CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၁၈

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ရော်နယ်ဒိုက နောက်ထပ် ဟတ်ထရစ်သွင်းဂိုးတွေ ထပ်လာဦး မယ်ဆိုတဲ့ အကြောင်း ကို အရိပ်အမြွက် ပြောလိုက်ပါတယ်။

ရော်နယ်ဒိုဟာ နောဝစ်ချ်ကို အနိုင်ရတဲ့ပွဲမှာ ဟတ်ထရစ် ဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၇ နှစ် အရွယ်ရှိ ရော်နယ်ဒိုဟာ နောဝစ်ချ်နဲ့ပွဲမှာ သွင်းယူခဲ့တဲ့ ဟတ်ထရစ်သွင်းဂိုးဟာ သူ့ရဲ့ ကစားသမားဘဝ အကြိမ်(၆၀)မြောက် ရရှိခဲ့တဲ့ ဟတ်ထရစ်လည်း ဖြစ်တာပါ။

ရော်နယ်ဒိုဟာ အသက် ၃၀ မပြည့်ခင်မှာ ဟတ်ထရစ် အကြိမ်(၃၀) ရယူခဲ့ပြီး အသက် ၃၀ ပြည့်ပြီးမှာ နောက်ထပ် ဟတ်ထရစ် အကြိမ်(၃၀) ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ဒီရာသီမှာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် ဟတ်ထရစ်(၂)ကြိမ် သွင်းယူနိုင်ခဲ့တာပါ။

ရော်နယ်ဒိုက “အသက် ၃၀ မတိုင်ခင်မှာ ဟတ်ထရစ်အကြိမ် ၃၀ ရခဲ့ပြီး အသက် ၃၀ ပြည့်ပြီးတဲ့အချိန်မှာ နောက်ထပ် ဟတ်ထရစ် အကြိမ် ၃၀ ရရှိခဲ့ပါတယ်။ အဲ့ဒါကြောင့် ဒီစကေးလ်ကို ဟန်ချက်ညီအောင်လုပ်ဖို့ အချိန်ကျပြီ”လို့ တွစ်တာမှာ ရေးသားခဲ့တာပါ။

ရော်နယ်ဒို ဂိုးသွင်းပြီး အောင်ပွဲခံနေစဉ်(United)

ရော်နယ်ဒိုဟာ ဒီဟတ်ထရစ် အကြိမ်(၆၀)ကို ပေါ်တူဂီ လက်ရွေးစင်အသင်းမှာ (၁၀)ကြိမ် ရယူနိုင်ခဲ့ပြီး ရီးရယ်လ် အသင်းမှာ (၄၄)ကြိမ်၊ မန်ချက်စတာ ယူနိုက်တက်နဲ့ ဂျူဗင်တပ်စ်မှာ (၃)ကြိမ်စီ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ဒီရာသီမှာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် အကောင်းဆုံးပုံစံရဖို့ ရုန်းကန်နေရပေမယ့် ပြိုင်ပွဲစုံ ၂၁ ဂိုး သွင်းယူထားပြီး အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေတာပါ။ ပေါ်တူဂီ အသင်းခေါင်းဆောင်ဟာ ဒီသွင်းဂိုးတွေကြောင့် အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သဘောတူညီမှုအရ အပိုဆုကြေး ပေါင်(၈)သိန်းခွဲ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ အဓိက ပြိုင်ဘက်တွေဖြစ်တဲ့ စပါးနဲ့ အာဆင်နယ်တို့ အရေးနိမ့်ခဲ့ချိန်မှာ ရော်နယ်ဒိုရဲ့ ဟတ်ထရစ်ကြောင့် နိုင်ပွဲရခဲ့တဲ့အတွက် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ မျှော်လင့်ချက် ရှင်သန်ခဲ့တာပါ။ မန်ချက်စတာကလပ်ဟာ လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လီဗာပူးလ်၊ အာဆင်နယ်တို့နဲ့ ကစားရမှာဖြစ်ပြီး ပွဲကြပ်တွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါ တယ်။

Source: The Sun