CNI News
၂၀၂၄ ခုနှစ်၊ မတ်လ ၇

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဦးဆောင်သည့် ပူးပေါင်း တပ်ဖွဲ့က မြန်မာ့တပ်မတော် စစ်စခန်းများကို တိုက်ခိုက်ခဲ့ရာတွင် လီဆူပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်း ကျဆုံးသွားကြောင်း သိရသည်။

KIA၊ AA၊ KPDF၊ PDF ပူးပေါင်းအဖွဲ့သည် ၂၀၂၄ ခုနှစ်၊ မတ်လ ၇ ရက်နေ့ နံနက်ပိုင်းက ဝိုင်းမော်နှင့် ဒေါ့ဖုန်းယန်မြို့နယ်အတွင်းရှိ မြန်မာ့တပ်မတော် စစ်စခန်းများကို တိုက်ခိုက်ခဲ့ရာ စစ်ကူပေးရန်သွားသည့် လီဆူပြည်သူ့စစ်တပ်ဖွဲ့လည်း ကြားဖြတ်တိုက်ခိုက်ခံခဲ့ရသည်။

ထို့နောက် ကြားဖြတ် တိုက်ခိုက်ခံခဲ့ရခြင်းကြောင့် လီဆူပြည်သူ့စစ်တပ်ဖွဲ့များ ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး ခေါင်းဆောင်ဖြစ်သူ ဦးရွှေမင်းလည်း ကျဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။

မြန်မာ့တပ်မတော်ကလည်း KIA တည်ရှိရာ လိုင်ဇာဒေသကို လေကြောင်းပစ်ခတ် တိုက်ခိုက်မှုများ ပြုလုပ်နေသည်။