CNI News
 
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆
 
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တည်နေသည့် နေပြည်တော်ရှိ မာရဝိဇယဘုရားတည်ဆောက်ရေး သို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ(အငြိမ်းစား)လာရောက် ဖူးမြော်ကြောင်း သိရသည်။
 
အဆိုပါ ဓာတ်ပုံကို သမ္မတ ဦးသိန်းစိန်(ငြိမ်း)၏ လူယုံတပည့်ဖြစ်သူ ဦးအောင်ပိုင်မင်း၏ ဖေ့စ်ဘွတ်ခ်ကနေ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
 
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ(အငြိမ်းစား)သည် ၁၉၉၂ ခုနှစ်ကနေ ၂၀၁၁ ခုနှစ် ဦးသိန်းစိန် အရပ်သား အစိုးရ မပြောင်းခင်အထိ မြန်မာနိုင်ငံကို အာဏာသိမ်းခြင်းဖြင့် အုပ်ချုပ်ခဲ့သူဖြစ်သည်။