CNI News

၂၀၂၃ ခုနှစ်၊ သြဂုတ် ၂

နစက၏ ပြည်ထောင်စုအစိုးရအဖွဲ့မှ လျှပ်စစ်စွမ်းအားဝန်ကြီ ဦးသောင်းဟန်၊ အလုပ်သမားဝန်ကြီး ဒေါက်တာပွင့် ဆန်း၊ စွမ်းအင်ဝန်ကြီး ဦးမျိုးမြင့်ဦးတို့ အပါအဝင် တော်တော်များများကို အနားပေးလိုက်ကြောင်း နစက-က ထုတ်ပြန်လာသည်။

အဆိုပါ အနားပေးခံရသည့် ပုဂ္ဂိုလ်များတွင် ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဦးကိုကို၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဋ္ဌေးအောင်၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးလှမြင့်တို့ လည်း ပါဝင်သည်။