CNI Sport News

၂၀၂၄ ခုနှစ်၊ မေလ ၁၀

အာဆင်နယ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခဲ့ရင် အမိုးဖွင့်ဘတ်စ်ကားနဲ့ အောင်ပွဲခံမယ့် သူတို့ရဲ့ အစီအစဉ်ကို ကြေညာခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့ လက်ရှိချန်ပီယံ မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်တာဟာ ပြီးဆုံးဖို့ နီးစပ်နေပြီဖြစ်ပါတယ်။ 

လက်ရှိအချိန်မှာ အာဆင်နယ်အသင်းဟာ အဆင့် ၂ နေရာမှာ ရပ်တည်နေတဲ့ မန်စီးတီးအသင်းထက် ၁ ပွဲပို ကစားထားပြီး ရမှတ် ၁ မှတ်အသာနဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေတာ ဖြစ်ပါတယ်။ 

ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ နောက်ဆုံးပွဲစဉ်တွေကို မေလ ၁၉ ရက်မှာ ကျင်းပသွားမှာဖြစ်ပြီး ဒီအချိန်မှသာ ဘယ်အသင်းချန်ပီယံဆု ရယူနိုင်မလဲဆိုတာ အဖြေပေါ်ဖို့ရှိနေတာပါ။

ဒေးလီးမေးလ်က အာဆင်နယ်အသင်းဟာ မေလ ၂၀ ရက်မှာ အောင်ပွဲခံ အခမ်းအနား ကျင်းပဖို့ စီစဉ်ထားတယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။ 

အာဆင်နယ်အသင်းကို တွေ့ရစဉ်

အာဆင်နယ်အသင်းအနေနဲ့ အောင်ပွဲခံ အခမ်းအနား ကျင်းပနိုင်ဖို့ဆိုရင် မန်စီးတီးအသင်းဟာ ကစားဖို့ကျန်ရှိနေတဲ့ လက်ကျန် ၃ ပွဲမှာ အနည်းဆုံး ၁ ပွဲ အမှတ်လျော့ရမှာဖြစ်သလို သူတို့လည်း လက်ကျန် ၂ ပွဲစလုံး အနိုင်ရဖို့ လိုအပ်နေတာပါ။ 

ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြီးဆုံးဖို့ ကျန်ရှိနေသေးပေမယ့် အာဆင်နယ်အသင်းဟာ အောင်ပွဲခံဖို့အတွက် လမ်းပိတ်တာ အပါအဝင် အခြားကိစ္စရပ်တွေကို ကြိုတင်စီစဉ်နေတာ ဖြစ်ပါတယ်။

ဒေးလီးမေးလ်က အာဆင်နယ်အသင်းဟာ ဆုဖလားနဲ့အောင်ပွဲခံမယ့် အစီအစဉ်ကို မေလ ၂၀ ရက်မှာ ပြုလုပ်မှာ ဖြစ်ပြီး အမ်းမရိတ်စ်ကွင်းက စတင်လှည့်လှည် အောင်ပွဲခံကာ အမ်းမရိတ်စ်ကွင်းမှာပဲ ပြန်ပြီးအဆုံးသတ်ဖို့ ရှိနေတယ်လို့ ဖော်ပြထားတာပါ။ 

ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်တွေအဖြစ် မန်စီးတီးအသင်းက ဝက်စ်ဟမ်း၊ အာဆင်နယ်အသင်းက အဲဗာတန် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ဖလားကို ၂၀၀၃-၀၄ ရာသီက နောက်ဆုံး ရယူနိုင်ခဲ့တာ ဖြစ်တဲ့အတွက် နှစ်ပေါင်း ၂၀ အကြာမှ ပထမဆုံးအကြိမ် ပြန်လည်ရယူနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

Source:Goal