CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၇ 

မြန်မာနိုင်ငံအထက်ပိုင်း ဖားကန့်မြို့နယ် ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုကော်မတီ၏ ကြီးကြပ်မှုဖြင့် ရှမ်းနီနာမည်နှင့် အုတ်ထုတ်လုပ် ရောင်းချလာကြောင်း သိရသည်။

အဆိုပါ အုတ်သည် ဝိတ်ပေါ့အုတ်(Cellular Lightweight Concrete-CLC)ဖြစ်ကြောင်း၊ ရိုးရိုးမီးဖုတ်အုတ်ထက် အရွယ်ပမာဏ ၃ နှင့် ၆ ဆကြီးသည့် အုတ် အမျိုးအစားကို ထုတ်လုပ်နေခြင်း ဖြစ်ကြောင်း၊ ထို ရှမ်းနီအုတ်ကို မီးဖုတ်အုတ် ဈေးနှင့်တွက်ချက် ရောင်းချမည်ဖြစ်ကြောင်း Shan Ni Waves က ဖော်ပြထားသည်။

ရှမ်းနီနာမည်ဖြင့် ထုတ်လုပ်သည့်ဝိတ်ပေါ့အုတ်သည် ပေါ့ပါးပြီး အသံလုံသလို ကြံ့ခိုင်မှုကောင်းကာ အပူချိန်ကို ထိန်းညှိပေးနိုင်ကြောင်း သိရသည်။

ရှမ်းနီလူမျိုးများကိုတွေ့ရစဉ်

ရှမ်းနီလူမျိုးများ၏ သမိုင်းကြောင်းဆိုင်ရာနှင့် ရိုးရာယဉ်ကျေးမှုများကို သိရှိနားလည်စေရန်အတွက် ရှမ်းနီ လူမျိုး နာမည်ဖြင့် အုတ်ထုတ်လာခြင်း ဖြစ်ကြောင်း သိရသည်။

ရှမ်းနီလူမျိုးများသည် ကိုယ့်ထီးကိုယ့်နန်းဖြစ် အုပ်ချုပ်ခဲ့ကြသော်လည်း ၁၉၄၈ ခုနှစ် မြန်မာပြည် လွတ်လပ်ရေး ရပြီးနောက်ပိုင်း ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးဆိုကာ ပိုင်းခြားရေး သတ်မှတ်လိုက်ခြင်းကြောင့်  ရှမ်းနီ လူမျိုးများ၏ သီးသီးသန့်သန့် နယ်မြေများ ပျောက်ဆုံးသွားသလို လူမျိုးများလည်း ဒေသနှစ်ခုခြား ပိုင်းခြား ခံလိုက်ရသည်။

၁၉၄၇ ခုနှစ် ပင်လုံစာချုပ်နှင့်အတူ လွတ်လပ်ရေး ရရှိလာသော မြန်မာနိုင်ငံအတွင်းက