CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၉

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် မစ္စတာ ပရတ်ဆိုခွန်သည် မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးစဉ်ကို ယနေ့ (ဇွန်လ ၂၉ ရက်) စတင်ပြီး ဖြစ်ကြောင်း ကမ္ဘောဒီးယားအစိုးရက ထုတ်ပြန်ခဲ့သည်။

မစ္စတာ ပရတ်ဆိုခွန်သည် မြန်မာနိုင်ငံသို့ ဇွန်လ ၂၉ ရက်မှ ဇူလိုင် ၃ ရက်အထိ လာရောက်မည်ဖြစ်ပြီး ဇူလိုင် ၂ ရက်မှ ၅ ရက်နေ့အထိ ကျင်းပမည့် မဲခေါင်-လန်ချန်း ညီလာခံကိုလည်း တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် နစက အဖွဲ့ဝင်များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ စသည့် အလွှာ အသီးသီးမှ ပုဂ္ဂိုလ်များဖြင့် တွေ့ဆုံသွားရန် ရှိကြောင်း သိရသည်။

ယနေ့ စတင်သည့် မြန်မာပြည်ခရီးစဉ်သည် အာဆီယံအထူးကိုယ်စားလှယ်၏ ဒုတိယအကြိမ်မြောက် ခရီးစဉ်ဖြစ်သည်။