CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၈

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စား လှယ် မစ္စတာတိန့်ကျွင်းတို့ ဇူလိုင် ၂၈ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ကြသည်။

အထူးကိုယ်စားလှယ်နှင့် နစကဥက္ကဋ္ဌတို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံရေး အခြေအနေ အပါအဝင် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်းသည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလက မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်ခဲ့ပြီး ယခု လာရောက်မှုသည် တတိယအကြိမ်မြောက်ဖြစ်သည်။

ဇူလိုင် ၂၇ ရက်နေ့ကတော့ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းသည် နစကအဖွဲ့ဝင်၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ(NSPNC)ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။