CNI News

မနီလာ၊ဩဂုတ် ၂၆

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးသည် လာမည့်နှစ်ရွေးကောက်ပွဲတွင် ဒုတိယသမ္မတရာထူးအတွက် ဝင်ရောက် အရွေးချယ်ခံ ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ အတိုက်အခံများ ဝေဖန်ထောက်ပြနေသည့်ကြားမှ ဒူတာတေး၏ လက်ရှိ အာ ဏာရပါတီက အာဏာကို ဆက်လက်ဆုပ်ကိုင်ထားနိုင်ရေးအတွက် အစောပိုင်း ကြေညာချက်တစ်ရပ်ကို အတည်ပြုထုတ်ပြန်ခဲ့ကြောင်း ရိုက်တာသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

၂၀၂၂ တွင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ဒူတာတေး၏ လက်ထောက်နှင့် လက်ရှိအထက်လွှတ်တော်အမတ် ဖြစ်သူ ခရစ္စတိုဖာဘွန်းဂိုးကို ထောက်ခံလိမ့် မည်ဟု မျှော်လင့်ထားကြောင်း ထည့်သွင်းထားသည့် ကြေညာချက်ကို လာမည့်စက်တင်ဘာလ ၈ ရက်တွင် ကျင်းပမည့် ပါတီညီလာခံမတိုင်မီ ထုတ်ပြန်ခဲ့ခြင်းကြောင့် အတိုက်အခံ များက ဝေဖန်ထောက်ပြခဲ့ကြခြင်းဖြစ်သည်။


Source: Reuters
#ဒူတာတေး
#ဖိလစ်ပိုင်
#ဒုတိယသမ္မတ
#ရွေးကောက်ပွဲ
#ဝေဖန်
#cninews
#CNIMyanmar
#ChannelNewsIndependent