CNI International Article 

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၈

ထိုင်းနိုင်ငံရေးကတော့ အထွတ်အထိပ်ကို ရောက်လာခဲ့ပါပြီ။ ပါလီမန်က ဇူလိုင် ၁၃ ရက်နေ့မှာ နောက်တက်လာ မယ့် ဝန်ကြီးချုပ်ကို မဲပေးရွေးချယ်တော့မှာဖြစ်ပြီး၊ ညွန့်ပေါင်းအစိုးရ တစ်ရပ်လည်း ပေါ်ထွက်လာတော့မှာပါ။

ဘယ်လိုရလဒ်နဲ့ အဆုံးသတ်မလဲ ဆိုတာကတော့ မြင်တာနဲ့ရတာ ဘာကွာသလဲဆိုတဲ့ အပေါ်မှာပဲ မူတည်ပါတော့ တယ်။ 

၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက် ရွေးကောက်ပွဲနောက်ပိုင်း ကြားကာလဟာ စစ်တပ်က ခန့်အပ်ထားတဲ့ အထက် လွှတ်တော် အမတ်တွေ၊ ရာထူးက ထွက်ခွာပေးရတော့မယ့် အစိုးရခေါင်းဆောင်တွေနဲ့ အောက်လွှတ်တော် အမတ်နေရာ ၅၀၀ အနက် ၃၁၂ နေရာရထားတဲ့ နောက်တက်လာမယ့် ၈ ပါတီ ညွန့်ပေါင်းအစိုးရတို့ကြား အသာစီးရဖို့ ကစားနေကြရင်းနဲ့ပဲ အချိန်ကုန်သွားခဲ့ပါတယ်။ 

ဒီ ၈ ပါတီ ညွန့်ပေါင်းအဖွဲ့ကို ရှေ့သို့ချီပါတီ(Move Forward Party-MFP)က အမတ်နေရာ ၁၅၁ နေရာ၊ ဖြူးထိုင်း (Pheu Thai)ပါတီက ၁၄၁ နေရာနဲ့ ဦးဆောင်နေတာပဲ ဖြစ်ပါတယ်။ 

MFP က ဦးဆောင်နေတယ် ဆိုပေမယ့်လည်း အထွေထွေရွေးကောက်ပွဲမှာ အအောင်မြင်ဆုံး ၂ ပါတီဟာ သူတို့ကို ကိုယ်စားပြုမယ့် အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဘယ်သူ့ကို ရွေးမလဲဆိုတဲ့ အပေါ်မှာ သဘောမတူနိုင်ကြလို့ ရှေ့လျှောက် တင်းမာမှုတွေ ရှိလာမယ့် လက္ခဏာပါပဲ။

အောက်လွှတ်တော်ဥက္ကဋ္ဌဆိုတာက အလိုလျောက် ပါလီမန်ရဲ့ ဥက္ကဋ္ဌလည်း ဖြစ်ပြီးသားပါပဲ။ 

အောက်လွှတ်တော်ဥက္ကဋ္ဌ မူဟာမတ်နူးမာသာကို တွေ့ရစဉ်

အလားအလာရှိတဲ့ ဥက္ကဋ္ဌလောင်းကတော့ အများကလေးစားကြတဲ့ ပရာချာချတ်ပါတီ (Prachachat Party)က မူဟာမတ် နူး မာသာ (Muhamad Noor Matha)ဆိုပေမယ့်လည်း သူက ရွေးကောက်ခံညွန့်ပေါင်းအစိုးရထဲမှာ သိပ်ပြီး သြဇာမကြီးလှတဲ့ ပါ့တနာအငယ်မျှသာ ဖြစ်နေပါတယ်။ 

