CNI International News

ဘန်ကောက်၊ အောက်တိုဘာ ၃၁

အစ္စရေးနိုင်ငံတွင် အလုပ်လုပ်ကိုင်ခဲ့သည့် ထိုင်းနိုင်ငံသား ၈၁၀ သည် အောက်တိုဘာ ၃၀ ရက်တွင် လေကြောင်း ခရီးစဉ် ၄ ခုဖြင့် ထိုင်းသို့ ပြန်လည် ရောက်ရှိလာခဲ့သဖြင့် အစ္စရေးမှ ထိုင်းသို့ပြန်လည် ရောက်ရှိခဲ့သော ထိုင်းနိုင်ငံ သား စုစုပေါင်း ၇၄၁၅ ဦးအထိ ရှိလာခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။ 

ထိုင်းနိုင်ငံသား ၁၈၀ ခန့်ကို တင်ဆောင်လာခဲ့သည့် လေကြောင်းအမှတ်စဉ် Thai Lion Air Flight SL7001 သည် ထိုင်းနိုင်ငံ၏ ဒွန်မောင်း (Don Muang) လေဆိပ်သို့ နံနက် ၈ နာရီ ၄၀ မိနစ်တွင် ရောက်ရှိလာခဲ့သည်။

 အစ္စရေးနိုင်ငံမှာ အလုပ်လုပ်နေတဲ့ ထိုင်းနိုင်ငံသား ၂ ဦးကိုတွေ့ရစဉ်
 
နေရပ်သို့ ပြန်လည် ရောက်ရှိလာသည့် ထိုင်းလူမျိုးများကို ထိုင်းအလုပ်သမားရေးရာဝန်ကြီး၏ အတွင်းရေးမှူး အာရီ ကရိုင်နာရာ (Aree Krainara) နှင့် အခြား ဝန်ကြီးဌာန အရာရှိများက ကြိုဆိုခဲ့ကြသည်။ 

အခြား ထိုင်းနိုင်ငံသား ၆၃၀ သည် လေကြောင်းခရီးစဉ် ၃ ခုဖြင့် ထိုင်းသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

ထိုင်းတော်ဝင်လေတပ်မှ လေယာဉ်တစ်စင်းသည် နံနက် ၂ နာရီ ၅၀ မိနစ် အချိန်တွင် ဒွန်မောင်းလေဆိပ်သို့ ရောက်ရှိခဲ့ပြီးနောက် ပုဂ္ဂလိက လေကြောင်းလိုင်းကနေ လေကြောင်းခရီးစဉ်နှစ်ခုသည် သုဝဏ္ဏဘူမိ (Suvarna bhumi) လေဆိပ်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

အစ္စရေးကနေ ပြန်ရောက်လာတဲ့ ထိုင်းနိုင်ငံသားတွေကို တွေ့ရစဉ်

ထို့ကြောင့် အောက်တိုဘာ ၇ ရက်က အစ္စရေးကို ဟားမာ့စ်အဖွဲ့က ဝင်ရောက်တိုက်ခိုက်ပြီးနောက် အစ္စရေးမှ ထိုင်းသို့ ပြန်လည်ရောက်ရှိခဲ့သည့် ထိုင်းနိုင်ငံသား စုစုပေါင်းသည် ၇၄၁၅ ဦးအထိ ရှိလာခဲ့သည်။ 

Source: ဘန်ကောက်ပို့