခွင့်နှင့် လူ့ဂုဏ်သိက္ခာ မြှင့်တင်ရေးတို့အတွက် တူညီသော ကတိကဝတ်များ အခြေခံ၍ မရှိမဖြစ် လိုအပ်သော မိတ်ဖက်နိုင်ငံများ ဖြစ်ကြကြောင်း” ပြောကြားခဲ့သည်။

Source: AP

 

 

 

Share
Tweet
Share
Share
powered by social2s

ပလက်ဝတွင် ကုန်ဈေးနှုန်း အဆမတန် မြင့်တက်ပြီး ဝယ်မရဖြစ်နေ

By CNI
CNI
Category: Watch TV
Hits: 748

Share
Tweet
Share
Share
powered by social2s

စက်သုံးဆီ မရောင်းခြင်းနှင့် အကန့်အသတ်ဖြင့် ရောင်းချသည့်ဆိုင် တွေ့ပါက တိုင်ကြားနိုင်

By CNI News
CNI News
Category: စီးပွားရေး
Hits: 2421

 

CNI News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၅

စက်သုံးဆီအရောင်းဆိုင်များမှ ရောင်းချမှုများ ရပ်တန့်ထားခြင်း၊ အကန့်အသတ်ဖြင့် ရောင်းချခြင်းများကို တွေ့ရှိပါက သက်ဆိုင်ရာ နယ်မြေဒေသအလိုက် ထုတ်ပြန်ထားသည့် ဖုန်းနံပါတ်များကို ဆက်သွယ် တိုင်းကြားနိုင်ကြောင်း ကုန်သွယ်မှု နှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီက သြဂုတ် ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ကုန်သွယ်မှု ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီအနေဖြင့် စက်သုံးဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူး ခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှတဆင့် ပြည်သူများ စက်သုံးဆီ ဈေးနှုန်း မှန်ကန်စွာသုံးစွဲနိုင်ရေးနှင့် ပြည်တွင်း စက် သုံးဆီ ပြတ်လပ်မှု မရှိစေရေး တင်သွင်းဖြန့်ဖြူးခြင်းများ ကြိုးပမ်းစီမံဆောင်ရွက်လျက်ရှိပါသည်ဟု ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် အချို့သော စက်သုံးဆီအရောင်းဆိုင်များသည် ရည်ရွယ်ချက်ရှိစွာ ပြည်သူများ စိုးရိမ်ကြောင့်ကြမှု ဖြစ်ပေါ်စေရန် နှင့် စက်သုံးဆီ ဈေးနှုန်းပြောင်းလဲမှု ရှိလာနိုင်မည်ဟု ယူဆပြီး မိမိအကျိုးစီးပွားကို မျှော်လင့်၍ စက်သုံးဆီ ပြတ်လပ်သည် (သို့မဟုတ်) စက်သုံးဆီ လက်ကျန်နည်းပါးသည်ဟုပြောဆိုကာ ရောင်းချမှုရပ်တန့်ခြင်း၊ အကန့်အသတ်ဖြင့် ရောင်းချခြင်း များ ဆောင်ရွက်နေကြောင်း သိရှိရပါသည်ဟု ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကုန်သွယ်မှု နှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီထုတ်ပြန်ချက်

နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက “ ကျနော်တို့ အနေနဲ့ စက်သုံးဆီနဲ့ပတ်သက်ပြီး ပြည်သူလူထုအနေနဲ့ စိုးရိမ်မရှိဘူးလို့ ပြောချင်ပါတယ်။ မနေ့က သီလဝါမှာ ဆီသင်္ဘော တစ်စင်း ဆိုက်ကပ်တယ်။ ကမ်းကို ကပ်ပြီးဆီချခဲ့တယ်။ ဒီနေ့ (သြဂုတ် ၁၅ ရက်)မှာဆိုလည်း သင်္ဘောလေးစင်း ဆိုက်ကပ် ပြီး ဆီချနေတာရှိပါတယ်။ စုစုပေါင်း အားလုံးပြောရင် တော့ ဆီ 92-95 နဲ့ ပရီမီယံဆီ စုစုပေါင်း တန် ၆၀၀၀၀ (ခြောက်သောင်း)လောက် ဒီနေ့ ချပြီးပါတယ်။ ခန့်မှန်းဂါလံ ၁၃ သိန်းလောက်ရှိမှာပေါ့။ အဲဒီမှာမှ 92 က ၂၇၀၀ တန်၊ 95 က တန်ချိန် ၃၀၀၀၊ ပရီမီယံ ဒီဇယ် တန်ချိန် ၂၂၀၀၀ ကျော် လောက် ဒီနေ့ တပြိုင်တည်း ဆီချနေတာရှိပါတယ်။ နောက်တစ် ခုကတော့ ဆက်တိုက်ပေါ့လေ။ ၁၈ ရက်နေ့ဆိုလည်း တန်ချိန် ၂၀၀၀၀ လောက် ထပ်ဝင်လာဖို့ရှိတယ်။ ၁၉ ရက်နေ့မှာ လည်း တန်ချိန် ၂၉၀၀၀ လောက် ထပ်ဝင်မှာရှိတယ်။ အဲနောက်ပိုင်းတွေမှာလည်း နောက်ထပ် ဆီသင်္ဘော ၁၂ စင်း ထပ်ရောက်ဖို့ရှိပါတယ်။ အခုလောလောဆယ် ကျနော်တို့ ချနေတာပဲ ဂါလံ ၁၃ သိန်းလောက်ရှိတဲ့အတွက် စိုးရိမ်စရာမရှိ ဘူးလို့ ပြောချင်ပါတယ်”ဟု ပြောသည်။

