CNI International News

ဘန်ကောက်၊ မေလ ၂၄

ထိုင်းနိုင်ငံ၏ အစိုးရအဖွဲ့အသစ်သည် လာမည့်သြဂုတ်လ ဒုတိယအပတ်တွင် နေရာတကျ ဖြစ်မည်ဟု ယူဆ ကြောင်း ယာယီအစိုးရ၏ ပြောခွင့်ရပုဂ္ဂိုလ် အနူချာ ဘူရာပါချိုင်သီရိ (Anucha Burapachaisri) က မေလ ၂၃ ရက်တွင် ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

အစိုးရအသစ် ဖွဲ့စည်းလာရ လုပ်ဆောင်ရမည့် ရက်စွဲများ


အိမ်စောင့်အစိုးရ၏ ဒုတိယဝန်ကြီးဖြစ်သူ ဝစ်ဆာနူ ကရီရာ ဂမ် (Wissanu Krea-ngam) သည် မေလ ၂၃ ရက်တွင် အစိုးရအဖွဲ့ အစည်းအဝေးအတွင်း အစိုးရအဖွဲ့ အသစ်နှင့် ပတ်သက်သည့် အချိန်ဇယားကို အအောက်ပါ အတိုင်း သတ်မှတ်ခဲ့သည်ဟု အနူချာက ပြောသည်။ ယင်းတို့တွင်

(၁) ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ တရားဝင်ရလဒ်ကို ဇူလိုင် ၁၃ ရက်နေ့တွင် ကြေညာရန်။ ယင်းက ရွေးကောက်ပွဲအပြီး ရက် ၆၀ အကြာတွင် ဖြစ်သည်။

(၂) လွှတ်တော်အမတ်သစ်များ လွှတ်တော်သို့ ဇူလိုင် ၂၀ ရက်တွင် နောက်ဆုံးသတင်းပို့ရန်။

(၃) လွှတ်တော်၏ ပထမဆုံးသော အစည်းအဝေးကို ဇူလိုင် ၂၅ ရက်တွင် စတင်ရန်။

(၄) ဝန်ကြီးချုပ်သစ် ရွေးချယ်ရန်အတွက် လွှတ်တော်ပူးတွဲ အစည်းအဝေးကို သြဂုတ်လ ပထမအပတ်တွင် ကျင်း ပရန်။

(၅) ဘုရင်ရှေ့မှောက်တွင် ကျမ်းကျိမ်ပြီးနောက် အစိုးရအဖွဲ့သစ်ကို သြဂုတ်လ ဒုတိယပတ်တွင် ခန့်အပ်ရန်

(၆) အိမ်စောင့်အစိုးရ၏ သက်တမ်းသည် သြဂုတ်လလယ်တွင် ကုန်ဆုံးရန်တို့ ဖြစ်သည်။

Source: ဘန်ကောက်ပို့စ်