CNI International News

ကဘူးလ်၊ဩဂုတ် ၂၆

ခိုင်ခံ့သော ချိုင့်ဝှမ်းဒေသတစ်ခုတွင် တာလီဘန်တို့ကို တွန်းလှန်ရန် ကြံရွယ်နေသော ယခင်အစိုးရဟောင်း၏ တပ်ဖွဲ့များသည် ရေရှည်ပဋိပက္ခအတွက် စိုင်းပြင်နေသော်လည်း တာလီဘန်များနှင့် ညှိနှိုင်းဆွေးနွေးအဖြေရှာရန် ကြိုးစားနေကြောင်း အစိုးရ ဟောင်းတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက အေအက်ဖ်ပီ သတင်းဌာနသို့ ပြောသည်။

တာလီဘန်တို့ မြို့တော်ကဘူးလ်ကို သိမ်းလိုက်ပြီးနောက် ထောင်နှင့်ချီ အာဖဂန်ပြည်သူများ တိုက်ပွဲဝင်ရန်နှင့် လုံခြုံစိတ်ချ ရာတွင် ခိုလှုံရန် ပန်ဂျရှားပြည်နယ်သို့ ထွက်ခွာသွားကြကြောင်း အစိုးရဟောင်းတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ အလီမိုင်ဆမ် နာဇရီက ပြောသည်။

Source: AFP
#အာဖဂန်
#တာလီဘန်
#အာမက်မာဆွတ်
#တိုက်ခိုက်ရေးအဖွဲ့
#NRF
#စစ်ရေး
#နိုင်ငံရေး
#ညှိနှိုင်းရေး
#CNImyanmar
#cninews #ChannelNewsIndependent