CNI Sport News

၂၀၂၂ ခုနှစ်၊ မတ်လ ၂၂

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)ဟာ ဧပြီလမှာ ကစားမယ့် ပဲလေစ့်အသင်းနဲ့ အက်ဖ်အေဖလား အကြိုဗိုလ်လုပွဲမှာ ချယ်လ်ဆီးအသင်း ပရိသတ်တွေ တက်ရောက်ကြည့်ရှုနိုင်ဖို့အတွက် လက်မှတ် ရောင်းချပေးနိုင်အောင် ဗြိတိန်အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်နေပါတယ်။

အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်ကို ဒဏ်ခတ်ပိတ်ဆို့ ထားတာကြောင့် ချယ်လ်ဆီးအသင်းဟာ လက်မှတ်ရောင်း ချခွင့် ပိတ်ပင် ခံထားရတာပါ။

အဲ့ဒါကြောင့် ပဲလေစ့်နဲ့ ကစားမယ့် အက်ဖ်အေဖလား အကြိုဗိုလ်လုပွဲမှာ ချယ်လ်ဆီး ပရိသတ်တွေအနေနဲ့ ဝင်ဘာလေကွင်းမှာ တက်ရောက်ကြည့်ရှုလို့ ရနိုင်မလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ မယ်ဒယ်ဘရော့ ကို အနိုင်ရခဲ့တဲ့ ကွာတားဖိုင်နယ်မှာတော့ လက်မှတ်ခွဲတမ်း ၄၅၀၀ ထဲက ပရိသတ် ၅၀၀ ကို ရေးဗားဆိုက်ကွင်းထဲကို ခေါ် ဆောင် နိုင်ခဲ့ပါတယ်။

အဆိုပါ လက်မှတ်တွေကိုတော့ ပိတ်ပင်ခြင်းမခံရခင် ရောင်းချနိုင်ခဲ့တာ ဖြစ်ပါတယ်။ ချယ်လ်ဆီး အသင်းဟာ ဒီပွဲမှာ မယ်ဒယ် ဘရော့ အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး အကြိုဗိုလ်လုပွဲ တက်နိုင်ခဲ့တာပါ။ ချယ်လ်ဆီးအသင်းဟာ ပိတ်ပင်ထားတဲ့ အခြေ အနေကြောင့် ပဲလေစ့်နဲ့ ကစားရမယ့်ပွဲမှာ လက်မှတ်ရောင်းချနိုင်ဖို့ မရှိပေမယ့် အက်ဖ်အေကတော့ အစိုးရအနေနဲ့ ဒါကို ခွင့်ပြု ပေးနိုင်မယ်လို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းကိုတွေ့ရစဉ်(The Times)

အဲ့ဒါကြောင့် အက်ဖ်အေဖလား အကြိုဗိုလ်လုပွဲမှာ ချယ်လ်ဆီး ပရိသတ်တွေကို ရောင်းချပေးနိုင်ဖို့ စီစဉ်နေတာပါ။ ချယ်လ်ဆီး အသင်း ပရိသတ်တွေကို လက်မှတ်ရောင်းချလို့ရတဲ့ ဝင်ငွေတွေကို ယူကရိန်းပြည်သူတွေကို ကူညီဖို့ အကြံပေးမှုတွေလည်း ရှိ နေပါတယ်။

ကွန်ဆာဗေးတစ်အမတ် ဂျူလီယန်နိုက်က “ချယ်လ်ဆီးနဲ့ ပဲလေစ့်တို့ရဲ့ အက်ဖ်အေဖလား အကြိုဗိုလ်လုပွဲအတွက် ဝင်ဘာလေ ကွင်းမှာ ပရိသတ်တစ်ဝက်ပဲရှိမယ့် အလားအလာဟာ ရယ်စရာကောင်းပါတယ်။ ချယ်လ်ဆီးဟာ သူ့ရဲ့ ပိုင်ရှင်ထက် ပိုပါတယ်။ ပြီးခဲ့တဲ့ အပတ်က မယ်ဒယ်ဘရော့နဲ့ ပွဲမှာ ချယ်လ်ဆီး ပရိသတ်တွေ မပါပဲနဲ့ ရှေ့ဆက်ခဲ့ပါတယ်။ သတိပေးချက်များစွာနဲ့ အက်ဖ်အေ အနေနဲ့ သူတို့ကို ဖယ်ထားလို့ မရပါဘူး။ ငွေတွေအားလုံး ယူကရိန်းပြည်သူဆီ ရောက်ဖို့အတွက် အက်ဖ်အေ အနေနဲ့ ချယ်လ်ဆီး ပရိသတ်တွေကို လက်မှတ်ရောင်းချခွင့်ရှိရမယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

Source: Metro