ထိုင်းနိုင်ငံရေးသမိုင်းမှာတော့ အောက်လွှတ်တော်ဥက္ကဋ္ဌ နေရာအတွက် ကြုံဖူးသမျှ အပြင်းထန်ဆုံး ပြိုင်ဆိုင်မှုပဲ ဖြစ်ပါတယ်။ အစဉ်အလာအားဖြင့်တော့ အောက်လွှတ်တော်ဥက္ကဋ္ဌ နေရာဟာ အခွင့်အရေး ရင်းမြစ်တွေ သိပ်မများ လှလို့ လူကြိုက်များလှတဲ့ နေရာတစ်ခုတော့လည်း မဟုတ်ပါဘူး။ 

ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ဦးဆောင်ပါတီနှစ်ခုက ဥက္ကဋ္ဌ နေရာအတွက် လောင်းကြေးကြီးကြီး ပုံအောနေကြပါ တယ်။ ဒီနေရာက မဲပေးရွေးချယ်ရမယ့် ဝန်ကြီးချုပ်ကို အဆိုပြုတင်သွင်းနိုင်တဲ့ အခွင့်အာဏာရှိသလို ပိုပြီးအရေး ကြီးတာက လွှတ်တော်နှစ်ရပ် ပါလီမန်မှာ အဓိက ဥပဒေပြုတဲ့ ပင်မအဖွဲ့ကြီး ဖြစ်နေတာပါပဲ။ 

စစ်တပ်လို၊ ဘုရင်စနစ်လို၊ ဗျူရိုကရေစီလို၊ စီးပွားရေး လက်ဝါးကြီးအုပ်မှုလို အိုမင်းဟောင်းနွမ်းနေတဲ့ အဆောက် အအုံ စနစ်တွေကို ပြုပြင်ပြောင်းလဲလိုတဲ့ MFP ရဲ့ ဆန္ဒကြောင့််လည်း အောက်လွှတ်တော်ဥက္ကဋ္ဌ နေရာကို အသည်း အသန်ရဖို့ ကြိုးစားလာကြတာပဲ ဖြစ်ပါတယ်။ 

ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေထဲမှာ အရေးအကြီးဆုံးကတော့ ဘုရင်၊ မိဖုရား၊ အိမ်ရှေ့မင်းသားနဲ့ အနွယ် တော်တွေကို စော်ကားရင် ထောင်ဒဏ် ၁၅ နှစ်နဲ့အထက်အထိ ပြစ်ဒဏ်ချမှတ်နိုင်တဲ့ ပုဒ်မ ၁၁၂ လို့ ထင်ရှားတဲ့ ဘုရင်အားစော်ကားမှုကို တားမြစ်တဲ့ ဥပဒေကို ပြင်ဆင်ဖို့ပဲ ဖြစ်ပါတယ်။

ပြုပြင်ပြောင်းလဲရေး ကတိကဝတ်တွေနဲ့ မဲအများစု အနိုင်ရလာခဲ့တဲ့ ပါတီအဖို့တော့ ဒီဥပဒေဟာ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ အလွဲသုံးစားလုပ်နိုင်ပြီး အကျိုးဆက်အနေနဲ့ ဘုရင်စနစ်ကိုယ်၌ကို ထိခိုက်ပျက်စီးစေတယ်လို့ ယူဆပါတယ်။ 

ထိုင်းဘုရင်နဲ့ မိဖုရားကိုတွေ့ရစဉ်

နိုင်ငံရေးရှုမျှော်ခင်းဟာ စိုးရိမ်သောကနဲ့ မျှော်လင့်ချက် အတိပြီးနေခဲ့ပါတယ်။ လာမယ့်ရက်သတ္တပတ် လွှတ်တော် နှစ်ရပ် ပါလီမန်မှာ တစ်ဦးတည်းသော ဝန်ကြီးချုပ်လောင်းဖြစ်တဲ့ MFP ခေါင်းဆောင် ပီတာ လင်ဂျရုန်ရတ်ကို မဲပေး ရွေးချယ်ကြတော့မှာပဲ ဖြစ်ပါတယ်။ 

