CNI International News

ဂူဝါဟာတီ၊ ဇွန်လ ၃၀

လက်နက်ကိုင်များသည် ဇွန်လ ၂၉ ရက်နေ့ မနက် ၅ နာရီ ၃၀ မိနစ်တွင် မဏိပူရ် (Manipur) ပြည်နယ်၊ ဆီနာပါတီ (Senapati) ခရိုင်ရှိ ဟာရိုသဲ (Haraothel) ကျေးရွာတွင် အကြောင်းမဲ့ ပစ်ခတ်မှု ပြုလုပ်ခဲ့ကြောင်း အိန္ဒိယစစ်တပ် အရာရှိများက ပြောသည်ဟု NORTHEAST NOW သတင်းတွင် ဖော်ပြထားသည်။ 

သို့သော် မည်သည့် လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်သည်ကိုတော့ အတိအကျ ဖော်ပြထားခြင်း မရှိပေ။

ထို့နောက် ပစ်ခတ်မှုကို လုံခြုံရေးတပ်ဖွဲ့များ၏ လျင်မြန်တိကျသော ဆုံးဖြတ်ချက်ကြောင့် အခြေအနေကို မြန်မြန်ဆန်ဆန်ပင် ထိန်းချုပ်နိုင်ခဲ့ပြီး အကြမ်းဖက်မှုများ အားကောင်းလာခြင်းကို တားဆီးနိုင်ခဲ့သည်ဟုလည်း စစ်တပ်အရာရှိ များက ပြောသည်။ 

ပစ်ခတ်မှုနှင့်ပတ်သက်၍ သတင်းရရှိပြီးနောက်တွင် အခြေအနေကို ထိန်းသိမ်းရန်အတွက် စစ်သားများကို အနီး ပတ်ဝန်းကျင်သို့ ချက်ချင်းစုစည်း တပ်ဖြန့်ထားခဲ့သည်။ 

အခင်းဖြစ်ပွားရာသို့ သွားသည့်လမ်းကြောင်းတွင် တပ်ဖွဲ့များသည် လက်နက်ကိုင် ဆူပူအုံကြွသူများ၏ ပစ်ခတ်မှု နှင့် ကြုံတွေ့ခဲ့ရကြောင်း၊ လုံခြုံရေးတပ်ဖွဲ့များသည် နောက်ထပ် ဆုံးရှုံးမှုများကို တွက်ချက်၍ တုံ့ပြန်ခဲ့သည်။

မဏိပူရ်ပြည်နယ်အတွင်း လူမျိုးရေး ပဋိပက္ခကြောင့် ပျက်စီးသွားမှုကိုတွေ့ရစဉ်

ထို့နောက် အဆိုပါဧရိယာမှ တပ်သားများ၏ လုံခြုံရေးကို ကာကွယ်ပေးနိုင်ခဲ့သည်ဟု အိန္ဒိယစစ်တပ်အရာရှိ တစ်ဦးက ပြောသည်။ 

လုံခြုံရေးတပ်ဖွဲ့များ၏ လျင်မြန်သော တွက်ချက်တုံ့ပြန်မှုများကြောင့် ပစ်ခတ်မှု အခြေအနေသည် ရပ်တန့်သွား သလို လက်နက်ကိုင် အုံကြွသူများပြု လုပ်သည့် ခြိမ်းခြောက်မှုလည်း လျှော့ပါးသွားခဲ့သည်။ 

ထို့အပြင် လုံခြုံရေး သတ်မှတ်ချက်များနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းရေး အားဖြည့်ရန် နောက်တိုး တပ်ဖွဲ့ဝင်များကို ပါ စုစည်းထားသည်ဟု အိန္ဒိယစစ်တပ်အရာရှိက ပြောသည်။ 

ထိုပစ်ခတ်မှုတွင် ထိခိုက်သေဆုံးမှု တချို့ရှိသည်ဟု အတည်မပြုနိုင်သေးသော သတင်းများတွင် ဖော်ပြသည့်တိုင် ကိန်းဂဏန်း အချက်အလက် အတိအကျကိုမူ မသိရသေးပေ။ 

မဏိပူရ်ပြည်နယ်အတွင်း လူမျိုးရေး ပဋိပက္ခကြောင့် ကားများ မီးရှို့ခံထားရစဉ်

ပစ်ခတ်မှု ဖြစ်ပွားရာနှင့် အနီးပတ်ဝန်းကျင် ဒေသများတွင် လူစုလူဝေး ကြီးကြီးမားမား ဖြစ်ပွားခဲ့သည်ဟု သတင်း အိန္ဒိယပြည်တွင်း သတင်းများတွင် ဖော်ပြခဲ့ကြသည်။ 

ယင်းတွင် အသေးစိတ် စစ်ဆေးသည့် စနစ်ကို ဆက်လက် ကျင့်သုံးလျက်ရှိသလို လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အာဏာပိုင်များသည်လည်း အခြေအနေကို အနီးကပ် စောင့်ကြည့်လျက် ရှိသည်။ 

ဇွန်လ ၂၉ ရက်နေ့ ဖြစ်ရပ်သည် အကြမ်းဖက်မှုများ ထူပြောရာ မဏိပူရ်ပြည်နယ်တွင် တရားဥပဒေကို ထိန်းသိမ်း ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ ရင်ဆိုင်နေရသည့် စိတ်ခေါ်မှုများအတွက် သတိပေးချက် တစ်ခုလည်း ဖြစ် သည်။

Source:  NORTHEAST NOW