ထို့နောက် ကုန်သွယ်မှု ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ကော်မတီအနေဖြင့် စက်သုံးဆီများကို ၂၀၂၂ ခုနှစ်၊ သြဂုတ်လကုန်းပိုင်အထိ ပြည့်စုံ လုံလောက်စွာ တင်သွင်း ဖြန့်ဖြူးထားပြီးဖြစ်ပါကြောင်း၊ ဆက်လက်၍ ပြည်သူများ စိုးရိမ် ကြောင့်ကြမှုကင်းစွာ သုံးစွဲနိုင်ရန် စက်သုံးဆီများ စဉ်ဆက် မပြတ် ဖြည့်တင်းရေးကိုလည်း မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း ရောင်းချဖြန့်ဖြူးရေးအသင်းနှင့် ညှိနှိုင်းပေါင်းစပ်၍ စနစ် တကျစီမံဆောင်ရွက်လျက်ရှိသည်ဟု ကုန်သွယ်မှု ကုန်စည်စီးဆင်း မှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီက ထုတ်ပြန်ခဲ့သည်။

လားရှိုးမြို့မှာ စက်သုံးဆီထည့်ရန် သြဂုတ် ၁၃ ရက်က တန်းစီစောင့်နေရစဉ်

ထို့ကြောင့် စက်သုံးဆီအရောင်းဆိုင်များမှ ရောင်းချမှုများ ရပ်တန့်ထားခြင်း၊ အကန့်အသတ်ဖြင့် ရောင်းချခြင်းများကို တွေ့ရှိ ပါက သက်ဆိုင်ရာ နယ်မြေဒေသအလိုက် ထုတ်ပြန်ထားသည့် ဖုန်းနံပါတ်များကို ဆက်သွယ် တိုင်ကြားနိုင်သည်ဟု အဆိုပါ ကော်မတီက ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးနှင့် မူဆယ်မြို့ အပါအဝင် မန္တလေးမြို့ ၊ ရန်ကုန်မြို့၊ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းမှာ စက်သုံးဆီများကို အကန့်အသတ်ဖြင့် ရောင်းချခြင်း၊ ရောင်းချမှုများ ရပ်တန့်ထားခြင်းများကြောင့် စက်သုံးဆီထည့်ရန် တန်းစီ စောင့်ဆိုင်းခဲ့ရသည့် အခြေအနေများ ဖြစ်ပေါ်ခဲ့သည်။

 

Share
Tweet
Share
Share
powered by social2s
ပလက်ဝမြို့ ဒေသခံများကိုတွေ့ရစဉ်

ပလက်ဝတွင် ကုန်ဈေးနှုန်း အဆမတန် မြင့်တက်ပြီး ဝယ်မရဖြစ်နေ

By CNI
CNI
Category: စီးပွားရေး
Hits: 1712

CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၅

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ် ကျောက်တော်မြို့သို့ ပြေးဆွဲနေသည့် ရေကြောင်းလမ်းကို သက်ဆိုင်ရာမှ ဩဂုတ် ၁ ရက်မှ စတင်၍ ပိတ်ထားခြင်းကြောင့် ကုန်စည်စီးဆင်းမှု ပြတ်တောက်နေပြီး ဆန် အပါဝင် စားသောက်ကုန်တချို့နှင့် စက်သုံးဆီဈေးနှုန်းများ အဆမတန်မြင့်တက်ကာ ဝယ်မရသည့် အခြေအနေ ကြုံတွေ့နေရသည်ဟု ပလက်ဝမြို့ခံများက CNI သတင်းဌာနသို့ ပြောသည်။

