CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၉

ကစားသမားဘဝကို ရှုံးပွဲမရှိဖြတ်သန်ခဲ့ပြီး နည်းပြအဖြစ် ဆောင်ရွက်နေတဲ့ ရုရှားဖိုက်တာ ခါဘစ်နာမဂိုမက်ဒေါ့ဗ် ဟာ MMA လောကကနေ ထွက်ခွာတော့မှာဖြစ်ပါတယ်။

၂၀၂၀ က ကစားသမားဘ၀ နောက်ဆုံးပွဲစဉ်အဖြစ် ဂျတ်စတင်ဂေချီကို အနိုင်ရပြီးနောက် ခါဘစ်ဟာ Eagle FC Fight ဆိုပြီး တည်ထောင်ကာ အောင်မြင်တဲ့ နည်းပြတစ်ဦးအဖြစ် ဆက်လက်ရပ်တည်နိုင်ခဲ့တာပါ။ဒါပေမယ့် လိုက်ဝိတ်ချန်ပီယံဟောင်းဟာ MMA ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားပြီး တိုက်ခိုက်ရတဲ့ အားကစားနည်းနဲ့ ဝေးကွာတဲ့ စီးပွားရေးလုပ်နိုင်ဖို့ ရည်မှန်းထားတာဖြစ်ပါတယ်။

ခါဘစ်ရဲ့ဇာတိ ရုရှားကနေ ထွက်ပေါ်လာတဲ့ သတင်းတွေအရ ရုရှားဖိုက်တာဟာ ထွက်ခွာတော့မယ်ဆိုတာကို အတည်ပြုခဲ့တယ်လို့ ဖော်ပြထားတာပါ။ခါဘစ်ဟာ ဖော်လိုဝါ ၃၄ သန်းရှိတဲ့ သူ့ရဲ့အင်စတာဂရမ်မှာ သူတို့ရဲ့ အသင်းလိုက်ပုံကို တင်ကာ ဒီနှစ်ကို နိဂုံးချုပ်လိုက်တယ်လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

 

ခါဘစ်က “ဒီနှစ်ဟာ အလုပ်အရမ်းများပြီး အောင်မြင်တဲ့နှစ်ဖြစ်မယ်ဆိုတာ သေချာပါတယ်။ညီအစ်ကိုတို့ ကိုယ့်ကိုကိုယ်ဂရုစိုက်ပါ။ကျနော့်ရဲ့ဆုံးဖြတ်ချက်က အကောင်းဆုံးအတွက်ပဲလို့ မျှော်လင့်ပါတယ်။ ကျေးဇူးတင် ပါတယ်။ခင်ဗျားတို့က ကျနော်အားကစားလောကမှာ အောင်မြင်ရတဲ့ အဓိကအကြောင်းရင်းပါပဲ”လို့ ရေးသား ထားတာပါ။

ခါဘစ်ဟာ နည်းပြဘဝမှာ မာခါချက်ဗ်နဲ့ သူ့ရဲ့ ညီဝမ်းကွဲ အူစမန်နာမဂိုမက်ဒေါ့ဗ်တို့ကို ချန်ပီယံဖြစ်အောင် လုပ်နိုင်ခဲ့တာအပါအဝင် ၁၉ ပွဲနိုင်ပြီး ၂ ပွဲသာ ရှံးနိမ့်ခဲ့တာဖြစ်ပါတယ်။ခါဘစ်ဟာ ကစားသမားဘဝမှာလည်း ပွဲပေါင်း ၂၉ ပွဲထိုးသတ်ခဲ့တာမှာ ၂၉ ပွဲစလုံးအနိုင်ရခဲ့တာဖြစ်ပြီး ဒီထဲမှာ အိုင်ယာလန်ဖိုက်တာ မက်ဂရီဂေါလည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ခါဘစ်ဟာ ဖခင်ဖြစ်သူ ကွယ်လွန်ပြီးနောက်မှာ ကစားသမားဘဝကနေ အနားယူကြောင်း ကြေညာ ခဲ့တာဖြစ်ပါတယ်။

Source:DailyMail