CNI News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၆

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာသည် မြန်မာနိုင်ငံသို့ သြဂုတ် ၁၆ ရက် နေ့ နံနက်ပိုင်းက ရောက်ရှိလာခဲ့သည်။

ထို့နောက် သြဂုတ် ၁၇ ရက်နေ့တွင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံရေး အခြေအနေများ အပါအဝင် လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ရေး အခြေအနေများကို ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။

မစ္စနိုလင်းဟေဇာသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် သူမ တာဝန်ယူနေစဉ်အတွင်းမှာ မြန်မာနိုင်ငံသို့ ယခုခရီးစဉ်သည် ပထမဆုံးအကြိမ် လာရောက်သည့် ခရီးစဉ်ဖြစ်သည်။