ဩဂုတ်လအတွင်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ကြား တိုက်ပွားများ ဖြစ်ပွားခဲ့ပြီး စစ်ရေး တင်းမာနေ ခြင်းကြောင့် ကျောက်တော်နှင့် ပလက်ဝ ရေကြောင်း သွားလာခွင့် ပိတ်ထားသည့်အတွက် ဆန် အပါအဝင် တခြား သော ကုန်စည်များ ဈေးနှုန်းမြင့်တက်ပြီး ဝယ်ယူ၍မရကြောင်း ပလက်ဝဒေသခံ ကိုခင်ကျော်က CNI သတင်းဌာန သို့ ပြောသည်။
ကိုခင်ကျော်က “ဆန်တစ်အိတ်ကို ၁ သိန်း ၂ သောင်း ရိုးရိုးဆန်နော်။ ၁ သိန်း ၂ သောင်းတောင် ဝယ်လို့မရဘူး။ အဲဒီလမ်း (ကျောက်တော် - ပလက်ဝ ရေလမ်းကြောင်း) မပိတ်ခင်က ၄ သောင်း၊ အခု လမ်းပိတ်လိုက်တော့ ၁ သိန်း ၂ သောင်းတောင် ဝယ်လို့မရဘူး။ ကြက်ဥတစ်လုံးကို ၁ ထောင်ပေးရင်တောင် ဝယ်လို့မရဘူး။ ဆီ တစ်လီ တာကို ၁ သောင်းတောင် ဝယ်လို့မရဘူး” ဟု ပြောသည်။

လက်ရှိ ကြုံတွေ့နေရသည့် ကုန်ဈေးနှုန်း မြင့်တက်မှုနှင့် ကုန်စည်များ ပြတ်လပ်နေမှုကို ပလက်ဝဒေသခံများ အနေဖြင့် အကြိမ်ကြိမ် ကြုံတွေ့နေခဲ့ရသော်လည်း ယခုတစ်ကြိမ်သည် ပို၍ ခက်ခဲကြောင်း ဒေသခံများက ပြော သည်။

ပြီးခဲ့သည့် တိုက်ပွဲဖြစ်ပွားမှုများတွင် ရေလမ်းကြောင်းကို ပိတ်ထားသော်လည်း ကုန်းလမ်းကြောင်း သွားလာရေး ကို ဖွင့်လှစ်ပေးထားသဖြင့် ကယ်ဆယ်ရေးအဖွဲ့များက လာရောက်လှူဒါန်းမှုများရှိသလို ကုန်စည်များလည်း သယ်ဆောင်၍ ရသည့်အတွက် ယခုလောက် မခက်ခဲကြောင်း သိရသည်။

 ပလက်ဝမြို့နယ် ရှင်းလက်ဝကျေးရွာမှ ဒေသခံများကိုတွေ့ရစဉ်

လက်ရှိတွင် ရေလမ်း၊ ကုန်းလမ်းကြောင်း နှစ်မျိုးလုံးကို ပိတ်ထားသည့်အတွက် ပလက်ဝဒေသသည် ပို၍ အခြေအနေ ဆိုးရွားသည်ဟု ချင်းပြည်နယ် ကုန်သည်ကြီးများအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းက “ပြီးခဲ့တဲ့ မနှစ်ကဆိုရင် ပလက်ဝမှာ ပလက်ဝမြို့ပေါ်လောက်ပဲ ဒါမျိုးက ကြုံတာလေ။ ဘာလို့လဲဆိုတော့ ဆမီး - မင်းတပ် - ဟားခါးဘက်ကဆို ဆမီးမြို့ရှိတယ်။ အဲဒီမှာ ကယ်ဆယ်ရေးတွေ ရောက်တယ်လေ။ အရင်က ဆိုရင် တစ်ဖက်လမ်းက ဖွင့်နေတယ်။ ဟားခါး - မင်းတပ် - မတူပီ - ဟားခါးလမ်းက ပွင့်နေတယ်။ ဆိုတော့ အဲဒီက ကယ်ဆယ်ရေးပစ္စည်းတွေက ရောက်တယ်။ အခုက ဟိုဘက်လမ်း၊ ဒီဘက်လမ်း အကုန်လုံး ပိတ်သွားတာကိုး။ ပိုဆိုးတာပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

ယခုကဲ့သို့ ကုန်စည်စီးဆင်းမှု လမ်းကြောင်းများကို ဆက်လက် ပိတ်ထားမည်ဆိုပါက ပလက်ဝမြို့နယ်နှင့် မတူပီ မြို့နယ်တွင် နှစ်ပတ်အတွင်း ဒေသခံများ၏ ကျန်းမာရေး အခက်အခဲများ ရှိလာနိုင်သကဲ့သို့ အငတ်ဘေးနှင့် ကြုံ တွေ့မည်ကို ဒေသခံများက စိုးရိမ်လျက်ရှိသည်။

