CNI International News

ဝါရှင်တန်၊ ဇွန်လ ၂၅

Roe v. Wade ပြဋ္ဌာန်းချက်ကို ပြောင်းပြန်လှန်ခဲ့သည့် အမေရိကန် တရားရုံးချုပ်၏ ဇွန်လ ၂၄ ရက် စီရင်ဆုံးဖြတ်ချက်သည် မျိုးဆက် တစ်ဆက်အတွင်း အကြီးမားဆုံး အောင်ပွဲတစ်ခုဖြစ်ကြောင်း သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ချီးကျူး ပြောကြား လိုက်သည်။

နိုင်ငံတဝန်း ကိုယ်ဝန်ဖျက်ချခြင်းကို တရားဝင် ခွင့်ပြုခဲ့သော ၁၉၇၃ ခုနှစ်က ဟိုးလေးတကျော် ဖြစ်ခဲ့သည့် အဆိုပါ ပြဋ္ဌာန်း ချက်အား ယခုအခါ ပယ်ဖျက်လိုက်ပြီ ဖြစ်သည်။

တရားရုံးချုပ်၏ အဆိုပါ ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ ဥပဒေပိုင်းဆိုင်ရာ ထိန်းညှိပေးဖို့ ပြည်နယ် တရားရေး နယ်ပယ် အသီးသီး ထံသို့ ပေးပို့ခဲ့သည်။

အဆိုပါ ဖွဲ့စည်းထားသော Save America PAC အဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် သမ္မတဟောင်း ဒေါ်နယ်ထရမ့်က “ယနေ့ ဆုံးဖြတ်ချက်သည် မျိုးဆက် တစ်ဆက်အတွင်း အကြီးမားဆုံး အောင်ပွဲတစ်ခုဖြစ်ကြောင်း၊ မကြာသေးမီက ထုတ်ပြန်ခဲ့သော အခြားဆုံးဖြတ်ချက် များနည်းတူ ဖြစ်နိုင်ခြေ အလားအလာ ကောင်းကြောင်း၊ အကြောင်းရင်းမှာ မိမိသည် အမေရိကန် ပြည်ထောင်စု၏ တရား ရုံး ချုပ်ကို အလွန်လေးစားလျက် ခိုင်မာအားကောင်းသော ဖွဲ့စည်းပုံအခြေခံဆိုင်ရာ ဥပဒေပညာရှင် ၃ ဦးကို အမည်စာရင်း တင် သွင်းခြင်း အပါအဝင် ကတိပြုထားသည့် ကိစ္စအားလုံးကို ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း” ထည့် သွင်း ပြောကြားခဲ့သည်။

ကိုယ်ဝန်ဖျက်ခြင်းဆိုင်ရာ လူထုသဘောထား ထုတ်ဖော်နေကြ (AP)

အစောပိုင်း အင်တာဗျူး တစ်ခုတွင်လည်း သမ္မတဟောင်း ဒေါ်နယ်ထရမ့်က တရားရုံးချုပ်ကို ချီးကျူးပြောကြားခဲ့ပြီး ယခု ကဲ့သို့ ဆုံးဖြတ်ပေး ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာလျက် ယခင်ကတည်းက ပေးသင့်သည့် အခွင့်အရေးကို ပြန်လည် အပ်နှင်းခြင်း ဖြစ်ကြောင်း မှတ်ချက်ချခဲ့သည်။

“ဒီလို အခွင့်အရေးကို အမြဲတမ်း ပိုင်ဆိုင်ခွင့်ရှိတဲ့ ပြည်နယ်တွေဆီ ပြန်ပို့နိုင်ပါပြီ” ဟု သမ္မတဟောင်း ထရမ့်က Fox News မီဒီယာသို့ ပြောကြားခဲ့သည်။

ရှေးရိုးစွဲ ကွန်ဆာဗေးတစ် ဆန်ခါတင် စာရင်းတွင် ပါဝင်သော တရားရုံး၏ အဆုံးအဖြတ်ထဲ၌ သမ္မတဟောင်း ဒေါ်နယ်ထရမ့် ပါဝင်သလားဟု သတင်းထောက်များက မေးမြန်းရာ သူက “ဘုရားသခင် ဆုံးဖြတ်တဲ့ကိစ္စပါ” ဟု ဖြေကြားခဲ့သည်။

ကိုယ်ဝန်ဖျက်ခြင်းဆိုင်ရာ လူထုသဘောထား ထုတ်ဖော်နေကြ (AP)

သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် ၎င်း၏ သမ္မတ သက်တမ်းအတွင်း ရှေးရိုးစွဲ ကွန်ဆာဗေးတစ် လွှတ်တော် တရားစီရင်ရေး အတွက် ဥပဒေပညာရှင်များ ဖြစ်ကြသည့် နေးလ်ဂေါ်ဆက်၊ ဘရက်ကာဗာနောက်နှင့် အေမီကို နေးဘာရက်တို့ကို တရားရုံး ချုပ်တွင် ခန့်အပ် တာဝန်ပေးခဲ့သည်။

၎င်းထံတွင် ရွေးချယ်စရာ လိုလားသည့် ထောက်ခံမှု တစ်ခုခုအတွက် သတင်းစကား(message) ရှိပါသလားဟု ဆက်လက် မေးမြန်းခဲ့ရာ သမ္မတဟောင်း ဒေါ်နယ်ထရမ့်က “နောက်ဆုံးတော့ ဒါက လူတိုင်းအတွက် အဆင်ပြေစေမယ့်ကိစ္စလို့ ထင်ပါ တယ်” ဟု Fox News သို့ ဖြေကြားခဲ့သည်။

Source: News Max