CNI Sport News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၆

ဘရိုက်တန်အသင်းနည်းပြ ဒီဇာဘီဟာ အသင်းနဲ့ စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ ပြောပါတယ်။

ဒီဇာဘီက “ဘရိုက်တန်မှာ အလွန်ကောင်းမွန်နေတယ်လို့ ခံစားရပါတယ်။ ကျနော်ဟာ ကစားသမားတွေနဲ့ရော ဘရိုက်တန်မှာ အလုပ်လုပ်တဲ့ လူတိုင်းနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပါတယ်။ ကျနော်တို့ စာချုပ်သစ်အကြောင်း ဆွေးနွေးမှုတွေ ပြုလုပ်နေပေမယ့် အခုအချိန်မှာတော့ ဒီဆွေးနွေးမှုတွေဟာ မပြီးပြတ်သေးပါဘူး”လို့ ပြောပါ တယ်။

ဒီဇာဘီဟာ ဘရိုက်တန်အသင်းကို၂၀၂၂ ခုနှစ်၊ စက်တင်ဘာလက ဂရေဟမ်ပေါ်တာရဲ့ နေရာမှာ အစားထိုး ဝင်ရောက်ခဲ့တာဖြစ်ပြီး မနှစ်ကရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၆ နေရာ ရပ်တည်ကာ ဥရောပပြိုင်ပွဲကို ပထမဆုံး ယှဉ်ပြိုင်ခွင့်ရရှိအောင် ကိုင်တွယ်ပေးခဲ့တာ ဖြစ်ပါတယ်။ 
ဘရိုက်တန်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၈ နေရာ ရပ်တည်နေကာ ယူရိုပါလိဂ်ပြိုင်ပွဲမှာ တော့ နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့ပါတယ်။

ဒီဇာဘီဟာ ဘရိုက်တန်အသင်းကို အများကြီး တိုးတက်အောင် လုပ်ဆောင်ပေးထားတာကြောင့် ဥရောပကလပ် အသင်းတွေရဲ့ စောင့်ကြည့်ခြင်းကို ခံနေရတာ ဖြစ်ပါတယ်။ 

ဒီဇာဘီကို တွေ့ရစဉ်

ဒါပေမယ့် ဒီဇာဘီကတော့ သူဟာ ဘရိုက်တန်အသင်းကနေ ထွက်ခွာဖို့ အစီအစဉ်မရှိဘူးလို့ ပြောပါတယ်။

ဒီဇာဘီက “အဆုံးမှာ ကျနော်တို့ရဲ့ ပစ်မှတ်ကို ပြန်ပြီးသုံးသပ်ရပါမယ်။ ပစ်မှတ်တွေက ကလပ်အသင်း မျှော်မှန်း ထားတဲ့ ပစ်မှတ်တွေနဲ့ တူညီနေတယ်ဆိုရင်တော့ ဘရိုက်တန်မှာ အလုပ်လုပ်နေတဲ့ ကျနော့်အတွက် ဂုဏ်ယူ စရာပါ။ ကျနော်ဟာ အသင်းကောင်း တစ်သင်းဖြစ်အောင် အလေးအနက်ထားပြီး လုပ်ဆောင်နေပါတယ်။ ဒါမှ လည်း အရေးပါတဲ့ ပစ်မှတ်ကို ရောက်အောင်သွားနိုင်မှာပါ”လို့ ပြောပါတယ်။

အသက် ၄၄ နှစ်အရွယ်ရှိ ဒီဇာဘီနဲ့ ဘရိုက်တန်အသင်းတို့ ချုပ်ဆိုထားတဲ့စာချုပ်ဟာ ၂၀၂၆ ခုနှစ်အထိ သက်တမ်းရှိနေတာ ဖြစ်ပါတယ်။ 

Source: The Athletic