ချင်းပြည်နယ် ကုန်သည်ကြီးများ အသင်းအနေဖြင့် ဆန်နှင့် တခြားသော ကုန်စည်များကို သယ်ဆောင်ပြီး ရောင်းချပေးနိုင်ရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဆွေးနွေးကာ ခွင့်ပြုချက်ရအောင် ကြိုးစားနေ သည်ဟု ချင်းပြည်နယ် ကုန်သည်ကြီးများအသင်းမှ တာဝန်ရှိသူက CNI သတင်းဌာနသို့ ဆက်လက် ပြောကြား သည်။

ကုလားတန်မြစ်ကြောင်းကို မြင်တွေ့ရစဉ်

၎င်းက “ကျနော်တို့ ကုန်သည်ကြီးများ အနေနဲ့ကတော့ ကြိုးစားနိုင်သလောက် ကြိုးစားပေးမှာပေါ့။ နစကကို ဆွေးနွေးပေးမယ်။ ဆွေးနွေးပြီးတော့ ကျနော်တို့ အခု ကုန်သည်ကြီးများ ရန်ကုန်တို့၊ တိုင်းတို့မှာ ရောင်းပေးသလိုပဲ ပလက်ဝမှာ ကျနော်တို့ ရောင်းပေးမယ်။ ဒီကိစ္စတွေကို ကျနော်တို့ လုပ်ပေးမယ်။ အဲဒါ ဆန်အိတ် ဘယ်နှအိတ်၊ ဘယ်ကနေ ဘယ်ကိုသယ်မယ်။ ဆမီးမှာ ဘယ်နှအိတ် ရောင်းမယ်၊ ပလက်ဝမှာ ဘယ်နှအိတ် ရောင်းမယ်၊ ခွင့်ပြု ချက် ပေးပါလို့ တောင်းဖို့တော့ ကြိုးစားနေတယ်” ဟု ပြောသည်။

ကျောက်တော်နှင့် ပလက်ဝ ရေလမ်းကြောင်းကို ပိတ်ထားခြင်းကြောင့် ရခိုင်ပြည်နယ်သို့ ရောက်ရှိနေသည့် ပလက်ဝ ဒေသခံများ ရခိုင်ပြည်နယ်ဘက်တွင် ကျန်ရှိနေပြီး မပြန်နိုင်ဘဲ ဖြစ်နေကြောင်း သိရသည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ် မောင်တောမြို့နယ်များမှာ ဩဂုတ်လအတွင်း မြန်မာ့ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(အေအေ)တို့ကြား တိုက်ပွဲဖြစ်နေကြောင်း ဩဂုတ် ၁၁ ရက်က AA ၏ သတင်းစာ ရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားခဲ့သည်။

 

 

 

Share
Tweet
Share
Share
powered by social2s

လူမဲ့တန်ဆာ တင်ခွင့်မပြုပါက ယာဉ်လိုင်းများ ရပ်နားသွားရမည်

By CNI
CNI
Category: Watch TV
Hits: 748

Share
Tweet
Share
Share
powered by social2s

အငတ်ဘေးဆိုက်နေသော အာဖရိကအတွက် ဂျုံတင်ရန်သင်္ဘော ယူကရိန်းသို့ရောက်

By CNI
CNI
Category: Watch TV
Hits: 733

Share
Tweet
Share
Share
powered by social2s
အောင်မင်္ဂလာအဝေးပြေးကားဂိတ်ကိုတွေ့ရစဉ် (GETTY IMAGES)

လူမဲ့တန်ဆာ တင်ခွင့်မပြုပါက ယာဉ်လိုင်းများ ရပ်နားသွားရမည်

By CNI
CNI
Category: စီးပွားရေး
Hits: 1768

CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၃

ရန်ကုန်တိုင်းဒေသကြီးမှ တခြားသော နေရပ်ဒေသများသို့ ပြေးဆွဲနေသာ အဝေးပြေး ယာဉ်လိုင်းများကို လူမဲ့တန် ဆာကုန်စည် တင်ခွင့်မပြုပါက ယာဉ်လိုင်းများ ရပ်နားသွားရမည့် အခြေအနေဖြစ်လာနိုင်ကြောင်း အဝေးပြေး ယာဉ် လိုင်းများ ပြေးဆွဲနေသူများက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးမှ တခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ပြေးဆွဲနေသည့် အဝေးပြေး ယာဉ်လိုင်း များကို လုံခြုံရေးအရ လူမဲ့တန်ဆာကုန်စည်များ တင်ဆောင်ခွင့် မပြုကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများက ကန့်သတ်လာမှုများ ရှိသည်ဟု အဝေးပြေးယာဉ်လိုင်းများထံမှ သိရသည်။

