CNI Sport News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂

တောင်ကိုရီးယား အသင်းဟာ (၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာရှဇုန်)အုပ်စုပွဲစဉ်အဖြစ် ဆီးရီးယား အသင်းနဲ့ ကစားခဲ့ရာ ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိပြီး ခြေစစ်ပွဲအောင်မြင်သွားခဲ့ပြီဖြစ်ပါတယ်။ တောင်ကိုရီးယားအတွက် ဂိုးတွေ ကို ကင်ဂျင်မ်ဆုနဲ့ ချန်ဟွန်းတို့က သွင်းယူခဲ့တာပါ။

တောင်ကိုရီးယား အသင်းဟာ ဒီပွဲမှာ ဆွန်ဟောင်မင် မပါဝင်ခဲ့ပေမယ့် ဆီးရီးယား အသင်းကို အသာစီး ကစား နိုင်ခဲ့ပြီး (၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခဲ့တာလည်း ဖြစ်ပါတယ်။ အဲဒါကြောင့် တောင်ကိုရီးယား အသင်း ဟာ အီရန် အသင်းပြီးနောက် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခဲ့တဲ့ ဒုတိယမြောက် အာရှအသင်းလည်း ဖြစ်ခဲ့ပါ တယ်။

တောင်ကိုရီးယား အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုပွဲစဉ်(၈)ပွဲကစားအပြီး ရမှတ်(၂၀)နဲ့ တတိယ နေရာက ယူအေအီး အသင်းကို (၁၁)မှတ်အထိ ဖြတ်ထားနိုင်ခဲ့တာကြောင့် ခြေစစ်ပွဲအောင်မြင်သွားခဲ့တာပါ။

တောင်ကိုရီးယား အသင်းဟာ မက္ကဆီကိုနိုင်ငံမှာ ကျင်းပခဲ့တဲ့ (၁၉၈၆) ကမ္ဘာ့ဖလားပြိုင်ပွဲကနေ စတင်ပြီး ယခု ကာတာ မှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအထိ (၁၀)ကြိမ်ဆက်တိုက် ယှဉ်ပြိုင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ တောင်ကိုရီးယား အသင်းဟာ အိမ်ရှင်အဖြစ် ဂျပန်နဲ့ ပူးတွဲကျင်းပခဲ့တဲ့ (၂၀၀၂) ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စတုတ္တနေရာ ရရှိခဲ့ပြီး ဒါဟာ သူတို့အတွက် အမြင့်ဆုံးအောင်မြင်မှုလည်းဖြစ်ခဲ့တာပါ။ ၎င်းဟာ ပြီးခဲ့တဲ့ (၂၀၁၈) က ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ဂျာမနီ အသင်း ကို အနိုင်ရခဲ့ပေမယ့် အုပ်စုကနေ လှည့်ပြန်ခဲ့ရတာဖြစ်ပါတယ်။

(၂၀၂၂) ကမ္ဘာ့ဖလားပြိုင်ပွဲကို အာရှဇုန်က (၄)သင်းတိုက်ရိုက်ခြေစစ်ပွဲအောင်မြင်မှာပါ။ လက်ရှိအချိန်မှာ တောင်ကိုရီးယားနဲ့ အီရန် အသင်းတို့ အောင်မြင်ပြီးဖြစ်တာကြောင့် နောက်ထပ်(၂)သင်းသာ ခြေစစ်ပွဲ အောင်မြင်ဖို့ ကျန်တော့တာဖြစ်ပါတယ်။ အုပ်စုတတိယ ရတဲ့အသင်း(၂)သင်းကတော့ ပလေးအောဖ့် အဆင့်ကစားရမှာဖြစ်ပြီး အနိုင်ရတဲ့ အသင်းဟာ တောင်အမေရိကဇုန် က အဆင့်(၅)ရတဲ့ အသင်းနဲ့ ကမ္ဘာ့ဖလားဝင်ခွင့် တနေရာအတွက် ယှဉ်ပြိုင်ရမှာလည်းဖြစ်ပတယ်။

(၂၀၂၂) ကမ္ဘာ့ဖလားပြိုင်ပွဲကို လက်ရှိအချိန်ထိ အိမ်ရှင် ကာတာ အပါအဝင် အသင်းပေါင်း(၁၅)သင်း ယှဉ်ပြိုင်ခွင့် လက်မှတ်ရရှိထားတာလည်း ဖြစ်ပါတယ်။ ခြေစစ်ပွဲအောင်မြင်တဲ့ အသင်းတွေကတော့ ဥရောပဇုန်က (၁၀) သင်း၊ တောင်အမေရိကဇုန်နဲ့ အာရှဇုန်က (၂)သင်းစီ ဖြစ်ပါတယ်။

Source:BeSoccer