CNI International News

မော်စကို၊ ဇန်နဝါရီ ၂၂

ရုရှားလေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့သည် စမိုလန့်စ်ခ် (Smolensk)ဒေသတွင် ယူကရိန်း၏ တိုက်ခိုက်ရေး ဒရုန်းများကို ပစ်ချနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက  ဇန်နဝါရီ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်ဟု တာ့စ်သတင်းဌာနမှ ဖော်ပြခဲ့သည်။

ဇန်နဝါရီ ၂၀ ရက်က မော်စကိုစံတော်ချိန် ည ၁၁ နာရီ ၅၀ မိနစ် အချိန်တွင် စမိုလန့်စ်ခ်ဒေသ၏ ကောင်းကင်ယံ ပေါ်၌ ယူကရိန်း၏ တိုက်ခိုက်ရေး ဒရုန်းတစ်စင်းကို ပစ်ချခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ သည်။

ရုရှားလေကြောင်းရန်ကာကွယ်ရေးကိုတွေ့ရစဉ်

ဇန်နဝါရီ ၂၁ ရက် မော်စကိုစံတော်ချိန် မနက် ၁ နာရီခွဲတွင် ရုရှား၏ အဆောက်အအုံများကို ပစ်မှတ်ထားသည့် ယူကရိန်းတပ်ဖွဲ့များက လွှတ်တင်လိုက်သော ဒရုန်းတစ်စင်းအား ထပ်မံ ပစ်ချနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့သည်။

"စမိုလန့်စ်ခ်ဒေသပေါ်မှာ ပျံသန်းနေတဲ့ ယူကရိန်းရဲ့ ဒရုန်း ၃ စင်းကို လေကြောင်းကာကွယ်ရေးတပ်ဖွဲ့တွေက ထပ်မံပစ်ချနိုင်ခဲ့ပါတယ်"ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

ဇန်နဝါရီ ၂၀ ရက်က ယူကရိန်း၏ ပထမအကြိမ် ဒရုန်းတိုက်ခိုက်မှုကြောင့် ထိခိုက်၊ သေဆုံးသူနှင့် အဆောက်အအုံ များ  ပျက်စီးမှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း စမိုလန့်စ်ခ်ဒေသ အုပ်ချုပ်ရေးမှူး ဗစ်စီလီ အနိုခင် (Vasily Anokhin) က ၎င်း၏ Telegram ချန်နယ်တွင် ပြောကြားခဲ့သည်။

Source: တာ့စ်