CNI International News

မော်စကို၊ ဇွန်လ ၂

အပြောင်းအလဲ မြန်ဆန်လှသည့် ကမ္ဘာတွင် ရုရှားသည် မိမိ၏အင်အား၊ လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာတို့ကို ဆက်လက် မြှင့်တင်သွားမည်ဖြစ်ကြောင်း နိုင်ငံတကာ ကလေးများ ကာကွယ်စောင့်ရောက်ရေးနေ့ အထိမ်းအမှတ် အခမ်း အနားသို့ ပေးပို့သော ဗွီဒီယို မိန့်ခွန်းထဲတွင် သမ္မတ ဗလာဒီမာပူတင်က ကတိပြုပြောကြားခဲ့သည်။

အဆိုပါ အထိမ်းအမှတ်နေ့ကို ဇွန်လ ၂ ရက် (ယနေ့) ၌ မော်စကိုမြို့ရှိ ဘော်ရွှိုင်းပြဇာတ်ရုံတွင် ကျင်းပခြင်းဖြစ်သည်။

၎င်း၏ ဗွီဒီယို မိန့်ခွန်းထဲတွင် ပူတင်က ကျောင်းသားမိဘများ၊ ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုစကား ပြောကြားခဲ့သည်။

ရုရှားနိုင်ငံသားများနဲ့ ရုရှားအလံ (GETTY IMAGES)

“ကမ္ဘာ အပြောင်းအလဲ မြန်နေတဲ့ အချိန်အတွင်းမှာ ကလေးတွေ ရှင်သန်ကြီးပြင်းမှုကလည်း မြန်ဆန်လှပါတယ်။ ယနေ့ ရှုပ်ထွေးနေတဲ့ ကမ္ဘာမှာ ရုရှားဟာ ကိုယ့်အင်အား၊ လွတ်လပ်ရေးနဲ့ အချုပ်အခြာ အာဏာကို မြှင့်တင်သွားဖို့ ယုံကြည်ချက် ရှိနေပါတယ်” ဟု ပူတင်က အာမခံခဲ့သည်။

ထိုအချင်းအရာများကို တိကျသော လမ်းကြောင်းတစ်ခုပေါ်တွင် လုပ်ဆောင်နေခြင်း မဟုတ်ကြောင်း ပူတင်၏ အဆိုအရ သိရသည်။

“အဲဒီကိစ္စ အကောင်အထည်ဖော်တဲ့ နေရာမှာ စီးပွားရေး၊ နည်းပညာ၊ သိပ္ပံနဲ့ တခြားနယ်ပယ်တွေလည်း အကျုံးဝင်တဲ့အပြင် အရပ်ဘက် လူ့အဖွဲ့အစည်း၊ မျိုးချစ်ပညာရေးတွေလည်း ပါပါတယ်။ ဒါတွေအတွက် အားကောင်းတဲ့ အရပ်ဘက် အဖွဲ့အစည်း တွေနဲ့ လူငယ်တွေရဲ့ မျိုးချစ်စိတ် ပြင်းထန်တဲ့ လှုပ်ရှားမှုတွေ ပါဝင်ရမယ်လို့ ကျနော် ယုံကြည်ပါတယ်” ဟု ပူတင်က ဆက် လက် ပြောကြားခဲ့ကြောင်း တာ့စ်သတင်းဌာနက ရေးသားဖော်ပြထားသည်။

Source: တာ့စ်