CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၄

ယူနိုက်တက်ကြယ်ပွင့် ဂရင်းဝုဒ်ဟာ လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုနဲ့ အသင်းက သူ့ကို ထုတ်ပယ်ခဲ့မယ်ဆိုရင် တရုတ်မှာ ကစားသမားဘဝကို ပြန်လည်စတင်ဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ဂရင်းဝုဒ်ရဲ့အမှုမှာ သက်သေ ၁၂ ဦးက ထွက်ဆိုဖို့ ငြင်းဆန်ခဲ့တာကြောင့် ကစားသမားဟာ စွဲချက်တွေ အားလုံး ကနေ လွတ်မြောက်ခဲ့ပေမယ့် ကလပ် အအသင်းဘက်က စုံစမ်းစစ်ဆေးမှုတွေ စတင် လုပ်ဆောင်နေပါတယ်။

ယူနိုက်တက် အသင်းကတော့ ဂရင်းဝုဒ်နဲ့ ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေ မပြီးဆုံးခင် အချိန်ထိ မှတ်ချက် တစ်စုံတစ်ရာပေးမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။

ယူနိုက်တက်အသင်းဟာ ဂရင်းဝုဒ် ဖမ်းဆီးခံခဲ့ရတဲ့ ပြီးခဲ့တဲ့ နှစ်ကတည်းက အသင်းကနေ ဆိုင်းငံ့ထားတာဖြစ်ပြီး အကယ်ဒမီထွက် ကစားသမားဟာ ယူနိုက်တက်အသင်းမှာ ထပ်ပြီး ကစားလိုခြင်း မရှိတော့ဘူးလို့ သူငယ်ချင်း တွေကို ပြောထားကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

ဂရင်းဝုဒ်ကိုတွေ့ရစဉ်

ဂရင်းဝုဒ်က ယူနိုက်တက် အသင်းဟာ သူ့ဘက်ကနေ ရပ်တည်မှု မရှိဘူးလို့ ခံစားနေရကြောင်း သတင်းရင်းမြစ် တစ်ခုက ပြောထားခဲ့ပါတယ်။

သတင်းရင်းမြစ်တစ်ခုက “သူဟာ အဲ့ဒီအချိန်တုန်းက ယူနိုက်တက်ဂျာစီကို ထပ်ပြီး မဝတ်ချင်တော့ပါဘူး။ ကလပ် က သူ့ဘက်ကနေ မရပ်တည်ဘူးလို့ ခံစားနေရတာပါ။ တရုတ်မှာ သွားကစားရရင် သူပျော်မယ်လို့ ပြောခဲ့ပါတယ်။ အဲ့ဒီမှာဆိုရင် လုပ်ခလစာ အများကြီး ရမှာဖြစ်သလို ပွဲလည်း ကစားရမှာပါ။ ပြီးခဲ့တဲ့လ အနည်းငယ်အတွင်းမှာ တော့ သူ့ရဲ့အမြင်ဟာ အနည်းငယ် ပျော့ပျောင်းသွားခဲ့ပါတယ်။ ဒါပေမယ့် သူဟာ လုံးဝမပျော်ရွှင်ပါဘူး”လို့ ပြောခဲ့တာပါ။

ဂရင်းဝုဒ်ဟာ အင်္ဂလန်မှာ ထပ်ပြီး ကစားမယ်ဆိုရင် တိုက်ခိုက်မှုတွေ ခံရလာမှာကို စိုးရိမ်မှုတွေ ရှိနေတာ ဖြစ်ပါ တယ်။

ပြီးခဲ့တဲ့နှစ် ဇန်နဝါရီက ဂရင်းဝုဒ်ဟာ ချစ်သူမိန်းကလေးကို နှိပ်စက်ခဲ့တဲ့ ဓါတ်ပုံတွေ၊ ဗွီဒီယိုတွေ ဆိုရှယ်မီဒီယာ ပေါ်မှာ ရောက်ရှိခဲ့ပြီးနောက် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

အဲ့ဒီနောက်မှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု၊ ကိုယ်ထိလက်ရောက် တိုက်ခိုက်မှု၊ ထိန်းချုပ်မှု စတာတွေနဲ့ စွဲချက်တင် ခံခဲ့ရတာပါ။

ယူနိုက်တက် အသင်းကြီးအတွက် ၂၀၁၈ မှာ စတင်ပွဲထွက်ခွင့် ရခဲ့တဲ့ ဂရင်းဝုဒ်ဟာ ပွဲပေါင်း ၁၂၉ ပွဲ ပါဝင်ကစားခဲ့ ပြီး ၃၅ ဂိုး သွင်းယူနိုင်ခဲ့သလို အင်္ဂလန်လက်ရွေးစင်အတွက် ၁ ပွဲ ပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။

Source: The Sun