- By CNI News
- Category: ကျန်းမာရေး
- Hits: 2882
CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၂၀
မလေးရှားနိုင်ငံသည် မြန်မာနိုင်ငံကို Astrazeneca အမျိုးအစား ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၅ သိန်းကို လှူဒါန်းခဲ့ပြီး ယနေ့(ဧပြီ ၂၀ ရက်)ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ Astrazeneca ကိုဗစ်ကာကွယ်ဆေးသည် ဆေးတစ်လုံးလျှင် လူ ၁၀ ဦးထိုးနှံနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန က ထုတ်ပြန်ခဲ့သည်။
ယနေ့ ရန်ကုန်မြို့သို့ ရောက်ရှိလာသော Astrazeneca ကိုဗစ်ကာကွယ်ဆေး ၅ သိန်းကို မြန်မာနိုင်ငံဆိုင်ရာမလေးရှားသံရုံး မှ Counsellor ဖြစ်သူ Mr.Muhammad Syukri Bin Azmi က ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦး စီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမင်းထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို Astrazeneca ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ မြေပြင်ခရီးလမ်းကြောင်းမှ လည်းကောင်း၊ လေကြောင်းခရီးမှလည်းကောင်း အအေးလမ်းကြောင်းမပြတ် ဆက်လက်ဖြန့်ဝေသွားမည်ဖြစ်ကြောင်း၊ ဦးတည်အုပ်စုအလိုက် ပြည်သူ့ဆေးရုံများနှင့်ကာကွယ်ဆေးထိုးစုရပ်များတွင် National Deployment Plan အရ ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
- By CNI
- Category: ကျန်းမာရေး
- Hits: 2235
CNI Entertainment News
၂၀၂၂ ခုနှစ်၊ မတ်လ ၂၄
Netflix စတား ထိုင်းမင်းသား Beam Papangkorn ဟာ မတ်လ ၂၃ ရက်နေ့က အိပ်ပျော်နေစဉ်အတွင်း ကွယ်လွန်သွားခဲ့ပါတယ်။
သတင်းတွေအရတော့ Beam ရဲ့ အမေက သူ့ကိုအရင်ဆုံးတွေ့ရှိခဲ့တာဖြစ်ပြီး Beam ဟာ ပုံမှန်မဟုတ်ဘဲ အချိန်အကြာကြီး အိပ်ပျော်နေပုံရလို့ စိတ်ပူပြီး သူ့ကို နှိုးလိုက်တဲ့အချိန်မှာ အသက်မရှူတဲ့အတွက် ချက်ခြင်း ဆေးရုံကို ပို့ခဲ့ပေမယ့် နောက်ကျသွားခဲ့ပါတယ်။
Beam ရဲ့ အေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူက Beam ကွယ်လွန်သွားကြောင်းအတည်ပြုခဲ့ပါတယ်။
“သေဆုံးရတဲ့အကြောင်းရင်းကို ဆုံးဖြတ်ဖို့ ဆွေမျိုးတွေက ဆရာဝန်ကို သေမှုသေခင်းစစ်ဆေးဖို့ တောင်းဆိုထားပါတယ်။ အသေးစိတ်အချက်အလက်အသစ်များရှိပါက ချက်ချင်းအကြောင်းကြားပါမည်” လို့ သူတို့က ပြောပါတယ်။
မင်းသား Bean ဟာ Netflix စီးရီးဖြစ်တဲ့ The Stranded မှာခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ခဲ့ပြီး
၁၉၉၆ ခုနှစ်မှာမွေးဖွားခဲ့ကာ ယခုဆိုရင် အသက် ၂၆ နှစ်ရှိပြီ ဖြစ်ပါတယ်။
Beam ဟာ 2015 ခုနှစ်မှာ သရုပ်ဆောင်လောကကို ရောက်ရှိလာခဲ့ပြီး Netflix ရဲ့စီးရီးတစ်ခုဖြစ်တဲ့ The Stranded မှာ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ပြီး လူသိများခဲ့တာပါ။
လွန်ခဲ့တဲ့ သုံးရက်က သူ့ရဲ့ Instagram မှာ တင်ခဲ့တဲ့ ဓာတ်ပုံမှာ ကျန်းကျန်းမာမာနဲ့တွေ့ရှိခဲ့တာကြောင့် အခုလို ရုတ်တရက် ကွယ်လွန်သွားခြင်းဟာ လူအများကို အံ့အားသင့်စေခဲ့ပါတယ်။
Source-Hype