လက်ရှိကာလတွင် ခရီးသည် ရရှိမှုသည် ၃ ပုံ ၁ ပုံခန့်သာ ရှိနေခြင်းကြောင့် ကုန်စည်ကိုသာ အဓိကထား အားကိုး နေရကြောင်း၊ လူမဲ့တန်ဆာများကို တင်ဆောင်ခွင့် မပြုပါက အဝေးပြေးယာဉ်လိုင်းများအားလုံး ရပ်နားသွားရမည် ဟု အောင်မင်္ဂလာအဝေးပြေးကားဝင်းမှ ယာဉ်လိုင်းတာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

အဝေးပြေးယာဉ်လိုင်းများ တန်ဆာများစိစစ်နေစဉ် (GETTY IMAGES)

၎င်းက “အဆင်က ဘယ်လိုပြေမလဲ။ ကားဂိတ်တွေမှာ ခရီးသည်တွေက အရင်လိုမှ ပြောပြရရင် ၃ ပုံ ၁ ပုံ လောက် ပဲရှိမှာ ခရီးသွားက။ ၃ ပုံ ၁ ပုံဆိုတောင်မှ ခန့်မှန်းတာ နည်းနည်း များသွားတာပေါ့နော်။ အမှန်တကယ်ဆိုရင်တော့ ၃၀ ရာခိုင်နှုန်းလောက်ပဲ ရှိမယ်။ ၃၀ ရာခိုင်နှုန်းပဲ ရှိတော့ ဒီကားတစ်စီးက ခရီးသည် မပါဘဲနဲ့ ကားတွေ ပြေးနေရ တဲ့ အကြောင်းအရင်းက ဘာလဲဆိုတော့ တန်ဆာပေါ့။ တန်ဆာက မဖြစ်မနေ သွားကြရတဲ့ဟာဆိုတော့ သွားနေ တော့ တန်ဆာက တင်နေရတယ်။ တန်ဆာတင်မှပဲ တစ်လေတစ်ခါဆိုရင် ကားတစ်စီးလုံးမှ လူက ၃/၄ ယောက် ၄/၅ ယောက် ပါပြီး သွားရတယ်။ တန်ဆာမတင်ဘဲ သွားရော ဒီကားရဲ့ ကုန်ကျစရိတ်က အခု ဆီဈေးနဲ့ ဘာနဲ့ဆိုရင် အစ်ကိုတို့သွားတဲ့ ခရီးစဉ်ဆိုရင် အသွားအပြန် သိန်း ၂၀ လောက် ကုန်ကျတယ်။ လူမဲ့တန်ဆာနဲ့ လုံးလုံးသွားလို့ မရဘူး ထုတ်လိုက်၊ ရပ်ပြီ” ဟု ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအခြေပြု၍ အောင်မင်္ဂလာအဝေးပြေး၊ ဒဂုံဧရာအဝေးပြေးနှင့် အောင်ဆန်းကွင်း ကားဂိတ်တို့ ကနေ ပြေးဆွဲနေသည့် အဝေးပြေးခရီးသည်တင် ယာဉ်လိုင်းများကို မူလကပင် လူမဲ့တန်ဆာကို ခွင့်မပြုထား ကြောင်း၊ ခရီးသည်နှင့်အတူ ပါလာသည့် ကုန်စည်ကိုသာ တင်ဆောင်ခွင့် ပြုထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC) ထံမှ သိရသည်။

လူမဲ့တန်ဆာ တင်ဆောင်ခြင်းများကို တရားဝင် ခွင့်ပြုပေးထားခြင်းမရှိသော်လည်း တားမြစ်ခြင်း မရှိခဲ့ကြောင်း၊ လက်ရှိတွင် လုံခြုံရေးအရ တာဝန်ရှိသူများက ကန့်သတ်ခြင်း ဖြစ်ကြောင်း YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။

အောင်မင်္ဂလာအဝေးပြေးကားဂိတ်ကိုတွေ့ရစဉ် (Myanmar Times)

