၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂

ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ တိုင်ဆန်ဗျူရီဟာ လာမယ့်နှစ်မှာ ပွဲစဉ် ၃ ပွဲ ထိုးသတ်ဖို့ စီစဉ်ထားပြီး ဒီလီယန်ဝှိုက်နဲ့ စတင်ထိုး သတ်ချင်နေတယ်လို့ သူ့ရဲ့ ပွဲစီစဉ်သူဖြစ်တဲ့ ဘော့အာရမ်က ပြောလိုက်ပါတယ်။

ဂျစ်ပစီကင်းလို့ ခေါ်ဝေါ်တဲ့ တိုင်ဆန်ဗျူရီဟာ အောက်တိုဘာလက ဝေလ်ဒါကို အနိုင်ထိုးသတ်ပြီးနောက် နောက်ထပ် ထိုး သတ်ရမယ့် ပြိုင်ဘက်သတင်းကို စောင့်ဆိုင်းနေတာ ဖြစ်ပါတယ်။ စပေါ့မေးလ်ကတော့ တိုင်ဆန်ဗျူရီရဲ့ အဖွဲ့ဟာ WBC ခါးပတ်အတွက် ထိုးသတ်ဖို့ ဒီလီယန်ဝှိုက်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ ဖော်ပြခဲ့တာပါ။

တိုင်ဆန်ဗျူရီဟာ ဖေဖော်ဝါရီ ဒါမှမဟုတ် မတ်လမှာ လက်ဝှေ့ကြိုးဝိုင်းထဲကို ပြန်လာဖို့ ရှိနေတာဖြစ်ပြီး ဝှိုက်နဲ့ ထိုးသတ်ဖို့ စိတ်ဝင်စားတယ်လို့ ပြောခဲ့ကြောင်း ဘော့အာရမ်က ပြောခဲ့တာ ဖြစ်ပါတယ်။

ဘော့အာရမ်က “ ၂၀၂၂ ထဲမှာ သူဟာ အနည်းဆုံး ၃ ပွဲ ထိုးသတ်ချင်နေပါတယ်။ သူဟာ ဒီအတိုင်းပဲ ထွက်လာမယ်လို့ မျှော် လင့်ပြီး ဘယ်သူ့ကိုမဆို ထိုးသတ်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။ ဗျူရီဟာ ကမ္ဘာပေါ်မှာ အကျော်ကြားဆုံး ဟဲဗီးဝိတ်သမား ဖြစ် တယ်ဆိုတာ ကျနော်တကယ်ကို ယုံကြည်ပါတယ်။ သူဟာ ဘယ်သူနဲ့မဆို တိုက်ခိုက်ဖို့ တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး”လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် ဘော့အာရမ်ကပဲ “ဗျူရီရဲ့ နောက်လာမယ့် ပွဲဟာ ဒီလီယန်ဝှိုက်နဲ့ပဲ ဖြစ်သင့်တယ်လို့ ကျနော်ထင်ပါတယ်။ ဒါပေမယ့် ဂျိုရွာကို အနိုင်ရခဲ့တဲ့ အူဆက်ခ် အကြောင်းလည်း ပြောနေတာတွေ ရှိပါတယ်။ ဒါပေမယ့် ဗျူရီနဲ့ အူဆက်ခ်တို့ရဲ့ အနိုင်ရရှိမှု အာမခံချက် မရမချင်းအထိ ဂျိုရွာကလည်း ဘေးဖယ်ပြီးနေမှာ မဟုတ်ပါဘူး။ ပြီးတော့ မဖြစ်မနေ အနေအထားမှာ ဝှိုက်နဲ့ သူ့ကို ဘယ်သူက အာမခံနိုင်မှာလဲ”လို့ ပြောခဲ့တာပါ။

ပုံ-တိုင်ဆန်ဗျူရီထိုးသတ်နေစဉ်။(iNews)

တိုင်ဆန်ဗျူရီဟာ ပရော်ဖက်ရှင်နယ် လက်ဝှေ့ပွဲပေါင်း ၃၂ ပွဲ ထိုးသတ်ခဲ့ပြီးဖြစ်ပါတယ်၊ဒီထဲမှာ ၃၁ ပွဲ အနိုင်ရပြီးတော့ ၁ ပွဲသာ သရေကျပြီး ရှုံးပွဲမရှိသေးတာလည်း ဖြစ်ပါတယ်။

တိုင်ဆန်ဗျူရီဟာ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလက ကိုကင်းသုံးစွဲမှုကြောင့် ဆေးပညာအရ မထိုးသတ်သင့်ဘူးလို့ ယူဆခဲ့ပြီး သူရရှိထားတဲ့ ခါးပတ်ဆုတံဆိပ်တွေကို ဖယ်ရှားပစ်ဖို့ ဆုံးဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ တိုင်ဆန်ဗျူရီဟာ စိတ်ကျန်းမာရေး ပြဿနာတွေကြောင့် ဆေးကုသမှုပါ ခံယူခဲ့ရပြီး ပြန်လည် ကောင်းမွန် လာခဲ့တာပါ။ အဲ့ဒီတုန်းက ဗြိတိန်လက်ဝှေ့ ထိန်းချုပ်ရေး ဘုတ်စ်အဖွဲ့ကလည်း တိုင်ဆန်ဗျူရီရဲ့ လက်ဝှေ့ လိုင်စင် ကို ဆိုင်းငံ့ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီမှာတော့ တိုင်ဆန်ဗျူရီဟာ သူ့ရဲ့ လက်ဝှေ့လိုင်စင်အတွက် ဗြိတိန်လက်ဝှေ့ ထိန်းချုပ်ရေး ဘုတ်စ်အဖွဲ့ကို ပြန်လျှောက်ထားခဲ့ပြီး ခွင့်ပြုခဲ့တာကြောင့် ပွဲတွေ ပြန်လည် ထိုးသတ်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။

ဗြိတိန်လက်ဝှေ့သမားဟာ နာမည်ကြီး ဝေလ်ဒါနဲ့ ၃ ကြိမ် ထိုးသတ်ခဲ့ပြီး ၃ ကြိမ်လုံး အနိုင်ရကာ WBC နဲ့ The Ring ဟဲဗီးဝိတ် ချန်ပီယံ ခါးပတ်တွေကို ရရှိထားတာ ဖြစ်ပါတယ်။

Source: Daily Mail