CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၁

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ စောစေးဝါး ဦးဆောင်သည့် ကရင်လက်နက်ကိုင်အဖွဲ့က ဝင်ရောက် တိုက်ခိုက်ခြင်းကြောင့် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲပြင်းထန်စွာ ယနေ့ (အောက်တိုဘာ ၂၁ ရက်) နံနက်ပိုင်းတွင် ဖြစ်ပွားနေသည်။

ကော့ကရိတ်မြို့ ခနိမ်းမူရပ်ကွက် အမှတ် ၃ ရှိ မြန်မာ့တပ်မတော်၏ မြို့အဝင် စစ်ဆေးရေးဂိတ်အနီး ခရိုင်ရဲတပ်ဖွဲ့ရုံး၊ ထွေအုပ် စုပေါင်းရုံး အနောက်ဘက်တွင် မြန်မာ့တပ်မတော်နှင့် KNLA ပူးပေါင်းတပ်တို့ကြား ယနေ့ နံနက်ပိုင်း ၇ နာရီ ၃၀ ခန့်က တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ကော့ကရိတ်မြို့ရှိ အလှနန်းတော် အလှပြင်ဆိုင်ရှေ့ လက်နက်ကြီးကျလို့ အရပ်သားတစ်ဦး ထိမှတ် သေဆုံး(CJ)

အဆိုပါ တိုက်ပွဲအတွင်း ကော့ကရိတ်မြို့၊ တံတာဉီး အမှတ်(၇)ရပ်ကွက် အလှနန်းတော် အလှပြင်ဆိုင်ရှေ့ လက်နက်ကြီးကျရောက် ပေါက်ကွဲ၍ အရပ်သား တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

DVB သတင်းဌာနကတော့ တိုက်ပွဲအတွင်း ဦးဆောင်နေသည့် KNLA ပူးပေါင်းအဖွဲ့မှ တပ်မှူးတစ်ဦးက မြို့သိမ်း တိုက်ပွဲ စနေပြီးဟု ပြောကြား ရေးသားဖော်ပြထားသည်။