CNI News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၃

၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားမှာ ရုပ်ရှင်တစ်သက်တာဆုကို ဒါရိုက်တာ စည်သူ ဦး‌အောင်မြင့်မြတ်၊ စည်သူဒေါ်နွဲ့နွဲ့စန်းနဲ့ ဒါရိုက်တာ အင်္လကာကျော်စွာ ပန်းချီစိုးမိုးတို့က ရရှိသွားခဲ့ပါတယ်။

မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ အခမ်းအနားကို‌တော့ ဒီကနေ့(ဖေဖော်ဝါရီ ၃ ရက်နေ့)မှာ နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁(MICC-1) ခန်းမတွင် ကျင်းပနေတာ ဖြစ်ပါတယ်။

ဇာတ်ကားစိစစ် အကဲဖြတ်ရာမှာ ပထမအဆင့်အနေနဲ့ ၂၀၂၃ ခုနှစ်အတွင်း ရုံတင်ပြသခဲ့တဲ့ ဇာတ်ကား ၃၅ ကားကို စိစစ်ခဲ့ပြီး ဒုတိယအဆင့် အနေနဲ့ ရွေးချယ်ထားတဲ့ ဇာတ်ကား ၁၂ ကားကို ဇန်နဝါရီလ ၃ ရက်တွင် အပြီးအစီး စိစစ် ဆောင်ရွက်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် အကယ်ဒမီ ရွှေစင်ရုပ်တုမှာ တပ်ဆင်မယ့် ရွှေကြယ်တွေနဲ့ အကယ်ဒမီပေးပွဲကို တက်ရောက်လာကြမယ့် အကယ်ဒမီဆုရ အနုပညာရှင်၊ အတတ်ပညာရှင်တွေကို ရွှေစင်ရုပ်တု ရင်ထိုးတံဆိပ်တွေ ပေးအပ်သွားမှာဖြစ်ပြီး လိုအပ်တဲ့ရွှေတွေကို နိုင်ငံတော်က ကျခံတာပဲဖြစ်ပါတယ်။