၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄

နာမည်ကြီး ဘတ်စကတ်ဘော ကစားသမားဟောင်း မိုက်ကယ်ဂျော်ဒန်ဟာ နပန်းကစားသမား မက်မဟွန်းနဲ့ ပီအက်စ်ဂျီ တိုက်စစ်ကစားသမား မက်ဆီတို့ကို ကျော်ဖြတ်ပြီး ၂၀၂၂ ရဲ့ ကမ္ဘာ့အချမ်းသာဆုံး အားကစားသမားအဖြစ် ရပ်တည်နေတယ်လို့ သိရပါတယ်။

အသက် (၅၈)နှစ် အရွယ်ရှိပြီဖြစ်တဲ့ မိုက်ကယ်ဂျော်ဒန်ဟာ ချီကာဂိုဘူးလ် အသင်းနဲ့အတူ NBA ချန်ပီယံဆုကို (၆)ကြိမ် ရယူ နိုင်ခဲ့ပြီး အောင်မြင်ခဲ့တာလည်း ဖြစ်ပါတယ်။ မိုက်ကယ်ဂျော်ဒန်ဟာ NBA ၁၅ ရာသီအတွင်းမှာ တန်ဖိုးအရှိဆုံး ကစားသမား ဆုကို ၅ ကြိမ် ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Wealthy Gorilla ဟာ ဖော့စ်ဘတ်စ်နဲ့ Celebrity Net Worth တို့ဆီကနေ ထိပ်တန်းကစားသမား ၃၀ ဦးကို သူတို့ရဲ့ အသားတင်တန်ဖိုး ခန့်မှန်းချက်တွေကို အသုံးပြုပြီး အတိတ်နဲ့ ပစ္စပ္ပုန်ကို ဆုံးဖြတ်နိုင်ဖို့ အချက်အလက်တွေ စုစည်း ထား တာပါ။

အဆိုပါ အချက်အလက်တွေအရ ချီကာဂိုဘူးလ်အသင်းရဲ့ ဂန္တဝင် ကစားသမား မိုက်ကယ်ဂျော်ဒန်ရဲ့ အသားတင် တန်ဖိုးဟာ ဒေါ်လာ  ၂ ဒသမ ၂ ဘီလျံ အထိ ရှိနေတာ ဖြစ်ပါတယ်။ မိုက်ကယ်ဂျော်ဒန်ဟာဆိုရင် NBA အသင်းဖြစ်တဲ့ ချာလော့တီဟော် နတ်စ် အသင်းရဲ့ ပိုင်ရှင်လည်း ဖြစ်ပါတယ်။

မိုက်ကယ်ဂျော်ဒန်ရဲ့ အသားတင် တန်ဖိုးဟာ မက်မဟွန်းထက် များပြားနေတာဖြစ်ပြီး နပန်းကစားသမားဟောင်းဟာ ဒေါ်လာ ၁ ဒသမ ၆ ဘီလျံ ကြွယ်ဝချမ်းသာတာလည်း ဖြစ်ပါတယ်။ မက်မဟွန်းကလည်း နပန်းသမိုင်းမှာ အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့တာပါ။

ပုံ-ဒေးဗစ်ဘက်ခမ်းကိုတွေ့ရစဉ်။(MARCA)

WWE ရဲ့ စီအီးအိုနဲ့ ဥက္ကဋ္ဌဖြစ်သူ မက်မဟွန်းဟာ  ၁၉၉၉ က SmackDown မှာ Triple H ကို အနိုင်ရပြီးနောက် WWE ရဲ့ ချန်ပီယံဟောင်းလည်း ဖြစ်ခဲ့ပါတယ်။ Wealthy Gorilla ရဲ့ ၂၀၂၂ အတွက် ကမ္ဘာ့အချမ်းသာဆုံး အားကစားသမား ၃၀ ဦး စာရင်းမှာ ဘောလုံးသမား ၃ ဦးသာ ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။

သူတို့တွေကတော့ မက်ဆီ၊ ရော်နယ်ဒိုနဲ့ ဒေးဗစ်ဘက်ခမ်းတို့ ဖြစ်ပါတယ်။ မက်ဆီဟာ ဒီစာရင်းရဲ့ နံပတ် ၈ နေရာမှာ ဒေါ်လာ သန်း ၆၀၀ နဲ့ ရပ်တည်နေပြီး၊ ရော်နယ်ဒိုက ဒေါ်လာသန်း ၅၀၀ နဲ့ နံပတ် ၁၂ ၊ ဒေးဗစ်ဘက်ခမ်းက ဒေါ်လာသန်း ၄၅၀ နဲ့ နံပတ် ၁၄ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

အဆိုပါ ၃၀ ဦးစာရင်းမှာ နာမည်ကြီး အားကစားသမားတွေဖြစ်တဲ့ တိုက်ဂါးဝုဒ်၊ မိုက်ကယ်ရူးမေကာ၊ လီဘရွန်ဂျိမ်းစ်၊ မေဝယ်လ်သာ၊ ရော်ဂျာဖက်ဒဲရား၊ လူးဝစ်ဟာမီလ်တန်နဲ့ ရိတ်ကွန်နန်တို့လည်း  ပါဝင်နေပါတယ်။

Source: Sportbible.com