CNI News

၂၀၂၁ ခုနှစ်၊ ဩဂုတ် ၄ ရက်

ကိုဗစ် - ၁၉ တတိယလှိုင်းဖြစ်ပွား‌‌နေသော မြန်မာပြည်တွင်း၌ အောက်ဆီဂျင်နှင့် ဆက်စပ်ပစ္စည်းများမှာ လိုအပ်ချက်မြင့်တက်မား‌နေသောကြောင့် ပြည်သူများ ဈေးနှုန်းသက်သာစွာနှင့် ဝယ်ယူရရှိနိုင်ရန်အတွက် Myanmar Muslim Aid (MMAID) မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီး၏ ပံ့ပိုးကူညီရေးကော်မတီက ရောင်းချပေးမည် ဖြစ် ကြောင်း သိရသည်။

"ကျနော်တို့ တကယ်လိုအပ်နေတဲ့သူတွေကို ဖောင်ဖြည့်ခိုင်းတယ်။ အဲဒီ့ဖောင်နဲ့ အတူ နေရာအလိုက် ချပေးနေပါတယ်။ ဈေးနှုန်းကတော့ ကျွန်တော်တို့ အမှန်တစ်ကယ် အရင်းအတိုင်း ကျသင့်ငွေပဲ ယူပါတယ်။