CNI News
၂၀၂၂ ခုနှစ်၊ မေလ ၂၄

မွန်ပြည်သစ်ပါတီ(NMSP)ဒုဥက္ကဋ္ဌ နိုင်အောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် နစက အဖွဲ့ဝင် အမျိုးသားစည်း လုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးေဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့တို့ မေလ ၂၅ ရက် (မနက်ဖြန်)ဆက်လက် ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

ယနေ့ (မေလ ၂၄ ရက်)တွင် နိုင်အောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ဒုဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့တို့ နေပြည်တော်မှာ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲကို နစကဘက်က နစက အဖွဲ့ဝင် NSPNC ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုဗိုလ်ချုပ် ကြီး မိုးမြင့်ထွန်း၊ NSPNC အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီးမင်းနောင် တို့တက်ရောက်ခဲ့ပြီး မွန်ပြည်သစ်ပါတီ (NMSP)ဘက်ကမူ ဒုဥက္ကဋ္ဌ နိုင်အောင်မင်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး နိုင်ဝင်းလှ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်ဗညားလယ် တို့ တက်ရောက်ခဲ့သည်။

၂၀၂၂ ခုနှစ်၊ မေလ ၂၃ ရက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ NMSP ဒုဥက္ကဋ္ဌ နိုင်အောင်မင်း တို့တွေ့ဆုံ

ပြီးခဲ့သည့် မေလ ၂၃ ရက်ကတော့ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် NMSP ဒုဥက္ကဋ္ဌ နိုင်အောင်မင်းတို့ တွေ့ဆုံ၍ ဖက်ဒရယ်အခြေခံဥပေဒရေးဆွဲနိုင်ရေးနှင့် မွန်ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲ ပြဋ္ဌာန်းနိုင်ရေး ဆွေးနွေး ခဲ့ကြသည်ဟု NMSP မှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်အောင်မငေးက CNI သတင်းဌာနသို့ ပြောသည်။

မွန်ပြည်သစ်ပါတီ(NMSP)သည် ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၂ ခုနှစ်၊ဖေဖော်ဝါရီလက ပြည်နယ်-ပြည်ထောင်စု အဆင့် ပဏာမ အပစ်အခတ်ရပ်စဲရေးစာချုပ်(Bilateral) လက်မှတ်ထိုးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ထိုးခဲ့သည်။