ဦးလျန်ကျင့်မန်က “လူမဲ့ တန်ဆာ တင်ခွင့် မပြုတော့ဘူးဆိုတဲ့ ဟာကတော့ အရင်ကတည်းက အဝေးပြေး ခရီးသည်တင်ဆိုတဲ့ဟာက ခရီးသည်ပဲ တင်ဖို့ပဲလေ။ ကျနော်တို့ ပါဆယ်တွေ ပို့ဖို့မှ မဟုတ်တာ။ သူ့ကို ခွင့်ပြု ထားတာက ခရီးသည်နဲ့ သူနဲ့ပါလာတဲ့ လက်ဆွဲအိတ်တွေပဲ။ ဒါပေမယ့် ခွင့်ပြုတာ မဟုတ်ပေမယ့် အဲဒီတုန်းက မတားဘူးလေနော်။ အခုက လုံခြုံရေးအရ လုံခြုံရေးကိစ္စ လုံခြုံရေးအပိုင်းကနေ လုပ်တာလေ။ ကျနော်တို့ လုပ် တာ မဟုတ်ဘူး YRTC လုပ်တာ မဟုတ်ဘူး အဲဒါတော့” ဟု CNI သတင်းဌာနသို့ ပြောသည်။

သို့သော် ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ စစ်ဆေးရေး ဂိတ်များသို့ ဖြတ်သန်းသည့်အခါတွင် တန်ဆာပစ္စည်း တင်ဆောင်သည့်အခါ မည်သို့မည်ပုံ တင်ဆောင်ရမည်ကို စည်းကမ်းချက်၊ ကန့်သတ်ချက်များကို တိကျစွာ ထုတ်ပြန်ထားခြင်းမျိုး မရှိသည့်အတွက် အဝေးပြေးယာဉ်လိုင်းများ အနေဖြင့် အခက်အခဲ ကြုံတွေ့နေရကြောင်း သိရသည်။

လူမဲ့ တန်ဆာများကို တင်ဆောင်ခွင့် မပြုတော့လျှင် ရန်ကုန်မှတဆင့် အခြားမြို့များသို့ ကုန်ပစ္စည်းတင်ပို့သည့် အခါ ဘုရင့်နောင် ကုန်စည်ပို့ဆောင်ရေးနှင့် အခြားကုန်တင်ယာဉ်များနှင့်သာ ပို့ဆောင်ရတော့မည့် အခြေအနေ တွင် ရှိသည်။

 

 

 

Share
Tweet
Share
Share
powered by social2s

ဝယ်လိုအားများပြီး ရောင်းလိုအား နည်းနေခြင်းကြောင့် ရွှေဈေးနှုန်း မြင့်တက်လာ

By CNI
CNI
Category: Watch TV
Hits: 752

Share
Tweet
Share
Share
powered by social2s

မှတ်ပုံတင်ကန့်သတ်မှု ဂျပန်ဘက်မှ မရှိဘဲ မြန်မာအေဂျင်စီက ကန့်သတ်ခြင်းဖြစ်နိုင်

By CNI
CNI
Category: Watch TV
Hits: 736

Share
Tweet
Share
Share
powered by social2s
ရွှေဆိုင်တစ်ခုကိုတွေ့ရစဉ်(Xinhua)

ဝယ်လိုအားများပြီး ရောင်းလိုအား နည်းနေခြင်းကြောင့် ရွှေဈေးနှုန်း မြင့်တက်လာ

By CNI
CNI
Category: စီးပွားရေး
Hits: 1773

CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၂

မြန်မာနိုင်ငံအတွင်း ရွှေဈေးကွက်တွင် ဝယ်လိုအားများပြီး ရောင်းလိုအား နည်းနေခြင်းကြောင့် ရွှေဈေးနှုန်းမြင့်တက်လာခြင်း ဖြစ်သည်ဟု ရွှေလုပ်ငန်းရှင် များနှင့် စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။

လက်ရှိ မြန်မာနိုင်ငံအတွင်း ရွှေဈေးနှုန်းသည် အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားလျှင် ကျပ် ၂၅ သိန်းကျော်အထိ မြင့်တက် လျက် ရှိနေသည်။

ထိုသို့ ရွှေဈေးနှုန်းများ မြင့်တက်လာရခြင်းသည် ရွှေလာရောက်ဝယ်ယူမှု များပြားခြင်း၊ ရွှေကုန်ကြမ်းရရှိမှု နည်းပါးခြင်း၊ ပြည်တွင်း ဒေါ်လာဈေးနှုန်း မြင့်တက်ခြင်း စသည့် အခြေအနေများကြောင့် ဖြစ်သည်ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး ဦးအုန်းမြင့်က CNI သတင်းဌာနသို့ ပြောသည်။

မြန်မာ့ရွှေ အတုံးများကိုတွေ့ရစဉ်(GETTY IMAGES)

