CNI News
၂၀၂၃ ခုနှစ်၊ မေလ ၂၃

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှုများကို ယနေ့ (မေလ ၂၃ ရက်) တွင် စတင် လက်ခံရာ ကျောင်းသား/သူ စုစုပေါင်း ၁၃၄၃၀၃၇ ဦး(၁၃ သိန်းကျော်)လာရောက် ကျောင်းအပ်နှံခဲ့ ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကျောင်းအပ် လက်ခံခြင်းကို ယနေ့ (မေလ ၂၃ ရက်)မှ မေလ ၃၁ ရက်နေ့အထိ သတ်မှတ်ထားကြောင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ကျောင်းများကို ဇွန်လ ၁ ရက်တွင် စတင် ဖွင့်လှစ်မည်ဖြစ်သည်။

ကျောင်းလာအပ်သည် ကျောင်းသား/သူများအတွက် စာရေးကိရိယာများနှင့် ကျောင်းသုံးစာအုပ်များကို ပညာရေးဝန်ကြီးဌာနက အခမဲ့ ထောက်ပံ့ပေးခဲ့သည်။