CNI Sport News

၂၀၂၄ ခုနှစ်၊ မတ်လ ၂၈

ဂျာမနီကွင်းလယ်လူ တိုနီကရူးစ်ဟာ ရီးရယ်လ်အသင်းမှာ သူ့ရဲ့ကစားသမားဘဝကို ဆက်ပြီးဖြတ်သန်းဖို့အတွက် စာချုပ်သစ်ချုပ်ဆိုဖို့ နီးစပ်နေပြီလို့ ဖာဘရီဇီယိုရိုမန်နိုက ဖော်ပြထားပါတယ်။

တိုနီကရူးစ်နဲ့ ရီးရယ်လ်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ဒီရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်တာကြောင့် ကစားသမားဟာ စာချုပ်သစ်ချုပ်ဆိုဖို့ ရွေးချယ်ခဲ့တာပါ။ 

ဖာဘရီဇီယိုရိုမန်နိုက တိုနီကရူးစ်ဟာ ရီးရယ်လ်အသင်းမှာ ၂၀၂၅ ခုနှစ်အထိရှိမယ့် စာချုပ်သစ်ချုပ်ဆိုဖို့ နီးစပ်နေ ပြီလို့ ပြောပါတယ်။ 

၂၀၁၄ ခုနှစ်ကတည်းက ရီးရယ်လ်အသင်းကို ရောက်ရှိနေခဲ့တဲ့ ဝါရင့်ကွင်းလယ်လူ တိုနီကရူးစ်ဟာ ဒီရာသီမှာ လည်း အသင်းအတွက် ခြေစွမ်းပြကစားနေတာပါ။

ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီက တိုနီကရူးစ်ကို အသင်းမှာ ဆက်ရှိစေချင်တယ်လို့ ပြောခဲ့ပြီး အနာဂတ်ကို အမြန်ဆုံးဖြေရှင်းဖို့ ပြောခဲ့တာဖြစ်ပါတယ်။ 

အဲဒါကြောင့် တိုနီကရူးစ်ဟာ မကြာခင်မှာ ရီးရယ်လ်အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ရှိလာခဲ့တာပါ။ 

ဂျာမနီကွင်းလယ်လူဟာ ရီးရယ်လ်အသင်းအတွက် ပွဲပေါင်း ၄၅၅ ပွဲ ပါဝင်ကစားထားပြီး ၂၈ ဂိုးသွင်းယူကာ လာလီဂါဖလား ၃ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၄ ကြိမ် အပါအဝင် ဆုဖလားအောင်မြင်မှု အများအပြား ရယူထားတာ ဖြစ်ပါတယ်။

တိုနီကရူးစ်ကို တွေ့ရစဉ်

အသက် ၃၄ နှစ်အရွယ်ရှိ တိုနီကရူးစ်ဟာ ၃ နှစ်ကြာ ဝေးကွာခဲ့တဲ့ ဂျာမနီအသင်းအတွက် ပြီးခဲ့တဲ့ ခြေစမ်းပွဲတွေမှာ ပါဝင်ကစားပြီး ၂ ဂိုးဖန်တီးကာ နိုင်ငံအသင်းကို နိုင်ပွဲတွေပြန်လည် ရယူပေးနိုင်ခဲ့တာပါ။

တိုနီကရူးစ်ဟာ လက်ရှိအချိန်ထိ အကောင်းဆုံးပုံစံတွေကို ပြသနေတာကြောင့် လာမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲဝင်မယ့် ဂျာမနီအသင်းလူစာရင်းမှာ ပါဝင်လာမယ်ဆိုတာ သေချာနေတာဖြစ်ပါတယ်။

နိုင်ငံပွဲစဉ်တွေ ပြီးဆုံးပြီဖြစ်တာကြောင့် တိုနီကရူးစ်ဟာ ရီးရယ်လ်အသင်းနဲ့ ပြန်လည်ပူးပေါင်းနေပြီး ရီးရယ်လ် အသင်းဟာ လာမယ့် လာလီဂါပွဲစဉ်အဖြစ် ဘီလ်ဘာအိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။

ရီးရယ်လ်အသင်းဟာ ဒီရာသီ လာလီဂါပွဲစဉ် ၂၉ ပွဲ ကစားအပြီးမှာ အဆင့် ၂ နေရာက ဘာစီလိုနာအသင်းကို ၈ မှတ်အသာရပြီး အမှတ်ပေးဇယားကို ဦးဆောင်နေတာဖြစ်ပါတယ်။

Source: Goal