၂၀၁၄ ခုနှစ်၊ မေလ အာဏာသိမ်းမှုအပြီးမှာ ပြဋ္ဌာန်းခဲ့တဲ့ ဖွဲ့စည်းပုံဥပဒေအရ စစ်တပ်က ခန့်အပ်ထားတဲ့ အထက် လွှတ်တော် အမတ်တွေကို ရွေးကောက်ခံ အမတ်များနည်းတူ ဝန်ကြီးချုပ်ကို ရွေးချယ်ခွင့် အပ်နှင်းထားပါတယ်။

ပါလီမန်များ အများစုထောက်ခံမှု ၃၇၆ မဲ ရရမှာဖြစ်လို့ MFP နဲ့ ဖြူးထိုင်းခေါင်းဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ဟာ အထက်လွှတ်တော်အမတ်တွေရဲ့ ထောက်ခံမဲ ၆၄ မဲ လိုအပ်နေပါတယ်။ 

MFP ခေါင်းဆောင်တွေကတော့ မစ္စတာပီတာ ဝန်ကြီးချုပ်ဖြစ်လာဖို့ အထက်လွှတ်တော်အမတ်တွေရဲ့ ထောက်ခံမှု ကို လုံလုံလောက်လောက် ရထားတယ်လို့ ပြောနေကြပါတယ်။ 

ဘာဖြစ်လို့လဲဆိုတော့ MFP ဟာ ရွေးကောက်ပွဲကို အနိုင်ရထားတဲ့အပြင် တခြားမဟာမိတ်တွေဖြစ်တဲ့ ဖြူးထိုင်းနဲ့ ပါတီငယ်လေးတွေ ပေါင်းလိုက်ရင် အောက်လွှတ်တော်မှာ အများစုနေရာကို ရထားပြီးသားဆိုတဲ့ အချက်နဲ့တင် မစ္စတာပီတာ ဝန်ကြီးချုပ်ဖြစ်လာဖို့ အရည်အချင်း ပြည့်မှီနေလို့ ဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒါပေမယ့်လည်း ဒီလို ဒီမိုကရေစီလမ်းကြောင်းမှာ ရွေးကောက်ခံ မဟုတ်တဲ့ အထက်လွှတ်တော်အမတ်တွေက ကန့်လန့်ခံနေတာပဲ ဖြစ်ပါတယ်။ 

Move Forward နဲ့ Pheu Thai  ပါတီ ခေါင်းဆောင် ၂ ဦးကိုတွေ့ရစဉ်

ဒါပေမယ့်လည်း အဖြစ်အပျက်တွေက MFP ပါတီ အကောင်းမြင် မျှော်လင့်ထားသလို အဆုံးသတ် သွားမယ်ဆိုရင် တော့လည်း ကျနော်တို့ဟာ ကျနော်တို့ မြင်တဲ့အတိုင်းရလို့ လူထုဆန္ဒနဲ့အညီ ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားတဲ့ ညွန့််ပေါင်းအစိုးရတစ်ရပ် ပေါ်ထွက်လာမှာပဲ ဖြစ်ပါတယ်။

မစ္စတာပီတာဟာ ပထမအကြိမ်မှာ လုံလောက်တဲ့ ထောက်ခံမဲ မရဘူးဆိုစေဦးတော့ မှန်ရာကိုလုပ်ဖို့ အထက် လွှတ်တော် အမတ်တွေအပေါ်မှာ လူထုဖိအားတွေ တိုးလာနေတဲ့အပြင် ဒီမိုကရေစီ ဘက်တော်သားတွေရဲ့ အော်သံတွေကလည်း ကျယ်လောင်လာနေလို့ မစ္စတာပီတာဟာ ဒုတိယနဲ့ တတိယအကြိမ်တွေမှာတော့ သေချာ ပေါက် အရွေးခံရမယ်လို့ MFP က ယုံကြည်နေပုံ ပေါ်ပါတယ်။ 

