CNI Entertainment

၂၀၂၂ ခုနှစ်၊ မေ ၂၅

ဒါရိုက်တာ ဏကြီး ရိုက်ကူးထားတဲ့ “နိုင်ငံပျောက်သူ” ဆိုတဲ့ ဇာတ်လမ်းတိုကို မေလ ၃၀ ရက်နေ့တွင် ပဒေသာပင်(Pa Day Thar Pin) YouTube channel ကနေ တင်သွားမှာဖြစ်တယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ရေးသားထားပါတယ်။

သူ ရေးသားထားတာကတော့ “ကျနော် စစ်မတိုက်တတ်ဘူး။ Fund raising တွေလည်း မလုပ်တတ်ဘူး။ ကျနော် က ရုပ်ရှင်ရိုက်တဲ့သူဆိုတော့ ရုပ်ရှင်ပဲ ရိုက်တတ်ပါတယ်။ အဲဒါကြောင့် ရုပ်ရှင်ရိုက်ပြီး ‌တော်လှန်ပါတယ်” ဆိုပြီး ရေးသားထားတာပါ။

“နိုင်ငံပျောက်သူ” ဆိုတဲ့ ဇာတ်လမ်းတိုထဲမှာတော့ သရုပ်ဆောင် ဒေါင်း နဲ့ မင်းသမီး ပိုင်ဖြိုးသုတို့က အဓိက ပါဝင်ထားကြပြီး ဇာတ်ဝင်တေးသီချင်းကို အဆိုတော် ကျားပေါက်က ရေးစပ်ပေးထားတာလည်းဖြစ်ပါတယ်။

ဒါရိုက်တာ ဏကြီးဟာ နွေဦးတော်လှန်ရေးမှာ တက်ကြွစွာပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး နစကရဲ့ ၅၀၅(က)ပုဒ်မ ထုတ်ပြန်ခံထားရသူလည်း ဖြစ်ပါတယ်။