CNI International News

မော်စကို၊ နိုဝင်ဘာ ၁၆

ရုရှားနိုင်ငံ၏ သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီး အလက်ဇန္ဒား ကော့ဇ်လော့ဗ် (Alexander Kozlov) ဦးဆောင်သည့် ရုရှားကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၁၅ ရက်တွင် ပြုလုပ်သည့် ရုရှား-မြောက်ကိုရီး ယား အစိုးရအချင်းချင်း ဆက်ဆံမှုကော်မရှင် အစည်းအဝေးကို တက်ရောက်ရန် ပြုံယမ်းမြို့သို့ ရောက်ရှိခဲ့သည်ဟု တာ့စ်သတင်းဌာနမှ ဖော်ပြခဲ့သည်။

ကော့ဇ်လော့ဗ်သည် ကုန်သွယ်ရေး၊ စီးပွားရေး၊ သိပ္ပံနှင့် နည်းပညာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးအတွက် နှစ်နိုင်ငံဆက်ဆံရေး ကော်မရှင်၏ ရုရှားကိုယ်စားပြု ပူးတွဲဥက္ကဋ္ဌ ဖြစ်သည်။

မြောက်ကိုရီးယား ခေါင်းဆောင်နဲ့ ရုရှားဝန်ကြီး အလက်ဇန္ဒား ကော့ဇ်လော့ဗ်ကို တွေ့ရစဉ်

ထိုရုရှားကိုယ်စားလှယ်အဖွဲ့အတွင်း ရုရှား အားကစားရေးရာဝန်ကြီး အိုလက် မက်တီဆင် (Oleg Matytsin) လည်း ပါဝင်ခဲ့သည်။

ထိုကော်မရှင်၏ ၁၀ ကြိမ်မြောက် အစည်းအဝေးတွင် စက်မှုလုပ်ငန်းဆိုင်ရာ ဆွေးနွေးမှုများကိုလည်း ပြုလုပ်ခဲ့ သည်။

မြောက်ကိုရီးယားသည် ထိုကဲ့သို့ ဆွေးနွေးပွဲများ၊ အစည်းအဝေးများကို လက်ခံကျင်းပသွားမည့် အကြောင်းကို စက်တင်ဘာလ အတွင်းက မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) ၏ ရုရှားခရီးစဉ်အတွင်း ပြောကြားခဲ့ကြောင်း ကော့ဇ်လော့ဗ်က ပြောကြားခဲ့သည်။

Source: တာ့စ်