CNI Sport News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၂

အသင်းတွင်း ကိုဗစ်ဖြစ်ပွားပြီးနောက် မန်ချက်စတာယူနိုက်တက် ကစားသမားအချို့ဟာ ကာရင်တန် လေ့ကျင့်ရေးကွင်းကို ပြန်လာပြီး လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တယ်လို့ The Sun က ဖော်ပြထားပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ပွဲကစားနိုင်တဲ့ ကစားသမား ၇ ဦးသာ ရှိခဲ့တဲ့အတွက် ဘရန်ဖိုဒ့်၊ ဘရိုက်တန်တို့နဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ရတာပါ။ အဲ့ဒါကြောင့်လည်း နောက်ထပ် ကူးစက်မှုတွေ မဖြစ်ပွားနိုင်အောင် ကာရင်တန် လေ့ကျင့်ရေးကွင်းကို ဒုတိယအကြိမ်မြောက် ပိတ်ခဲ့ရတာ ဖြစ်ပါတယ်။

အခုအချိန်မှာတော့ မန်ချက်စတာယူနိုက်တက် အသင်းဟာ နယူးကာဆယ်နဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲကို ပြင်ဆင်နိုင်ဖို့ အတွက် လေ့ကျင့်မှုတွေ ပြန်လည် ပြုလုပ်နိုင်ဖို့ ပြင်ဆင်လာခဲ့တာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ကစားသမားတိုင်းဟာ အသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ အချိန်အကြာကြီးမရှိခဲ့ပဲ ကစားသမား ၃ ဦးဆိုရင် လေ့ကျင့် ရေးကွင်းကို ရောက်ပြီး ၁၀ မိနစ်အကြာမှာ ပြန်လည် ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ကစားသမားတွေကတော့ လင်ဂတ်၊ လုပ်ခ်ရှောနဲ့ ဂရင်းဝုဒ်တို့ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။

ပုံ- မန်ချက်စတာယူနိုက်တက်ရဲ့ လေ့ကျင့်ရေးကွင်းကို တွေ့ရစဉ်။ (The Sun)

အသင်းခေါင်းဆောင် မက်ဂွိုင်းယားကတော့ လေ့ကျင့်ရေးကွင်းကို ပြန်လာနိုင်တဲ့အတွက် ပျော်ရွှင်နေတဲ့ အမူအရာကို ပြသထားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်း ယာယီနည်းပြ ရက်ဂ်နစ်ကတော့ အခြားဝန်ထမ်းတစ်ဦးနဲ့အတူ မျက်နှာဖုံး တပ်ဆင်ထား ပြီး ယာဉ်နောက်ခုံမှာ ထိုင်နေခဲ့တာပါ။

ရက်ရှ်ဖိုဒ့်၊ ဗာရန်း၊ တိုမီနေး၊ ဖရက်ဒ်နဲ့ မာတာတို့ကလည်း လေ့ကျင့်ရေးကွင်းကို သတင်းပို့တဲ့ သူတွေထဲမှာ ပါဝင်ခဲ့တာ ဖြစ်ပါ တယ်။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက် ကစားသမားတွေ အားလုံးကတော့ ဒီလေ့ကျင့်ရေးကွင်းကို မလာနိုင်ခဲ့တာကို တွေ့ရပါတယ်။

လေ့ကျင့်ရေးကွင်းထဲမှာတော့ ရော်နယ်ဒို၊ ဗန်ဒီဘိခ်၊ ပေါ့ဘာ၊ ဒါလောဒ့်၊ ဆန်ချို၊ ဖီးလ်ဂျုံးစ်၊ တွမ်ဟီတန်နဲ့ ဟန်ဒါဆန်တို့ကို  မတွေ့ခဲ့ရပါဘူး။

ပရီးမီးယားလိဂ်မှာ ကိုဗစ်ဖြစ်ပွားမှု မြင့်တက်နေပေမယ့် ပြိုင်ပွဲကို ရပ်နားသွားမှာမဟုတ်ပဲ ဆက်လက် ကျင်းပသွားမယ်လို့ အတည်ပြုထားတာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းကတော့ ဒီဇင်ဘာလ ၃၀ ရက်က စတင်ပြီး အိုးထရက် ဖိုဒ့် ကွင်းကြီးထဲကို လာရောက်မယ့် သူတိုင်းအတွက်  ကိုဗစ်ထောက်ခံကြောင်း လတ်မှတ်တွေကို မဖြစ်မနေ ယူလာရမှာ ဖြစ် တယ်လို့လည်း ကလပ်အသင်းက အတည်ပြုထားတာပါ။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီဇင်ဘာ ၂၈ ရက်မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် နယူးကာဆယ်အသင်း အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: The Sun