ဒါပေမယ့်လည်း အာဏာကစားပွဲမှာ အခုအချိန်ထိ မြင်ရသမျှကတော့ မစ္စတာပီတာကို ဥပဒေကြောင်းအရ စွဲချက် တွေ တင်လာကြတာပဲ ဖြစ်ပါတယ်။ မစ္စတာပီတာဟာ လာဘ်ထိုးတယ်လို့ ယူဆဖွယ်ရှိတဲ့ လက်မှတ်နဲ့ အမျိုးသမီး ဘော်လီဘောပွဲ သွားကြည့်ခဲ့တယ်လို့ ပြောနေကြသလို ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေကြောင့် MFP ကို ဆန့်ကျင်တဲ့ အင်အားစုတွေလည်း ပွားလာနေပါတယ်။

ယခုမရှိတော့ပြီဖြစ်တဲ့ မီဒီယာကုမ္ပဏီမှာ ရှယ်ယာပိုင်ဆိုင်ထားခဲ့တယ်ဆိုတဲ့ အစောပိုင်းစွဲချက်ဟာ ရှေ့နောက် မညီလို့ မှေးမှိန်သွားခဲ့ပေမယ့်လည်း နောက်ထပ် စွဲချက်တွေက ပေါ်ထွက်လာနေပြန်ပါတယ်။ 

မစ္စတာပီတာအတွက် အဆိုးရွားဆုံးကတော့ သူဟာ မီဒီယာကုမ္ပဏီမှာ ရှယ်ယာပိုင်ထားမှန်း သိသိကြီးနဲ့ ယှဉ်ပြိုင် အရွေးခံတာဟာ ဖွဲ့စည်းပုံကို ချိုးဖောက်တာဖြစ်လို့ ၁၀ နှစ်နဲ့အထက်ထိ ထောင်ဒဏ် ကျခံရနိုင်ပြီး ယှဉ်ပြိုင် အရွေး ခံခွင့်လည်း နှစ်ပေါင်း ၂၀ လောက် ပိတ်ပင်ခံရနိုင်တာပဲ ဖြစ်ပါတယ်။ 

ရွေးကောက်ပွဲအလွန် အစိုးရဖွဲ့စည်းရေးကာလမှာ ရုတ်တရက် ပေါ်ထွက်လာတာက ဖွဲ့စည်းပုံခုံရုံးက ရှေ့နေချုပ်ရုံး ကို စာရေးပြီး ပုဒ်မ ၁၁၂ ကို ပြင်ဆင်ဖို့ ကြိုးစားတဲ့အတွက် မစ္စတာပီတာနဲ့ MFP ကို တရားစွဲနိုင်ခြင်း ရှိ/မရှိ ၁၅ ရက်အတွင်း အဖြေပေးဖို့ မေးမြန်းလာခဲ့တာပဲ ဖြစ်ပါတယ်။ 

နိုင်ငံရေးအုပ်ချုပ်ရေးစနစ်ကို ပျက်ပြားစေရန် ကြိုးစားမှုနဲ့ ပါတီတောင် ဖျက်သိမ်းရနိုင်တဲ့ အမှုပဲ ဖြစ်ပါတယ်။

ဒီအချက်က ဘုရင်ကို စော်ကားမှုကို တားမြစ်တဲ့ဥပဒေကို နိုင်ငံရေးရည်ရွယ်ချက်နဲ့ ပြဋ္ဌာန်းထားတယ်ဆိုတာ မီးမောင်းထိုး ပြနေပါတယ်။ 

ဒါကြောင့် မစ္စတာပီတာ အနေနဲ့ ဝန်ကြီးချုပ်နေရာကို တက်လှမ်းနိုင်ခဲ့ရင်တောင်မှပဲ သူနဲ့ သူ့ပါတီကို ဆွဲချမယ့် စွဲချက်တွေကတော့ ပေါ်ထွက်လာနေဦးမှာပဲ ဖြစ်ပါတယ်။ 

Source: ဘန်ကောက်ပို့စ်