CNI News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၆

ဧဒင်အုပ်စု ဥက္ကဋ္ဌဖြစ်သူ စီးပွားရေးလုပ်ငန်းရှင် ဦးချစ်ခိုင်ကို နစက၏ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထိန်းသိမ်းထားကြောင်း စီးပွားရေးလုပ်ငန်းရှင်များ အသိုင်းအဝန်းမှ သိရသည်။

ဦးချစ်ခိုင်ကို ဧပြီ ၂၅ ရက်နေ့ ညပိုင်းက ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ဦးချစ်ခိုင်ကို မည်သည့် နေရာမှာ ထားထားကြောင်းကိုတော့ မသိရသေးပါ။

ဦချစ်ခိုင်အား ဖမ်းဆီးခေါ်ဆောင်ထားခြင်းနှင့်ပတ်သက်ပြီး နစက-က တစ်စုံတစ်ရာ ဖြေကြားခြင်းမရှိသေးပေ။

ဦးချစ်ခိုင်သည် စွမ်းအင်၊ ဆောက်လုပ်ရေး၊ ဟိုတယ်၊ ဘဏ် စသည့် လုပ်ငန်းများကို လုပ်ဆောင်နေသည့် မြန်မာပြည်၏ စီးပွားရေးလုပ်ငန်းရှင်ကြီး တစ်ဦးဖြစ်သည်။

Denko နှင့် မြန်မာ့ရှေ့ဆောင်ဘဏ်တို့သည် ဧဒင်အုပ်စုပိုင် လုပ်ငန်းစုများဖြစ်သည်။