ဦးအုန်းမြင့်က “ဒီရာသီမှာ ဦးတို့နိုင်ငံမှာ ရွှေကြမ်းက ထွက်တာတွေ နည်းတယ်လေ။ နည်းတာက မိုင်းတွေဆိုလည်းပဲ ရွှေတွင်း တွေ တူးလို့ မရဘူးလေ။ တူးလို့ရှိရင် ရေဝင်တာတို့၊ တွင်းပြိုတာတို့ ဆိုတာမျိုးတွေကြောင့်လေ၊ အဲဒါကြောင့်မို့ ရွှေထွက်တာ နည်းတယ်။ နောက်တစ်ခုက ဦးတို့နိုင်ငံမှာ လှောင်ကုန်တွေပေါ့နော် ပဲတို့၊ နှမ်းတို့၊ စပါးတို့ ဒီရာသီမှာ သူတို့က ထုတ်ရောင်း ကြတယ်လေ။ ထုတ်ရောင်းတဲ့ အခါကျတော့ သူတို့ရလာတဲ့ ငွေအမောက်ကို နှစ်တိုင်းပဲ သူတို့က ရွှေကို ပြန်ဝယ်ကြတာပေါ့ နော်။ ရွှေကို ပြန်ဝယ်ပြီး ကိုင်ထားကြတယ်ဆိုတဲ့ အတွက်ကြောင့် ဝယ်လိုအားနဲ့ ရောင်းလိုအားမှာ ရောင်းလိုအား နည်းပြီး တော့ ဝယ်လိုအားက များနေတဲ့ သဘောရှိတယ်။ နောက်တစ်ခုက မြန်မာငွေနဲ့ ဒေါ်လာ လဲလှယ်နှုန်းမှာလည်း လောလော ဆယ် မြင့်တက်နေတာကို တွေ့နေရတယ်။ အဲဒီအတွက်ကြောင့် ရွှေဈေးက တက်သွားတာပေါ့” ဟု ပြောသည်။

လက်ရှိ ရွှေဈေးကွက်အတွင်း ရွှေလာရောက် ဝယ်ယူသူများသည် စုဆောင်းရန်အတွက် ရွှေအတုံးများကို ပို၍ ဝယ်ယူကြ ကြောင်း၊ လက်ဝတ်တန်ဆာဖြစ်သည့် လက်ဝတ်လက်စားများကို ဝယ်ယူမှုနည်းပါးပြီး လာရောက် ရောင်းချမှုသာ များပြား ကြောင်း ရွှေလုပ်ငန်းရှင်များထံမှ သိရသည်။

ရွှေဈေးနှုန်း မြင့်တက်နေမှုကြောင့် အသေးစားနှင့် အလတ်စား ရွှေဆိုင်များအပေါ် သက်ရောက်မှုများ ဖြစ်ပေါ်နေကြောင်း၊ ရွှေအတုံးများသာ ဝယ်ယူမှုရှိပြီး လက်ဝတ်လက်စား(ဉပမာ ရွှေလက်စွပ်- ဆွဲကြိုး-လက်ကောက်)များ ဝယ်ယူမှုနည်းပါးခြင်း ကြောင့် ရွှေဆိုင်တချို့သည် ရွှေထည်အသစ်များ ထပ်မံလုပ်ဆောင်မှု မလုပ်နိုင်တော့သည့်အတွက် ရပ်နားလာကြကြောင်း သိရသည်။

ရွှေဆိုင်တစ်ခုတွင် အရောင်းအ၀ယ်လုပ်နေကြစဉ် (GETTY IMAGES)

ထို့ကြောင့် ရွှေလက်ဝတ်တန်ဆာများကို ပြုလုပ်နေကြသည့် ပန်းတိမ်လုပ်သားများ အနေဖြင့် ရွှေတန်ဆာ အသစ်များကို ထပ်မံ လုပ်ဆောင်နေရခြင်းမရှိဘဲ အလုပ်လက်မဲ့ ပို၍ ဖြစ်လာကြသည်ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း အတွင်း ရေးမှူး ဦးအုန်းမြင့်က ပြောသည်။

၎င်းက “ရွှေဈေးတွေကတော့ တက်တယ်။ ဒါပေမယ့်လို့ အခြေခံ လူတန်းစားတွေက ဝယ်တာထက် သူတို့က ပြန်ရောင်းနေတာ များတယ်လေ။ လက်မှုပညာသည် သမားဆိုတာက အခြေခံလူတန်းစားတွေ ဝတ်တဲ့အဖို့ပဲ အဓိကထားပြီး သူတို့က လုပ် ပြီး ရောင်းကြတာလေ။ တကယ်ချမ်းသာတဲ့ လူတွေကျတော့လည်းပဲ သူတို့က ပြည့်စုံပြီးသားဆိုတော့ သူတို့က အတုံးအခဲပဲ ဝယ်ကြမှာလေ။ အဲဒီအတွက်ကြောင့် ပန်းတိမ်လုပ်သားတွေ အနေနဲ့ကတော့ အလုပ်တွေက တော်တော်များများ အလုပ် လက်မဲ့ ဖြစ်ကုန်ကြတာပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိ ရွှေဈေးနှုန်းသည် ယခုထက်ပို၍ ဆက်လက် မြင့်တက်သွားနိုင်သည့် အခြေအနေတွင် ရှိနေကြောင်း၊ ထိုအခြေအနေ များကို ထိန်းချုပ်ရန်အတွက် ရန်ကုန်နှင့် မန္တလေးရှိ ရွှေကုန်သည်များ၏ အရောင်းအဝယ် ဈေးကွက်ပေါ်တွင်သာ မူတည် ကြောင်း ရွှေဈေးကွက် လေ့လာသုံးသပ်သူ ကိုနေလင်းခန့်က CNI သတင်းဌာနသို့ ပြောသည်။

