CNI News

၂၀၂၃ ခုနှစ်၊ ဧပြီ ၆

အများပြည်သူသို့ လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းပေးလျက်ရှိသည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ လျှပ်စစ် ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများအား ၂၂၉ ကြိမ် ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည်ဟု လျှပ်စစ်စွမ်းအားဝန် ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ပြည်သူလူထု လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားကို နည်းမျိုးစုံဖြင့် တိုးမြှင့်ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ စီမံဆောင်ရွက်နေသော်လည်း ယခုကာလများ တွင် ပြည်သူလူထု၏ လိုအပ်ချက်ကို လုံလောက်အောင် ဖြည့်ဆည်းပေးနိုင်မှုမရှိသဖြင့် ထုတ်လုပ်ပေးနိုင်မှုကို အခြေခံ၍ မျှတစွာ ခွဲဝေခံစား ရရှိနိုင်ရန် စီမံဆောင်ရွက်ဖြန့်ဖြူးလျက်ရှိပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက “ ထိုသို့ ဆောင်ရွက်နေသည့် ကာလတွင် NUG လက်ဝေခံ PDF များမှ ပြည်သူ များ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးပေးလျက်ရှိသော လျှပ်စစ်ပိုင်းဆိုင်ရာ အခြေ ခံ အဆောက်အအုံများအား ဖောက်ခွဲဖျက်ဆီးမှုများ ရည်ရွယ်ချက်ရှိရှိဖြင့် ပြုလုပ်လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဧပြီ ၄ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ သာယာကုန်းကျေးရွာရှိ ၂၃၀/၃၃/၁၁ ကေဗွီ ၁၆၀ အမ်ဗွီအေ သာယာကုန်းပင်မဓာတ်အားခွဲရုံအား ဒရုန်းဖြင့် ဗုံးများပစ်ချတိုက်ခိုက်မှုကြောင့် ဓာတ် အားခွဲရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ပြည်သူ့ဝန်ထမ်း(၂)ဦး ထိခိုက်ဒဏ်ရာရရှိပြီး ၁ ဦးသေဆုံးကာ၊ ဓာတ်အားခွဲရုံ အတွင်းရှိ ရဲနွယ်၊ ရွှေကျင်၊ ကွန်းကျောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိသည့် ဓာတ်အား ၅၅ မဂ္ဂါဝပ်ကို ဓာတ်အားလိုင်းများနှင့် ချိတ်ဆက်ဖြန့်ဖြူးပေးလျက်ရှိသည့် ထရန်စဖော်မာများနှင့် ဓာတ်အားခွဲရုံသုံး ပစ္စည်းများ ထိခိုက်ပျက်စီးခဲ့ပါသည်”ဟု ပြောသည်။

အဆိုပါ ထိခိုက်ပျက်စီးခဲ့မှုကြောင့် နိုင်ငံတော်ဓာတ်အား စနစ်တစ်ခုလုံး ပြတ်တောက်ခဲ့ရပြီး ဓာတ်အားစနစ် အတွင်းသို့ ဓာတ်အား ပြန်လည်ရရှိရေး အမြန်ဆုံး ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဧပြီ ၅ ရက်တွင် ဓာတ်အား စနစ်သို့ ဓာတ်အားပုံမှန် ပြန်လည်ပို့လွှတ်နိုင်ခဲ့သည်ဟုလည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။