CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၈

အိမ်ရှင်ကာတာအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအဖွင့်ပွဲစဉ်မှာ သူတို့ကို အရှုံးပေးဖို့အတွက် အီကွေဒေါကစားသမား ၈ ဦးကို ဒေါ်လာ ၇.၄ သန်း လာဘ်ထိုးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ကာတာနိုင်ငံဟာ ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် ကျင်းပဖို့ ရက်ပိုင်းသာလိုတော့တဲ့အချိန်မှာ လူ့အခွင့်အရေး ချိုးဖောက်မှု၊ ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် ဆက်ဆံမှုတွေနဲ့ ဝေဖန်မှုတွေကို ပြင်းပြင်းထန်ထန်ခံနေရတာပါ။ ဒီလိုအချိန်မှာ အိမ်ရှင်နိုင်ငံဟာ အဖွင့်ပွဲစဉ်ကို အနိုင်ရဖို့အတွက် ပြိုင်ဘက်ကို လာဘ်ထိုးတယ်ဆိုတဲ့ သတင်းတွေ ကလည်း ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

တွစ်တာမှာ ဖော်လိုဝါ ၄ သိန်းကျော်ရှိတဲ့ ဗြိတိန်အရှေ့အလယ်ပိုင်းလေ့လာဆန်းစစ်မှုရဲ့ဒေသဆိုင်ရာ ဒါရိုက်တာ အမ်ဂျတ်တာဟာက ကာတာဟာ ကမ္ဘာ့ဖလားအဖွင့်ပွဲမတိုင်ခင် အီကွေဒေါကစားသမားတွေကို လာဘ်ထိုးခဲ့တယ် လို့ ဖော်ပြထားပြီး အရှုံးပေးဖို့အတွက် အဲဒီ ကစားသမား ၈ ဦးကို လာဘ်ထိုးခဲ့တယ်လို့ ရေးခဲ့တာလည်း ဖြစ်ပါ တယ်။

ဒုတိယပိုင်းမှာ ၁ ဂိုး- ဂိုးမရှိနဲ့ အရှုံးပေးဖို့ဖြစ်ပြီး ဒါကို အီကွေဒေါရှိအတွင်းလူ ၅ ဦးကလည်း အတည်ပြုခဲ့တယ်လို့ အမ်ဂျတ်တာဟာက သူ့ရဲ့တွစ်တာမှာ ရေးသားခဲ့တာပါ။ပြိုင်ပွဲကျင်းပရေးစီစဉ်သူတွေ၊ ဖီဖာနဲ့ကာတာအစိုးရ တို့ဟာ ဒါနဲ့ပတ်သက်ပြီး တုံ့ပြန်မှုတစ်စုံတစ်ရာ ပြုလုပ်ခြင်းမရှိဘူးလို့လည်း သိရပါတယ်။ကာတာဟာ အရင်ကလည်း ကမ္ဘာ့ဖလားအိမ်ရှင်ပြုလုပ်ခွင့်ရဖို့ ဖီဖာကို ဒေါ်လာသန်းပေါင်းများစွာ လာဘ်ထိုးခဲ့တယ်လို့ စွပ်စွဲခံထားရတာပါ။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအဖွင့်ပွဲစဉ်ကို နိုဝင်ဘာလ ၂၀ ရက်မှာ အိမ်ရှင်ကာတာနဲ့ အီကွေဒေါအသင်းတို့က စတင်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

Source:Sportsbrief