ရွှေဆိုင်တစ်ခုကို တွေ့ရစဉ်(GETTY IMAGES)

ကိုနေလင်းခန့် “အဓိက ကျနော်တို့ ကုန်သည်တွေကိုပဲ ကြည့်ရမှာပေါ့။ ရန်ကုန်၊ မန္တလေးက ကုန်သည်ကြီးတွေက သူတို့က အရမ်း အရောင်းအဝယ် လုပ်ချလိုက်ရင် ကျနော်တို့ ဟိုတနေ့ကဆိုရင် ၂၃ သိန်း နားနားထိ ပြန်ကျသွားသေးတယ်။ အဲတော့ မန္တလေးမှာ ကုန်သည်တွေ အရောင်း များလိုက်တာပေါ့။ အဲမှာ ၂၄ ကျော်ကနေ ၂၃ နားထိ ပြန်ကပ်လာတယ်။ အဓိကကတော့ ကုန်သည်တွေပေါ့။ မန္တလေးမှာ ရွှေရောင်းတာ အရမ်းများတယ်ဆိုရင် ရန်ကုန်ဈေးကွက်မှာ ကျတယ်။ သူ့ဟာနဲ့သူတော့ အချိတ်အဆက်တော့ ရှိတယ်။ အဓိက ကုန်သည်တွေကိုလည်း ကြောက်ရတယ်။ ဘာလို့လဲဆိုတော့ တချို့ကုန်သည်တွေက အရမ်းဈေးကစားတဲ့ အဲလိုမျိုးတွေ ရှိတယ်ဆိုရင် ကုန်သည်တွေအပေါ် မူတည်ပြီးတော့လည်း ဈေးကွက်က အလှုပ်အခတ် ဖြစ်တယ်။ သူတို့ကျတော့ အရောင်းအဝယ်လုပ်တာ ၁ ပိုင်း ၂ ပိုင်း မဟုတ်ဘူး။ ပိဿာကို ၁၀ နဲ့ချီပြီး လုပ်ကြတဲ့ သူတွေဆို တော့ အဲလိုမျိုး ကုန်သည်တွေက ဖွဲ့ပြီဟေ့ဆိုရင်တော့ ဈေးကွက်က အရမ်း အလှုပ်အခတ် ဖြစ်တယ်။ အဲလိုမျိုး အနေအထား တွေဆိုရင်တော့ ရွှေဈေးက အလှုပ်အခတ် ပိုများမှာပေါ့ သာမန်ထက် စာရင်တော့” ဟု ပြောသည်။

မြန်မာ့ရွှေဈေးနှုန်းများသည် ကမ္ဘာ့ရွှေဈေးနှုန်းနှင့် ပြည်တွင်း ဒေါ်လာငွေ ဈေးနှုန်းများပေါ် မူတည်၍ အပြောင်းအလဲ ဖြစ်ပေါ် သည့်အတွက် ပြည်တွင်း ဒေါ်လာဈေးနှုန်း ယခုထက်ပို၍ မြင့်တက်လာနိုင်ခြင်းကြောင့် ပြည်တွင်း ရွှေဈေးနှုန်းသည်လည်း ဆက်လက် မြင့်တက်လာနိုင်သည်ဟု လေ့လာသူများက ပြောသည်။

ယနေ့တွင် ပြည်တွင်း ရွှေဈေးကွက်၌ အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သား ဈေးနှုန်းသည် ၂၅ သိန်း ၅ သောင်းကျပ် ရှိနေပြီး အမေရိကန်ဒေါ်လာကတော့ တစ်ဒေါ်လာလျှင် မြန်မာငွေ ၂၇၀၀ ကျပ်ဖြင့် တွက်ချက်ကြသည်ဟု သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 24
  • 25
  • 26
  • 27
  • 28
  • 29
  • 30
  • 31
  • 32
  • 33

Page 29 of 48

  1. You are here:  
  2. Home
  3. စီးပွားရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar