CNI Sport News

၂၀၂၂ ခုနှစ်၊ မတ်လ ၂၆

တူရကီ ပရိသတ်တစ်ဦးဟာ ပေါ်တူဂီနဲ့ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအောဖ့် အကြိုဗိုလ်လုပွဲမှာ ယီလ်မတ်စ်ရဲ့ အရေးပါတဲ့ ပင်နယ်တီဂိုးလွဲချော်မှုကို ကြည့်ရှုပြီး သူ့ရဲ့ တီဗီကိုသေနတ်နဲ့ ပစ်ခဲ့ပါတယ်။

ဒီပွဲမှာ ပေါ်တူဂီ အသင်းက တူရကီ အသင်းကို သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ရပြီး ပလေးအောဖ့် ဗိုလ်လုပွဲ တက်နိုင် ခဲ့တာပါ။ ပေါ်တူဂီအသင်းဟာ ပထမပိုင်းမှာ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပြီး ပွဲချိန်(၆၅)မိနစ်မှာ ယီလ်မတ်စ် က ချေပဂိုးသွင်းယူခဲ့ပါတယ်။ အဲဒါကြောင့် တူရကီအသင်းဟာ နောက်ထပ်ချေပဂိုးရဖို့ ကြိုးစားရင်းနဲ့ ပွဲချိန်(၈၄)မိနစ် မှာ ပင်နယ်တီကန်သွင်းခွင့်ရခဲ့တာပါ။ ဒီပင်နယ်တီကို ယီလ်မတ်စ် က ကန်သွင်းခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ယီလ်မတ်စ်ရဲ့ ကန်သွင်းချက်ဟာ လွဲချော်သွားခဲ့တာကြောင့် တူရကီအသင်းအတွက်(၂၀၀၂) နာက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရမယ့် မျှော်လင့်ချက်တွေ အဆုံးသတ်သွားခဲ့ရတာပါ။

တူရကီ အသင်း အရေးနိမ့်ပြီးနောက် ဒေါသထွက်နေတဲ့ ပရိသတ်တစ်ဦးက တီဗီကို သေနတ်နဲ့ပစ်ခဲ့တဲ့ ဗီဒီယိုဖိုင်ဟာ ဆိုရှယ်မီဒီယာပေါ်ကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ အဲဒီပရိသတ်ဟာ ပင်နယ်တီ ကန်သွင်းချိန်မှာကတည်းက သေနတ်ကို ချိန်ရွယ်ထားခဲ့ပြီး ပင်နယ်တီ လွဲသွားတာနဲ့ တီဗီကို သေနတ်နဲ့ပစ်လိုက်တာဖြစ်ပါတယ်။

ယီလ်မတ်စ် ကလည်း ဒီပွဲအပြီးမှာ လက်ရွေးစင် ကစားသမားဘဝကနေ အနားယူကြောင်း ကြေညာသွား ခဲ့ပါတယ်။ “ကျနော် ဘယ်လိုလုပ် ဂိုးမသွင်းနိုင်ခဲ့လဲဆိုတာကို မသိပါဘူး။ကျနော် အခုထိ တုန်လှုပ်နေတုန်းပါပဲ။ ကျနော်တို့ နိုင်ငံအတွက် ဒါဟာ စိတ်ပျက်စရာပါ။ အဲဒါကြောင့် ကျနော် အလွန်စိတ်မကောင်းပါဘူး။ ဒါဟာ ကျနော့်ရဲ့ နောက်ဆုံးကမ္ဘာ့ဖလားအခွင့်အရေးပါ။ အခုတော့ ဒါဟာ ပြီးဆုံးသွားပါပြီ” လို့ ပြောခဲ့ပါတယ်။

အနိုင်ရသွားခဲ့တဲ့ ပေါ်တူဂီအသင်းကတော့ (၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအောဖ့် ဗိုလ်လုပွဲအဖြစ် အီတလီ အသင်းကို အနိုင်ရခဲ့တဲ့ မြောက်မက်ဆီဒိုးနီးယားအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:TheSun