CNI Sport News

၂၀၂၂ ခုနှစ်၊ မေလ ၁၂

တော့ဒ်ဘိုလီ ဟာ ချယ်လ်ဆီး အသင်းကို ပေါင် ၄.၂၅ ဘီလီယံနဲ့ ဝယ်ယူမှု အပြီးသတ်တာနဲ့ အသင်းအတွက် ငွေကြေး အများ အပြား သုံးစွဲမှာ ဖြစ်တယ်လို့ ဒါရိုက်တာ ဖင်ကယ်လ်စတိန်းက ပြောခဲ့ပါတယ်။

အမေရိကန်ဘီလျံနာ တော့ဒ်ဘိုလီနဲ့ သူ့ရဲ့ လုပ်ငန်း အစုအဖွဲ့ဟာ ရုရှားဘီလျံနာ အေဘရာမိုဗစ်ချ် ဆီကနေ ချယ်လ်ဆီး အသင်းကို ပေါင် ၄.၂၅ ဘီလီယံနဲ့ ဝယ်ယူဖို့ သဘောတူညီမှု ရရှိထားတာပါ။

တော့ဒ်ဘီုလီရဲ့ အဖွဲ့မှာ ဘီလျံနာ မာခ့်ဝေါလ်တာ၊ ဝက်စ်နဲ့ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ Clearlake Capital တို့ ပါဝင်တာ ဖြစ်ပါ တယ်။ ဗြိတိန် အစိုးရနဲ့ ပရီးမီးယားလိဂ်ရဲ့ ခွင့်ပြုချက် ရပြီးတာနဲ့ ချယ်လ်ဆီး အသင်းကို ဝယ်ယူဖို့ အခုလ အကုန်ပိုင်းမှာ အပြီးသတ်နိုင်ဖို့ မျှော်လင့်ထားတာပါ။

ချယ်လ်ဆီး အသင်းကို ပေါင် ၄.၂၅ ဘီလီယံနဲ့ ဝယ်ယူမှုဟာ အားကစားသမိုင်းမှာ ဈေးအကြီးဆုံးအဖြစ် စံချိန်တင် ထားတာ ထက် နှစ်ဆ ပိုများလာတာလည်း ဖြစ်ပါတယ်။

တော့ဒ်ဘိုလီ ဟာ စတမ်းဖိုဒ်ဘရစ်ချ်မှာ ကစားခဲ့တဲ့ ဝုလ်ဗ်စ် အသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ပွဲကို တက်ရောက် ကြည့်ရှုခဲ့တာ ပါ။ ချယ်လ်ဆီး အသင်းရဲ့ နောက်ခံလူတွေဖြစ်တဲ့ ခရစ်တန်ဆန်၊ အက်စ်ပီလီကွီတာနဲ့ ရူဒီဂါတို့ဟာ အခုရာသီ အကုန်မှာ အသင်းကနေ အလွတ်နဲ့ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။

တော့ဒ်ဘိုလီနဲ့ မိတ်ဆွေများ (Come On Blues)

အဲ့ဒါကြောင့် လာမယ့် အပြောင်းအရွှေ့မှာ ချယ်လ်ဆီး အသင်းအနေနဲ့ လိုအပ်တဲ့ နောက်တန်း နေရာကို မဖြစ်မနေ အားဖြည့် ရတော့မှာပါ။ ချယ်လ်ဆီး အသင်းရဲ့ ဒါရိုက်တာ ဖြစ်လာမယ့် ဖင်ကယ်လ်စတိန်း ကတော့ နည်းပြ တူချယ်လ် အတွက် ဈေး ကွက်မှာ ကစားသမား ခေါ်ယူပေးဖို့ ထောက်ပံ့ ပေးသွားမယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ဖင်ကယ်လ်စတိန်း က “ကျနော်တို့ဟာ အစောပိုင်းအဆင့်မှာ ရှိနေဆဲ ဖြစ်ပါတယ်။ သူဟာ ချယ်လ်ဆီး အသင်းနဲ့ သဘောတူ ညီမှု ရရှိပြီးပါပြီ။ အခု ရောင်းချခွင့်ကို အစိုးရက လိုင်စင်ပေးရပါမယ်။ ဘာဖြစ်လို့လဲဆိုရင် ချယ်လ်ဆီး အသင်းဟာ ဒဏ်ခတ် ပိတ်ဆို့ ခံထားရတဲ့ အသင်းပါ။ ပရီးမီးယားလိဂ်ကလည်း ကျနော်ဟာ သင့်တော်တဲ့ ဒါရိုက်တာ ဖြစ်လားဆိုတာ ဆုံးဖြတ်ရဦးမှာ ပါ။ ချယ်လ်ဆီး အသင်းဟာ တော့ဒ်ဘိုလီ ဆီကနေ အံ့သြဖို့ ကောင်းတဲ့ အရာတွေ ရပါလိမ့်မယ်။ ကျနော်သူ့ကို တကယ် သဘောကျ နှစ်သက်မိ ပါတယ်”လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် ဖင်ကယ်လ်စတိန်း က “သူ့မှာ ကြီးမားတဲ့ စီမံကိန်းရှိတယ်လို့ ကျနော်ထင်ပါတယ်။ချယ်လ်ဆီး ပရိသတ်တွေဟာ အသင်းကို ရောင်းချတဲ့အချိန်မှာ စိတ်ပူနေကြပါတယ်။အသင်းကို ပိုမဆိုးလာအောင် ဘယ်လို တားဆီးမလဲဆိုတာထက် ဘယ်လို ပိုကောင်းအောင် လုပ်နိုင်မလဲဆိုတာ ကြည့်နေပါတယ်။ တော့ဒ်ဘိုလီရဲ့ ကမ်းလှမ်းမှု နောက်ကွယ်မှာ ငွေကြေးတွေ အများကြီး ရှိနေပါတယ်။ ကလပ်မှာ ရင်းနှီးမြှုပ်နှံမှုတွေ အများကြီး ရှိလာပါလိမ့်မယ်။ ဒါပေမယ့် ပညာရှိရှိ ရင်းနှီးမြှုနှံ သွားမှာ ပါ”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

Source: The Sun