CNI News

၂၀၂၁ ခုနှစ်၊ဩဂုတ် ၄

ကိုရီးယားနိုင်ငံရဲ့ နွေရာသီအစောပိုင်းမှာ လူတွေအလုပ်ရှုပ်နေခဲ့ပြီးတဲ့နောက် ဩဂုတ်လထဲဝင်လာတော့ ဒီနှစ်ပြက္ခဒိန်လည်း တဝက်ကျိုးခဲ့ပြီပေါ့။ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက စတင်ပြသဖို့ ပြင်ဆင်ထားတဲ့ ဇာတ်ကားနှစ်ကားအပါအဝင် ဇာတ်လမ်းတွဲအသစ်တွေကို အခု ဩဂုတ်လထဲ ကြည့်ကြရမှာပါ။

တောင်ကိုရီးယားနိုင်ငံမှာ COVID-19 စတုတ္ထလှိုင်းကို ရင်ဆိုင်ကျော်လွှားနေရတဲ့အတွက် ရိုက်ကူးထုတ်လုပ်ရေးလုပ်ငန်းများစွာ ထိခိုက်ခဲ့ရပါတယ်။ အဲဒါကြောင့် ရုပ်သံထုတ်လွှင့်ရေး အစီအစဉ်တချို့ကိုလည်း ရွှေ့ဆိုင်းခဲ့ရပါတယ်။